ခရစ်ယာန်များ၏သမိုင်းအစကို ပြန်လို ပြန်လေ့လာသုံးသပ်ကြမလဲ။ခရစ်ယာန်များ၏ ယုံကြည်ခြင်းဟာ ဘယ်ချိန် ဘယ်နေရာ မှာစတင်ကြီးထွားလာခဲ့သလဲ

“ခရစ်ယာန်ဘာသာ အစ ရောမအင်ပါယာက”

(Posted on Jan 14,2019)

မေး။ ။ခရစ်ယာန်များ၏သမိုင်းအစကို ပြန်လို ပြန်လေ့လာသုံးသပ်ကြမလဲ။ခရစ်ယာန်များ၏ ယုံကြည်ခြင်းဟာ ဘယ်ချိန် ဘယ်နေရာ မှာစတင်ကြီးထွားလာခဲ့သလဲ။ရောမမြို ့ဟာ ပေါလုလက်ထက်မှာရှိခဲ့လား။ ရောမမြို ့သူမြို ့သားများကိုပေါလုကအားပေးခဲ့လား။ ပေါလုနှင့်တမန်တော်များသည် ရောမအင်ပါယာအတွင်းတရားဟောခဲ့ကြလား။” ခရစ်ယာန်ဘာသာအစ ရောမအင်ပါယာက”ဆိုတာမှန်လား။

ဖြေ။ တစ်ချို ့သော ခရစ်ယာန်ဘာသာတွေက ရောမအင်ပါယာကို အဆိုးဖက်အလွန်ပင်မြင်တတ်ကြပါသည်။အဲတာကြောင့် Roman Catholic Church သို ့မဟုတ် Catholic Church (ကက်သလစ်အသင်းတော်) ဆိုရင် ထိုရောမအင်ပါယာကနေလာသည်စသည်ဖြင့်စိတ်စွဲကြကာ အလွန်မုန်းတီးလာကြသည်။ တကယ်လည်း ခရစ်ယာန်ဆိုတာ ရောမအင်ပါယာမှာစခဲ့တော့ Catholic Church ဆိုတာလည်း ရောမအင်ပါယာကနေဖြစ်လာသည်ဆိုရင်လည်းမမှားဘူး။ တကယ်တော့ ခရစ်ယာန်သမိုင်းပြန်လေ့လာရင် မပါမဖြစ်သည့် အရာမှာ ရောမအင်ပါယာကြီးပင်ဖြစ်သည်။ ရောမအင်ပါယာကြီးသည်ပင် ရှေးဦးခရစ်ယာန်များနှင့်ခရစ်တော်ကိုသတ်ဖြတ်ခဲ့သည်။သို ့သော်လည်းဒီရောမအင်ပါကြီးပင် ခရစ်ယာန်တရားထွန်းကားစေသောအင်ပါယာဖြစ်လာကာ ခုထိနေရာတကာမှာ ခရစ်ယာန်တရားပြန် ့ပွားလာသည်။ အဆိုးဖက်အကောင်းဖက် အတူတူလေ့လာဖို ့လိုသည်။နစ်ချို ့ကရောမအင်ပါယာရဲ ့ရက်စက်မှုကို ပဲယူတာမို ့ Roman Catholic church ကိုအဆိုးမြင်ကြသည်။ သမိုင်းဖြစ်လာသည့်အခြေအနေကို လေ့လာချင်စိတ်မရှိကြပါ။အမှန်တကယ်ဆိုရင် သခင်ခရစ်တော်လည်း ရောမအင်ယာမှာမွေးခဲ့ပါတယ် ရောမအင်ပါယာမှာ ကယ်တင်ခြင်းလုပ်ခဲ့ပါတယ် ရောမအင်ပါယာမှာတရားဟောခဲ့ပါတယ် ရောမအင်ပါယာမှာ တမန်တော်များတရားဟောခဲ့ပါတယ် ဒီရောမအင်ပါယာက ခရစ်တော်ဟောသည့်တရားကို မကြားမလက်ခံသည့် ခရစ်ယာန်ရှိပါသလား။

