ဂျူးဘာသာနဲ့မွတ်စလင်မ်ဘာသာ ဘယ်အချက်တူညီပြီး ဘယ်အချက်မတူညီသလဲ

ဒီနေ့ဖာတာရ်ပြောပြပေးချင်တဲ့အချက်က ဒီဂျူးဘာသာနှင့် မွတ်စလင်မ် ဘာသာရဲ့တူညီချက်တစ်ချို့ နှင့် မတူညီတဲ့ အချက်တစ်ချို့တွေကို အနည်းငယ်သိသလောက် ဖတ်ရှုသလောက်ကို ပြန်ပြီးမှ ပြောပြပေးချင်ပါတယ်။ ကျွန်ုပ်တို့အားလုံးသိတဲ့အတိုင်း ဒီဂျူးဘာသာဆိုတာ ဘုရားတစ်ဆူပဲတည်ရှိတယ် ဆိုပြီးတော့ ယုံကြည်သက်ဝင်တဲ့ ဘာသာတစ်ခုဖြစ်ပါတယ်။ တကယ်လည်းရှေးအကျဆုံးသော ဘာသာတစ်ခုလည်းဖြစ်ပါတယ်။ ဘုရားတစ်ဆူတည်းပဲ ရှိပါတယ်ဆိုပြီးတော့မှ ယုံကြည်တဲ့နေရာမှာ ရှေးအကျဆုံးသော ဘာသာတရားတစ်ခုလည်းဖြစ်ပါတယ်။ 

ဒီဂျူးဘာသာက ဒီကျွန်ုပ်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ ဒီမွတ်စလင်မ် ဘာသာနဲ့ဘယ်လိုနီးစပ်သလဲ။ နီးစပ်တဲ့နေရာ မှာနံပါတ်တစ် ပထမဆုံးအနီးစပ်ဆုံးက ဒီဘုရာတစ်ဆူတည်းပဲရှိတယ်ဆိုတဲ့နေရာမှာ ဒီဂျူးဘာသာနှင့် မွတ်စလင်မ် ဘာသာက တကယ်တူတာဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းပါတယ်။ ဂျူးဘာသာကလည်း ဘုရားတစ်ဆူတည်းပဲ ရှိတယ် အဲ့ဒီဘုရားတစ်ဆူအပြင် ဘယ်သူမှ ဘုရားနေရာမရောက်နိုင်ဘူး ဘုရားအဖြစ်နဲ့ ကိုးကွယ်ဖို့ မရနိုင်ဘူးလို့ ဂျူးဘာသာက လက်ခံထားတာဖြစ်ပါတယ်။ အဲ့လိုပဲ ကျွန်ုပ်တို့၏ ညီအစ်ကို အစ္စလာမ် ဘာသာကလည်း ဘုရားတစ်ဆူ တည်းပဲရှိတယ် ဘုရားနေရာမှာ ဘယ်သူကိုမှ ကိုးကွယ်စရာ အကြောင်းမရှိဘူးလို့ လက်ခံထားကြပါတယ်။ 

အဲဒါကြောင့် ဒီအရာအားဖြင့် ခရစ်ယာန်ဘာသာနဲ့က ခရစ်တော်နှင့် ၀ိညာဉ်တော်ဘုရားကို ဘုရားအနေနဲ့ ကိုးကွယ်တဲ့ ခရစ်ယာန်တွေက သူတို့အတွက်ကတော့ အမြင်တစ်မျိုးဖြစ်သွားစေတယ်။ ဂျူးဘာသာမှာကလည်း ဘုရားက အရာအားလုံးကို ဖန်ဆင်းတယ် ဘုရားက လူတွေကို သူရဲကောင်းတွေ ပရောဖက်တွေကို အသုံးပြုတယ်။ ဥပမာ- အာဘရာဟမ်၊ မိုးဇယ်၊ ယာကု၊အီဇက်တို့လို ဘုရားကသူ့လူတွေကို အသုံးပြုတယ်ဆိုတာကို ဂျူးဘာသာက လည်းလက်ခံတယ်။ အဲလိုပဲ အစ္စလာမ်ဘာသာကလည်း အဲဒီဘုရားက အရာအားလုံးကိုဖန်ဆင်းတယ် လူကိုဖန်ဆင်းတယ် သူရဲကောင်းတွေကိုဖန်ဆင်းတယ် ပရောဖက်တွေကိုဖန်ဆင်းတယ်။ လူသားတွေအတွက် ညဏ်ပညာအလင်းကျေးဇူးကို လောကသို့စေလွှတ်ပေးတယ်လို့ ယုံကြည်ကြတယ်။ အဲဒီနေရာမှာ သူတို့အကုန်လုံးတူ တယ်။ 

