ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘာသာတို့ရဲ့ သေဆုံးသွားပြီးရင် ဘယ်ကိုရောက်ပြီးမှ ဘာအကျိုးခံစားရသလဲ

ဒီနေ့ဖာတာရ်ပြောပြသွားမဲ့ အကြောင်းအရာကတော့ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘာသာတို့ရဲ့ လူတစ်ယောက် ကသေဆုံးသွားပြီးရင် ဘယ်ကိုသွားပြီးတော့ ဘယ်ကိုရောက်ပြီးမှ ဘာအကျိုးခံစားရသလဲ ဆိုတဲ့ အရာလေးနဲ့ ပတ်သက်ပြီး ဖာတာရ်ပြောပြပေးချင်ပါတယ်။ ကျွန်ုပ်တို့ညီအစ်ကို ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ကတော့ သူတို့က ဟိန္ဒူဘာသာနဲ့ ခပ်ဆင်ဆင်ဖြစ်ပြီးတော့ reincarnation လို့ခေါ်တဲ့ လူဝင်စားခြင်းကို သူတို့က လက်ခံကြတယ်။ လူတစ်ယောက်ဟာ သေဆုံးသွားပြီဆိုရက် လူ့လောကမှာ အသက်ရှင်နေထိုင်စဉ် ကောင်းတဲ့အသက်သာနဲ့ နေထိုင်အသက်ရှင်ခဲ့တယ်ဆိုရင် သူသေသွားရင်လည်း ကောင်းတဲ့နေရာ၊ ကောင်းတဲ့ပုဂ္ဂိုလ်၊ ကောင်းတဲ့လမ်းကို ရောက်ရှိသွားတယ်။ ဥပမာ- လောကမှာ ဆိုးမိုက်စွာပဲ နေခဲ့တယ်ဆိုရင်တော့ ဆုံးပါးသွားတဲ့နောက်ပိုင်းမှာ ကိုယ့်ရဲ့ ၀ိညာဉ်ဟာ လူတွေ နှိပ်စက်တဲ့ တိရိစ္ဆာန်ပုံစံဖြစ်သွားမလား စသည်ဖြင့် မကောင်းတဲ့အနေနဲ့ နှိပ်စက်ခြင်းပြန်ခံရမယ် ဆိုတဲ့အနေအထားမျိုးနဲ့ ဗုဒ္ဓဘာသာကနေပြီးတော့ သွန်သင်ထားတာဖြစ်ပါတယ်။

ကျွန်ုပ်တို့ခရစ်ယာန်ဘာသာနဲ့ကြတော့ ဘာလဲဆိုရင် မတူညီတဲ့ထဲမှ ဒီနည်းနည်းတူညီတဲ့ အရာက ဗုဒ္ဓဘာသာ ဝင်တွေမှာလည်း ဗုဒ္ဓဘာသာရဲ့သွန်သင်ချက်မှာလည်း လူဟာလူ့လောကမှာ အသက်ရှင်ချိန်တုန်းမှာ ကောင်းမွန်စွာ အသက်ရှင်နေထိုင်လို့ရှိရင် သူဟာ လူပြန်ဝင်စားရင်တောင်မှ ကောင်းတဲ လူတွေထင်မြင်လေးစားရတဲ့သူ၊ ခေါင်းဆောင်ကောင်း ပုံစံကဲ့သို့ ကောင်းတဲ့လူပြန်ဖြစ်တယ်။ ကောင်းမွန်စွာလူ့လောကမှာ အသက်ရှင်နေထိုင်ရင် ကိုယ်သေသွားပြီးနောက်လူပြန်ဖြစ်ရင်လည်း ကောင်းတဲ့လူပြန်ဖြစ်တယ် ဆိုတဲ့ အနေအထားကိုသူတို့က လက်ခံကြ တယ်။ တစ်ဖက်မှာ ခရစ်ယာန်ဘာသာမှာလည်း ဘာလည်းဆိုရင် လောကကြီးမှာဘုရားကို ယုံကြည်သက်ဝင်သူ ဖြစ်လာပြီဆိုရင်လည်း လောကကြီးမှာ ကျွန်ုပ်တို့ အသက်ရှင်တဲ့အချိန်မှာ လူတွေကို ကိုယ်ချင်းစာပေးတယ်၊ လူတွေကို လေးစားတယ်၊ လူတွေကိုချစ်မြတ်နိုးတယ်၊ ကောင်းမွန်စွာအသက်ရှင်တယ်။ ဥပမာ-ခရစ်ယာန်တွေရဲ့ကျမ်းစာထဲမှာ ရှင်မာတေ-၂၆းဝ၀ မှာဆိုရင် ဆင်းရဲသားတွေကို ကြည့်ရှု့တယ်၊စောင့်ရှောက်တယ်၊ ထောင်ကျနေသူတွေကို ကြည့်ရှု့တယ်စောင့်ရှောက်တယ် ၊ အဝတ်အစားမရှိတဲ့သူတွေကို ပေးကမ်းတယ်၊ နေစရာအိမ်မရှိတဲ့သူတွေကို အိမ်ပေးတယ်၊ စားစရာမရှိတဲ့လူတွေကို စားစရာလေးတွေပေးတယ်၊ အဲလိုကောင်းမွန်စွာနဲ့ ဆင်းရဲသားတွေကို ကြည့်ရှု့စောင့်ရှောက်တဲ့ ပုဂ္ဂိုလ်တွေဟာ ကျွန်ုပ်တို့ခရစ်ယာန်တွေကိုးကွက်တဲ့ ခရစ်တော်ကိုယ်တိုင်ကို ပြုစုခြင်းဖြစ်သလို အဲလိုအသက်ရှင်အဲလို အသက်ရှင်တဲ့ လူတွေဟာ ဘုရားသခင်ပြင်ဆင်ပေးထားတဲ့ ကောင်းကင်နိုင် ငံတော်ကို ရောက်ရှိကြပြီးတော့ ဘုရားနဲ့ အတူတူ အသက်ရှင် ကောင်ကင်မှာ ဘုရားကိုဖူးမျှော်ခွင့် ရကြမယ်ဆိုပြီးတော့ ယုံကြည်တယ်။