Roman Empire မှာပဲ (၂၇) စောင်ပါသော New Testamentကို Roman Catholic Churchက တရားဝင်ရွေးထုတ်ခဲ့ကြပါသည်။ရောမအင်ပါယာမှာပဲ ကျမ်းစာများကိုရေးသားခဲ့ကြပါသည်။ရောမအင်ပါယာခေတ်တုန်းကပဲ ခရစ်တော်မွေးခဲ့ပါသည်။ ရောမအင်ပါယာကို ခရစ်တော်နဲ ့တမန်တော်များက အခွန်ဆက်သခဲ့ကြပါသည်။ ရောမအင်ပါယာကပဲ အေဒီ(၃၁၃) မှာ ခရစ်ယာန်များကို ဘာသာရေးလွတ်လပ်ခွင့်ပေးခဲ့ပါသည်။ရောမအင်ပါယာမှာပဲ ခရစ်ယာန်များခေါင်းဆောင် ပေတရုကို ဆက်ကပ်သည့် ခရစ်ယာန်ဘုရားကျောင်းရှိခဲ့ပါသည်။ရောမအင်ပါယာကပဲ ပထမဆုံးခရစ်ယာန်ဖြစ်လာခဲ့ပါသည်။ရောမအင်ပါယာကပဲ သူ ့နိုင်ငံရဲ ့ဘာသာရေးကို ပထမဆုံး ခရစ်ယာန်ဘာသာ( ကက်သလစ်ဘာသာ) ဖြစ်ရမည်ဟု အေဒီ ၃၈၀ မှာတရားဝင်သတ်မှတ်ခဲ့ပါသည်။ ရောမအင်ပ့ယာအတွင်းမှာပဲ ပေါလုနဲ ့ပေတရု အသတ်ခံခဲ့ကြပါသည်။ ရောမအင်ပါယာအတွင်းမှာပဲ ခရစ်တော် ကောင်းကင်တက်ခဲ့ပါသည်။ရောမအင်ပါယာအတွင်းမှာသာပထမခရစ်ယာန်ဆိုတာပေါ်လာခဲ့သည်။ရောမလို ့ကြားတိုင် အကောင်းဖက်အဆိုးဖက်မြင်တတ်ကြပါ။Roman Empire ထက်စောပြီးပေါ်ခဲ့သည့် မည်သည့်ခရစ်ယာန်ဘာသာဝင် တစ်ယောက်မှ မရှိပေ။ မှားရင် မှားကြောင်းအထောက်အထားနဲ ့လာဆွေးနွေးဖို ့ဖိတ်ခေါ်ပါသည်။ ကက်သလစ်မဟုတ်သည့် အသင်းတော်(၄၀၀၀၀) ကျော်သည် အေဒီ(၁၅၁၇) နောက်ပိုင်းတွင်သာ ပေါ်ပေါက်လာကြသည်။

တကယ်သာ ဘုရားကိုကျေးဇူးတင်တတ်ခဲ့မယ်ဆိုရင် အေဒီ(၃၁၃) မှာ ရောမအင်ပါယာဘုရင် ကွန်စနင်တိုင်းရဲ ့ခရစ်ယာန်ဘာသာကို ဘာသာရေးလွတ်လပ်ခွင့်ပေးတာဟာ တကယ်တော့ သင်းကွဲအားလုံးလည်း သူတို ့ခရစ်ယာန်လို ့ယုံကြည်ခဲ့ရင် ခရစ်တော်သခင်က ထိုဘုရင်အားဖြင့် မိမိဘုန်းတော်ထင်ရှားစေကြောင်းကို လက်ခံကြသင့်ပါတယ်။ အဲလိုပဲ အေဒီ(၃၈၀) မှာရောမဘုရင် Theodosius I က ထိုခရစ်ယာန်ဘာသာကို အင်ပါယာ၏ နိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်တာလည်း ခရစ်ယာန်အားလုံးအတွက်ဖြစ်တယ်။ ဘုရားရဲ ့ကျေးဇူးပဲဖြစ်တယ်။ ဘုရားက ဘုရင်တွေစိတ်ကိုပြောင်းလဲစေခဲ့ခြင်းဖြစ်တယ်။ အဲခေတ်မှာ ကက်သလစ်အသင်းတော်ပဲရှိခဲ့လို ့ ခရစ်ယာန်ဘာသာဆိုတာ ကက်သလစ်အသင်းတော်ပဲဖြစ်ခဲ့တာလည်းနားလည်ရမယ်။

