ပုပ်ရဟန်းကြီးကို ဘယ်ရွေးကောက်ကြပါသလဲ။

မေး။     ။ပုပ်ရဟန်းကြီးကို ဘယ်ရွေးကောက်ကြပါသလဲ။ ဘယ်လိုဖြစ်စဉ်တွေ ပြုလုပ်ရပါတယ်။ပုပ်ရဟန်းမင်းကြီးဖြစ်လာဖို ့အဆင့်ဆင့်ကျော်ဖြတ်ရသောအရာများဟာဘာတွေလဲ။ ပုပ်ရဟန်းကိုဘယ်လိုပုံစံရွေးကောက်ကြပါသလဲ။ ဘယ်လောက်ကြာတတ်သလဲ။ ဘယ်သူတွေကပုပ်ကိုရွေးကြပါသနည်း။ ဗဟုသုတအဖြစ်ဖော်ပြပေးပါ။ပုပ်ရဟန်းမင်းကြီးဆိုတာ ဘယ်ကနေဖြစ်လာသလဲ။
ဖြေ။      ။ကမ္ဘာပေါ်မှာ နိုင်ငံပေါင်းအားလုံးနှင့် တလောကလုံးရှိ လူဖြူလူမဲမခွဲခြားပဲ ခရစ်တော်မှာ တလုံးတဝတည်းရှိသောလူများ ဘာသာတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ လူတွေအစောင့်ဆိုင်းဆုံးရွေးကောက်တင်မြှောက်ပွဲကို ပြောပါဆိုရင် ကက်သလစ်ကမ္ဘာရဲ  ့ခေါင်ဆောင်၊ ပေတရုအရာဆက်ခံသူ”ပုပ်ရဟန်းမင်းကြီးရွေးကောက်ပွဲ”ကိုသာပြေးမြင်ကြရမည်ဖြစ်သည။ ဒီရွေးကောက်ပွဲဟာ လူတွေအလိုအတိုင်းရွေးတာမဟုတ်ပဲ ဘုရားသခင်အပေါ်အပ်နှံဆုတောင်းပြီး ရွေးသည့်ပွဲဆိုရပေမည်။ ဘုရားပါတော့ အောင်မြင်သည်။ ဒါနှင့်ပတ်သက်ပြီး ပထမဆုံးသထားရမည့်အချက်ကတော့ ပုပ်ရဟန်းဖြစ်မည့်သူဟာ ကက်သလစ်ဘာသာဝင်ဖြစ်ရပါမည်။ ကက်သလစ်ဘာသာထဲဆေးကြောခြင်းခံရပြီး ခရစ်မတ်အားပေးခြင်းခံပြီးသူဖြစ်ရမည်။ ပိုအရေးကြီးတာက ယောကျားပီသသော လူယောကျားဖြစ်ရပါမည်။ ပြီးတော့ အာပတ်ဖြေပြီးသူ၊ ကိုယ်တော်မြတ်ရပြီးသူဖြစ်ရပါမည်။ ပြီးတော့ ကိုရင်ကျောင်းကို သူ ့ကျောင်းထိုင်ဘုန်းကြီးရဲ  ့အကျင့်စာရိတ္တကောင်းမွန်ကြောင်းထောက်ခံစာနှင့်အတူ ဝင်ရပါမည်။ 
         အထက်ကဖော်ပြခဲ့သော ဆေးကြောခြင်းခံပြီးကြောင်းလက်မှတ်၊ အာပတ်ဖြေ၊ ပထမကိုယ်တော်မြတ်ရပြီးကြောင်းလက်မှတ်၊ ခရစ်မားအားပေးခြင်းခံပြီးကြောင်းလက်မှတ်ပါ တခါတည်း မိုင်နာကျောင်း( ကိုရင်လောင်းကျောင်း/ အခြေခံရဟန်းဖြစ်ကျောင်း) သို ့ယူသွားပြီး ကျောင်းအုပ်ဘုန်းတော်ကြီးရဲ  ့လက်ခံခြင်းခံရပါမည်။ အထူးအရေးကြီးတာက နိုင်ငံတော်ကချမှတ်သည့် ဆယ်တန်းအောင်မြင်သူဖြစ်ရပါမည်။ ဒီလို အခြေခံရဟန်းဖြစ်ကျောင်းမှာတောင် လူယောကျားလေ(၁၀၀၀) လောက်ရှိရင်တခါတလေ တစ်ယောက်တောင်မသွားနိုင်ဘူး။ အဲကြောင့်ရွာတိုင်းမှာ အခြေခံရဟန်းဖြစ်ကျောင်းသွားသူမရှိချေ။ ဒီအဆင့်ကတည်းကထူးခြာနေပြီ။ဘုရားကစခေါ်နေတာက ဒီအဆင့် ကတည်းကပါ။
