ကနဦး အသင်းတော်၏ သာသနာလုံးဆိုင်ရာ အစည်းအဝေးကြီး ၄ ခု

ကနဦး အသင်းတော်၏ သာသနာလုံးဆိုင်ရာ အစည်းအဝေးကြီး ၄ ခု

First Four Ecumenical Councils

ကက်သလစ် အသင်းတော် သမိုင်း

အတွဲ ၁၊ အခန်း ၁၂-က

အလွန် မြင့်မြတ်သော၊ ပညာရှိသော၊ သူတော်စင် ပုဂ္ဂိုလ်များသည် ကက်သလစ် ယုံကြည်ခြင်းကို ခုခံကာကွယ်ရန် ရှေ့ထွက် ဆောင်ရွက်လာကြသည်။ ထိုပုဂ္ဂိုလ်များသည် အသင်းတော်ကို ကာကွယ်ရာ၌ ရေးသားထုတ်ပြန်ချက်များဖြင့်သာ မဟုတ်ပဲ အသင်းတော် ကောင်စီ အစည်းအဝေးများ စုဝေးဆွေးနွေးခြင်းဖြင့် ဆောင်ရွက်ခဲ့သည်။

(က) နိုင်ဆီးယား သာသနာလုံးဆိုင်ရာ အစည်းအဝေး

Nicene Council

နိုင်ဆီးယားမြို့တွင် ကျင်းပသည့် သာသနာ့ အစည်းအဝေးကြီးသည် အမိအသင်းတော် သမိုင်းတွင် ပထမဆုံး ကျင်းပသည့် ကောင်စီ အစည်းအဝေးကြီး ဖြစ်သည်။ နိုင်ဆီးယား သာသနာ့ အစည်းအဝေးအား ပုပ်ရဟန်းမင်းကြီးက ဖိတ်ခေါ်ကျင်းပခြင်း မဟုတ်ဘဲ ရောမ အင်ပါယာ ဧကရာဇ် မဟာ ကွန်စတန်တိုင်းက ဆရာတော် ဘိရှော့များအား အတွက် ကုန်ကျစရိတ် ကျခံခြင်းဖြင့် ကောင်စီ အစည်းအဝေးအား ဖိတ်ခေါ်ကျင်းပခဲ့ခြင်း ဖြစ်သည်။ အာရှမိုင်းနား ဒေသ (ယနေ့ခေတ် တူရကီ) နိုင်ဆီးယား မြို့တွင် အေဒီ ၃၂၅ ခုနှစ်၌ သာသနာ့ ကောင်စီ အစည်းအဝေးအား ကျင်းပခဲ့သည်။ ပုပ်ရဟန်းမင်းကြီး စိန့် ဆေးဗားစတား ၁ (St. Sylvester I၊ အေဒီ ၃၁၄ - အေဒီ ၃၃၅) သည် ရောမမှ ရဟန်းနှစ်ပါးအား ရဟန်းမင်းကြီး ကိုယ်စားလှယ် အဖြစ် စေလွှတ်ခဲ့သည်။ နိုင်ဆီးယား ကောင်စီ အစည်းအဝေးတွင် ဆရာတော် ဘိရှော့ အပါး ၃၀၀ ကျော် ပါဝင်တက်ရောက်ခဲ့သည်။ 