ပေါလုကရောမမြို ့သူမြို ့သားတွေကို “ သို့ ဖြစ်လျှင် ငါတတ်နိုင်သမျှအတိုင်း ရောမမြို ့သားဖြစ်သော သင်တို့အား ဧဝံဂေလိ တရား ကို ဟောခြင်းငှါ စေတနာစိတ်ရှိ၏”ဟု အားပေးစကားပြောခဲ့သည်(ရောမ ၁:၁၅)။ပေါလုက လေးစားခဲ့ကြောင်း" သန့်ရှင်းသူ အရာ၌ခန့်ထားသော ရောမမြို ့သူမြို ့သားအပေါင်းတို့ကိုကြားလိုက်ပါ၏”ဟု သန် ့ရှင်သူများဟု တောင်ခေါ်ခဲ့တာတွေ ့ရသည်( ရောမ ၁:၆)။ ထို ့နောက် “ သခင်ယေရှုခရစ်နှင့် ငါတို့အဘ တည်းဟူသော ဘုရားသခင့်အထံတော် ကကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း သည် သင်တို့၌ ရှိပါစေသော်”ဟု ကောင်းကြီးပေးခဲ့သည်( ရောမ ၁:၇)။ ထို ့နောက်”သခင်ယေရှုခရစ်၏ နာမတော်ကို အမှီပြု၍ လူမျိုး အပေါင်းတို့သည် ယုံကြည်နားထောင်စေခြင်းငှါ၊ ထိုသခင်ထံ၌ ကျေးဇူးတော်နှင့် တမန်တော်အရာကို ငါတို့သည်ခံရကြပြီ။ ထိုသခင်ခေါ်ထား တော်မူသော သင်တို့သည်လည်း ထိုလူမျိုးတို့၌ အပါအဝင်ဖြစ်ကြ၏”ဟု သခင်ခရစ်တော်ခေါ်ထားခြင်းခံရသော သူများတွင် ရောမမြို ့သူမြို ့သားများလည်းပါဝင်ကြောင်းဟောခဲ့သည်( ရောမ ၁:၇)။

