ဂျူးဘာသာဘယ်လိုစဖြစ်လာသလဲ

ဒီနေ့ဖာတာရ်ပြောပြမဲ့ အကြောင်းအရာကတော့ ဂျူးဘာသာအကြောင်းဖြစ်ပါတယ်။ အင်္ဂလိပ်လိုကကတော့ Judaism လို့ခေါ်ပါတယ်။ ကျွန်ုပ်တို့ ခရစ်ယာန်တွေနဲ့တော့ ဂျူးဘာသာဆိုတာသိပ်ပြီးတော့မစိမ်းပါဘူး။ ဘာလို့လဲဆိုတော့ သခင်ယေဇူးက ဒီဂျူးမျိုးနွယ်စု ထဲကပဲဖြစ်လာလို့ဖြစ်ပါတယ်။ ဒါမဲ့ သူတို့နောက်ခံသမိုင်းကိုကြည့် မယ်ဆိုရင် ဂျူးဘာသာရဲ့ထူးခြားမှုက ဘုရားတစ်ဆူထဲရှိတယ်ဆိုတဲ့ ကိုးကွယ်မှုကို ပိုင်ဆိုင်ထားပြီးတော့ အဲ့ဒီကိုးကွယ် မှုအတိုင်းအသက်ရှင်တဲ့ ဘာသာတစ်ရားတွေထဲမှာ အစောဆုံးဖြစ်တယ်။ 

ဒါမဲ့သူ့မတိုင်ခင် ဟိန္ဓူဘာသာက ဂျူးတွေထက်နည်းနည်းစောတယ်လို့ ပြောတာတွေရှိသော်လည်း ဂျူးဘာသာကသာအစောဆုံးဖြစ်ပါတယ်။ ဟိန္ဓူဘာသာမှာက သူတို့ ကိုးကွယ်တဲ့ဘုရားများစွာရှိတယ်။ ဒါမဲ့ဂျူးဘာသာမှာကြတော့ ဘုရားများစွာရှိတယ်ဆိုတဲ့အရာကို လုံးဝလက်မခံဘူး ဘုရားတစ်ဆူထဲရှိတယ်လို့ လက်ခံကြတယ်။ ကျွနု်ပ်တို့အားလုံးသိတဲ့အတိုင်းပဲ သမ္မာဟောင်းကျမ်းစာမှာ ငါမှတစ်ပါး အခြားဘုရားမရှိဘူး ဆိုပြီးတော့ ပြောခဲ့တဲ့ အတွက်ကြောင်းဖြစ်ပါတယ်။ သူတို့ရဲ့သမိုင်းမှာကြတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅၀၀ လောက်တုန်းက စတင်ပြီးတော့ ဂျူးဘာသာတည်ရှိလာတယ်လို့ ပြောပါတယ်။ ဂျူးဘာသာဝင်လူဦးရေက ၁၅ မီလီယံလောက်ပဲ ရှိတယ်။ ဘာလို့လဲဆိုရင် ဂျူးဘာသာဖြစ်ဖို့ဆိုရင် အနည်းအများပေါ့လေးနော တစ်ခြားတိုင်းတစ်ပါး သားတွေကလဲဂျူးဘာသာဝင်ဖြစ်လို့ ရသော်လည်း သူတို့ရဲ့ထုံးစံအရက ကြည့်ရတာ သူ့ရဲ့လူမျိုးအတိုင်း မွေးလာပြီးတော့ ဘာသာလည်း ဂျူးဘာသာကို သွားတဲ့ပုံစံရှိတယ်။ 

ပြီးတော့ ဂျူးလူမျိုးဖြစ်တယ် ဂျူးဘာသာမှာလည်းနေခဲ့ဖူးပေမဲ့ ခရစ်ယာန်ဘာသာကို ပြန်လာတဲ့ ပုဂ္ဂိုလ်တွေလဲ ရှိပါတယ်။ ဂျူးလူမျိုးတွေအဓိကနေထိုင်တာက အစ္စရာအဲလ် တိုင်းပြည်မှာ နေထိုင်တာဖြစ်ပါတယ်။ သူတို့မှာ အရေးကြီးဆုံးအရာကတော့ သမ္မာဟောင်းကျမ်းစာ သူတို့ကတော့ Je wish Bible လို့ခေါ်ပါတယ်။ အဲဒီမှာဘာတွေ ပါလည်းဆိုတော့ မိုးဇယ် ရေးတဲ့ ကျမ်းငါးဆောင်ရေ၊ ပရောဖက်ကျမ်းတွေရေ၊ ပညာအလိမ်မာကျမ်းတွေပါတယ်။ ခရစ်ယာန်တွေက အဲတာကို သမ္မာဟောင်းကျမ်းလို့ ခေါ်ကြတယ်။ ဒီသမ္မာဟောင်းကျမ်းစာတစ်ခုလုံးကိုလည်းပဲ ဂျူးတွေရဲ့ကျမ်းစာလို့ ခေါ်နိုင်ပါတယ်။ ဆိုတော့ဒီနေ့ စိတ်ဝင်စားစရာကောင်းတဲ့အရာတွေက ဂျူးဘာသာကို ဘယ်သူ တည်ထောင်သလဲဆိုတော့ တည်ထောင်တဲ့သူ မရှိဘူး ဘာဖြစ်လို့လဲဆိုတော့ ကျွန်ုပ်တို့ ခရစ်ယာန်တွေက တော့ နားလည်ပါတယ်။ ဂျူးဘာသာကို စတင်ဖြစ်ပေါ်လာခဲ့စေတဲ့သူကတော့ ကျွန်ုပ်တို့အနေနဲ့ဆို ဘုရားသခင်ပဲဖြစ်ပါတယ်။ 

