ဂျူးဘာသာနှင့် ခရစ်ယာန်ဘာသာ၏ ဆက်နွယ်ခြင်း

ဒီနေ့ဖာတာရ် ဆက်လက်ပြီးမှပြောပြသွားမဲ့ အကြောင်းအရာကတော့ ဂျူးဘာသာနှင့် ခရစ်ယာန်ဘာသာ၏ ဆက်နွယ်ခြင်းဖြစ်ပါတယ်။ အဲတော့ဂျူးဘာသာက ဘုရားတစ်ဆူတည်းပဲကိုးကွယ်တယ်။ ဘုရားတစ်ဆူတည်းပဲ တည်ရှိပါတယ် ပြီးတော့ယုံကြည်သက်ဝင်တဲ့ ဘာသာများထဲမှာ ရှေးအကျဆုံးသော ဘာသာတစ်ခုဖြစ်တယ်ဆိုတာ ပြီးခဲ့တဲ့အပိုင်းတွေမှာ ကျွန်ုပ်တို့ သိခဲ့ရပြီးပါပြီ။ ဒါမဲ့ အဲဒီဂျူးဘာသာကနေ ခရစ်ယာန်ဘာသာဖြစ်ပေါ်လာတယ်ဆိုရင် လည်းမှားတော့မမှားပါဘူး။ 

ဘာကြောင့်လည်းဆိုရင် ဂျူးဘာသာထဲက ဂျူးလူမျိုးထဲကပဲ ခရစ်ယာန်တွေ ကိုးကွယ်တဲ့ ယေဇူးခရစ်တော် ဆိုတာပေါ်ပေါက်လာတာဖြစ်ပါတယ်။ အဲ့ဒီယေဇူးခရစ်တော်ပေါ်ပေါက်လာတဲ့ အခါကျတော့ သူတို့ကတော့ သူတို့ရဲ့ ဂျူးလူမျိုးအနွယ်အနေနဲ့ကတော့ လက်ခံပါတယ်။ ဒါမဲ့သူတို့က ဒီခရစ်တော်ဆိုတဲ့ပုဂ္ဂိုလ်ဟာ သူ့ရဲ့အမေ မယ်တော် မာရီယားရဲ့ဝမ်းကြာထဲမှ မွေးဖွားတယ်။ အဲတာကလည်း သန်းရှင်းသောဝိညာဉ်တော်ရဲ့ အလင်းကျေးဇူးကြောင့် မွေးဖွားပါတယ် ဆိုတဲ့အရာက ဒီဂျူးဘာသာက လက်မခံဘူး။ ဘာ့ကြောင့်လည်းဆိုတော့သူတို့က ဘုရားတစ်ဆူထဲရှိ တယ်ဆိုတဲ့အရာကို ယုံကြည်ကြလိုဖြစ်ပါတယ်။ 

ဒါမဲ့ကျွန်ုပ်တို့ ခရစ်ယာန်တွေနဲ့ က ဘယ်နေရာမှာ သွားတူသလဲဆိုတော့ သူတို့ပြောပြောနေတဲ့ ဘုရားတစ်ဆူ ဆိုတဲ့ခမည်းတော်ဆိုတဲ့နေရာမှာ သွားတူတယ်။ ဒါမဲ့သူတို့ကတော့ ခမည်းတော်လို့မခေါ်ဘူး သူတို့ကတော့ ဘုရားတစ်ဆူလို့ခေါ်တယ်။ အဲဒီဘုရားကို ခရစ်ယာန်တွေကတော့ ခမည်းတော်ဘုရားလို့ခေါ်တယ်။ သူစေလွှတ်လိုက် လို့မယ်တော်မာရိယား ဝမ်းတော်မှ တစ်ဆင့် မွေးဖွားလာတဲ့ ယေဇူးကို ကျွန်ုပ်တို့ ခရစ်ယာန်တွေက သားတော်ဘုရားလို့ ခေါ်တယ်။ ပြီးတော့ ဒီခမည်းတော်နှင့် သားတော်ကနေ ဆင်းသက်လာတဲ့ ပုဂ္ဂိုလ်ကို ၀ိညာဉ်တော်ဘုရားလို့ခေါ်တယ်။ ဒါကြောင့်မို့ခရစ်ယာန်တွေအနေနဲ့ ဘုရားတစ်ဆူဆိုတဲ့အရာကို ခမည်းတော် သားတော် သန်းရှင်းသော ၀ိညာဉ်တော် ဘုရားအနေနဲ့ အတူတကွတည်ရှိကြတယ်။ 