ဒါအပြင်” သင်တို့၏ ယုံကြည်ခြင်း အရာသည် မြေတပြင်လုံး၌ အနှံ့အပြားကျော်စောသည် ဖြစ်၍၊ သင်တို့အကြောင်းကြောင့် ယေရှုခရစ်တော်အားဖြင့်၊ ငါ၏ဘုရားသခင်ကျေးဇူးတော်ကို ရှေ ့ဦးစွာငါချီးမွမ်း၏”ဟု သူတို ့ယုံကြည်ခြင်းကိုတစ်လောကလုံးမှာပြောကြသဖြင့်ကျော်ကြားသည့်အကြောင်းပြောခဲ့သည်( ရောမ ၁:၈)။ ထို ့ကြောင့် Rome ( Vatican) ကိုအခြေစိုက်သော Roman Catholic Church ရဲ ့သာသနာပြုခြင်း၊ ယုံကြည်ခြင်းဟာဂခုလည်းတစ်လောကလုံးမှာ ပြန် ့နှံ ့နေတာတော့ ငြင်းစရာအကြောင်းမရှိပေ။ ပေါလုဟောခဲ့တုန်းက ခရစ်ယာန်များနှင့် ခုရောမမြို ့မှာရှိသောခရစ်ယာန်ကက်သလစ်များသည်အတူတူပင်ဖြစ်သည်။ ထူးခြားပေသည်။ပေါလုက” ငါသည်သင်တို့ကို မခြားမလပ်အောက်မေ့၍ အစဉ်မပြတ်ဆုတောင်းပဌနာပြုသည်ဟု သားတော်၏ ဧဝံဂေလိတရားကို ဟောလျက်၊ အမှုတော်ကို စိတ်ဝိညာဉ်နှင့် တကွငါဆောင်ရွက်၍ ငါကိုးကွယ်သော ဘုရားသခင်သည် ငါ၏သက်သေခံဖြစ်တော်မူ၏”ဟု ရောမမြို ့သူမြို ့သားများအတွက်ဆုတောင်းနေသည်ကိုလည်း သက်သေပြပြီး ပြောကြောင်းတွေ ့ရသည်(၁:၉)။ အဲလိုပဲ ကောင်းကင်ဘုံမှာရောက်နေသော St. Paul သည် ရောမမြို ့ကို အခြေစိုက်သော ကက်သလစ်အသင်းတော်ကြီးအတွက်အထူးဆုတောင်းပေးနေသည်။ကက်သလစ်အသင်းတော်ကြီးရဲ ့မဟာအားထားရသည့် ခရသ်တော်အပြင် လူနှစ်ယောက်ကတော့ဂပေတရုနှင့်ပေါလုပေသည်။ အဲရောမမြို ့မှာအသေခံကြသည်အထိ အမှုတောင်ဆောင်ခဲ့ကြသည်။

ပေါလုက “သင်တို့သည် မြဲမြံခိုင်ခံ့မည်အကြောင်း၊ ငါသည်သင်တို့၌ ဝိညာဉ်ဆုကျေးဇူးတစုံ တခုကိုအပ်ပေးခြင်းငှါ၊ သင်တို့ကို အလွန်တွေ့မြင်ချင်ပါ၏” ဟုရောမမြို ့သူမြို ့သားများကိုအားပေးခဲ့သည်( ရောမ ၁:၁၁)။ “ထိုသို့ဆိုသော်၊ ငါနှင့်သင်တို့သည် ယုံကြည်သော အားဖြင့် အချင်းချင်း အားရ သက်သာခြင်း သို့ ရောက်ကြမည်အကြောင်းကို ဆိုလိုသတည်း” ဟု ယုံကြည်ခြင်းမှာအားပေးခဲ့သည်( ရောမ ၁:၁၂)။ ပေါလုက” ညီအစ်ကိိုတို့၊ သင်တို့ခံရပြီးသော ဆုံးမသြဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သော သင်းခွဲခြင်း၊ မှားယွင်းခြင်း အကြောင်းကိုပြုတတ်သောသူတို့ကို မှတ်၍ ရှောင်ကြလော့ ဟုငါသတိပေး၏”ဟု လည်းသင်းကွဲလာသူများကိုသတိထားဖို ့ရောမမြို ့သူမြို ့သားများကိုဆုံးမခဲ့သည်( ရောမ ၁၆:၁၇)။ဘာကြောင့်ဆိုရင်” အကြောင်း မူကား၊ ထိုသို့သောသူတို့သည် ငါတို့သခင်ခရစ်တော်၏ အမှုကိုမဆောင်ရွက်ဘဲလျက်၊ မိမိတို့ဝမ်း၏ အမှုကိုသာဆောင်ရွက်၍၊ လောကဝတ်စကားနှင့် ချော့မော့သော စကားအားဖြင့် စိတ်ကောင်းသောသူတို့ကို လှည့်ဖြားတတ်ကြသည်”ကိုထောက်ပြခဲ့သည်(ရောမ ၁၆:၁၈)။

