ကက်သလစ် အသင်းတော်  Vatican/ Holy See ဟာ ဘာသာရေးလိုလို သံတမန်ရေးလိုလို  နိုင်ငံရေးလိုလို အဖွဲ့အစည်းလား ဘာလား မေးလာရင် ဖြေပေးလိုက်ကြပါလေ။

ကက်သလစ် အသင်းတော်  Vatican/ Holy See ဟာ ဘာသာရေးလိုလို သံတမန်ရေးလိုလို  နိုင်ငံရေးလိုလို အဖွဲ့အစည်းလား ဘာလား မေးလာရင် ဖြေပေးလိုက်ကြပါလေ။

ကက်သလစ် အသင်းတော် ဗဟိုဗာတီကန်ဟာ ကက်သလစ် အသင်းတော်ရဲ့ ရဟန်းမင်းကြီး ဦးဆောင်တဲ့ အုပ်ချုပ်ရေးအဖွဲ့ Holy See လို့လည်း ခေါ်တယ်။

Vatican ဟာ နိုင်ငံဖြစ်ပါတယ်။

Vatican နိုင်ငံတော် ခေါင်းဆောင်က Pope ဖြစ်ပါတယ်။

Vatican နိုင်ငံအတွင်း အုပ်ချုပ်မှု အသေးစိတ်အတွက် Secretary of the Vatican State ရာထူးနဲ့ ကာဒီနယ် တစ်ပါးက တာဝန်ထမ်းဆောင်ပါတယ်။

Vatican မှာ လုံခြုံရေးအတွက် Swiss Guard များရှိပါတယ်။ သူတို့ လှလှလေး ဝတ်ထားလို့ အထင်မသေးပါနဲ့။

Swissland စစ်တပ်ရဲ့ လက်ရွေးစင် တပ်သားများကသာVatican မှာ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

ကုလသမ္မက UN ထက် Holy See ဟာနှစ်အများကြီး သက်တမ်းရင့်တယ် ဆိုတာ သိစေချင်တယ်။

UN ဟာ နှစ် ရ၀ ဝန်းကျင် သက်တမ်းရှိချိန်  Holy See ဟာ နှစ်ထောင်ချီ သက်တမ်းရှိပါပြီ။

UN မှာတင် Holy See/ Vatican အဖွဲ့က Permenant Observer အမြဲတမ်း လေ့လာသူ အနေနဲ့

ဘယ်အစဉ်းအဝေး ဘယ် Conference မဆို တံခါး မရှိ ဓားမရှိ ဝင်နိုင်ပါတယ်။

ကက်သလစ်အသင်းတော် အနေနဲ့  စစ်ရေးကိစ္စ အစည်းအဝေးမှ အပ တက်ရောက်ဆွေးနွေး စာတမ်းဖတ်နိုင်ပါတယ်။

ကက်သလစ် ခရစ်ယာန် အသင်းတော်လိုမျိုး ဘယ်ဘာသာရေးကြီး သုံးရပ် အခြား ဘာသာရေး အဖွဲ့အစည်း

တခြား ဘယ်ခရစ်ယာန် အသင်းတော်မှ UN ရုံးချုပ်မှာ အထူး အခွင့်အရေး မရပါဘူး။

ဒါကြောင့် ကက်သလစ် အသင်းတော် Vatican/ Holy See ဟာ ဘာသာရေးလိုလို သံတမန်ရေးလိုလို နိုင်ငံရေးလိုလို အဖွဲ့အစည်းလား ဘာလား မေးလာရင် ဖြေပေးလိုက်ကြပါလေ။

ကက်သလစ် အသင်းတော်ဟာ UN မပေါ်ခင်ကတည်းက ကမ္ဘာပေါ်မှာ ကျင်လည်နေတယ်။ အပေါင်းလက္ခဏာဆောင်တဲ့ ထိန်းညှိမှုတွေ ရအောင် ဦးဆောင် နေတာ ကြာပေါ့။

UN မပေါ်ခင်ကတည်း ကမ္ဘာဇာတ်ခုံမှာ အရေးကြီးတဲ့ အခန်းကဏ္ဍ သံတမန် ရေးရာ စစ်ပြေငြိမ်းမယ့် အရေးက အစ ပညာရေး သိပ္ပံပညာ နေရာစုံမှာ  ကက်သလစ် အသင်းတော်က "ဦးဆောင်" ပါဝင်ခဲ့တယ်လို့ ပြောပြလိုပါတယ်။

ကက်သလစ် ခရစ်ယာန် အသင်းတော်ဟာ အလှတရား အနုထည် အင်အား အပေါင်း လက္ခဏာဆောင်ခြင်းရဲ့ တခုတည်းသော အင်အားစုပါ။

ဒါကြောင့်လည်း ခရစ်ယာန် အသင်းတော်ကို တိုက်ခိုက်ရင်ကက်သလစ် အသင်းတော်ကိုသာ တိုက်ခိုက်တာပါ၊

တခြား ဘယ် ခရစ်ယာန် အသင်းတော်ကိုမှ တကူးတက ဝေဖန် တိုက်ခိုက်တာ မဟုတ်ပါဘူး။

ခရစ်ယာန်များ ကမ္ဘာအရပ်ရပ်မှာ မကျဆုံးဖို့ ကက်သလစ် ခရစ်ယာန် အသင်းတော်ကသာလျှင် အဓိက ခုခံပေးနေတာ ဖြစ်ပါတယ်။

နတ်ဆိုးကို တွန့်လှန်နေတဲ့ တစ်ခုတည်းသော ကက်သလစ် အသင်းတော်ကိုပဲ တိုက်ခိုက်တာ ဖြစ်ပါတယ်။

ကမ္ဘာအရေးတွေမှာ နီတိနဲ့ မကိုက်ညီတဲ့ ဆုံးဖြတ်ချက်များ မချမိအောင် UN မှာ အကြံပြုတဲ့ တစ်ခုတည်းသော ဘာသာရေး အဖွဲ့အစည်း ဖြစ်ပါတယ်။

ကက်သလစ် ခရစ်ယာန် အသင်းတော် ခေါင်းဆောင်များနဲ့ သန်းပေါင်း ၁၂၀၀ သော ဘာသာဝင်များ မိမိတန်ဖိုး မိမိ သိလို့ ဆုံးဖြတ်ချက်များ မှန်ကန်စွာ ချမှတ် လုပ်ကိုင်နိုင်ကြပါစေ။

Lawrence Jangma Mung Song

Add new comment

4 + 4 =