ဂျူးလူမျိုးတွေရဲ့ (၈) ခုမြောက်သော ဘာသာရေးပွဲ အကြောင်း

          ဒီနေ့ဖာတာရ်အနေနဲ့ ဂျူးလူမျိုးတွေရဲ့ဘာသာရေးပွဲတော် ကိုးခုရှိတယ်။ အထူးသဖြင့် ခုနှစ်ခုက ကျွန်တော်တို့ ပြီးသွားပြီ အဲဒီခုနှစ်ခုက ဘုရားသခင်ကိုယ်တိုင်က မိုးဇယ်အားဖြင့် အစ္စရာအဲလ် လူမျိုးတွေကို ကျင့်ပစေတဲ့ ပွဲဖြစ်တယ်။ ဒီနေ့ရှစ်ခုနဲ့ နောက်ပတ်လာမည့် ကိုးခု ဒီနှစ်ခုကျတော့ ဘုရားသခင်ကိုယ်တိုင်က လုပ်ကြပါဆိုပြီးတော့ မပြောဘူး သို့သော် ဘုရားရဲ့လူမျိုးတွေဖြစ်တဲ့ အစ္စရာအဲလ်လူမျိုးတွေက ဘယ်လောက်ထိ ဘုရားသခင်သူတို့ကို ချစ်တဲ့အကြောင်း ဘယ်လောက်ထိ သူတို့ကို သေရမဲ့ဘေးကနေ ဒုက္ခဆင်းရဲဘေးကနေ လွတ်မြောက်စေတယ် စသည်ဖြင့်ပေါ့ သူတို့အတွက် ဘုရားသခင်က ကြီးမြတ်တယ် ဆိုတဲ့ဟာကို သူတို့သိရလို့ သဘောကျလို့ ဘုရားကို ကျေးဇူးတင်တဲ့ အနေနဲ့ လုပ်တဲ့ပွဲ နှစ်ခုဖြစ်ပါတယ်။

          အဲဒီနှစ်ခုထဲက တစ်ခုအကြောင်းကို ဖာတာရ်အနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်။ အဲဒါကြောင့်ဒီနေ့ပြောမဲ့ အရာကတော့ Esther ကျမ်းစာမှာ တွေ့ရမယ် အဲဒီမှာကျွန်တော်တို့ ဘယ်လိုတွေ့ရလဲဆိုတော့ Esther ကျမ်းစာ ၉း၂၀-၂၂ ကိုဖတ်မယ်။ တဖန် Mordecai ဆိုတဲ့ ပုဂ္ဂိုလ် ဂျူးလူမျိုးတစ်ဉီးသည် ဤအမှုအရာကိုရေးထား၏ ယုဒလူမျိုးတို့သည် ရန်သူလက်မှလွတ်၍ ချမ်းသာရသောနေ့ သူတို့ဝမ်းနည်းခြင်းနှင့် မြည်တမ်းခြင်း တို့ပျောက်၍ ဝမ်းမြောက်ခြင်းနှ့င် ပျော် ရွှင်ခြင်းသို့ရောက်သော အာသာလ ၁၄ရက် နဲ့ ၁၅ ရက်တို့ကို နှစ်တိုင်းဆောင်ရွက်ပွဲခံရာနေ့ ပျော်မွေ့ရာနေ့ တစ်ယောက်နဲ့ တစ်ယောက်လက်ဆောင်တွေ ပေးပြီး ဆင်းရဲသောသူတို့အား စွန့်ကြဲရာနေ့ ဖြစ်စေသော ထုံစံစီရင်ခြင်းဟာ ရှင်ဘုရင် အာရှရုနိုင်ငံတော်အပြည်ပြည်ရဲ့ အနီးအဝေးရှိသော ယုဒလူအပေါင်းတို့ နေရာသို့ အမှာစာကိုပေးလိုက်လေ၏။ ဒါကသူတို့ရဲ့ခေါင်းဆောင်ကနေပြီးတော့ပို့လိုက်တဲ့ စာဖြစ်တယ်။