နိုင်ဆီးယား ကောင်စီအစည်းဝေး၏ အဓိက ရည်ရွယ်ချက်မှာ အဖ ဘုရားရှင်နှင့် ယေဇူး ခရစ္စတူး အကြား ဆက်ဆံရေး အတွက် အခြေခံကျသော ယုံကြည်ခြင်း ဆိုင်ရာ မေးခွန်းများကို ဆွေးနွေးဖြေကြားရန် ဖြစ်သည်။ ယေဇူးသခင်၏ ဖြစ်တည်မှု သဘာဝနှင့် ဆက်စပ်၍ ခရစ်ယာန် လူ့အသိုင်းအဝန်း အတွင်း ကက်သလစ်ဘက်နှင့် အာရီးယမ်းဘက် ဟူ၍ ၂ ပိုင်းကွဲခဲ့သည်။ နိုင်ဆီးယား ကောင်စီ အစည်းအဝေး ကျင်းပခြင်းကြောင့် ရလဒ်အားဖြင့် ယေဇူးခရစ္စတူးသည် ဘုရားရှင်၏ သားတော် Son of God ဖြစ်ကြောင်း၊ ယေဇူး ခရစ္စတူးသည် “ဘုရားမှ ဘုရား God from God, ဘုရားစစ်မှ ဘုရားစစ် True God from True God၊ ဖန်ဆင်းခြင်း မခံ ဖွားမြင်ခြင်းကို ခံတော်မူပြီး Begotten not Made, အဖဘုရားရှင်နှင့် တသားတည်း ဖြစ်သည် one in being with God the Father (Consubstantial)” ဖြစ်ကြောင်း ကြေညာ သတ်မှတ်၍ ခရစ်ယာန်တို့၏ ယုံကြည်ခြင်း အချုပ်ဖြစ်သော (Creed) ကို အတည်ပြု ထုတ်ပြန်နိုင်ခဲ့သည်။ နိုင်ဆီးယား ကောင်စီ၌ ယေဇူး ခရစ္စတူးသည် ပုဂ္ဂိုလ် ၃ ပါး ၁ ဆူ ဘုရား၌ ဒုတိယ ပုဂ္ဂိုလ် Second Person of the Trinity၊ စစ်မှန်သော ဘုရားဖြစ်ကြောင်း Truly God အတည်ပြုခဲ့သည်။

(ခ) ကွန်စတန်တီနိုပယ် သာသနာလုံးဆိုင်ရာ အစည်းအဝေး

Council of Constantinople

အေဒီ ၃၈၁ ခုနှစ်တွင် ရောမဧကရာဇ် မဟာ သီအိုဒိုးဆီးယပ်စ် (Theodosius the Great၊ အေဒီ ၃၇၉ ခုနှစ် - အေဒီ ၃၉၅ ခုနှစ်)ဟာ ဒုတိယ သာသနာလုံးချီ အစည်းအဝေးကြီး ဖြစ်တဲ့ ပထမ အကြိမ် ကွန်စတန်တီနိုပယ် အစည်းအဝေးကြီးကို ဖိတ်ကြားလိုက်သည်။ ကနဦးတွင် ကွန်စတန်တီနိုပယ် အစည်းအဝေးသည် အရှေ့တိုင်း အသင်းတော်မှ ဆရာတော် ဘိရှော့များသာ ဆွေးနွေးမည့် သာမန် Synod ပုံစံ ကျင်းပသည့် သာမန် အစည်းအဝေးဟု သိရှိထားသဖြင့် ရဟန်းမင်းကြီးသည် ၎င်း၏ ကိုယ်စားလှယ် မစေလွှတ်ခဲ့ရာ နောက်ပိုင်းမှ သာသနာလုံးချီ အစည်းအဝေး ဖြစ်သည်ဟု ပြောင်းလဲကြေညာသဖြင့် ရဟန်းမင်းကြီး ကိုယ်စားလှယ် မပါဝင်ခဲ့ပေ။ ကွန်စတန်တီနိုပယ် ကောင်စီသည် အာရီးယမ်း ဝါဒလွဲနှင့် အပိုလိုနားရစ် ဝါဒလွဲ Heresy of Arianism and Apollinarism ကို ဆန့်ကျင်ဆွေးနွေးခဲ့ကာ ထိုဝါဒလွဲများအား ရှုံချခဲ့သည်။ ကနဦးတွင် ဤ ကွန်စတန်တီနိုပယ် ကောင်စီ အစည်းအဝေးအား Ecumenical သာသနာလုံးချီ အစည်းအဝေးဟု မသတ်မှတ်ခဲ့သော်လည်း အေဒီ ၄၅၁ ခုနှစ်တွင်မူ ဤ ပထမအကြိမ် ကွန်စတန်တီနိုပယ် ကောင်စီ အစည်းအဝေးသည် သာသနာလုံးချီ ကောင်စီ ဖြစ်ကြောင်း အသိအအမှတ်ပြုခဲ့သည်။

