ကျွန်ုပ်တို့ရဲ့ ဘုံတူညီတဲ့ လူသားဖြစ်ခြင်းကို ဘယ်လိုရှာဖွေနိုင်ကြမလဲ

ဓမ္မမိတ်ဆွေများ အားလုံးမင်္ဂလာပါ ဒီတစ်ပတ်ကနေစပြီးတော့ လက်တွေ့ဘာသာပေါင်းစုံ ကွန်ရက်ခေါင်းစဉ်နှင့် မတူကွဲ ပြားခြင်းများကို ဝမ်းမြောက်စွာ ကြိုဆိုရင်း ကျွန်ုပ်တို့ရဲ့ ဘုံတူညီတဲ့ လူသားဖြစ်ခြင်းကို ဘယ်လိုရှာဖွေနိုင်ကြမလဲ ဆိုတဲ့ ခေါင်းစဉ်ဖြင့် တင်ပြပေးသွားမှာဖြစ်ပါတယ်။ ကျွန်ုပ်တို့တွေက ပြသနာတွေ အရမ်းကိုများတဲ့ အချိန်ကာလမှာ ရှင်သန် နေကြရတာဖြစ်တယ်။ အဲဒီတော့လူသားထုကြီးက အတူစည်းရုံးကြပြီးတော့ ဘာသာမတူကြတာကို မသိသလိုကျော် သွားခြင်းမျိုးမဟုတ်ပဲနဲ့ လက်ခံမြတ်နိုးကြရမဲ့ အချိန်ရောက်နေပြီမဟုတ်ဘူးလား။
ဘာသာတရားလမ်းစဉ်တွေ အားလုံးတို့က ကျွန်ုပ်တို့ကို အမုန်းတရားတွေကို ခွာချပြီးတော့ ကွဲနေတဲ့ ကမ္ဘာကြီး ထဲကနေအပြင်ကို ထွက်လာပြီးတော့ မေတ္တာတရား သနားကြင်နာခြင်း အသိုင်းအဝိုင်းအဖြစ် အတူတကွနေကြဖို့ကို ဖိတ် ခေါ်နေတာ တောင်းဆိုနေတာကို သိမြင်ကြရမဲ့ အချိန်ရောက်နေပြီဖြစ်တယ်။ ကျွန်ုပ်တို့တွေ ကိုယ့်ပါသာကို သီးခြားစီ အချိန်အကြာကြီးကတည်းက ခံနေကြရတဲ့ ပြသနာတွေကို ဘုံရည်မှန်းချက်နဲ့ အတူတကွ ဖြေရှင်းကြရမဲ့ အချိန်ရောက် နေပြီဖြစ်တယ်။ အဲလိုဆိုရင် ဒီအံ့ဖွယ်တန်ခိုးသေးသေးလေးဖြစ်လာအောင် ကျွန်ုပ်တို့တွေ ဘယ်လိုဖန်တီးကြမလဲ ဖြစ်နိုင်တဲ့ အဖြေတစ်ခုကတော့ ဘာသာတရားများအတူပေါင်းစည်းခြင်းကွန်ရက်(Interfaith) ယုံကြည်ရာ (faith) အဖြစ် ခံယူခြင်းဖြစ်တယ်။