          ဆယ်တန်းအောင်ပြီးတာနှင့်အခြေခံရဟန်းဖြစ်သင်ကျောင်းကို သွားပြီးကျောင်းအုပ်ရဲ  ့လက်ခံခြင်းခံပြီးရင်တော့  နိုင်ငံတော်ချမှတ်သည့် (B.A) ဘွဲ  ့တစ်ခုခုကို တရားဝင် (၃/၄) နှစ်ကြာအောင်သင်ယူရရှိရမည်။ ပြီးရင် ထိုနှစ်များအတွင်းပဲကက်သလစ်အသင်းတော်ရဲ  ့တရားဝင်ရုံးသုံးစကားဖြစ်သည့် လတင်းဘာသာအခြေခံနှင့် အင်္ဂလိပ်စာများကို (၃/၄) နှစ်ကြာလေ့လာရပါမည်။ အဲတာပြီးရင် မြန်မာပြည်မှာတော့ (Entrance Exam) ကို မြန်မာပြည်ရှိအခြေခံရဟန်းဖြစ်ကျောင်းသားများကဖြေရပါသည်။ ဒီစာမေးပွဲကိုလည်း ( Grammar, Speaking, Listening , Writing) ဆိုသည့်  (4) Skills နှင့်ဖြေရတာမို ့အလွန်ပင်ခက်ခဲပါသည်။ နိုင်ငံခြားတွေမှာတော့ နိုင်ငံတကာအသိအမှတ်ပြု IELT EXAM/ TOFEL EXAM  တို ့ကိုဖြေရပါမည်။ ဒီစာမေးပွဲကို (၂) နှစ် ဆက်တိုက်ကျရင် အခြေခံရဟန်းဖြစ်ကျောင်းကနေ အပြီးအပိုင်ထွက်ခွာရပါသည်။ တစ်ချို  ့သော ကျောင်းသားများဟာ အလွန်ပင်ဘုန်းကြီးဖြစ်ချင်ကြပေမယ့် ဒီလို စာမေးပွဲမအောင်နိုင်လို ့ရဟန်းဘဝကို မရခဲ့သူများပြားသည်။ ဒီလို ဖြစ်တာဟာ ဘုရားရဲ  ့ခေါ်တော်မူခြင်းအမျိုးမျိုးထဲက တစ်ခုခုကိုရွေးစေတော့တာလားဟုတွေးစရာဖြစ်သည်။
       အထက်ကပြောသည့် EXAMS စာမေးပွဲကြီးအောင်မြင်ပြီးရင်တော့ အခြေခံရဟန်းဖြစ်ကျောင်းသားတိုင်းမှာ ငယ်ဖြူဘဝဖြင့်အိမ်ထောင်မကျဘဲ ဘုရားကိုအစေခံသည့်ရဟန်းဖြစ်ချင်လား၊ သို ့မဟုတ် အိမ်ထောင်ကျပြီးသာမန်ဘာသာတူအဖြစ်နှင့်နေပြီး သားသမီးတွေရဲ  ့တာဝန်ကိုထမ်းရင်း ဘုရားအလိုအတိုင်းအိမ်ထောင်ဦးစီးဖြစ်ချင်လားဆိုတာရဲရဲရင့်ရင့်ဆုံးဖြတ်ရသည့်အချိန်ဖြစ်သည်။ မိန်းမယူဖို ့စိတ်ရှိနေရင် အခြေခံရဟန်းဖြစ်ကျောင်းသားဘဝကနေထွက်ပြီး ဘဝသစ်တစ်ခုကိုထူထောင်လို ့ရပါပြီ။ ရဟန်းပဲ လုပ်ချင်တဲ့စိတ်ရှိရင်တော့ဂသက်ဆိုင်ရာသာသနာဆရာတော်ရဲ  ့သင်္ကန်းစီးပေးခြင်းဖြင့် ကက်သလစ်အသင်းတော်ရဲ  ့တရားဝင် ကိုရင်ဖြစ်လာရသည်။ဒီဘဝကနေ ရဟန်းဖြစ်ကျောင်းသားဖြစ်လာသည်။ သူ တက်မည့်ကျောင်းကိုလည်း မေဂျာကျောင်းဟုသာခေါ်ရတော့သည်။ အဲဘဝကနေ အတွေးအခေါ်ပညာဖြစ်သည့် Philosophy ကို အနည်းဆုံး(၂) နှစ်သင်ယူအောင်မြင်ရသည်။