ဒါမဲ့ ကျွန်ုပ်တို့အနေနဲ့ ကတော့ ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူဆိုတာရှိသေးတယ်။ ဒါမဲ့ဂျူးတွေ ဘာသာအရဆိုရင် ခမည်းတော်ဘုရားပေါ့နော ဘုရားတစ်ဆူ ကနေပြီးတော့တည်ထောင်တာဖြစ်ပါတယ်။ သူတို့က ဘယ်လိုပုံစံ ပေါ်လာသလဲဆိုရင် သူတို့ရဲ့အရေးအသားတွေ သူတို့ရဲ့စာပေတွေ သူတို့မှာရဟန်းတွေရှိတယ် စာပေတွေရှိတယ်၊ ဥပဒေတွေရှိတယ်၊ စာအုပ်စာတမ်းတွေရှိပြီးတော့၊ အဲဟာလေးတွေကနေပြီးတော့ သူတို့လေးတွေက ကျွန်ုပ်တို့ အားလုံးသိတဲ့အတိုင်း ဘုရားသခင်က အာဘရာဟမ် ကိုပဋိညာဉ် ပြုတယ်။ အာဘရာဟမ်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ လွန်ခဲ့တဲ့ ဘီစီ ၁၇၀၀ ဝန်းကျင်က သက်ရှင်နေထိုင်ခဲ့တဲ့ သူဖြစ်ပါတယ်။ သူက အသက်ကြီးမှ အီဇက်လို့ခေါ်တဲ့ ယောင်္ကျားလေး ကိုမွေးဖွားခဲ့တယ်။ ထိုနောက် အာဘရာဟမ် ကနေယောင်္ကျားလေးတွေရဲ့ အရေပြားလှီးခြင်း ပဋိညာဉ်ပြုပြီးတော့ အဲဒီအာဘရာဟမ် ကနေလူမျိုများစွာ ကောင်းကင်ကကြယ်တွေလောက် ပင်လယ်ပြင်ပေါ်မှာရှိတဲ့ သဲပွင့်တွေလောက် များပြားမယ်ဆိုပြီးတော့ ဘုရားသခင်က ကတိပြုခဲ့တယ်။ ပြီးတော့အဲ့ဒီ အာဘရာဟမ်၏သား အီဇက်၊ အီဇက်၏သား ကယာကု၊ အဲ့ဒီယာကုမှာ သားယောင်္ကျားလေး ၁၂ ယောက်ရှိတယ်။ အဲ၁၂ယောက်ကို အစ္စရာအဲလ် လူမျိုး ၁၂မျိုးလို့ ခေါ်ပါတယ်။ အဲ့၁၂ ယောက်ကနေစပြီးတော့ ဂျူးဘာသာဖြစ်လာခဲ့ပါတယ်။ ဆိုတော့ ဂျူးဘာသာအကြောင်း ပြောမယ်ဆိုရင် အာဘရာဟမ်က မရှိမဖြစ် အရေးကြီးတဲ့ ပုဂ္ဂိုလ် တစ်ယောက်ဖြစ်လာတယ်ဆိုတာကို ဒီနေ့ပြောပြချင်ပါတယ်။ နောက်လာမဲ့အပတ်မှာ ကျွန်ုပ်တို့ အာဘရာဟမ် ကနေစပြီးတော့ ဘယ်သူတွေက ဂျူးဘာသာရဲ့အရေးကြီးပုဂ္ဂိုလ်တွေ အနေနဲ့ ပါဝင်လာသလဲဆိုတာကို ဆက်လက်ပြောပြမှာဖြစ်ပါတယ်။

 

Add new comment

2 + 0 =