          ဒီနေရာမှာသိရမှာက ခုနပြောသွားတဲ့ Mordecai ဆိုတဲ့ပုဂ္ဂိုလ်က ဂျူးလူမျိုးဖြစ်တယ်။ အဲဒီဂျူးလူမျိုးကနေ ဒီအဖြစ်အပျက်ကို BC 519 နှင့် 465 ကြားမှာဖြစ်တယ်။ အစ္စရာအဲလ်လူမျိုးတွေ ဘာဘလွန်အင်ပါယာမှာ ကျွန်ခံနေရချိန်ရဲ့ အဖြစ်အပျက်ဖြစ်တယ်။ အဲဒီမှာ Esther ဆိုတဲ့သူက ဂျူးအမျိုးသမီးဖြစ်တယ် ဂျူးအမျိုးသမီးက သူကဂျူးအမျိုးသမီးလို့မပြောဘူး ဒါမဲ့ဘုရင်ကသူကို သဘောကျလို့ မိဖုရား အရာတင်မြောက်ခဲ့တယ်။ သူဟာဂျူးလူမျိုးဖြစ်တဲ့ အကြောင်းမပြောခဲ့ဘူး သူဉီးလေး Mordecai ကမပြောခိုင်းဘူး  ဒီလိုနဲ့ကြီးပြင်းလာတဲ့အချိန်မှာ ရှင်ဘုရင်ကသဘောကျပြီး မိဖုရားဖြစ်လာတယ်။

          အဲဒီမှာ ဟာမန် ဆိုတဲ့လူတစ်ယောက်က အစ္စရာအဲလ်လူမျိုးတွေကို မုန်းတယ် မုန်းတဲ့အခါကျတော့ အဲ့ဒီမှာရှိတဲ့ တစ်မျိုးလုံး တစ်ဆွေလုံး ဒီဘုရင်ရဲ့ အင်ပါယာမှာ ရှိတဲ့ ဂျူးလူမျိုးတွေကို အကုန်လုံးသတ်ဖြတ်ဖို့ သူကစိတ်ကူးထားတယ်။ အဲလိုပြင်ဆင်ပြီးတော့ တစ်နယ်လုံးကို စာတွေဖြန့်ပြီးတော့ လုပ်လာတဲ့အချိန်မှာ အဲဒါကို သိလာတဲ့ Mordecai က သူ့ရဲ့တူမလေးဖြစ်တဲ့ Esther ကို ခေါ်ပြီးတော့  ရှင်ဘုရင်ကိုသွားပြီးတော့ တစ်ခုခုပြောပါ မင်းမပြောရင် ငါတို့ တစ်မျိုးလုံးသေရတော့မယ် ဆိုပြီးပြောတဲ့အခါမှာ Esther က ကျွန်ပ်ပြောလည်းဘယ်သူက နားထောင်မှာလဲ ဆိုပြီးပြန်ပြောတယ်။ ဒါမဲ့ သူ့ဉီးလေးရဲ့စကားတွေကိုနားထောင်ပြီးတော့ အကျိုးအကြောင်းကို သွားပြော တဲ့အခါကျတော့ နှောက်ဆုံး ဂျူးလူမျိုးတွေကို သတ်ဖို့ ကြံစည်တဲ့ ဒီဟာမန်ဆိုတဲ့ ပုဂ္ဂိုလ်က သူကိုတိုင်က အသတ်ပြန်ခံရပြီးတော့ ဒီ Esther ၏စကားကြောင့် ဘုရင်ရဲ့ စိတ်ကို ပြောင်းလဲစေတဲ့အတွက်ကြောင့် ဘုရင်က  ကဲမင်းတို့ ကိုယ်တိုင်ခုခံကြ လို့ပြောပြီးတော့ ယုဒလူမျိုးတွေက လက်နက်တွေကိုင်ပြီးတော့ သူတို့ကိုသတ်ဖြတ်မရ သူတွေကို ပြန်သတ်တဲ့နေ့ နောက်ဆုံးအခုနကျွန်တော်တို့ပြောတဲ့အတိုင်းပဲ တစ်မျိုးလုံးတစ်ဆွေးလုံး အသတ်ခံရမဲ့ ဘေးကနေ လွတ်မြောက်ခဲ့ပြီး အောင်ပွဲဆင်နိုင်ခဲ့တယ်။