       ထို ့နောက် Pastoral Year သို ့မဟုတ် Spiritual year ကို သက်ဆိုင်ရာကျောင်းမှာဖြစ်ဖြစ် ကျောင်းထိုင်ဘုန်းကြီးတစ်ပါးဆီနေပြီး တစ်နှစ်လုံး လေ့လာရသည်။ ပြီးမှပဲ Theology ဆိုတဲ့ ဓမ္မပညာရပ်ကို (၄) နှစ်တိတိထပ်မံအောင်မြင်ရပေသည်။ဒီ Theology ကျောင်းတက်သည့်ကိုရင်များကိုတော့ ကိုရင်ကြီးစသည်ဖြင့် ရိုသေစွာခေါ်ဝေါ်တက်ကြသည်။ ဒီကျောင်းပြီးရင်တော့ သူ ့ကိုလေးနှစ်လုံး စောင့်ကြည့်လာသော ဘုန်းတော်ကြီး(၁၆) ပါးလောက်ရဲ  ့ထောက်ခံမှုမဲများခဲ့ရင် သူ ့ဆရာတော်က ဦးပဥ္ဓင်းကြီးသိက္ခါတင်ပေးရတော့သည်။ဘယ်လောက်ပဲ Theology ပြီးမြောက်ပေမည့် အုပ်ထိန်းသူဘုန်းကြီးရဲ  ့မဲပေးမှုဟာ မကောင်းခဲ့ရင်လည်းရဟန်းဘဝကိုဆက်လျှောက်မရတော့ပါ။ ဒီအခြေအနေမှာ အိမ်ထောင်ပြုချင်သည့် ကျောင်းသားကထွက်လို ့ ရပါသည်။ တစ်ချို  ့သောကိုရင်ကြီးတွေဟာ ဆုံးဖြတ်ချက်ချကြကာ ဦးပဥ္ဓင်းမခံယူတော့ပဲ ထွက်သွားပြီး မိသားစုဘဝဖန်တီးသူများရှိသည်။ ဒီအချက်သည်ပင်လျှင် ကက်သလစ်အသင်းတော်က ဆန္ဒမပါပဲ အတင်းအဓမပဲ ဘုန်းကြီးဝတ်ခိုင်းတာ၊မိန်းမမယူခိုင်းတာ တွေမလုပ်ကြောင်းထင်ရှားပါသည်။
       ဦးပဥ္ဓင်းဘဝကို သက်ဆိုင်ရာဆရာတော်ကျောင်းဖြစ်ဖြစ် ၊ ကျောင်းထိုင်ဘုန်းတော်ကြီးတစ်ပါးဆီဖြစ်ဖြစ် အနည်းဆုံး (၆) လနေပြီးမှ သက်ဆိုင်ရာဆရာတော်ရဲ  ့လက်တင်ခြင်းဖြင့် ရဟန်းတစ်ပါးဖြစ်လာရသည်။အဲလိုဆိုတော့ ဘုန်းကြီးဖြစ်ဖို ့က ဆယ်တန်းအောင်ပြီး အနည်းဆုံး(၁၃) နှစ်လောက်ကြာသည်။ကျမ်းစာသင်တန်းကို တစ်နှစ်၊နှစ်နှစ်တက်ပြီး တက်ဟောတာမျိုးတော့မဟုတ်ပါဘူးဆိုနာနားလည်ကြရပါမည်။  ရဟန်းသည် တမန်တော်များအရိုက်အရာဆက်ခံသောဆရာတော်များကို လက်တွဲအကူဖြစ်သည်။ ရဟန်းအဆင့်သာဆိုရင် တမန်တော်များအရိုက်အရာဆက်ခံသည်ဟုမဆိုရသေးပေ။ နောက်ရဟန်းဘဝဖြင့် နိုင်ငံခြားထပ်မံစာပြန်သင်သည်ဖြစ်စေ၊ ကျောင်းထိုင်ဖြစ်လာသည်ဖြစ်စေ ရဟန်းဝါတော် အနည်းဆုံး(၅-၁၀) ကြာပြီး သူ ့အသက်လည်း(၄၀-၄၅) ရောက်ရင်တော့ သက်ဆိုင်သည့်ဆရာတော်(၇၅) နှစ်ပြည့်လို ့အနည်းယူသည်ဖြစ်ဖြစ်၊ ပျံလွန်သသည်ဖြစ်စေ သူ ့အရိုက်အရာကိုဆက်ခံခွင့်ရသူတစ်ဦးအပါအဝင်ဖြစ်လာသည်။ ဒီကိစကလည်းလွယ်တာတော့မဟုတ်ပေ။ သာသနာတစ်ခုမှာ အနည်းဆုံး ဘုန်းကြီး(၃၀-၁၀၀) ကြားနေသည့်အကြားက (၃) ပါးသာ ဆရာတော်လောင်းစရင်းထဲပါလာရသည်။ အဲသုံးပါးဟာ သာသနာတစ်ခုမှာ နာမည်ဆိုးမရှိခဲ့ဖူးသူ၊ ဘာသာတူများအားလုံးကိုကြည့်ရှုနိုင်သူ၊ ဘုရားတရားရှိသူစသည်အချက်များဖြင့်လေ့လာကြပြီး သူတို ့နာမည်များကို Vatican ရှိပုပ်ရဟန်းမင်းကြီးဆီပို ့ရပါသည်။ ဒီအလုပ်ကိုတော့သက်ဆိုင်ရာသာသနာပိုင်ဆရာတော်ကပဲလုပ်ရပါသည်။ 
