ဂျူးလူမျိုးတွေရဲ့ (၉) ခုမြောက်သော ဘာသာရေးပွဲ အကြောင်း

          ဒီနေ့ဖာတာရ်ပြောပြပေးချင်တာက ဂျူးလူမျိုးတွေရဲ့ ပွဲလမ်းသဘင် ကိုးခုထဲမှ နောက်ဆုံးပွဲတစ်ခု အကြောင်းကို ပြောပြချင်ပါတယ်။ အဲဒီပွဲကိုဘယ်လိုခေါ်သလဲဆိုတော့ (Hanukkah) လို့ခေါ်ပါတယ်။ အဓိပ္ပာယ်က ဘာလဲဆိုတော့ ဗိမာန်တော်ကို ဆက်ကပ်တဲ့ ပွဲဆိုပြီးတော့ ကသလစ်အသင်းတော်ရဲ့ ကျမ်းစာထဲမှာ ပြောထားတယ်။ ဗိမာန်တော်ကို ဆက်ကပ်တဲ့ပွဲဆိုတော့ ဘာကြောင့် ပြန်ပြီးဆက်ကပ်ရတာလဲ ဘာကြောင့် ဗိမာန်တော်ကို အသစ်ပြန်ပြီးပြုပြင်ရသလဲ ဒီနေရာမှာ ဗိမာန်တစ်ခုလုံးကိုမဆိုလိုဘူး။ ဂျူးလူမျိုးတို့၏ ဗိမာန်တော်ထဲမှာ အသန့်ရှင်းဆုံးနေရာ ဘုရားတည်ရှိရာ နေရာစသည်ဖြင့် သူတို့ယုံကြည်ရတဲ့နေရာ ဆိုပြီးရှိတယ်။

          အဲဒီနေရာကို ပြန်ပြီးတော့ သန့်ရှင်းရေးပြန်လုပ်တယ် ပြန်ပြီးမှသန့်ရှင်းစေတယ် ဆိုတဲ့အရာ ဘာကြောင့် လုပ်ရတာလဲ ဆိုတာသိစရာဖြစ်တယ်။ ကျွန်ုပ်တို့ တော်တော်များများမသိကြဘူး ကိုယ်ကိုယ်တိုင်လည်း အစပိုင်းကသိပ် မသိဘူး နောက်ပိုင်းမှ နည်းနည်းနားလည်လာတယ်။ ဒီအဖြစ်အပျက်ကတော့ သခင်ယေဇူးမမွေးလာခင်မှာ နှစ်ပေါင်း ၁၅၀ -၁၆၀ ဝန်းကျင်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုဖြစ်တယ်။ အစ္စရာအဲလ် လူမျိုးတွေရဲ့ ဘဝဇာတ်ကြောင်းမှာ ဘုရားသခင်ကနေပြီးတော့ သူတို့ကို ဘယ်လိုကယ်တင်ခဲ့ တဲ့အကြောင်းကို သူတို့က ပြန်လည်အောက်မဲ့ ပြီးတော့ သူတို့က ပြန်လည်ကျင်းပရခြင်းဖြစ်ပါတယ်။

          ဒီပွဲဟာ အစ္စရာအဲလ်လူမျိုးတွေကို ဘုရားသခင်ကိုယ်တိုင်က ကျင်းပစေတာတော့မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ အပတ်တွေမှာလည်း ပြောခဲ့ပြီးပြီ အစ္စရာအဲလ်လူမျိုးတွေမှာ ပွဲ ကိုးပွဲရှိတဲ့ထဲမှာ ခုနှစ်ပွဲဟာ ဘုရားကိုယ်တိုင် ပြုလုပ်စေ တဲ့ အရာဖြစ်တယ်။ ဒါမဲ့ ကျန်တဲ့ ပွဲနှစ်ခုက ဘုရားသခင်က သူတို့ကို ပြုလုပ်စေတဲ့ ပွဲတော့မဟုတ်ဘူး ဒါမဲ့ ဘုရားသခင်က အစ္စရာအဲလ်လူမျိုးတွေကို ကာကွယ်လို့ ကယ်တင်လို့ အစ္စရာအဲလ်လူမျိုးတွေ အသတ်ခံရမဲ့ဘေးကနေ လွတ်မြောက် သွားတဲ့အရာက ဘုရားသခင်ကူညီလို့ပဲဖြစ်တယ် ဆိုပြီးတော့ ဘုရားကို ကျေးဇူးတင်တဲ့ အနေနဲ့ သူတို့ကိုယ်တိုင် သူတို့လူမျိုးတွေက သူတို့ရဲ့ ဘာသာရေးခေါင်းဆောင်တွေကနေဉီးဆောင်ပြီးတော့ ကျင်းပတဲ့နေ့ဖြစ်တယ်။