ပေါလုက” သင်တို့ယုံကြည်နားထောင်ခြင်း အကြောင်းအရာသည် လူအပေါင်းတို့တွင် ကျော်စောသည်ဖြစ်၍၊ ငါဝမ်းမြောက်ခြင်း ရှိ၏။ သို့သော်လည်း၊ သင်တို့သည် ကောင်းသော အမှု၌ကား၊ ပညာရှိစေခြင်းငှါ၎င်း၊ ဆိုးသော အမှု၌ကား အပြစ်ကင်းစေခြင်းငှါ၎င်း၊ ငါအလိုရှိသည်”ဟု လေးစားရင်းသတိလည်းပေးခဲ့သည်( ရောမ ၁၆:၁၉)။ပေါလုက ရောမမြို ့သူမြို ့သားများကို” ငါတို့သခင်ယေရှု ခရစ်၏ကျေးဇူးတော်သည် သင်တို့အပေါင်း၌ ရှိစေသတည်း။ အာမင်”ဟု ကောင်းကြီးလည်းပေးခဲ့လို ့ခုထိရှင်သန်လာကြသည်( ရောမ ၁၆:၂၄)။ တကယ်တော့ ပေါလုက မာသင်လုသာစတင်သည့်ဂျာမနီနိုင်ငံ၊ စနေအသင်းတော်စတည်ထောင်သည့်အမေရိကန်နိုင်ငံ၊ အင်္ဂရိကန်အသင်းတော်စတင်သည့် အင်္ဂလန်နိုင်ငံ နှင့်အခြားမြို ့ဖြစ်သောသင်းကွဲဘာသာများဖြစ်လာသည့်နေရာများကိုစာမရေးခဲ့ဘူးဆိုတာဗဟုသုတအဖြစ်လည်းသိရမည်။ပိုဆိုးတာက ရောမအင်ပါယာအတွင်း ခရစ်တော်နှင့်တမန်တော်များတရားဟောခဲ့ကြစဉ်က ခု ငါတို ့ နေထိုင်သည့် မြန်မာနိုင်ငံတော်ဟာ ရှိတောင်ရှိသေးလားဆိုတာ မြန်မာ့သမိုင်းပညာရှင်တွေကို မေးကြည့်သင့်ပါသည်။ ဒီလိုအခြေအနေတွေတောင်မသိပဲ လက်ရှိ မြန်မာနိုင်ငံကိုပဲ မြင်ပြီး ဒီမြန်မာပြည်မှာ ခရစ်တော်အကြောင်း ဘယ်ကနေရောက်လာလာတောင်မသိပဲ ရောမအင်ပါဟာနှင့် အသကရင်းကာခရစ်ယာန်တရား ခရစ်တော်တရားသယ်လာသည့် Roman Catholic Church ကိုထိုင်ဝေဖန်လို ့မရဘူး။ တကယ်တော့ ပေါလုကရောမမြို ့သို ့စာရေးခဲ့ကြောင်း၊ ရောမအင်ပါယာအတွင်းရှိသော ဧဖက်မြို ့၊ကောရိန်တူးမြို ့၊ ဂလာတိမြို ့၊ကောလောသဲမြို ့၊ သက်ဆာလောနိတ်မြို ့စသော အဲမြို ့ကခရစ်ယာန်များကိုစာရေးခဲ့ကာ တခြားသောရောမအင်ပါယာမြို ့များသို ့လည်းတရားဟောခဲ့သည်။