      အဲကြောင့် ဆရာတော်တစ်ပါးဟာရုတ်တရက်ပျံလွန်ခဲ့ရင်လည်း သူ ့အရာဆက်ခံမည့်သူချက်ခြင်းရနိုင်ရင် ကြိုတင်စီမံခြင်းဖြစ်သည်။ အဲလို Vatican ကပို ့သည့်စာတွေနှင့်အတူ ပုပ်ရဟန်းနှင့် တာဝန်ရှိသောကာဒီနယ်များက ရွေးချယ်ခံရသော ဆရာတော်လောင်းများရဲ  ့နောက်ခံသမိုင်းတွေ လေ့လာကြပြီး နောက်ဆုံးသင့်သော်သော ဆရာတော်လောင်းတစ်ပါးရဲ  ့နာမည်ကိုပြန်လည် ပြောပြလာရသည်။အဲချိန်မှာတော့ ဆရာတော်လောင်းအဖြစ်ရွေးချယ်ခံရသော ဘုန်းကြီးရဲ  ့ကိုယ်ပိုင်ဆန္ဒကိုမေးမြန်းလာကြသည်။ တကယ်ဒီလိုတာဝန်ကို လက်ခံနိုင်လက်မခံသည့်အကြောင်းမေးလာရသည်။ တကယ်လို ့များ သူကလက်မခံခဲ့ရင် အထက်က အရွေးခံသည့်(၃) ပါးစလုံးနာမည်ကို ပယ်ပြီး နောက်ထပ်သုံးပါးရဲ  ့နာမည်ကို Vatican ဆီထပ်မံပြန်ပို ့ရာ အချိန်တွေကြာတတ်သည်။ တကယ်လို ့များဆရာတော်လောင်းအဖြစ်အရွေးခံရသူကချက်ခြင်းလက်ခံရင်တော့ သူ ့ဆရာတော်ကြီးအသင်ရှင်သေးပေမယ့် အကူဆရာတော်အဖြစ် ပုပ်ရဟန်းမင်းကြီးကိုယ်စလှယ်က လာရောက်သိက္ခါတင်ပေးရတော့သည်။ 
            ဒီလိုပဲ ကမာ႓ပေါ်ရှိကက်သလစ်အသင်းတော်မှာ ဘုန်းကြီးပေါင်း(၄) သိန်းလောက်ရှိသည့်အနက် သာသနာပိုင်ဆရာတော်၊ ဂိုဏ်းအုပ်သာသနာပိုင်ဆရာတော်များအားလုံးပေါင်း(၅၀၀၀) လောက်သာရှိသည်။ဒီဆရာတော်များက အဖြူရောင် သို ့မဟုတ် အမည်းရောင်သင်္ကန်းဝတ်ကြသည်။ဒီ အရေအတွက်(၅၀၀၀) သောဆရာတော်များက နိုင်ငံအသီးသီးက ကက်သလစ်ဘာသာဝင်များကို သူတို ့ဘုန်းတော်ကြီးများနှင့်ပေါင်းကာ သာသနာအလိုက် သိုးထိန်းပီပီတာဝန်းထမ်းဆောင်ကြရသည်။သာသနာတိုင်းက ဆရာတော်များသည် ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ကိုရင်များ၊ ဓမ္မဆရာများ၊ ဘာသာတူများအားလုံးရဲ  ့သိုးထိန်းဖြစ်သည်။ဒီလို ကမ္ဘာပေါ်ရှိ ဆရာတော်(၅၀၀၀) ထဲက ကိုယ်စလှယ်ဆရာတော်များသည် အသင်းတော်တစ်ခုအတွင်းပြသာနာတစ်ခုခုပေါ်ပေါက်တိုင်း ပုပ်ရဟန်းမင်းကြီးရဲ  ့ဦးဆောင်မှုဖြင့် Vatican မှာစုစည်းကြကာ ဆုတောင်းခြင်းဖြင့် ဆုံးဖြတ်ချက်များချမှတ်ကြကာ အဲဆုံးဖြတ်ချက်များအတိုင်း သူတို ့နိုင်ငံအသီးသီးကို ပြန်လည်သင်ကြားပေးကြရသည်။
      အဲလိုဆိုရင် ဒီလောက်(၅၀၀၀) သောဆရာတော်များထဲက ကာဒီနယ်ရာထူးဟူသော ဘွဲ  ့ကိုရသည့် ဆရာတော်ကြီးများလိုအပ်လာသည်။ ကာဒီနယ်ဖြစ်လာတာနှင့်အနီရောင်သင်္ကန်းကို ဝတ်ရတော့သည်။ကာဒီနယ်များသည် ဆရာတော်ကြီးများရဲ  ့ရာထူးနှင့်တူညီသည်။ ကာဒီနယ် ဆိုတာ ပုပ်ရဟန်းကြီးကိုယ်တိုင် ကသာရွေးချယ်တင်မြှောက်ရသည်။သို ့သော် ကာဒီနယ်များဟာ တာဝန်အရ ပိုမိုအလုပ်ကျယ်ပြန် ့လာသည်ဟုဆိုရပေမည်။ ဥပမာအားဖြင့်တော့ နိုင်ငံတစ်နိုင်ငံမှာ ကာဒီနယ်ဟာ တစ်ပါး နှစ်ပါးလောက်သာရနိုင်သည်။ မြန်မာပြည်မှာဆိုရင် ဆရာတော်များ(၁၅) ပါးကျော်အနက် တစ်ပါးဖြစ်သော် ဆရာတော်ကြီး ချားစ်ဘိုသာ ကာဒီနယ်ရာထူးရနိုင်သည်။ ကာဒီနယ်များရဲ  ့အထူးတာဝန်ကတော့ ပုပ်ရဟန်းမင်းကြီးနှင့် အနီးစပ်ဆုံးတွေ  ့ဆုံခွင့်ရသူများ၊ ပုပ်ကိုအကြံပေးသူများ၊ ပြာသနာတိုင်းကို ဆရာတော်များအားလုံးကိုယ်စားဖြေရှင်းကြသူများ၊ Vatican ရှိပုပ်ရဟန်းကိုယ်စလှယ်အဖြစ်နိုင်ငံအသီးသီးကို သံတမန်အဖြစ်သွားသူများဖြစ်သည်။ကမ္ဘာပေါ်မှာ (၅၀၀၀) သောဆရာတော်များအနက် အရေအတွက်အားဖြင့်(၂၀၀) လောက်သာ ကာဒီနယ်ဖြစ်လာကြသည်။ ဒီကာဒီနယ်အဆင့်ရောက်ပြီးဆိုရင်တော့ ပုပ်ရဟန်းမင်းကြီးအဖြစ်အရွေးခံနိုင်မည့်သူထဲပါဝင်လာသည်ဟုဆိုရပေမည်။ဒီကာဒီနယ်များသည် ပုပ်ရဟန်းမင်းကြီးပျံလွန်သည်နှင့်တပြိုင်နက် ပုပ်အသစ်ကို သူတို ့အထဲမှာ ရွေးကောက်ကြမည့်သူများဖြစ်သည်။ အဝေးရောက်ပြီး သံတမန်လုပ်သောကာဒီနယ်များရော၊ သူ ့နိူင်ငံမှာနေပြီး သိုးထိန်းတာဝန်ယူသော ကာဒီနယ်များသည်လည်း ပုပ်ပျံလွန်တာနှင့်အမျှ Vatican City ကိုသွားကြဖို ့ရန် ကာဒီနယ်များတွင်အကြီးအကဲဖြစ်သူက ဆင့်ခေါ်ရသည်။
           ပုပ်ရဟန်းမင်းကြီးပျံလွန်ပြီးတစ်ပတ်အကြာမှာတော့ ဒီကာဒီနယ်များဟာ ရောမမြို  ့Vatican မှာ “Sistine Chapel” ဆိုသည့် ပုပ်ရဟန်းမင်းရွေးချယ်ချိန်အသုံးပြုသည့် ဘုရားကျောင်းကိုစုကြရသည်။ အပြင်လောကဖြစ်သည့် သတင်းမီဒီယာသများနှင့်တွေ  ့ဆုံတာရော၊ ဖုန်းများအသုံးပြုခြင်းတွေကို လုံးဝခွင့်မပြုကြချေ။ ပုပ်အသစ်ရွေးချယ်သည့် အချိန်ဖြစ်သည်မို ့အတူတကွဘုရားကျောင်းမှာဆုတောင်းခြင်းတွေ၊ အစာရှောင်ခြင်းတွေလုပ်ခဲ့ကြရသည်။ဥပမာ ပေတရုကိုယ်တိုင်ကဦးဆောင်ပြီး ခရစ်တော်ရောင်းသောယုဒအီစကာရုဒ်အစား မာတီးယကို မဲချပြီးဆုတောင်းပြီးရွေးခဲ့လို ့ဖြစ်သည်( တမန်တော် ၁:၁၄-၂၆)။ကာဒီနယ်များသည် တရက်ကိုလေးကြိမ်ဘုရားကျောင်းထဲဆုတောင်းကြပြီး တစ်ရက်ကို လေးကြိမ် မဲထည့်ကြသည်။ အဲမဲအကြောင်းကို အချင်းချင်းကိုလုံးဝရွေးဆွေးပိုင်ခွင့်မရှိချေ။ သူတို ့ဆုတောင်းပြီး ဘယ်သူက (၁) ဘီလီယံကျော်သောကက်သလစ်များကိုဦးဆောင်မည့်သူဖြစ်သင့်ကြောင်း၊ ဘယ်သူက ခရစ်ယာန်ကမ္ဘာရဲ  ့ခေါင်းဆောင်ဖြစ်သင့်ကြောင်းသုံးသပ်ကြကာဝိညာဉ်တော်အလင်းကျေးဇူးတော်အားဖြင့် သူတို ့ကြိုက်သည့် ကာဒီနယ်တစ်ပါးရဲ  ့နာမည်ကိုသာမဲထည့်ကြရသည်။ 