ဒါမဲ့ဘယ်နေရာမှာ မတူညီတဲ့ အချက်ရှိသလဲဆိုရင် ဂျူးဘာသာအနေနဲ့က သူတို့ယုံကြည်တဲ့ သမ္မာဟောင်း ကျမ်းစာဆိုတာရှိတယ်။ ခရစ်ယာန်တွေကလည်း အဲဒီကျမ်းစာကိုလက်ခံပေးတယ်ပေါ့နော်။ အဲ့ဒီမှာ ဘုရားကစေလွှတ် ပေးတဲ့ ပရေရာဖက်များစွာရှိတယ်။ သူတို့လူမျိုးတွေအတွက် သူတို့လူမျိုးတွေ ကျွန်ခံနေရတဲ့အချိန်မှာ အဘရာဟမ် ကနေအစ ဘုရားကအသုံးပြုတဲ့ပုဂ္ဂိုလ်တွေ မိုးဇယ်တို့လို များစွာရှိတယ်။ ဆိုတာကိုဂျူးဘာသာက လက်ခံတယ်။ ဒါမဲ့ ဒီနေရာမှာ အစ္စလာမ်ဘာသာကြတော့ ဥပမာ- AD ၆၀၀ ဝန်းကျင့်တုန်းကပဲ သူတို့ရဲ့နှောက်ဆုံး ပရောဖက်အနေနဲ့ မိုဟာမက် ကိုဘုရားသခင်က သူတို့ကိုစေလွှတ်ပေးတယ်။ သူ့ကိုဘုရားသခင်က အသိအမြင်တွေပေးတယ် ဖန်ဆင်းခြင်း ကိုပြုလုပ်တဲ့ ဘုရားရဲ့လိုအင်ဆန္ဒတွေ အကြောင်း စစ်မှန်တဲ့ အမှန်တရားတွေကို အသစ်တဖန်ပြန်ပြီး မှ ရေးသားဖို့ရန်အတွက် ရူပါရုံအားဖြင့်ဘုရားကသူ့ကို လမ်းပြပေးနေတဲ့ ပုဂ္ဂိုလ် မိုအာမက်ဖြစ်တယ်။ နောက်ဘုရားသခင် နောက်ဆုံး ပရောဖက်တစ်ပါးဖြစ်တယ်လို့ သူတို့က ယုံကြည်တာဖြစ်တယ်။ 

အဲဒါကို ဂျူးဘာသာအနေနဲ့က လက်မခံဘူး ဂျူးဘာသာအနေနဲ့က ဘာလဲဆိုရင် သခင်ယေဇူးလက်ထက်မှာ ပေါ်ပေါက်ခဲ့တဲ့ ဆေးကြောခြင်းလိုက်ပေးနေတဲ့ ယောဟန် ကသူတို့ရဲ့ နှောက်ဆုံးပရောဖက်တစ်ဦးလို့လည်း မြင်သလို သခင်ယေဇူးကိုကြတော့ ခေါင်းဆောင်တစ်ဦးအနေနဲ့ သူတို့က မြင်တာဖြစ်တယ်။ အဲလိုပဲ ဒီ ဂျူးဘာသာက အစ္စလာမ်ဘာသာကနေ ပြီးတော့ မိုဟာမက်က တစ်ဆူတည်းသောဘုရားသခင် စေလွှတ်တဲ့ နောက်ဆုံးပရောဖက် ဖြစ်ပါတယ် ဆိုတဲ့ဟာကို သူတို့ဂျူးဘာသာအနေနဲ့ လက်မခံဘူး။ ဒီအရာတွေက ဂျူးဘာသာနှင့် မွတ်စလင်မ် ဘာသာ တွေရဲ့ မတူညီတဲ့ လက္ခဏာတွေ ဖြစ်တယ်လို့ ဖာတာရ်ပြန်ပြောပြခြင်းဖြစ်ပါတယ်။ ဒါမဲ့သူတို့အရေးကြီးဆုံးတူညီတာက အားလုံးစုံကိုဖန်ဆင်းတဲ့ ဘုရားတစ်ဆူတည်းသာရှိတယ်ဆိုတဲ့ အချက်မှာ သူတို့အားလုံးတူညီကြတယ်။ ခရစ်ယာန်တွေ ကိုးကွယ်တဲ့ ခရစ်တော်နှင့် ၀ိညာဉ်တော်ကိုတော့ သူတို့ဘုရားအဖြစ်နဲ့ လက်မခဲဘူး။ ဒါမဲ့ခရစ်ယာန်တွေကြတော့ မွတ်စလင််ဘာသာရော၊ ဂျူးဘာသာရော ကိုးကွယ်တဲ့ ခမည်းတော်ကိုရော ကိုးကွယ်သလို သားတော်ဘုရား ၀ိညာဉ်တော်ဘုရားကိုလည်း ကိုးကွယ်ပါတယ်။ ဒါကတော့ ဂျူးဘာသာနဲ့ အစ္စလာမ်ဘာသာ၏ တူညီတဲ့အချက်နှင့် မတူညီတဲ့ အချက်တွေကို ပြောပြခြင်းဖြစ်ပါတယ်။

Add new comment

8 + 10 =