သူတို့အားလုံးကလည်းဘုရားဖြစ်တယ်။ ခမည်းတော်ကလည်းဘုရား သားတော်ကလည်းဘုရား ၀ိညာဉ်တော်ကလည်း ဘုရားဖြစ်တယ်။ ဒါမဲ့ ခရစ်ယာန်တွေအနေနဲ့ ဒါကိုဘုရားသုံးဆူလို့မခေါ်ဘူး ဘုရားသုံးပါးလို့လည်း မခေါ်ဘူး အဲဒီအားလုံးကိုပေါင်းပြီးတော့ ဘုရားအနေနဲ့တည်ရှိကြတယ် ဆိုပြီးတော့ ခရစ်ယာန် တွေက ယုံကြည်တာဖြစ်တယ်။ အဲဒါကို ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူကို ယုံကြည်ခြင်းလို့ခေါ်ပါတယ်။ ဒါမဲ့ ညီအစ်ကို ဂျူးဘာသာတွေကကြတော့ လက်မခံဘူး ဘုရားတစ်ဆူပဲရှိတယ်။ သားတော်ဘုရားက ဒုတိယတစ်ပါးမဖြစ်နိုင်သလို ၀ိညာဉ်တော်ကလည်း မဖြစ်နိုင်ဘူးလို့ သူတို့က ယုံကြည်ကြတယ်။ 

ဒါကြောင့် ကျွန်ုပ်တို့ ခရစ်ယာန်တွေအနေနဲ့က ဂျူးဘာသာတွေရဲ့ ဘုရားတစ်ဆူဆိုတဲ့ဟာကို ကျွနိုပ်တို့ ခရစ်ယာန်တွေက ခမည်းတော်အနေနဲ့သွားပြီးမှလက်ခံကြတယ်။ ဒါမဲ့ခရစ်ယာန်တွေရဲ့ သီအိုလောဂျီက ပိုပြီးမြင့်လာ တာဘယ်နေရာမှာ သွားကွာသလဲဆိုရင် ဒီသခင်ယေဇူး၏လက်ထက်မှာလည်း ဒီဂျူးဘာသာတွေက ရှိနေပြီးသား ဂျူးဘာသာခေါင်းဆောင်တွေက ခရစ်တော်ကိုသွားပြီး မင်းကဘာအခွင့်အာဏာနှင့် ေဟောပြောနေတာလည်းလို့ သွားမေးတဲ့အချိန်မှာ သခင်ယေဇူးက ငါ့ကို ခမည်းတော်က စေလွှတ်တာဖြစ်တယ် အဲ့လိုလေးပြန်ပြောလိုက်တယ်။ ဒါမဲ့သူတို့ကမယုံနိုင်ဘူး ဆက်လက်ပြီးမှမေးနေတဲ့အချိန်မှာ သခင်ယေဇူးက အာဘရာဟမ်ရဲ့ အကြောင်းတွေကို ပြောလာတဲ့အချိန်မှာ အဲဒီဂျူးဘာသာ ခေါင်းဆောင်တွေကပြောတယ်။ အာဘရာဟမ်ထက်မင်းက ကြီးမြတ်လို့လားလို့ သူတို့မေးပါတယ်။ ဘာလို့လဲဆိုတော့ ဂျူးဘာသာတွေအတွက် အာဘရာဟမ်က ကြီးမြတ်တဲ့ ပုဂ္ဂိုလ်လေး အဲတော့ သခင်ယေဇူးကဘာပြောလိုက်လည်းဆိုရင် မင်းတို့အင်မတန်မှလေးစားကြည်ညိုရတဲ့ အဲ့ဒီအာဘရာဟမ် မမွေးခင်ကတည်းက ငါရှိတယ်။ အာဘရာဟမ်မရှိခင်ကတည်းက ငါရှိတယ်လို့ ပြောလိုက်တဲ့အခါကျတော့ ဂျူးခေါင်းဆောင်တွေက မင်းအသက် ငါးဆယ်တောင်မပြည့်သေးဘူး ကျွန်ုပ်တို့ အာဘရာဟမ်က ဟိုးလွန်ခဲ့သော နှစ်ပေါင်းထောင်ကျော်ကတည်းက တည်ရှိခဲ့ပြီးတော့ ခုသေတောင်သေပြီ ဘာဖြစ်လို့ မင်းကအာဘရာဟမ်ထက် ကြီးမြတ်သလိုလိုပြောနေတာလဲ။ လို့ပြောကြတဲ့အချိန်မှာ သခင်ယေဇူးကအာဘရာဟမ်တောင်မှ ကျွန်ုပ်ကို ကိုးကွယ်ဖို့ လိုက်ရှာနေခဲ့တယ်လို့ပြောခဲ့တယ်။ အဲတော့ ကျွန်ုပ်တို့ခရစ်ယာန်တွေရဲ့ယုံကြည်ခြင်းမှာ သခင်ယေဇူးဆိုတာ ဘုရာအဖြစ်တော်အဖြစ် ဟိုကမ္ဘာဦးအစကတည်းက ခမည်းတော်က လူကိုဖန်ဆင်းတဲ့အချိန် ကမ္ဘာကြီးကိုဖန်ဆင်းတဲ့ အချိန်တည်းက သခင်ယေဇူးသည် ခမည်းတော်ဘုရားနှင့် အတူတူရှိတယ်။ ၀ိညာဉ်တော်ဘုရားနှင့်အတူတူရှိတယ်။ ဒါမဲ့သခင်ယေဇူးက လူ့ဇာတိလာခံယူတဲ့အချိန်ကျမှ မိခင်မယ်တော်မာရိယား ဝမ်းကြာသိုက်ကနေ မွေးဖွားတယ်ဆိုတာ ခရစ်ယာန်တွေရဲ့ ယုံကြည်ချက်ဖြစ်ပါတယ်။ တစ်ဖက်ဂျူးဘာသာကလည်း မယ်တော်မာရိယားဝမ်းကြာမှ မွေးဖွားမှပဲ သခင်ယေဇူးရှိလာတယ်လို့ ထင်ကြတယ်။ ခရစ်ယာန်တွေက မဟုတ်ဘူး အာဘရာဟမ်တောင် မရှိခင်ကတည်းက ရှိနေတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့ အတွက်ကြောင့် သူ့ကိုလည်း ဘုရားအနေနဲ့ ခရစ်ယာန်တွေက ကိုးကွယ်တယ်။ 