        ဒီလိုမဲထည့်ကြရင်း တခါတလေမဲတူတွေအစပေါ်လာရင် ထပ်မံမဲပေးကြသည်။တခါတလေ မဲအများရသောကာဒီနယ်တစ်ပါးပါးအမည်ထွက်လာသော်လည်း ထိုကာဒီနယ်က ပုပ်ရဟန်းအဖြစ်တာဝန်ကိုလက်မခံကြောင်းထွက်ဆိုလာရင် အစကနေ ပုပ်ပသစ်ရွေးခြင်းကိုပြန်စလာကြပြန်သည်။ အချိန်တွင် Vatican ရှိဘုရားကျောင်းခေါင်မိုးပေါ်ကမီးခိုးကို အမဲရောင်ထွက်စေသောဓာတ်တုပစည်းထည့်ကာ မဲလိပ်များကိုမီးရိူ  ့ကြရသည်။ သဘောကတော့ ဒီအခြေအနေမှာ ပုပ်ရဟန်းမင်းကြီးအသစ်မရနိုင်သေးကြောင်း ကမ္ဘာကက်သလစ်ဘာသာတူများကို အကြောင်းကြားခြင်းဖြစ်သည်။ ဘာလို ့ဆိုရင် အဲချိန်မှာ ကာဒီနယ်များသည်အပြင်လောကနှင့်ခနသာဖြတ်တောက်ကြသည့်အတွက်ဖြစ်သည်။ပုပ်အသစ်ရွေးသည့်အချိန်မှာ Vatican ရှိ St. Peter Basilica ရင်ပြင်မှာ သိန်းကျော်သောဘာသာတူများရော၊ ဘာသာမတူသူများရောစုရုံးစောင့်နေကြသည်။ ဘာကြောင့်ဆိုရင် မည်သည့်နိုင်ငံသားက ပုပ်ဖြစ်လာပြီး ထိုပုပ်ရဲ  ့ပထမကောင်းကြီးကိုခံယူကြဖို ့ရန်ကိုယ်ပိုင်နိုင်ငံအလံများကိုင်ဆောင်ကာ စောင့်မျော်ကြသည်။ ပုပ်ရဟန်းအသစ်ကိုရွေးချယ်တာ နှစ်အကြာဆုံးကတော့(၃) နှစ်ရှိခဲ့ဖူးသညါဟုသမိုင်းတွင်သိရသည်။အစောဆုံးကတော့(၁) လအတွင်းပြီးမြောက်တတ်ပါသည်။
         ဒီလိုမဲပေးကြရင်မဲအများဆုံးရသည့် ကာဒီနယ်ကို ထပ်မံမေးမြန်းကြပြီး ဒီတာဝန်ကို ယူနိုင်မလား မယူနိုင်ဘူးလားစသည့် ကိုယ်ပိုင်ဆန္ဒမေးလာကြရပြန်သည်။ အဲအချိန်မှာ ကာဒီနယ်က လက်ခံပါမည်ဟုကတိပေးလာရင်တော့ မဲလိပ်များကို အဖြူရောင်မီးခိုးထွက်စေသောဓာတုပစည်းရောပြီး မီးရိူ  ့ရာဘုရားကျောင်းခေါင်မိုးပေါ်မှာ အဖြူရောင်ဖြင့်ထွက်လာသည်။ သဘောကတော့ ကက်သလစ်ကမာအတွက် ပုပ်ရဟန်းမင်းကြီးအသစ်ရရှိပါပြီဖြစါကြောင်းကြေငြာလိုက်ခြင်းဖြစ်သည်။ ဒီအချိန်မှာတော့ St. Peter Basilicas ရင်ပြင်မှာရောက်နေသောဘုရားဖူးဘာသာတူများသာမက ကမ္ဘာပေါ်ရှိ TV Screen ပေါ်မှာကြည့်နေသောသူများကလည်းပုပ်အသစ်ရကြောင်းသိလာကြသည်။ အလွန်ပင်ပျော်ရွှင်ကြသည်။