အဲဒီယုံကြည်ရာက ဘာကိုဖိတ်ခေါ်နေသလဲ ဆိုလို့ရှိရင် ကျွန်ုပ်တို့တွေရဲ့ ဘာသာတရားမတူခြင်းတွေကို လက်ခံ မြတ်နိုးပြီးတော့ အသိအမှတ်ပြုကျင်းပနိုင်ကြရမှာဖြစ်တယ်။ ဘာသာတရား (religion) က စနစ်တကျဖွဲ့စည်းထားတဲ့ ယုံကည်ရာ (faith) ဖြစ်တယ်။ ယဉ်ကျေးမှုထဲမှာ အခြေခံထားတာဖြစ်တယ်။ ဘာသာတရားတိုင်း ဘာသာစကားတိုင်း မှာလဲ သူ့ကိုယ်ပိုင် ဝေါဟာရနှင့်သဒ္ဒါရှိတယ်။ ကျွန်ုပ်တို့ရဲ့မတူကွဲပြားတဲ့ အမျိုးမျိုးသော ဘာသာတွေကို ဘုရားထံတော် သို့ ဘုရားအကြောင်း မြင့်မြတ်ရာများအကြောင်းပြောနေတဲ့ ဘာသာစကားအဖြစ်တွေးကြည့်ရင် ပိုပြီးတော့ နားလည်လာမှာဖြစ်ပါတယ်။ လူတွေပြောနေတဲ့ တစ်ချို့ဘာသာစကားတွေက တစ်ခုနဲ့တစ်ခု တူနေတာတွေရှိတယ်။ တစ်ချို့ဆိုလို့ရှိရင် ဆက်နွယ်နေတာတွေရှိတယ်။

တစ်ချို့ဘာသာစကားတွေက တစ်ခုနှင့် တစ်ခုလုံးဝကြီးကိုမတူကြတာရှိတယ်။ အဲ့ဒီလိုဖြစ်နေလို့ ဘာသာစကား တစ်ခုကမှန်ပြီးတော့ကျန်တစ်ခုက မှားတယ်လို့ပြောလို့မရနိုင်ပါဘူး။ အဓိပ္ပါယ်က မတူတဲ့ဘာသာစကားတွေက တစ်ခုနှင့်တစ်ခု မတူတဲ့စည်းမျဉ်းတွေ ရှိနေပြီးတော့အဲ့ဒီစည်းမျဉ်းတွေက အဲဒီဘာသာစကားတွေကို တစ်ခြားနဲ့မတူ သီးခြားဖြစ်စေတဲ့ အစွမ်းထက်တဲ့ ဖေါ်ပြမှုပုံစံတွေ ဖြစ်စေတာဖြစ်ပါတယ်။ ဘာသာတရားများကွန်ရက်ကို ယုံကြည်ရာ အဖြစ်က မြင့်မြတ်သန့်ရှင်းတဲ့ ဘာသာစကားအသစ်ကို ထွင်ခြင်းမဟုတ်ပါဘူး။ ဘာသာသရားများကွန်ရက်က ဘာကို သွန်သင်နေသလဲဆိုလို့ရှိရင် ကျွန်ုပ်တို့ရဲ့သန့်ရှင်းတဲ့ဘာသာစကားက ဘယ်ဘာသာစကားဖြစ်နေပါစေ အဲဒီဘာသာစကား နဲ့ကျွန်ုပ်တို့ဘာပြောတယ်ဆိုတာကသာ အမှန်တကယ်အရေးကြီးတာဖြစ်ပါတယ်။

ဘယ်ဘာသာစကားမှာမဆို အရမ်းကိုရင်သပ်ရှုမောဖြစ်စေတဲ့ အလှကိုဖော်ကျူးရေးနိုင်သလို အရမ်းကို ညစ်ညမ်းတဲ့စကားတွေကိုလည်း ဖန်တီးနိုင်တာဖြစ်တယ်။ ဒါကြောင့်ကျွန်ုပ်တို့ရဲ့ဘယ်ဘာသာတရားလမ်းစဉ်မှာမဆို ကိုယ်က တရားမျှတခြင်းရှိတဲ့ သနားဂရုဏာရှိတဲ့ ဘဝကိုရှင်သန်နေထိုင်သလိုမျိုးဖြစ်နိုင်သလို အမြင်ကျဉ်းမြောင်း ပြီးတော့ ကြမ်းတမ်းမောက်မာတဲ့ ဘဝကိုနေထိုင်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘာသာတရားများ ကွန်ရက် (Interfaith) မှာ အမှန်တကယ်အရေးကြီးတာက ကိုယ်ကဘယ်ဘာသာကို လိုက်စားတယ်ဆိုတာ မဟုတ်ပဲနဲ့ ကိုယ့်ဘာသာတရားကို ကိုယ်က ဘယ်လိုလိုက်ကျင့်နေသလဲဆိုတာက အမှန်တကယ်အရေးကြီးတာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ကိုယ်တိုင်ရဲ့ဝိညာဉ်ရေးမှာ ကျွန်ုပ်တို့ယုံကြည်တဲ့ တည်ထောင်ထားတဲ့ ဘာသာတရားတွေထက် ပိုပါဝင်နေ တယ်ဆိုတာကို ဘာသာတရားများကွန်ရက် က အသိအမှတ်ပြုတယ်။ ကျွန်ုပ်တို့ရဲ့ ဘာသာတရားများလမ်းစဉ်တွေက သန့်ရှင်းမြင့်မြတ်တဲ့ ယုံကြည်ရာအချက်တွေဖြစ်တယ်။