၀ိညာဉ်တော်ကိုလည်း ဘုရားအနေနဲ့ ကိုးကွယ်တယ် ဂျူးတွေပြောနေတဲ့ တစ်ဆူတည်းသောဘုရား ဆိုတဲ့ ခမည်းတော်ဘုရားကိုလည်း ကျွန်ုပ်တို့က ဘုရားအနေနဲ့ ကိုးကွယ်တယ်။ အဓိကပြောချင်တာက ခမည်းတော်ဘုရားကို ကျွန်ုပ်တို့အားလုံးက အတူတူ ကိုးကွယ်တယ်။ ဒါမဲ့ဂျူးတွေက ကျွန်ုပ်တို့ပြောသလို သားတော်ဘုရားနှင့် ၀ိညာဉ်တော် ဘုရားကို မကိုးကွယ်နိုင်ဘူး။ ဘုရားအဖြစ်နှင့် အသိအမှတ်မပြုဘူး ဒါမဲ့ကျွန်ုပ်တို့ ခရစ်ယာန်တွေကြတော့ သားတော်နှင့် ၀ိညာဉ်တော်ကိုဘုရားအဖြစ်နှင့် ကိုးကွယ်ပြီးတော့ ဂျူးတွေကိုးကွယ်တဲ့ ခမည်းတော်ဘုရားကိုလည်း ကျွန်ုပ်တို့ရဲ့ ဘုရားအဖြစ်နှင့်ကိုးကွယ်တယ်။ ဒါက ဂျူးဘာသာနှင့် ခရစ်ယာန်ဘာသာရဲ့ တူညီမှုတစ်ချို့ နှင့် မတူညီမှုတစ်ချို့ ပဲဖြစ်ပါတယ်။ 

Add new comment

3 + 1 =