ပေါလုနှင့်ရောမမြို ့သားများဟာတွေ ့ကြကြောင်း” ထိုမြို ့၌ ညီအစ်ကိုအချို့တို့ကိုတွေ့၍ ခုနစ်ရက်နေကြပါဟု သူတို့သည် တောင်းပန်သည်အတိုင်း နေပြီးမှ၊ ရောမမြို ့သို့ ခရီးသွားကြ၏။ ရောမမြို ့သားညီအစ်ကိုတို့သည် ငါတို့လာ ကြောင်းကို ကြားသိလျှင်၊ ခရီးဦးကြိုပြုအံ့သောငှါ အချို့တို့သည် အပ္ပိစျေးတိုင်အောင်၄င်း၊ အချို့တို့သည် သုံးစရပ်တိုင်အောင်၄င်း လာကြ၏။ ပေါလုသည် ထိုသူတို့ကိုမြင်လျှင်၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်း၍ စိတ်သက်သာခြင်း သို့ ရောက်လေ၏”ကိုတွေ ့ရသည်( ရောမ ၂၈:၁၄-၁၅)။ဒီလိပေါလုုက ရောမမြို ့မှာတရားဟောဖို ့ဆိုတာ ဘုရားအကြံအစည်ပေတည်း။ “ နက်ဖြန်နေ့ညဉ့်တွင် သခင်ဘုရားသည် ပေါလုအနား၌ ပေါ်လာတော်မူလျက်၊ ပေါလု မစိုးရမ်နှင့်။ ငါ၏အကြောင်းအရာကို သင်သည် ယေရုရှလင်မြို ့၌ သက်သေခံပြီးသည်နည်းတူ၊ ရောမမြို ့၌လည်း ခံရဦးမည်ဟု မိန့်တော်မူ၏”ဟုတွေ ့ရသည်( တမန်တော် ၂၃:၁၁)။ ဒါဟာ ဘုရားသခင်ကလည်း နတ်ဘုရားကိုးကွယ်ရင်း ကြမ်းတမ်းခဲ့သော ရောမအင်ပါယာကိ ခ ရစ်တော်အကြောင်းထွန်းကားသည့် နေရာဖြစ်လာဖို ့ တမန်တော်ကြီးများကို အသုံးပြုပြီး ဟောကြားစေခဲ့တာပါ။ တစ်ဖက်မှာလည်းဒါဟာတစ်နေ ့မှာ ရောမမြို ့ဟာ ခရစ်ယာန်များရဲ ့ငှါနချုပ်ဖြစ်လာမည်ဆိုတာထင်ရှားနေသည်။ ထို ့ကြောင့် ခုRoman Catholic Church သည်ရောမမြို ့မှာအခြေစိုက်ပြီး တစ်လောကလုံးကို ခရစ်တော်အကြောင်းသာသနာပြုလေသည်။ ဒါကို Roman Catholic Mission (RCM)ဟုခေါ်သည်။အဲကြောင့် အထက်ကနတ်ကိုးကွယ်ခဲ့သည့် ရောမအင်ပါယာဟာ အေဒီ(၃၁၃) မှာတော့ ဘုရင်ကြီး ကွန်စတင်တိုင်း Constantine က ခရစ်ယာန်များသတ်ဖြတ်ခြင်းကို အဆုံးသတ်ပြီး ရောမအင်ပါယာအတွင်း ခရစ်ယာန်များဟာ လွတ်လပ်စွာမိမိဘာသာကိုးကွယ်ခွင့်ပေးခဲ့သည်။အေဒီ(၃၈၀) မှာတော့ ရောမအင်ပါယာဘုရင် Theodosius က “The Edict of Thessalonica” စာချုပ်ဖြင့် ရောမအင်ပါယာရဲ ့တရားဝင်ဘာသာဟာ နတ်ကိုးကွယ်ခြင်းမဟုတ်တော့ဘဲ ခရစ်ယာန်ဘာသာ(ကက်သလစ်ဘာသာ)သို ့ပြောင်းလဲလိုက်သည်။ ဒီအရာဟာ ထာဝရဘုရားရဲ ့အကြံအစည်အောင်မြင်ခြင်းဖြစ်သည်။သို ့သော် ဒီသမိုင်းကိုမသိသောသူများ၊Roman Catholic Church ကိုမုန်းတီးသူများကတော့ ဒီရောမအင်ပါကို အဆိုးမြင်ကြကာ သားရဲဖြစ်သောရောမဘုရင်က မိမိအာဏကို Roman Catholic Church ရဲ ့ခေါင်းဆောင်ပုပ်ရဟန်းမင်းကြီးကို အပ်ပေးသည်ဟု စွပ်စွဲဝေဖန်ကြတာ ဝမ်းနည်းစရာကောင်းသည်။ တကယ်တော့ ရောမအင်ပါယာဘုရင်များရဲ ့သိတ်ကို ဘုရားသခင်ပြုပြင်ပြောင်းလဲပေးသည်ကိုမသိကြချေ။ ဘုရားဘုန်းတော်ကို ချီးမွမ်းမည့်အစား အေဒီ(၁၅၁၇) နောက်ပိုင်းထွက်ပေါ်လာသောသင်းကွဲခရစ်ယာန်များက အတိတ်ကဘုရားရဲ ့ခရစ်ယာန်ဘာသာတည့်တံ့လာဖို ့လုပ်ဆောင်ချက်ကို ဝေဖန်ကြတာဝမ်းနည်းစရာပင်။