(ဂ) ဧဖက်ဆု သာသနာလုံးဆိုင်ရာ အစည်းအဝေး

Council of Ephesus

ဧဖက်ဆု ကောင်စီအား အေဒီ ၄၃၁ ခုနှစ်တွင် ကွန်စတန်တီနိုပယ်၏ ဆရာတော်ချုပ် Patriarch of Constantinople, နက်စ်တိုးရီးယပ်စ် Nestorius ၏ တိုက်တွန်းမှုကြောင့် ရောမဧကရာဇ် ဒုတိယမြောက် သီအိုဒိုးဆီးယပ်စ် Theodosius II က ဖိတ်ကြားစီစဉ်ခဲ့သည်။ ရဟန်းမင်းကြီး စိန့် ဆက်လက်စတင်း Celestine I သည် အက်ဖက်ဆစ် သာသနာ့ အစည်းအဝေးသို့ ၎င်း၏ ကိုယ်စားလှယ်များ စေလွှတ်ခဲ့ပြီး အသင်းတော် ဖခင်များသို့ စာပို့ကာ ဆရာတော်ချုပ် နက်စ်တိုးရီးယပ်စ်၏ အယူလွဲများ Heresy of Nestorius အား ထောက်ပြသည့် စာကို အသင်းတော် ဖခင်များထံသို့ စာပို့ခဲ့သည်။

ဧဖက်ဆု သာသနာ့ အစည်းအဝေး၌ ယေဇူးသခင်သည် လူစင်စစ် Truly Man နှင့် ဘုရားစင်စစ် Truly God ဖြစ်ကြောင်း၊ ယေဇူးသခင်၏ မယ်တော် မာရီးယားသည် Theotokos သီအိုသော့ကုစ် (ဘုရားရှင်၏ မယ်တော် Mother of God) ဖြစ်ကြောင်း ကြေညာသတ်မှတ်ခဲ့သည်။

