ဂျူးဘာသာ နဲ့ မွတ်စလင်မ်ဘာသာ၏ တူညီချက် တစ်ချို့နဲ့ မတူညီချက်တစ်ချို့

ဒီနေ့ဖာတာရ်ပြန်ပြီးပြောပြမဲ့ အကြောင်းအရာကတော့ ဂျူးဘာသာ နဲ့ မွတ်စလင်မ်ဘာသာ၏ တူညီချက် တစ်ချို့နဲ့ မတူညီချက်တစ်ချို့ ကိုသိသလောက် ဖတ်မိသလောက် ပြောပြပေးချင်ပါတယ်။ ကျွန်ုပ်တို့ အားလုံးသိတဲ့ အတိုင်းပဲ ဂျူးဘာသာဆိုတာ ဘုရားတစ်ဆူပဲရှိပါတယ်ဆိုပြီးတော့ ယုံကြည်သက်ဝင်တဲ့ ဘာသာတစ်ခုလည်း ဖြစ်ပါတယ်။ ဘုရားတစ်ဆူထဲရှိပါတယ်ဆိုတဲ့နေရာမှာ ရှေးအကျဆုံးသော ဘာသာတစ်ခုလည်းဖြစ်ပါတယ်။ ဒါမဲ့ဒီဂျူးဘာသာက ဒီကျွန်ုပ်တို့ အနီးအနားမှာရှိနေတဲ့ ညီအစ်ကို မွတ်စ္စလင်မ် ဘာသာနဲ့ ဘယ်လိုနီးစပ်သလဲ။ 

နီးစပ်တဲ့နေရာမှာ နံပါတ်တစ် ပထမဆုံးအနီးစပ်ဆုံးကတော့ ဘုရားတစ်ဆူတည်းပဲရှိပါတယ်ဆိုတဲ့ နေရာမှာ ဒီဂျူးဘာသာနှင့် အစ္စလာမ်ဘာသာကတကယ်တူညီနေပါတယ်။ ဒါအလွန်စိတ်ဝင်စားစရာကောင်းပါတယ်။ ဂျူးဘာသာကလည်း ဘုရားတစ်ဆူတည်းပဲရှိတယ်။ အဲ့ဒီဘုရားတစ်ဆူအပြင် ဘယ်သူမှ ဘုရားအဖြစ်နေရာသို့ မရောက်နိုင်ကြောင်း ဘုရားအဖြစ်နှင့် ဘယ်လိုမှ ကိုးကွယ်လို့မရနိုင်ဘူးလို့ ဆိုပြီးမှ ဂျူးဘာသာက လက်ခံပါတယ်။ အဲ့လိုပဲ ကျွန်ုပ်တို့၏ညီအစ်ကို အစ္စလာမ်ဘာသာကလည်း ဟုတ်တယ်ဘုရားတစ်ဆူပဲရှိတယ် အဲဒီဘုရားကလွဲလို့ ဘယ်သူမှ ဘုရားနေရာ အနေနဲ့ ကိုးကွယ်စရာ ဘယ်သူမှမရှိဘူးလို့ သူတို့ယုံကြည်ပါတယ်။ 

အဲဒါကြောင့် ဒီအရာအားဖြင့် ခရစ်ယာန်ဘာသာနဲ့က ခရစ်တော်နှင့် ၀ိညာဉ်တော်ကို ဘုရားအနေနဲ့ ကိုးကွယ်တဲ့ ခရစ်ယာန်တွေက သူတို့အတွက်ကတော့ အပြင်တစ်မျိုးဖြစ်သွားစေပါတယ်။ ဆိုတော့ ခုနက ဂျူးဘာသာကလည်း ဘုရားက အရာအားလုံးကိုဖန်ဆင်းတယ်။ ဘူရားကလူတွေကို သူရဲကောင်းတွေ ပရောဖက်တွေ အသုံးပြုတယ် ဥပမာ- မိုးဇယ်တို့ အာဘရာဟမ်တို့ အီဇက်တို့ယာကုတို့ လိုအင်မတန်မှကြီးကျယ်တဲ့သူတွေကိုဘုရားကအသုံးပြုတယ် ဆိုတာကို ဂျူးဘာသာက လက်ခံတယ်။ အဲ့လိုပဲ အစ္စလာမ်ဘာသာကလည်း ဘုရားက အရာအားလုံးကို ဖန်ဆင်းတယ် လူကိုဖန်ဆင်းတယ် အဲ့ဒီဘုရားက သူရဲကောင်းတွေ ပရောဖက်ကြီးတွေကို အသုံးပြုတယ် လူသားတွေအတွက် ညဏ်ပညာ အလင်းကျေးဇူးကို လောကကြီးကိုစေလွှတ်ပေးတယ် ဆိုတဲ့ အရာကို သူတို့က ယုံကြည်တယ်။ အဲ့နေရာမှာ သူတို့ အကုန်လုံးတူညီကြတယ်။ 