          အဲဒီနေ့ကို သူတို့က အမြဲကျင့်ပကြတယ် ဒါခရစ်ယာန်တွေကိုင်တဲ့ Esther ကျမ်းစာမှာ တွေ့ရတယ်။ ကျွန်ုပ်တို့ ခရစ်ယာန်တွေလည်း ဒီအကြောင်းကို သိပ်မသိဘူး ပြန်လည်လေ့လာဖို့လိုအပ်ပါသေးတယ်။ ဆိုတော့ပြောချင်တာက ဒီဟာကို ရှင်ယောဟန် ၅းဝဝ မှာလည်းခရစ်တော်ကိုယ်တိုင်က ဒီပွဲတော်ကို လုပ်ခဲ့တယ် ဂျူးအနေနဲ့ အဲဒီနေ့မှာ လက်ဆောင်တွေပေးတဲ့နေ့ဖြစ်တယ်။ လက်ဆောင်တွေပေးတဲ့နေ့ဖြစ်တဲ့ အတွက်ကြောင့် သခင်ယေဇူးလည်း အဲဒီနေ့မှာ ထူးထူးခြားခြား ၃၈ နှစ်လုံးလုံး ခြေမစွမ်းပြီးတော့ မသွားနိုင်တဲ့ ပုဂ္ဂိုလ် ဆင်းရဲသားလေးကို မေတ္တာလက်ဆောင်အနေနဲ့ ကုသပေးသွားခဲ့တယ်။ အဲဒီနေ့မှာသူတို့ ဘယ်လိုတွေလုပ်သလဲဆိုရင် အစ္စရာအဲလ်လူမျိုးတွေက လူမိုက် ဟာမန်ရဲ့ နာမည်ကြားပြီဆိုရင် ဟာမန် အမင်္ဂလာဖြစ်စေ အမင်္ဂလာဖြစ်စေ လို့အော်ကြတယ် ပြီးတော့ Esther ရဲ့ ဉီးလေး Mordecai ရဲ့ နာမည်ကိုကြားတဲ့အချိန်မှာတော့ Mordecai က မင်္ဂလာရှိစေသတည်း မင်္ဂလာရှိစေသတည်း ဆိုပြီးတော့ သူတို့က အော်ပြီးတော့ သေချာလေးကို ကျင့်ပကြတဲ့ ပွဲဖြစ်တယ်။ အဲဒီနေ့မှာသူတို့က တြိဂံပုံရှိတဲ့မုန့်တွေကို စားကြတယ် အဓိပ္ပာယ်က ဘာလဲဆိုတော့ ဟာမန်ရဲ့ဉီးထုပ်ပုံ ရှိတဲ့အဲမုန့်ကိုစားရခြင်းဟာ ဟာမန်ကိုအောင်နိုင် ခဲ့ပြီဆိုတဲ့ သဘောနဲ့စားခြင်းဖြစ်ပါတယ်။ ဘုရားကို ကျေးဇူးတင်တဲ့အနေနဲ့ သူတို့ကျင့်ပရခြင်းဖြစ်တယ်။ ဆိုတော့ ဒါယုဒလူမျိုး တွေကို ဘုရားသခင်က ကယ်တင်ခဲ့တဲ့ အကြောင်း ဘုရားကိုယ်တိုင်က မကျင့်ပစေသော်ညာလည်း  အစ္စရာအဲလ်လူမျိုးတွေက ဘုရားကို ကျေးဇူးတင်တဲ့အနေနဲ့ ကျင့်ပရခြင်းဖြစ်တယ်။

 

Fr. Martin Mana Ling (USA)

Add new comment

1 + 15 =