(ဃ) ကာ့ဆယ်ဒွန် သာသနာလုံးဆိုင်ရာ အစည်းအဝေး

Council of Chalcedon

ဧဖက်ဆု သာသနာလုံးဆိုင်ရာ အစည်းအဝေးမှာ သွန်သင်ချက် ဆိုင်ရာ အရေးကြီး ကြေညာချက်များနဲ့ အယူလွဲများ အပေါ် ရှုံချမှု ပြုပေမယ့် နက်စ်တိုးရီးယမ်း အယူလွဲဟာ ရောမဧကရာဇ်ရဲ့ အကာအကွယ်နဲ့ ဆက်လက် လွှမ်းမိုးမှု ရှိနေတယ်။ နက်စ်တိုးရီးယမ်း အယူလွဲ Heresy of Nestorian နဲ့ Monophysite Heresy အယူလွဲတို့မှာ ယေဇူးသခင်ဟာ မယ်တော်မှ ဖွားမြင်စဉ်မှာ ဘုရားအဖြစ်သာ ရှိတယ်၊ လူ့အဖြစ် မရှိဘူးလို့ သွန်သင်တယ်။ ဒီအယူလွဲ ၂ ခုကို တုံ့ပြန်ဖို့ အတွက် သာသနာလုံးဆိုင်ရာ အစည်းအဝေး ဖိတ်ကြားဖို့ ရဟန်းမင်းကြီး မဟာ စိန့် လီယို St. Leo the Great က ရောမဧကရာဇ် ဒုတိယမြောက် သီအိုဒိုးဆီးယပ်စ် Theodosius II (စိုးစံနှစ် အေဒီ ၄၀၅ - ၄၅၀) ကို တိုက်တွန်းခဲ့တယ်။ အေဒီ ၄၅၁ ခုနှစ်မှာတော့ ကာ့ဆယ်ဒွန် သာသနာလုံးဆိုင်ရာ အစည်းအဝေးကြီးကို ရောမဧကရာဇ် ဒုတိယမြောက် သီအိုဒိုးဆီးယပ်စ်ကို ဆက်ခံသူ ဧကရာဇ် Marcion မာဆီယွန် လက်ထက်မှာ ခေါ်ယူခဲ့တယ်။ ဆရာတော် ဘိရှော့ပေါင်း အပါး ၅၀၀ ကျော် ပါဝင် တက်ရောက်ခဲ့တယ်။ ကာ့ဆယ်ဒွန် သာသနာ့ အစည်းအဝေးမှာတော့ ပုပ်ရဟန်းမင်းကြီးကို ကောင်စီ အစည်းအဝေးမှာ ဦးစီးကျင်းပဖို့ ဖိတ်ခေါ်ခဲ့တယ်။ သို့ပေမယ့် သူ လာဖို့ အဆင်မပြေတာကြောင့် ရဟန်းမင်းကြီးက ကိုယ်စားလှယ် ၅ ဦးကို စေလွှတ်ခဲ့ပြီး ၎င်းတို့နဲ့ အတူ စစ်မှန်သော ကက်သလစ် သွန်သင်ချက်များ ပါဝင်တဲ့ စာချွန်တော်ကို ပေးပို့ပြီး ဖတ်ကြားစေခဲ့တယ်။ ရဟန်းမင်းကြီး စာချွန်တော်အရ “ယေဇူးသခင်၏ လူ့အဖြစ် ဘုရားအဖြစ် သဘာဝ ၂ ရပ်သည် ယေဇူးသခင်၌ အပြောင်းအလဲ မရှိ Without Change၊ ကွဲပြားမှု မရှိ Without Division၊ ရှုပ်ထွေးမှု မရှိဘဲ Without Confussion ပါင်းစည်း တည်ရှိနေသည်။ ဤယုံကြည်ရာ အချက်သည် အသင်းတော် ဖခင်ကြီးများနှင့် တပည့်တော်ကြီးများ၏ ယုံကြည်ရာ အချက်လည်း ဖြစ်သည်။ စိန့်ပီတာသည် အရိုက်အရာ ဆက်ခံသူ ရဟန်းမင်းကြီး လီယိုမှ တဆင့် ဤအချက်များကို သွန်သင်ကြောင်း ကျွန်ုပ်တို့ အားလုံး ယုံကြည်ကြပါသည်၊”ဟု ဖော်ပြထားသည်။ ကာ့ဆယ်ဒွန် သာသနာ့ ကောင်စီက ရဟန်းမင်းကြီး မဟာ လီယို၏ ကြေညာချက် စာချွန်တော်နှင့် အညီ တညီတညွှတ်တည်း ရပ်တည်ကြောင်း ထုတ်ပြန်ကြေညာသည်။

နက်စ်တိုးရီးယမ်း အယူလွဲ Heresy of Nestorian နဲ့ Monophysite Heresy မိုနိုဖီဆိုက် အယူလွဲတို့အား ထောက်ခံသူများက ကာ့ဆယ်ဒွန် ကောင်စီအား လက်မခံကြပေ။ နက်စ်တိုးရီးယမ်း အယူလွဲ ဝါဒီများက ကောင်စီ ထုတ်ပြန်ချက်များသည် Trinity ပုဂ္ဂိုလ် ၃ ပါး ၁ ဆူဘုရား၌ ဘုရားရှင် ၃ ပါး၏ ဆက်ဆံရေးကို ရှုပ်ထွေးစေကြောင်း ခံစားသည်ဟု ဆိုကာ ကာ့ဆယ်ဒွန် ကောင်စီအား လက်မခံပေ။ ခရစ်တော်ရှင်၏ လူသား ဖြစ်တည်မှုသည် ကျွန်ုပ်တို့ သာမန် လူသား ဖြစ်တည်မှုနှင့် တသားတည်းဖြစ်ကြောင်း ကာ့ဆယ်ဒွန် ကောင်စီ၏ ကြေညာချက်ကို မိုနိုဖီဆိုက် အယူလွဲ ဝါဒီများက လက်မခံကြပေ။