အဲ့ဒီထဲမှာ ဘုရားတည်ရှိကြောင်းယုံကြည်ရာအချက် ပါတာဖြစ်နိုင်သလို မပါတဲ့ယုံကြည်ရာလည်းဖြစ်နိုင်တယ်။ အဲ့ဒီမြင့်မြတ်တဲ့ ယုံကြည်ရာအချက်တွေက အဓိပ္ပါယ်ရှိတဲ့ ပြည့်စုံတဲ့ ဘဝဆိုတဲ့လူသားတိုင်းရဲ့ပန်းတိုင်ဆီရောက်အောင် ဘယ်လိုလျှောက်လှမ်းရမလဲဆိုတာကို သင်ပြပေးကြတယ်။ ဘာသာတရားများကွန်ရက် ယုံကြည်ရာက ကျွန်ုပ်တို့ကို ဘာတွေသင်ပေးသလဲဆိုလို့ရှိရင် ကျွန်ုပ်တို့ရဲ့ဘာသာ တရားလမ်းစဉ်တွေက အရမ်းကိုအရေးကြီးတဲ့အကြောင်းဖြစ် သည်။ အမှန်တရားကဘာလဲဆို ကျွန်ုပ်တို့တွေက ယုံကြည်နေကြတာတွေကို မယုံကြည်ကြဘူးဆိုရင် ကျွန်ုပ်တို့ထဲ မှာ ဘယ်သူကမှ အခုမိမိက ဘယ်သူ (Who we are?) ဆိုတာဖြစ်လာမှာမဟုတ်ပါဘူး။ ဘာသာတရားများကွန်ရက် ယုံကြည်ရာက အခြေခံယုံကြည်ရာအချက်အဖြစ် မြတ်နိုးစွာ လက်ခံထားတာက သန့်ရှင်းမြင့်မြတ်ရာဆီသို့ သွားတဲ့ မှန်ကန်တဲ့လမ်းတွေ အမြောက်အများရှိတယ်ဆိုတဲ့ အချက်ဖြစ်တယ်။

ဂျပန်စာဆိုတစ်ခုရှိတယ် ဖူဂျီတောင်ထိပ်ဆီသို့ ရောက်နိုင်တဲ့ လမ်းတွေအများကြီးရှိတယ်တဲ့ ဒါကြောင့် ကိုယ်ဘယ်ဘာသာတရား လမ်းစဉ်ကို လိုက်လျှောက်သလဲဆိုတာ အရေးကြီးတာမဟုတ်ပဲ ကိုယ်ဘယ်လိုဘဝမျိုးကို ရှင်သန်မလဲဆိုတာ ဆုံဖြတ်ပေးတဲ့ ကိုယ့်ရဲ့လမ်းစဉ်ကို ကိုယ်ဘယ်လို လျှောက်နေသလဲဆိုတာ အရေးကြီးတာဖြစ်ပါတယ်။

Add new comment

12 + 4 =