          ဆိုတော့ ဒီနေ့ကျွန်ုပ်တို့ပြန်ပြောရတဲ့ အကြောင်းရင်းကတော့ ဗိမာန်တော်ကို ဆက်ကပ်တဲ့ပွဲ အကြောင်းဖြစ်တယ်။ ဘာလို့လဲဆို ဘီစီ ၁၇၀ ကျော်တုန်းက ဒီဂရိတ်အင်ပါယာကြီးက အများကြီးတိုးတက်လာပြီးတော့ ဂရိတ်အင်ပါယာ မှာကြီးပြင်းခဲ့တဲ့ အထူးသဖြင့် ဂျေရုဆလင် မြို့မှာ ဗိမာန်တော်ရှိတယ်။ အစ္စရာအဲလ်လူမျိုးတိုင်း ဘုရားကျောင်းသွားတင်ရတဲ့ ဗိမာန်တော်ဆိုတာရှိတယ်။ အဲဒီမှာ ဖြစ်ချင်တော့ ဂရိတ်အင်ပါယာရဲ့ နှောက်ဆက်တွဲ ပေါ်ပေါက် လာတဲ့ အင်ပါယာတစ်ခုက ဘုရင်တစ်ပါးကနေပြီးတော့ ဒီအစ္စရာအဲလ်လူမျိုးတွေကိုလည်း ဂရိတ်ရဲ့ ရိုးရာယဉ်ကျေးမှု ဂရိတ်တွေကိုးကွယ်တဲ့ နတ်ဘုရားတွေကိုကိုးကွယ်ဖို့ရန်လည်း တိုက်တွန်းလာတာဖြစ်ပါတယ်။

          အဲချိန် အဲဒီမှာနေထိုင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေက ဒီအစ္စရာအဲလ်လူမျိုး တွေ ဂျူးလူမျိုးတွေက ဘုရားသခင်မှတစ်ပါး ဘယ်ဘုရားမှ ငါတို့မကိုးကွယ်နိုင်ဘူး ကျွန်ုပ်တို့မှာ တစ်ခြားရုပ်ထုဆင်ထု နတ်နဲ့ဆိုင်တဲ့ အရာတွေကို ကိုးကွယ်ဖို့ မဟုတ်ဘူး ငါတို့ခေါင်းဆောင်မိုးဇယ်ကလည်း ပြောထားပြီးသားဖြစ်တယ် စသည်ဖြင့် သူတို့ကငြင်းဆန်တယ်။ ငြင်းဆန်တဲ့ အခါကျတော့ ဘုရင်ကဘယ်လိုလုပ်လာသလဲဆိုရင် နှောက်ဆုံး အစ္စရာအဲလ်လူမျိုးတွေ အထွတ်အထိပ် ထားတဲ့ဗိမာန်တော်ကြီးမှာ အစ္စရာအဲလ်လူမျိုးတွေ စားလို့မရတဲ့ ဝက်ကို သွားသတ်ပြီး ဝက်သားကို သူတို့အစ္စရာအဲလ် လူမျိုးတွေကို အတင်းစားစေခြင်း လုပ်ခဲ့တယ် ပြီးတော့ အစ္စရာအဲလ်လူမျိုးတွေရဲ့ အသန့်ရှင်းဆုံးဌာန ဗိမာန်တော်ထဲမှာ နတ်ဘုရားရုပ်ထုကို လုပ်ပြီးတော့ အဲဒီနတ်ဘုရားရုပ်ထုထဲမှာ ဘုရင်က သူမျက်နှာကို နတ်ဘုရာရုပ်ထုမှာတပ်ပြီးတော့ သူတို့ကို ကိုးကွယ်ခိုင်းတယ်။

          အဲဒါနဲ့အစ္စရာအဲလ်လူမျိုးတွေကလည်း စိတ်ဆိုးကြပြီးတော့ ငါတို့ဘာသာကိုစော်ကားတယ် ဆိုပြီးတော့ အဲဒီဘုရင်ကို ပြန်ပြီးတော့မှ တော်လှန်ကြတယ်။ ပြန်ပြီးတော်လှန်တဲ့အချိန်ကြတော့ နောက်ဆုံးမထင်မှတ်ပဲ ဒီလောက် စစ်သည်အင်အားများပြားစွာရှိတဲ့ အင်ပါယာကြီးရဲ့ စစ်တပ်ကို လူနည်းစုထဲက ယောက်ျားလေးတွေ စုစုပြီးတော်လှန်ရေး ပြန်လုပ်ကြရင်းနဲ့ပဲ နှောက်ဆုံးမှာပြန်နိုင်သွားပြီးတော့ ဒီဘုရားကျောင်းမှာထားတဲ့ နတ်ဘုရားရုပ်ထုတွေကို ပြန်ဖျက်ဆီး ပြီးတော့ အဲဒီဘုရားကျောင်းမှာ ဘုရားစဉ်တွေကို ပြန်ပြီးတော့ ပြုပြင်ပြီးမှ ပွဲပြန်လုပ်ကြတယ်။ ဘုရားရှင်ကို ပြန်ဆက်ကပ်ပြီးအသစ်တစ်ဖန်ဘုရားရှင်ထံ ဆုပြန်တောင်းပြီးတော့ ဗိမာန်တော်ကိုပြန်ပြီးတော့ သန့်ရှင်းရေးလုပ်တဲ့ ဟာကို ဗိမာန်တော်ပြန်ပြီးဆက်ကပ်တဲ့ပွဲ လို့ခေါ်တယ်။ အဲဒါက သခင်ယေဇူးကိုယ်တိုင်ကလည်း လောကမှာ အသက်ရှင် နေတုန်းက အဲဒီပွဲကို တက်ရောက်ခဲ့ဖူးတယ်။ ရှင်ယောဟန် ၁ဝး ၂၂-၂၄ အတွင်းမှာ လည်း တွေ့နိုင်ပါတယ် အဲဒီမှာ ဘာထူးခြားသလဲဆိုတော့ အစ္စရာအဲလ်လူမျိုးတွေက အဲလိုစစ်ကာလမှာဆို သူတို့ဘုရားကပြောတဲ့ ဒီဗိမာန်တော်ထဲမှာ အချိန်ပြည့် မီးထွန်းထားရတယ် ဒါမဲ့သူတို့မှာဆီက တစ်ညစာထွန်းဖို့ပဲရှိတယ်။ ဒါမဲ့ အဲဒီတစ်ညစာပဲရှိတဲ့ဆီက ရှစ်ရက်လုံးလုံး မကုန်မဆုံးနိုင်အောင် ခံပြီးတော့မီးလင်းတဲ့အတွက်ကြောင့် သူတို့က ဒါဘုရားရဲ့တန်ခိုးပဲဆိုပြီးတော့ သူတို့ကျင့်ပကြတာဖြစ်တယ်။ အခုချိန်မှာ သူတို့အစ္စရာအဲလ်လူမျိုးတွေက ဖယောင်းတိုင် ကိုးခုသို့မဟုတ် ခုနှစ်ခုထောင် ပြီးတော့ သူတို့အိမ်တွေမှာထားမယ် အဲဒါကို ပွဲကြရင်ထွန်းမယ်။ အဲဒီနည်းနဲ့ ဒီဗိမာန်တော်ကို ပြန်ပြီးဆက်ကပ်တဲ့ ပွဲကို ကျင့်ပကြတာဖြစ်ပါတယ်။

 

Fr. Martin Mana Ling (USA)

Add new comment

2 + 4 =