ဒါမဲ့ ဘယ်နေရာမှာ မတူညီတဲ့အချက်ရှိသလဲဆိုတော့ ကျွန်ုပ်တို့ ဂျူးဘာသာအနေနဲ့က သူတို့ယုံကြည်ရာ သမ္မဟောင်းကျမ်းစာဆိုတာရှိတယ်။ ခရစ်ယာန်တွေကလည်း အဲ့ဒီကျမ်းစာကို လက်ခံပေးတယ်။ အဲဒီမှာ မရောဖက်များစွာရှိတယ်။ သူတို့လူမျိုးတွေ အတွက် သူတို့ ကျွန်ခံတဲ့အချိန်မှာ  အာဘရာဟမ်ကနေစပြီးတော့ ဘုရားအသုံးပြုသော ပရောဖက်များစွာရှိတယ် ဆိုတာကိုဂျူးဘာသာက လက်ခံတယ်။ ဒီနေရာမှာ အစ္စလာမ်ဘာသာကြတော့ အေဒီ ၆၀၀ ဝန်းကျင်တုန်းကပဲ သူတို့ရဲ့ နှောက်ဆုံးပရောဖက်အနေနဲ့ မိုဟာမက်ကို ဘုရားသခင်က စေလွှတ်ပေးတယ် သူကိုဘုရားသခင်က အသိအမြင်တွေပေးတယ် ဖန်ဆင်းခြင်းကိုပြုတဲ့ ဘုရာရဲ့လိုအင်ဆ္ဒတွေအကြောင်း၊ စစ်မှန်တဲ့ ဘုရား၏တရားတွေကို အသစ်တစ်ဖန် အမှန်ကန်ဆုံး နောက်ဆုံးနဲ့ ရေးသားဖို့ရန်အတွက် ရူပါရုံအားဖြင့် ဘုရားသူ့ကို လမ်းပြပေးနေတဲ့ ပုဂ္ဂိုလ်မိုဟာမက်ဖြစ်တယ်။ နောက်ဘုရားသခင်ရဲ့ နောက်ဆုံးပရောဖက်ဖြစ်တယ်ဆိုပြီးလည်းအစ္စလာမ်ဘာသာတို့က ယုံကြည်ကြတယ်။ 

အဲ့ဒါကိုဂျူးဘာသာအနေနဲ့က လက်မခံနိုင်ဘူး ဂျူးဘာသာအနေနဲ့က သခင်ယေဇူးလက်ထပ်မှာ ပေါ်ပေါက်ခဲ့တဲ့ ဆေးကြောခြင်းလိုက်ပေးနေတဲ့ ယောဟန်က သူတို့ရဲ့နှောက်ဆုံးပရောဖက်တစ်ဦးလို့လည်း မြင်သလို သခင်ယေဇူးကို ကြတော့ သူတို့ရဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ပဲသူတို့က မြင်တာဖြစ်ပါတယ်။ သခင်ယေဇူးကိုသူတို့က ဘုရားလို့မမြင် ဘူး။ အဲ့လိုပဲ ဂျူးဘာသာကနေပြီး တော့ အစ္စလာမ်ဘာသာကနေပြီးတော့ မိုဟာမက်က တစ်ဆူတည်းသောဘုရားက နေပြီးတော့မှ စေလွှတ်ပေးခဲ့တဲ့ နှောက်ဆုံးပရောဖက်ဖြစ်ပါတယ်ဆိုတဲ့ အရာကို သူတို့ ဂျူးဘာသာတွေအနေနဲ့ လက်မခံဘူး။ ဒါတွေက ဂျူးဘာသာနှင့် အစ္စလာမ်ဘာသာရဲ့ မတူညီတဲ့အရာတွေဖြစ်တယ်လို့ဖာတာရ်ပြောချင်ပါတယ်။ ဒါမဲ့ သူတို့ရဲ့အရေးကြီးဆုံးတူညီတာက အားလုံးစုံကိုဖန်ဆင်းတဲ့ ဘုရားတစ်ဆူကို ကိုးကွယ်တဲ့နေရာမှာ တူညီကြပြီးတော့ ခရစ်ယာန်တွေ ကိုးကွယ်တဲ့ ခရစ်တော်နှင့် ၀ိညာဉ်တော်ကိုတော့ သူတို့ ဘုရားအဖြစ်နဲ့လက်မခံဘူး။ ဒါမဲ့ ခရစ်ယာန်တွေကြတော့ မွတ်စလင်မ်ဘာသာရော ဂျူးဘာသာရောကိုးကွယ်တဲ့ ခမည်းတော်ကိုလည်း ကိုးကွယ်တယ်၊ သားတော်ဘုရားကိုလည်းကိုးကွယ်တယ်၊ ၀ိညာဉ်တော်ဘုရားကိုလည်းကိုးကွယ်ပါတယ်။ ဒါကတော့ ဂျူးဘာသာနဲ့ အစ္စလာမ်ဘာသာရဲ့ တူညီချက်နဲ့ကွဲပြားမှု တွေကိုဖော်ပြခြင်းဖြစ်ပါတယ်။

Fr.Martin Mana Ling (USA)

Add new comment

1 + 2 =