ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘာသာရဲ့ မတူညီတဲ့ အကြောင်း အရာများ

ဒီနေ့ဖာတာရပြောပြချင်တဲ့ အကြောင်းအရာကတော့ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘာသာရဲ့ မတူညီတဲ့ အကြောင်း အရာများကို ပြောပြပေးချင်ပါတယ်။ ခရစ်ယာန်မှာက အခြားသောညီအစ်ကိုခရစ်ယာန်တွေနဲ့ ရိုမန်ကက်သလစ်ခရစ်ယာန် ဆိုပြီးတော့နှစ်မျိုးအဓိကခွဲခြားပြီးနားလည်နိုင်တယ်။ အဲနှစ်မျိုးထဲမှာမှ ကျွနု်ပ်တို့ ရိုမန်ကက်သလစ်ခရစ်ယာန်တွေအနေနဲ့ သူတို့နေထိုင်ပြုမှုတဲ့ အပြင်ပန်းသဏ္ဍာန် တွေကိုကြည့်ရင် တစ်ချိုတွေက ပြောကြတယ် အောဗုဒ္ဓတွေနဲ့ အများကြီးတူတာပဲဆိုပြီး။ ဗုဒ္ဓတွေနဲ့ အတူတူပဲစသည်ဖြင့် ညီကိုခရစ်ယာန်တွေကနေ ပြန်ပြီးဝေဖန်တတ်ပါတယ်။ ရိုမန်ခရစ်ယာန်တွေက သူတို့နေပုံထိုင်ပုံက အားလုံးကဗုဒ္ဓနဲ့အတူတူပဲဆိုပြီးတော့ ပြောတတ်ကြတယ်။ ဘာကြောင်းလည်းဆိုတော့ ဗုဒ္ဓတွေမှာလည်း ဘုန်းကြီးရှိတယ်၊ သီလရှင်ရှိတယ်၊ ကိုယ်ရင်ရှိတယ်၊ ဥပုပ်စောင့်တာတွေရှိတယ်။ 

ရိုမန်ကက်သလစ်ခရစ်ယာန်တွေမှာလည်း ဘုန်းကြီးရှိတယ်၊ သီလရှင်ရှိတယ်၊ ကိုယ်ရင်ရှိတယ်၊ ရဟန်းတွေ ရှိတယ်၊ ဥပုပ်စောင့်တာတွေရှိတယ်။ အဲတော့ အပြင်ပန်းကြည့်မယ်ဆို ဟုတ်တယ် အများကြီးတူသလိုလိုရှိတယ်ပေါ့ နော။ ယေဘုယျအားဖြင့် ပြောမယ်ဆိုရင် ကက်သလစ်ခရစ်ယာန်ဘာသာနဲ့ ဗုဒ္ဓဘာသာတွေရဲ့ နေပုံထိုင်ပုံက အများကြီးတူသလိုရှိတယ်။ ဒါမဲ့တကယ်တမ်းကြတော့ ကက်သလစ်ခရစ်ယာန်ဘာသာနဲ့ ဗုဒ္ဓဘာသာရဲ့ ကွာခြားခြင်းက တကယ်ကိုတစ်ခြားဘာသာတွေနဲ့ မတူအောင် ကွာခြားလွန်းပါတယ်။ ဘာကြောင့်လည်းဆိုတော့ ခရစ်ယာန်ဘာသာနဲ့ မွတ်စလင်မ်ဘာသာမှာ တူညီတဲ့အချက်တွေ အထူးသဖြင့်ကိုယ် ကိုးကွယ်တဲ့ဘုရားနဲ့ပတ်သက်ရင် တူညီတဲ့အချက်ရှိ တယ်။ ခရစ်ယာန်ဘာသာနဲ့ ဂျူးဘာသာလည်း ကိုးကွယ်တဲ့ဘုရားနှင့်ပတ်သက်ရင် တူညီတဲ့အချက်ရှိတယ်။ 

