ဂျူးလူမျိုးတွေရဲ့ (၆) ခုမြောက်သော ဘာသာရေးပွဲ အကြောင်း

          ဒီနေ့ဖာတာရ်ပြန်ပြောပြချင်တာကတော့ ဂျူးလူမျိုးတွေရဲ့  (၆)ခုမြောက်သော ဘာသာရေးပွဲတော် အကြောင်းကို ပြောပြပေးချင်ပါတယ်။ ပြောပြမဲ့ အကြောင်းအရာကတော့ မြန်မာလိုဆို အပြစ်ဖြေရာနေ့ လို့ဖြစ်ပါတယ် သူတို့ကအဲ့တာကို တစ်ရက်တိတိလုပ်ပါတယ်။ အဲ့ဒီနေ့ဟာ ဘယ်ချိန်မှာ ကျလေ့ရှိသလဲဆိုတော့ စက်တင်ဘာ သို့မဟုတ် အောက်တိုဘာလမှာကျလေ့ရှိပါတယ်။ ဒီဟာက ဒီဂျူးလူမျိုးတွေရဲ့ဘဝမှာ အင်မတန်မှ အရေးကြီးတဲ့နေ့ဖြစ်ပါတယ်။ သူတို့ကဒီအရာကို ကမ္ဘာကုန်တဲ့ထိ လုပ်ဆောင်မှာဖြစ်ပါတယ် သူတို့ရဲ့ပြဒ္ခိန်မှာလည်း ဒါတွေပါတယ်။ တစ်နှစ်မှာ တစ်ကြိမ်စီလုပ်ရတဲ့ အရာဖြစ်တယ်။

          အဲ့ဒီနေ့မှာ သူတို့က ဘာတွေလုပ်ရသလဲဆိုတော့ ဆုတောင်းတယ် အစာရှောင်ခြင်းလုပ်ရတယ် ဝါရှောင်ခြင်း ခြိုးခြံခြင်း ကိုယ်ပြုခဲ့တဲ့ အပြစ်ဟူသမျှအတွက် နောင်တရပြီးတော့ ကိုယ့်ဘဝကို ပြုပြင်တဲ့ နေ့အနေနဲ့လည်း သူတို့ကအဲ့ဒါကို ကျင်းပရပါတယ်။ ကျွန်ုပ်တို့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ ကျွန်ုပ်တို့က သူတို့ရဲ့ ကျမ်းစာကို ခရစ်ယာန်တွေအတွက်ဆို သမ္မာဟောင်းကျမ်းစာ ဝတ်ပြုရာကျမ်း ၁၆း၂၃ မှာကျွန်ုပ်တို့တွေ့ရပါတယ်။ ဝတ်ပြုရာကျမ်း ၂၃း ၂၆-၃၂ အထိမှာလည်း ကျွန်ုပ်တို့တွေ့ရပြီးတော့ အပြည့်အစုံကိုတော့ ဝတ်ပြရာကျမ်း ၁၆းဝဝမှာ အပြည့်အစုံတွေ့ ရပါတယ်။ ပြီးတော့ ဝတ်ပြုရာကျမ်း ၁ဝးဝဝမှာလည်းကျွန်ုပ်တို့တွေ့ရမှာဖြစ်ပါတယ်။

          ဒီအပြစ်ဖြေရာနေ့ဆိုတဲ့ဟာက အစ္စရာအဲလ်လူမျိုး တွေအတွက်တစ်နှစ်တစ်ကြိမ်လုပ်ရမဲ့နေ့မှာ ဘယ်သူတွေက အပြစ်ဖြေခြင်းအရာကိုလုပ်သလဲဆိုရင် နံပါတ်တစ် သူတို့ရဲ့ယစ်ပရော်ဖက်ချုပ်လို့ခေါ်တဲ့ ရဟန်းချုပ်ကနေလုပ်ရပါ တယ်။ လူတိုင်းကအဲ့ဒါကို သွားပြီးမှလုပ်လို့မရပါဘူး ဘာကြောင့်လည်းဆိုရင် ဒါသူတို့ရဲ့ဗိမာန်တော်မှာ ဆိုရင် သန့်ရှင်းရာ အရပ်လို့ခေါ်တဲ့ နေရာ အသန့်ရှင်းဆုံးအရပ် သာမန်လူတွေထိုင်တဲ့နေရာရှိမယ် သူတို့ရဟန်းချုပ်တွေပဲ ဝင်လို့ရတဲ့ နေရာလည်းတစ်ခုရှိတယ်။ အဲဒီကိုသွားပြီးတော့ အပြစ်ဖြေခြင်းအရာကိုလုပ်ရပါတယ် အဲဒီမှာ ရဟန်းချုပ်က ဘုရာသခင်သတ်မှတ်ထားတဲ့ ရဟန်းချုပ်အဝတ်တန်ဆာကို ဝတ်ပြီးတော့မှ ဝင်သွားရပါတယ်။

