ဂျူးဘာသာရဲ့ (၅) ခုမြောက်သော ဘာသာရေးပွဲ အကြောင်း

          ဒီနေ့ဂျူးဘာသာရဲ့  (၅) ခုမြောက်သော ဘာသာရေးပွဲ အကြောင်းကို တင်ပြပေးချင်းပါတယ်။ ကျန်တဲ့လေးခု အကြောင်းကို လေ့လာခဲ့ပြီးပြီဆိုတော့ အခုငါးခုမြောက်က ဘာလဲဆိုရင် တန်ပိုးမှုတ်ပွဲလို့ခေါ်တယ် တစ်ချို့အခေါ်ဆိုရင် (Rosh-Hashanah) ဆိုတဲ့ပွဲဖြစ်ပါတယ်။ အဲဒီဟာက အစ္စရာအဲလ်လူမျိုးတွေရဲ့ ကျမ်းစာမှာ ဘယ်လိုပြောထားသလဲ ဆိုရင် ဝတ်ပြုရာကျမ်း ၂၃း ၂၃-၂၅ မှာတွေရပါတယ်  ဘယ်လိုတွေ့ရသလဲဆိုရင် တဖန်မောဇယ်အား ထာဝရဘုရားက သင်သည် အစ္စရာအဲလ်လူမျိုးတို့ အားဆင့်ဆိုရမည်ကား သင်တို့သည် သတ္တမလ ပထမနေ့ရက်၌ တန်ပိုးမှုတ်ပွဲ သမ္မစည်းဝေခြင်းကို ကျင့်ပသော ဉပုပ်နေ့ကို စောင့်ရမည်။ လောကီအလုပ်ကိုမလုပ်ရ ထာဝရဘုရားအား မီးဖြင့် ပြုသောပူဇော်သကာယကို ဆက်သရမည် ဟုမိန့်တော့မူ၏။

          မိတ်ဆွေတို့ ဒီပွဲကလည်းအစ္စရာအဲလ်လူမျိုးတို့ အတွက်အင်မတန်မှ အရေးကြီးပါတယ်။ ဒီတန်ပိုးမှုတ်ပွဲကို ဘယ်ချိန်မှာ ကျင့်ပလေ့ရှိသလဲဆိုတော့ ကျွန်ုပ်တို့ ခရစ်ယာန်တွေ အသုံးပြုနေတဲ့ ပြဒ္ခိန်အရဆိုရင်တော့ စက်တင်ဘာလ သို့မဟုတ် အောက်တိုဘာလမှာ ဒီပွဲကို ကျင့်ပလေ့ရှိပါတယ်။ ဆိုတော့ သူတို့အတွက်က ဘယ်လိုအဓိပ္ပာယ် ရှိသလဲဆိုရင် ဒီပွဲဟာ အစ္စရာအဲလ်လူမျိုးတွေရဲ့ နှစ်သစ်ကူးပွဲလည်းဖြစ်ပါတယ်။ ဘာလို့လဲဆိုရင်သူတို့အနေနဲ့က သတ္တမလရဲ့ ပထမနေ့မှာ ပြုလုပ်လေ့ရှိပါတယ်။ နှစ်တိုင်းနှစ်တိုင်းပြုလုပ်တဲ့အရာဖြစ်ပါတယ် ဒီပွဲတော့ကို ဆယ်ရကိတိတိတောင် ကြာအောင် ကျင့်ပလေ့ရှိပါတယ်။ ဒီပွဲလုပ်ရခြင်းဟာ အထူးသဖြင့် ကိုယ့်ရဲ့ဘဝကို ပြောင်းလဲခြင်း ကိုယ်ပြုမူတဲ့ အပြုအမူဟာ ကိုယ်ကိုးကွယ်တဲ့ ဘရားရဲ့ သွန်သင်ချက်နဲ့ကိုက်ညီသလား။ ဆိုတဲ့ဟာလေးတွေကို ပြန်ပြီးမှသတိုရဖို့ တံပိုးမှုတ်တယ်ဆိုတာ ကိုယ့်ကို ကိုယ် ပြန်ပြီးတော့ သတိပြန်ပေး သဘောဖြစ်ပါတယ်။

          အရင်တုန်းက ကျွန်ုပ်တို့ ရွာတွေဖက်မှာဆိုရင် ဆက်သွယ်ရေးဖုန်းကိရိယာတွေမရှိတုန်းကဆိုရင် ရွာတစ်ရွာမှာ နွားနှောက်ရဲ့ ဉီးချိုကို မှုတ်ပြီဆိုရင် ဒီရွာမှာဘာဖြစ်ပျက်နေသလဲဆိုတာ သိရတယ်။ ဒီလိုပုံစံပေါ့ အစ္စရာအဲလ် လူမျိုးတွေ အတွက် အဲ့ဒါကိုမှုတ်ရတဲ့ အချိန်တွေရှိတယ်။ အဲ့ချိန်မှာဆိုသူတို့နဲ့သူတို့ဘဝကိုပြန်ပြီးမှ ဆန်းစစ်ကြတယ်။ သူတို့ဘဝကိုပြုပြင်ကြတယ် တစ်ဖက်မှာလည်းအဲ့ဒါက သူတို့မျော်လင့်တဲ့ မက်ဆီးယားသခင် ပြန်လာမည့်အနေအထားကို သူတို့က စောင့်မျော်နေတဲ့ သဘောဖြစ်ပါတယ်။ အဲ့ဒီမက်ဆီးယားသခင် ပြန်လာတဲ့အချိန် တန်ပိုးသံတွေနဲ့ ပြန်လာမယ်ဆိုတဲ့ မျော်လင့်ချက် သူတို့မှာရှိပါတယ်။ တကယ်တော့ ကျွန်ုပ်တို့ ခရစ်ယာန်တွေရဲ့  အတိုင်းအဝိုင်းမှာ လည်းအဲ့ဒါက သခင်ယေဇူးရဲ့ လောကမှာလာနေတဲ့ အချိန် သူ့ရဲ့သေခြင်း သူ့ရဲ့ရှင်ပြန်ထမြောက်ခြင်း အားဖြင့် ပြည့်စုံသွားခဲ့ပါပြီ။