     ဒီလိုပုပ်အသစ်ရလာပြီးဆိုရင် ထိုသူက ကာဒီနယ်ဘဝတုန်းက အမည်ကိုဆက်သုံးမလား သို ့မဟုတ် နာမည်အသစ်ကိုထပ်ပြန်ရွေးမလားမေးခွန်းကိုမေးရပါသည်။ ပုပ်အသစ်ဖြစ်မည့်သူ သာမန်အားဖြင့် အရင်ကရှိခဲ့ပြီးသော Saints များနာမည်ထဲက သူ အထူးပြုလိုသည့် Saint တစ်ပါးပါးရဲ  ့နာမည်ကိုယူရသည်။ ဥပမာ ခုလက်ရှိ ပုပ် ဖရန်စစ်က အေဒီ(၁၂၀၀-၁၂၂၆) ဝန်းကျင်တွင်အသက်ရှင်ခဲ့ပြီး နှိမ့်ချကာငြိမ်းချမ်းရေးအတွက်နှင့် ဆင်းရဲသားများကိုကူညီခဲ့သော Saint Francis of Assisi လိုလုပ်ဆောင်ပါမည့်ရည်ရွယ်ချက်ရှိသဖြင့် သူ ့နာမည်ကို “Jorge Mario Bergoglio”မှ “Pope Francis “ အဖြစ်ယူရတော့သည်။ သဘောကတော့ ကျမ်းစာမှာ ဆီမုန်ကနေ ပေတရုနာမည်သစ်ကို ခရစ်တော်ကပေးခဲ့သလိုဖြစ်သည်။ ဆီမုန်သည် အရင်တံငါးသည်ဘဝတုန်းက အမည်ဖြစ်ပြီး ခရစ်တော်ကရွေးသွားပြီး လူကိုဖမ်းမည့်တံငါးသည်ဖြစ်စေဖို ့အတွက်  ကျောက်ဆောင်ဟုအနက်ရသော နာမည်သစ်”ပေတရု" ဟူသောနာမည်သစ်ပေးခဲ့သည်။ “ သူ့ကို ယေရှုထံသို့ ပို့ဆောင်လေ၏။ မေရှိအနက်ကား ခရစ်တော်ဟု ဆိုလိုသတည်း။ ယေရှုသည် ထိုသူကိုကြည့်ရှု၍၊ သင်သည် ယောန၏သား ရှိမုန်ဖြစ်၏ ကေဖအမည်သစ်ကို ရလတံ့ ဟု မိန့်တော်မူ၏၊ ကေဖအနက်ကား ပေတရုဟုဆိုလိုသတည်း”(ယောဟန် ၁:၄၂)။ ဒီလိုနာမည်သစ်ပါရွေးချယ်ပြီးပြီဆိုရင် St.  Basilica မှာ စောင့်မျော်နေကြသော သိန်းနှင့်ချီသောဘာသာတူများနှင့်ဘုရားဖူးများကို ပုပ်ရဟန်းမင်းကြီးအသစ်ကဘုရားကျောင်းအခန်းကနေထွက်လာပြီး ကောင်းကြီးပေးရသည်။ ပုပ်အသစ်ကလည်းပထမဆုံးသြဝါဒကိုကမာ႓ကြီးကို မိန်  ့ကြားရပါတော့သည်။ ဒီလိုနှင့်ပဲ ပုပ်အသစ်ရွေးချယ်ခြင်းပြီးမြှောက်အောင်မြင်ကာ ပုပ်အသစ်ကလည်းတာဝန်စထမ်းဆောင်ရပါတော့သည်။ပုပ်ရဟန်းဖြစ်လာသည်နှင့်တပြိုင်နက် ကာဒီနယ်သင်္ကန်းအနီကိုမသုံးတော့ပဲ အဖြူရောင်ဝတ်ရုံသင်္ကန်းကြီးကိုသာသုံးရတော့သည်။အထက်ကပြောသလို ပုပ်ရဟန်းသက်တမ်းဆိုတာ သမ္မတတွေလို လူတွေကြိုက်ရင်ပြန်ရွေးမယ်။ လူတွေမကြိုက်ရင် ဖြုတ်ချမယ် စသည့်ဥပဒေမရှိပါ။(၅) နှစ်တစ်ခါရွေးတာလည်းမဟုတ်လို ့နိုင်ငံ့ခေါင်းဆောင်များရွေးခြင်းနှင့်မတူပေ။
      “ထာဝရဘုရားသည် အိမ်ကို ဆောက်တော်မမူလျှင်၊ ဆောက်သောသူတို့သည် အချည်းနှီးလုပ် ဆောင်ကြ၏။ ထာဝရဘုရားသည်မြို ့ကိုစောင့်တော်မမူလျှင်၊ ကင်းစောင့်တို့သည် အချည်းနှီးစောင့် ကြ၏”ဟုဆာလံဆရာကကြွေးကြောခဲ့သည်( ဆာလံ ၁၂၇:၁)။ အဲလိုပဲ ပုပ်ရဟန်းမင်းကြီးရွေးကောက်ခြင်းတွင်ခရစ်တော်ဘုရားသခင်သာမပါခဲ့ရင် အချည်းနှီးသက်သက်ဖြစ်ပါလိမ့်မည်။သို ့သော် ခရစ်တော်ကမိမိအသင်းတော်တည်ထောင်ပြီး ( မာတေဦး ၁၆:၁၈-၁၉)ခရစ်တော်ခန် ့အပ်ခဲ့သောပေတရုအရာဆက်ခံမည့်သူများကိုရွေးကောက်ပေးသဖြင့် နှစ်ပေါင်း(၂၀၀၀) ကျော်အထိအခကိအခဲများစွာကျော်ဖြတ်ရင်း တည်မြဲလာခြင်းဖြစ်ကြောင့်ဝန်ခံကြစို ့။ဒါဟာကက်သလစ်အသင်းတော်မှာတမန်တော်များအပေါ်ဆင်းသက်ခဲ့သည့်ဝိညာဉ်တော်ဟာ( တမန်တော် ၂) ခုချိန်ထိကက်သလစ်အသင်းတော်မှာရှိသလို အသင်းတော်သည်လည်းနောင်အချိန်ဘုရားတည်ရှိနေသရွေ  ့ရှိနေမည်ဖြစ်သည်။