ကာ့ဆယ်ဒွန် ကောင်စီ အစည်းအဝေးသည် ခရစ်ယာန် ယုံကြည်ခြင်း ဆိုင်ရာ ဆွေးနွေးချက်များထက် ကျော်လွန်၍ အသင်းတော် အရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ အသင်းတော် အရေးကိစ္စများတွင် ရောမ ဧကရာဇ်နှင့် အာဏာပိုင်များက ဝင်ရောက်ခြယ်လှယ်ခြင်းကို ကာ့ဆယ်ဒွန် ကောင်စီတွင် အသင်းတော် ဖခင်များက ဆန့်ကျင်ကြသည်။ အသင်းတော် စီရင်အုပ်ချုပ်ပိုင်ခွင့်အား ပြန်လည် စီစဉ်သတ်မှတ်ကြသည်။ ဂျေရုစလင်နှင့် ကွန်စတန်တီနိုပယ်တို့အား Patriarchates ခရစ်ယာန် ဆရာတော်ချုပ် အုပ်ချုပ်ရေး အဆင့်အဖြစ် သတ်မှတ်ကြသည်။ ကွန်စတန်တီနိုပယ် သာသနာချုပ် နယ်မြေအား အရှေ့တိုင်း အသင်းတော်များ အားလုံး အတွက် အယူခံ တရားရုံး Court of Appeals အဆင့် သတ်မှတ်ခဲ့သည်။

သို့သော် ကာ့ဆယ်ဒွန် ကောင်စီက ကွန်စတန်တီနိုပယ်အား Patriarchates ဆရာတော်ချုပ် သာသနာနယ် အဖြစ် အဆင့် သတ်မှတ်ခြင်းကို ရောမမြို့ အခြေစိုက် ပုပ်ရဟန်းမင်းကြီး စိန့် လီယိုက ကြားသိရသည့် အခါ ထိုအဆင့်သတ်မှတ်ခြင်းကို အသိအမှတ်ပြုရန် ငြင်းဆန်သည်။ ရဟန်းမင်းကြီး၏ အသိအမှတ်ပြုရန် ငြင်းဆန်မှုကို ကြားသိရသော အခါ ကွန်စတန်တီနိုပယ်၏ ဆရာတော်ချုပ် ဖြစ်သူ Acacius သည် အရှေ့တိုင်း အသင်းတော်များအား ရောမ အသင်းတော်မှ ခွာပြဲရန် ဦးဆောင်တိုက်တွန်း လုပ်ဆောင်ခဲ့သဖြင့် အေဒီ ၄၇၄ ခုနှစ်တွင် အသင်းတော် အတွင်း အကွဲအပြဲ ဖြစ်ကာ အသင်းတော် စည်းလုံးညီညွှတ်ရေးအား များစွာ ထိခိုက်ခဲ့သည်။ ထို့ကြောင့် ရောမမှ ရဟန်းမင်းကြီးက ကွန်စတန်တီနိုပယ်မှ ဆရာတော်ချုပ် Patriarch Acacius အား အသင်းတော်မှ ကြဉ်ပယ်ကြောင်း Excommunication လုပ်ကြောင်း ကြေညာခဲ့သည်။

ဤသို့ဖြင့် ရောမအခြေစိုက် လက်တင် အသင်းတော်နှင့် ကွန်စတန်တီနိုပယ် အခြေစိုက် ဆရာတော်ချုပ်တို့ အကြား နောင်လာမည့် ရာစုနှစ်များတွင် ဆက်ဆံရေး ထိခိုက်ခဲ့သည်။ ဤအဖြစ်အပျက်ကြောင့် အရှေ့တိုင်း အသင်းတော်သည် ပုပ်ရဟန်းမင်းကြီး မပါဝင်ဘဲ ကက်သလစ် ဆန်နိုင်ကြောင်း သွန်သင်ခဲ့ကာ နှောင်းပိုင်းတွင် ရောမ အသင်းတော်နှင့် ထိပ်တိုက်တွေ့ဆုံမှုများ ရှိလာခဲ့ပြီး တင်းမာမှု အမြင့်ဆုံး ဖြစ်သည့် အေဒီ ၁၀၅၄ ခုနှစ် အသင်းတော် အကွဲအပြဲ Great Schism of 1054 သို့ ဦးတည်စေခဲ့သည်။