သမိုင်းမြေပုံလေးလည်းလေ့လာဖို ့မမေ့ကြပါနှင့်။ရောမတိုင်းကလူမသတ်ပါ။ရောမသားတွေသာ ဘယ်သင်းကွဲမှမပေါ်လာခင် ခရစ်ယာန်ဖြစ်လာကြတာပါ။ ပေါလုကိုယ်တိုင်လည်း ရောမမြို ့သားပါ။ကိုယ်လာသည့် သမိုင်းကိုသိလေလေ ကိုယ်က ဘယ်ဘာသာမှာယုံကြည်ကိုးကွယ်တာသိလေလေဖြစ်သည်။ ဘယ်လိုသမိုင်းပဲရင်ဆိုင်ခဲ့သည်ဖြစ်စေ ကိုယ့်သမိုင်းအစကိုမေ့လို ့မရပေ။သမိုင်းနဲ ့ နှူတ်ကပတ်တော်ကို လေ့လာရင်း ခရစ်တော်ကို ပိုမိုယုံကြည်သူများဖြစ်ကြပါစို ့။

ဒိုင်ရ်မနားလိန်

မေး။ ။ခရစ်ယာန်များ၏သမိုင်းအစကို ပြန်လို ပြန်လေ့လာသုံးသပ်ကြမလဲ။ခရစ်ယာန်များ၏ ယုံကြည်ခြင်းဟာ ဘယ်ချိန် ဘယ်နေရာ မှာစတင်ကြီးထွားလာခဲ့သလဲ။ရောမမြို ့ဟာ ပေါလုလက်ထက်မှာရှိခဲ့လား။ ရောမမြို ့သူမြို ့သားများကိုပေါလုကအားပေးခဲ့လား။ ပေါလုနှင့်တမန်တော်များသည် ရောမအင်ပါယာအတွင်းတရားဟောခဲ့ကြလား။” ခရစ်ယာန်ဘာသာအစ ရောမအင်ပါယာက”ဆိုတာမှန်လား။

မေး။ ။ခရစ်ယာန်များ၏သမိုင်းအစကို ပြန်လို ပြန်လေ့လာသုံးသပ်ကြမလဲ။ခရစ်ယာန်များ၏ ယုံကြည်ခြင်းဟာ ဘယ်ချိန် ဘယ်နေရာ မှာစတင်ကြီးထွားလာခဲ့သလဲ။ရောမမြို ့ဟာ ပေါလုလက်ထက်မှာရှိခဲ့လား။ ရောမမြို ့သူမြို ့သားများကိုပေါလုကအားပေးခဲ့လား။ ပေါလုနှင့်တမန်တော်များသည် ရောမအင်ပါယာအတွင်းတရားဟောခဲ့ကြလား။” ခရစ်ယာန်ဘာသာအစ ရောမအင်ပါယာက”ဆိုတာမှန်လား။

Add new comment

4 + 0 =