တစ်ဖက်မှာ ကျွန်ုပ်တို့ခရစ်ယာန်တွေမှာလည်း လောကမှအသက်ရှင် နေထိုင်တုန်းက ယုံကြည်သူတစ်ဦးတော့ ဖြစ်တယ် ဒါမဲ့သူ့ရဲ့အသက်သာမှာ လူ့လောကမှာနေတုန်းက လူဆိုး လူမိုင်လို လူတွေကိုလည်း ပြစ်တင်ကဲ့ရဲ့ရှုံချ လူတွေကိုလည်းကိုယ်ချင်းစာနာခြင်းလည်းမရှိ၊ နောင်တတရားလည်းရခြင်းလည်းမရှိဘူးဆိုရင် သူတို့အတွက်က နတ်ဆိုးတွေ အတွက်ပြင်ဆင်ပေးတဲ့ ငရဲဆိုတဲ့နေရာကို ရောက်မယ်ဆိုတဲ့အကြောင်းလည်း ရှင်မာတေ-၂၅းဝ၀ ထဲမှာ ခရစ်ယာန်တွေရဲ့ ကျမ်းစားထဲမှာတွေ့ရမယ်ဖြစ်တယ်။ ဒါကြောင့်ဒီနေရာမှာ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘာသာ ရဲ့ယုံကြည်ချက်မှာက လောကမှာကောင်းမွန်စွာနေထိုင်တဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်ဖြစ် ခရစ်ယာန်ဘာသာဝင်ဖြစ်ဖြစ် ကိုယ်သေသွားပြီးတဲ့နောက်ပိုင်း မှာ ပြန်လည်ခံစားရမဲ့အရာက ကောင်းတဲ့အရာပဲဖြစ်ပါတယ် လို့ဆိုပါတယ်။ 

ဒါမဲ့ဗုဒ္ဓဘာသာ တွေကဘယ်လိုပြောသလဲဆိုရင် နိဗ္ဗာန်ရောက်တယ်လို့ဆိုပါတယ်။ တစ်ဖက်မှာလည်း လူကောင်းတွေအဖြစ်ပြန်ဖြစ်တယ်လို့ဆိုပါတယ်။ တို့ခရစ်ယာန်တွေအတွက်ကြတော့ ကောင်းကင်ဘုံရောက်တယ်၊ ဘုရားနဲ့အတူစိုးစံခြင်းနေရာကိုရတယ်။ ဒါကြောင့်ခရစ်ယာန်တွေရဲ့ကျမ်းစာထဲမှာ လူဟာ ကိုယ်ပြုတဲ့အတိုင်း ကိုယ်နေထိုင်တဲ့ အသက်သာအတိုင်းကို တရားစီရင်ခြင်းခံရမယ်ဆိုပြီးတော့လည်း ကျွန်ုပ်တို့ခရစ်ယာန်တွေရဲ့ ကျမ်းစာကသင်ပေးတဲ့အတွက်ကြောင့် ဒီဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘာသာရဲ့ သေသွားပြီးရင် ကြုံတွေ့ရမဲ့ အသက်သာမှာတော့ ကျွန်ုပ်တို့ခရစ်ယာန်တွေမှာတော့ လူပဲပြန်ဖြစ်မယ်၊ တိရိစ္ဆာန်ပြန်မယ်၊ မကောင်းတာလုပ်ရင် တိရိစ္ဆာန်ပြန်ဖြစ်မယ် ဆိုတဲ့ပုံစံမျိုး ယုံကြည်ချက်မရှိပါဘူး။ ဒါမဲ့ သေသွားရင် ကောင်းတဲ့အရာလုပ်ခဲ့ရင် ဘုရားသခင်ရဲ့ အလိုတော်အတိုင်းနေထိုင်ခဲ့ရင် ကောင်းကင်နိုင်ငံမှာ ဘုရားရှင်နဲ့အတူနေထိုင်ခွင့် ရှိမယ်လို့ ခရစ်ယာန်ဘာသာက ယုံကြည်ပြီးတော့ ဗုဒ္ဓဘာသာကတော့ ကောင်းမွန်စွာ လောကမှာ သက်ရှင်နေထိုင်လို့ရှိရင် နိဗ္ဗာန်ကိုရောက်တယ်၊ ကောင်းတဲ့လူဝင်စားခြင်းကို ခံစားရတယ်ဆိုတဲ့အကြောင့်ကို သူတို့ယုံကြည်ပါတယ်ဆိုတာကို ဗဟုသုတအနေနဲ့ ပြောပြပေးခြင်းဖြစ်ပါတယ်။

 

Fr.Martin Mana Ling (USA)

Add new comment

1 + 1 =