    နိဂုံးချုပ်အနေဖြင့်တော့ ပုပ်ရဟန်းတစ်ပါးဖြစ်လာဖို ့ဆိုတာ လွယ်ကူးသည့်အရာမဟုတ်ပါ။ ဘုရားသခင်က လူသားတွေကိုအသုံးပြုပြီးရွေးကောက်သောသူပဲဖြစ်သည်။ ပုပ်ဖြစ်ဖို ့ ပထမသာမန်ယောကျားလေး ဘာသာတူဖြစ်ရာကနကျော်ဖြတ်လာသည့် အခက်အခဲပေါင်းများစွာကိုရင်ဆိုင်ပြီးမှသာပုပ်ရဟန်းဖြစ်လာရသည်။ကက်သလစ်ဘာသာတူများအနေဖြင့် အခြေခံရဟန်းဖြစ်ကျောင်းသားများကစပြီး ပုပ်ရဟန်းအထိ သာသနာ ့ဘောင်ထဲရောက်ကာကြိုးစားနေသောသူတော်စင်များအတွက်အထူးဆုတောင်းပေးကြပါရန်ဖိတ်ခေါ်ပါသည်။ အခြေခံရဟန်းဖြစ်ကျောင်းသားဘဝမရှိဘဲ ပုပ်ဆိုတာမဖြစ်လာချေ။ အသင်းတော်ကြီးအတွင်း ဘုရားအတွက်အခက်အခဲများစွာကြားကကြိုးစားအစေခံသောသူတော်စင်များကို အားပေးစကားပြောကြပါ။ ဆုတောင်းပေးကြပါ။ လက်တွဲခေါ်ပေးကြပါ။ သူတို ့ဖြတ်သန်းလာသည့်ဘဝတွေကြည့်ပြီးကြည်ညိုတတ်ကြပါစေ။မည်သို ့ပင် ဘုန်းကြီးဆရာတော်တချို  ့အားနည်းချက်တွေရှိနေပေမည့် အခြေခံရဟန်းလောင်းကျောင်းသားအယောက်(၁၀၀) မှာ (၁၀) ပါးလောက်သာဖြစ်လာတာတော့ စာရေးသူကိုယ်တိုင်မြင်တွေ ့တော့ “ ထိုသို့ ခေါ်တော်မူသောသူအများရှိသော်လည်း၊ ရွေးကောက်တော်မူသော သူနည်းသည်ဟုမိန့်တော်မူသည်”ဟူသောကျမ်းစာဟာပြည့်စုံနေသလားလို ့တွေးမိသည်( မာတေဦး ၂၂:၁၄)။
      ရွေးကောက်သူဟာ ခရစ်တော်ပဲဆိုတာယုံလာသည်။ထို ့ကြောင့်” ထိုအကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှါ စေလွှတ်တော်မူမည် အကြောင်း၊ စပါးရှင်ကိုဆုတောင်းကြလော့ဟု တပည့်တော် တို့အားမိန့်တော်မူ၏ “ဟူသောကျမ်းအတိုင်းဆုတောင်းကြစို ့(မာတဦး  ၉:၃၈)။ ခြုံပြောရင် မိတ်ဆွေသင်းကွဲခရစ်ယာန်အဖွဲ  ့အစည်းသေးသေးလေးတွေမှာတောင် Pastor တွေကအပြည့်အဝတာဝန်ယူနေကြချိန်မှာ ဘုန်းကြီးပေါင်း(၄) သိန်းကျော်တွင် ဘုန်းကြီးတစ်ပါးက ဘာသာတူ(၃၀၀၀) ကျော်ကိုကြည့်ရပြီး ဆရာတော်အပါး(၅၀၀၀) ကျော်တွင် တစ်ပါးက ဘာသာတူဦးရေ(၂) သိန်းကျော်ကိုကြည့်ရူသည်ဟုယူဆရသည်။ပုပ်ရဟန်းကတော့ ဘာသာတူ(၁) ဘီလီယံကျော်ကိုကြည့်ရူကာသိုးထိန်းတာဝန်ထမ်းဆောင်နေသည်။
Bro. Daai Mana Ling

Add new comment

1 + 2 =