ဒါမဲ့ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘာသာနဲ့က လုံးဝမတူညီတဲ့အရေးကြီးဆုံးအချက်တစ်ခုရှိပါတယ်။ အဲဒါဘာလဲဆိုရင် ကျွန်ုပ်တို့ ခရစ်ယာန်ဘာသာက အရာအားလုံးကိုဖန်ဆင်းတဲ့ ဘုရားသခင်ရှိတယ်ဆိုတာကို ကျွန်ပ်တို့ခရစ်ယာန်တွေက ယုံကြည်တယ်။ ဒါမဲ့ ကျွနု်ပ်တို့ညီအစ်ကို ဗုဒ္ဓဘာသာဝင်တွေအနေနဲ့က အဲ့ဒါကို လုံးဝမယုံကြည်နိုင်ဘူး။ ဘာကြောင့်လည်းဆိုသူတို့အနေနဲ့က ဒီအရာအားလုံးဟာ သူ့အလိုလိုဖြစ်လာတဲ့ ပုံစံနဲ့ ဖန်ဆင်းရှင်ဆိုတာ လုံဝမရှိပါဘူးဆိုတဲ့ဟာကို သူတို့ကယုံကြည်တယ်။ သဘောကတော့ သူတို့က သိပ္ပံအတတ်ပညာ ရှင်တွေနဲ့သွားလည်းတူညီပြန်တယ်။ ဒါမဲ့ကျွန်ုပ်တို့ခရစ်ယာန်အနေနဲ့က ဘာလည်းဆိုရင်တော့ သက်ရှိသက်မဲ့အရာ အားလုံးဟာ ဖန်ဆင်းထားတဲ့အရာဖြစ်တဲ့အတွက် အရာအားလုံးကို ဖန်ဆင်းတဲ့ဘုရားသခင်ရှိတယ်။ အဲဒီဘုရားသခင်က ဖန်ဆင်းတဲ့ လူသားတွေ အာဒမ်နဲ့ဧဝ ရဲ့သားစဉ်မြေးဆက်တွေဟာ ကျွန်ုပ်တို့ လူသားတွေဖြစ်တယ် ဆိုတာကို ကျွန်ုပ်တို့ ခရစ်ယာန်တွေက ယုံကြည်ချက်ရှိတယ်။ 

အဲထဲပိုပြီးလေးနက်အောင်လေ့လာမယ်ဆိုရင် ကျွန်ုပ်တို့ ခရစ်ယာန်တွေမှာ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော် ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူက အရာအားလုံးကို ဖန်ဆင်းတဲ့ ဘုရားတစ်ဆူဖြစ်တယ် ဆိုတဲ့ဟာကို ကျွန်ုပ်တို့ ခရစ်ယာန်တွေက ယုံကြည်ထားခြင်းဖြစ်ပါတယ်။ ဒါမဲ့ကျွန်ုပ်တို့ ညီအစ်ကို ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့က ဘာလည်းဆိုရင် သူတို့က ဖန်ဆင်းရှင်ဆိုတာမရှိဘူး ကမ္ဘာလောကကြီးကလည်း သူအလိုအလျောက် ဖြစ်လာတဲ့ပုံစံမျိုး တိရိစ္ဆာန်အကောင်ပလောင်လေးတွေ၊ ကြယ်နတ်ခတ်သာယာတွေကလည်း သူအလိုအလျောက်ဖြစ် လာတဲ့ပုံစံမျိုးနဲ့ သူတို့ကရှု့မြင်ပါတယ်။ အဲ့ဒါက ကျွန်ုပ်တို့ ခရစ်ယာန်ဘာသာနဲ့ ဗုဒ္ဓဘာသာရဲ့ အလွန်ကိုမှ ကွာခြားချက် ကြီးတစ်ခုဖြစ်တယ်။ လုံးဝယုံကြည်သက်ဝင်မှုမှာ ကိုယ်ကိုးကွယ်တဲ့ ဘုရားနဲ့ ပတ်သက်လာတဲ့အပိုင်းမှာ အရမ်းကိုကွာခြားတဲ့ အချက်တစ်ခုဖြစ်တဲ့ အကြောင်းကို ဒီနေ့ပြောပြသွားခြင်းဖြစ်ပါတယ်။ 

အဲ့ကြောင့် ကျွန်ုပ်တို့ခရစ်ယာန်ဘာသာဝင်တွေဖြစ်ကြတဲ့ ရိုမန်ကက်သလစ်ခရစ်ယာန် ဘာသာဝင်တွေက ဗုဒ္ဓဘာသာနဲ့ တူနေတယ်ဆိုတဲ့ဟာ ကို အပေါ်ယံလောက်နဲ့ကြည့်မယ်ဆို တူသလိုလို လူတွေမြင်တတ်ကြပေမဲ့ ခရစ်ယာန်ဘာသာနဲ့ ဗုဒ္ဓဘာသာရဲ့ အရေးကြီးဆုံး အချက်အခြာဖြစ်တဲ့ ကိုယ်ကိုးကွယ်တဲ့ ဘုရားနဲ့ပတ်သက်လာရင်တော့ သူတို့က ဖန်ဆင်းရှင်ကို လက်မခံဘူး ကျွန်ုပ်တို့ခရစ်ယာန်တွေက ဖန်ဆင်းရှင်ရှိတယ် ဆိုတဲ့အကြောင်းကို ယုံကြည်တဲ့ အတွက်ကြောင့် ဒီအရာက ကျွန်ုပ်တို့ ဘာသာနှစ်ခုကြားမှာ မတူညီတဲ့အချက်ဖြစ်ကြောင်း ပြောပြခြင်းဖြစ်ပါတယ်။ 

 

Fr.Martin Mana Ling (USA)

Add new comment

4 + 11 =