          ဝင်သွားပြီးတဲ့အခါကျတော့ ဘာတွေလုပ်ရသလဲဆိုရင် နံပါတ်တစ် ဆိတ်နှစ်ကောင်ယူသွားရတယ် အဲ့ဒီဆိတ်နှစ်ကောင်ထဲမှ ရွေးချယ်ရတယ်။ တစ်ကောင်ကတော့ ဘုရားကိုပူဇော်ပသရန်အတွက် ရွေးချယ်ရပြီး ကျန်တစ်ကောင်ကတော့ အစ္စရာအဲလ်လူမျိုးတွေရဲ့အပြစ်တွေအတွက် အပြစ်တွေကို သယ်ဆောင်သွားမဲ့ အသက်ရှင်ကျန်ရစ်မဲ့ ဆိတ်ကောင်အတွက်ထားရပါတယ်။ အဲဒီထဲမှာ စိတ်ဝင်စားစရာကောင်းတာတစ်ခုက ဘာလဲဆိုတော့ တစ်ကောင်ကြတော့သတ်ပြီးမှ သူ့ရဲ့သွေးကိုသွန်းပြီးမှ ပရိတ်သတ်တွေရှေ့မှာရော အိမ်တွေမှာရော ဖြန်းပြီးတော့ လူတွေရဲ့အပြစ်ကိုဖြေလွှတ်ရပါတယ်။ ကျန်တဲ့သတ်ခြင်းမခံရတဲ့ အစ္စရာအဲလ်လူမျိုးတွေရဲ့ အပြစ်တွေ အတွက် ပူဇော်ရမဲ့အကောင်ကြတော့ ရဟန်းချုပ်ကနေ သူ့ရဲ့လက်လေးနဲ့ ဆိတ်ရဲ့ခေါင်းပေါ်မှာတင်ထားပြီးတော့ အစ္စရာအဲလ်လူမျိုးတွေရဲ့အပြစ်ဟူသမျှကို ပြောပြီးမှ ကျွန်ုပ်တို့ အစ္စရာအဲလ် လူမျိုးတွေတစ်ယောက်ချင်းစီရော ရဟန်းချုပ်ကိုယ်စီရော အားလုံးကအပြစ်ရှိတဲ့အကြောင့် သူက ဝန်ခံပြီးတော့ လက်ကိုတင်တဲ့ အခါကျတော့ အစ္စရာအဲလ်လူမျိုးတွေရဲ့ အပြစ်ဟူသမျှက ဒီဆိတ်ကနေပြီးတော့သယ်ဆောင်သွားတယ်။

          အဲဒီအခါမှာ အစ္စရာအဲလ်လူမျိုးတွေတစ်ယောက်ကနေပြီးမှ အဲဒီဆိတ်ထီးတစ်ကောင်ကိုယူပြီးမှ တောထဲကို မသတ်ပဲ သွားထားရပါတယ် အဲလိုသွားထားတဲ့ဆိတ်ကလည်းတောထဲမှာ လျှောက်ပြေးနေရင်းသေသွားရပါတယ်။ အဲလိုနည်းတွေနဲ့ အစ္စရာအဲလ်လူမျိုးတွေရဲ့အပြစ်ကို ဖြေရတာဖြစ်တယ်။ အထဲမှာရဟန်းချုပ်ကနေပြီးတော့လည်း ဒီဆိတ်သူငယ်ရဲ့ အသွေးတွေကို ဖြန့်ပြီးတော့မှ သန့်ရှင်းရာအရပ်ကနေ ပူဇော်ခြင်းတွေလုပ်တယ် သွေးတွေနဲ့ အစ္စရာအဲလ်လူမျိုးတွေနေတဲ့ အိမ်တွေကို ဖြန့်တယ် အဲလိုနဲ့တစ်နှစ်တစ်ကြိမ် အစ္စရာအဲလ်လူမျိုးတွေရဲ့ အပြစ်ဟူသမျှကို သူတို့ကဒီလို အပြစ်ဖြေရာနေ့ကို လုပ်ခြင်းအားဖြင့် အပြစ်ကနေဖြေလွှတ်ရပါတယ်။ ဒါကသူတို့အတွက် ဘုရားသခင်ပညက်ထားတဲ့ အမြဲလုပ်ရမဲ့အရာဖြစ်ပါတယ်။ ကျွန်ုပ်တို့ခရစ်ယာန်တွေအနေနဲ့ကျတော့ ဘယ်အချိန်မှာပြည့်စုံသွားသလဲဆိုရင် သခင်ခရစ်တော် လက်ဝါးကားတိုင်ပေါ်မှာ သူ့ရဲ့အသွေးတော် သွန်းခြင်းဖြင့် ဒီတိရိစ္ဆာန် လေးတွေရဲ့အပြစ်တွေ ဖြေလွှတ်ခြင်း ရဟန်းကြီးရဲ့အပြစ်အတွက်ပါ တစ်နှစ်တစ်ကြိမ်လုပ်ရသလို တစ်ခြား အစ္စရာအဲလ်လူမျိုးတွေရဲ့ အပြစ်ဟူသမျှ ဖြေလွှတ်ခြင်းအမှုက သခင်ခရစ်တော် ကားတိုင်ပေါ်မှာ သူ့ရဲ့အသွေးသွန်းခြင်း အားဖြင့်ပြည့်စုံသွားပြီ တိရိစ္ဆာန်တွေရဲ့သွေးသွန်းစရာမလိုတော့ဘူးဆိုပြီးတော့ ခရစ်ယာန်တွေက နားလည်ထားတဲ့ အတွက်ကြောင့် ခရစ်ယာန်တွေက မလုပ်တော့ဘူး ဒါမဲ့အစ္စရာအဲလ်လူမျိုးတွေအတွက်ကျတော့ အမြဲတမ်းဒီအပြစ်ဖြေ ရာနေ့ကို လုပ်ရပါတယ်။ အဲဒီနေ့မှာအလုပ်လည်းမလုပ်ရဘူး ဒါကိုယ့်ရဲ့အပြစ်တွေကို နောင်တရဖို့ဖြစ်ပါတယ်။

 

Fr. Martin Mana Ling (USA)

Add new comment

14 + 1 =