          ဒါမဲ့ကျွန်ုပ်တို့ညီအစ်ကို ဂျူးဘာသာတွေကြတော့ မက်ဆီးယားဆိုတဲ့ပုဂ္ဂိုလ်ဟာ မလာသေးဘူး စောင့်နေတုန်း ဆိုတဲ့အနေအထား ရှိပါတယ်။ ဒါမဲ့တစ်ချို့ဂျူးတွေဖြစ်တဲ့ တမန်တော်ကြီးတွေကတော့ သခင်ယေဇူးက သူတို့မျော်လင့် နေတဲ့ မက်ဆီးယားဆိုတာကို သူတို့နားလည်လာတဲ့အတွက်ကြောင့် သူတို့ကနေပြီးတော့ သခင်ယေဇူးကို သူတို့ရဲ့ မက်ဆီးယားဆိုပြီးလက်ခံလာကြတာဖြစ်တယ်။ သဘောကတော့ ဘုရင်ကြီးပြန်လာတဲ့ အချိန်မှာ သူတို့ အဆင်သင့်ဖြစ်နေဖို့  သူတို့စောင့်မျော်ခြင်းဖြစ်တယ်။ နောက်တစ်ဆင့်ထဲမှာလည်း သူတို့က ဘယ်လိုမျော်လင့် ထားသလဲ ဆိုရင် သူတို့အစ္စရာအဲလ်လူမျိုးတွေက တစ်ချိန်ချိန်ကြရင် ဘုရင်ကြီးတစ်ပါး ဥပမာ ဒါဝိမင်းကြီးလို စစ်ရေးမှာ တိုက်ရေ ခိုက်ရေရှိတဲ့ ပုဂ္ဂိုလ်မျိုးကြီးပြန်ပေါ်လာပြီးတော့ သူကနေပြီးတော့ အစ္စရာအဲလ်နိုင်ငံတော်ကို ပြန်ထူထောက်ပြီးတော့ အစ္စရာအဲလ်လူမျိုးတွေကို စစ်ရေးအရ ဒီရောမတို့ လက်ထဲကနေပြန်ပြီးမှ ကယ်တင်မဲ့ ပုဂ္ဂိုလ်ကဲသို့ မက်ဆီးယားသခင်ကို စောင့်နေခဲ့ကြပါတယ်။ တကယ်တော့ သူတို့စောင့်နေတဲ့ မက်ဆီးယားဟာ သခင်ယေဇူးဖြစ်ပါတယ်။ ဒါမဲ့သခင်ယေဇူးရဲ့ လာခြင်းဟာ စစ်ရေးနဲ့ လက်နက်ကိုင်ပြီးတော့ တော်လှန်ရေးပြန်လုပ်ပြီးတော့ ဒီအစ္စရာအဲလ် နိုင်ငံတော်ကို ပြန်ပြီးတည်ထောင်ဖို့မဟုတ်ပဲနဲ့ သူ့ကိုယုံကြည်ခြင်း အားဖြင့် ဝိညာဉ်ရေးရာ အားဖြင့် အစ္စရာအဲလ်လူမျိုးတွေကို ပြန်ပြီးမှ စုစည်းတာကို သူတို့က နားမလည်လိုက်တဲ့ အတွက်ကြောင့် ခုချိန်ထိ ဂျူးဘာသာအတွက်ကကြတော့ မက်ဆီးယားသခင်ကို စောင့်နေတုန်း တကယ်ကတော့ သခင်ယေ်ဇူးက မက်ဆီးယားအ‌နေနဲ့ လာခဲ့ပြီးပြီဆိုတဲ့ ဟာကို ခရစ်ယာန်တွေက လက်ခံတယ်။ အဲဒါကြောင့် သူတို့က တန်ပိုးမှုတ်ပွဲ ကို ခုချိန်ထိ ဒီမက်ဆီးယားသခင်ကို စောင့်ရင်း သူတို့ကို သူတို့ အကျင့် ဘဝတွေကို ပြန်ပြုပြင်တဲ့ အနေနဲ့ သူတို့ ခုချိန်ထိကျင်းပနေခြင်းဖြစ်ပါတယ်။

         Fr. Martin Mana Ling (USA)

Add new comment

1 + 3 =