ကွန်စတန်တီနိုပယ် ဆရာတော်ချုပ် Patriarch Acacius ကြောင့် ဖြစ်သော အသင်းတော် အကွဲအပြဲ Acacian Schism သည် ၃၅ နှစ်ကြာမြင့်ခဲ့ကာ သူကွယ်လွန်သည့် အေဒီ ၄၈၉ ခုနှစ်တွင်မှ အဆုံးသတ်နိုင်ခဲ့သည်။ ထိုကာလအတွင်း အရှေ့တိုင်း အသင်းတော်သည် အမိအသင်းတော်နှင့် အဆက်အသွယ် ပြတ်ခဲ့ကာ အရှေ့တိုင်း အသင်းတော် တဝက်သည် ဆရာတော်ချုပ် Acacian ၏ အကွဲအပြဲဘက် ပါဝင်ခဲ့ကာ ကျန်တဝက်သည် Monophysite Heresy မိုနိုဖီဆိုက် အယူလွဲအား လက်ခံခဲ့သည်။

အရှေ့တိုင်း အသင်းတော်နှင့် အနောက်တိုင်း အသင်းတော်တို့သည် အမိကက်သလစ် အသင်းတော် အတွင်း ပြန်လည် ပေါင်းစည်းညီညွှတ်ခြင်းသည် လက်တင် ကက်သလစ် ခရစ်ယာန် ဖြစ်သူ ရောမ ဧကရာဇ် မဟာ ဂျက်စတင်း Justin the Great (စိုးစံနှစ် အေဒီ ၅၁၈ - ၅၂၇) တွင် ပြန်လည် စတင်အကောင်အထည် ဖော်ခဲ့သည်။ ရဟန်းမင်းကြီး ကိုယ်စားလှယ် Papal Legate သည် အေဒီ ၅၁၈ ခုနှစ်တွင် ကွန်စတန်တီနိုပယ်မြို့သို့ ဆိုက်ရောက်လာခဲ့ကာ ကွန်စတန်တီနိုပယ်နှင့် အရှေ့တိုင်း ဆရာတော် ဘိရှော့များသည် ကက်သလစ် ယုံကြည်ခြင်းအား လက်ခံကြေညာပါသည့် အကြောင်း လက်မှတ်ရေးထိုးစေသည်။ ထိုအချိန်တွင် Patriarch of Antioch အန်တီးရော့၏ Monophysite မိုနိုဖီဆိုက် အယူလွဲ လက်ခံသော ဆရာတော်ချုပ် ဖြစ်သူ Serverus သည် ကက်သလစ် ယုံကြည်ခြင်းအား လက်ခံရန် ငြင်းဆန်ခဲ့သည်။ Monophysite မိုနိုဖီဆိုက် ဆရာတော် Serverus သည် တရားဝင် ရာထူးမှ ရုတ်သိမ်းခံရပြီး အသင်းတော်မှ ကြဉ်ပယ်ခြင်း ခံရပြီးနောက် အီဂျစ်ပြည်သို့ ထွက်သွားကာ ၎င်းအယူဝါဒအား ထောက်ခံသူများဖြင့် ကိုယ်ပိုင် အသင်းတော် တစ်ခု ထူထောင်ခဲ့သည်။ ယင်းနောက် ကက်သလစ် ယုံကြည်ခြင်းအား တန်ပြန်တိုက်ခိုက်မယ့် ရဟန်း ရာပေါင်းများစွာ မွေးထုတ်ခဲ့သည်။

Lawrence Jangma Mung Song

 

Add new comment

15 + 1 =