ကက်သလစ်အသင်းတော်၏ မေတ္တာရေ(Holy Water) အကြောင်း

ကက်သလစ်အသင်းတော်၏ မေတ္တာရေ(Holy Water) အကြောင်း

မေး။ ။ကက်သလစ်အသင်းတော်ကြီးက အသုံးပြုသည့် "Holy Water" ဟုခေါ်သော“ မေတ္တာရေ" အကြောင်းကျမ်းစာတော်မြတ်မှာပါဝင်သလား။ ထိုအရာကို ဘယ်လို ဖန်တီးရယူကြသနည်း။ထိုအရာလုပ်ဖို ့မည်သည့်အရာများလိုအပ်ပါသည်နည်း။

ဖြေ။ ။ကက်သလစ်ဘာသာတူအနေဖြင့် သူများမေးခွန်းချိန် အဲအတွက် အဖြေလိုချင်ခဲ့ဖူးလား။အခု အဖြေကိုကျမ်းစာနဲ ့ပြောပြမယ်။ ကက်သလစ်အသင်းတော်ကြီးသည် ကျမ်းစာကို အမြဲလိုက်သည့် ဘာသာမို ့ တချို့သော ခရစ်ယာန်ဘာသာများလက်မခံသည့် ထူးခြားစိတ်ဝင်စားစရာကောင်းသည့် ကျင့်စဉ်များကို ကျမ်းစာမှာ ကောက်ယူပြီး အသုံးပြုလေ့ရှိတာဟာ စိတ်ဝင်စားစရာဖြစ်သည်။ 

ကက်သလစ်များအသုံးပြုသော မေတ္တာရေခေါ်(Holy Water) အကြောင်းကို ကျမ်းစာမှာ မသိမသာတွေ ့ရှိရသည်။ တောလည်ရာကျမ်း(၅:၁၇) တွင် ယောကျာ်းအပေါ်ဖောက်သည်ဟု အစွပ်စွဲခံရသော မိန်းမကို စစ်ဆေးဖို့ အသုံးပြုကြတာကိုတွေ ့ရသည်။ ထိုအကြောင်းတွေ ကို "ယဇ်ပုရောဟိတ်(ရဟန်း) သည် သန့်ရှင်းသော ရေ(Holy Water)ကို မြေအိုး၌လောင်းပြီးလျှင်၊ တဲတော်၌ ရှိသော မြေမှုန့်ကိုယူ၍ ရေထဲမှာထည့်ရမည်" ဟုတွေ ့ရသည်။ထိုရေကို သောက်ပြီးလျှင်အမျိုးသမီးကအပြစ်ရှိမရှိကို သိကြရသည် ( တောလည်ရာကျမ်း ၅:၁၁-၃၁)။ဒီကျမ်းချက်ဟာ ခရစ်ယာန်ကက်သလစ်အသင်းတော်အသုံးပြုသည့် (Holy Water- သန့်ရှင်းသောရေ သို့ မဟုတ် မေတ္တာရေ) ပြုလုပ်ခြင်း၏ အခြေ ခံဖြစ်သည်။ အထက်က ယဇ်ပရောဟိတ် (ရဟန်း) အသုံးပြုသည့်ရေဟာ ဘုရားနှင့်ဆိုင်သော တဲတော်၌ရှိသော မြေမှုန် ့နှင့်ရောထည့်သောအခါ သာမန်သဘာဝတရားထက်လွန်သောအရာဖြစ်လာသည်။
ထို့နည်းတူပဲ ဘုရားသခင်က သန် ့ရှင်းခြင်းကို ကိုယ်စားပြုသည့်အနေဖြင့် ဖန်ဆင်းသော ရေနှင့် အငံဓာတ်ကိုပေးသော ဆားကို ပေါင်းစပ်ပြီး ကက်သလစ်ရဟန်းက ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူ၏ နာမကိုခေါ်ဖိတ်ပြီး ထိုရေကို ကောင်းကြီးပေးသောအခါ သာမန်သဘာဝထက်လွန်သော ရေမျိုးဖြစ်လာသည်။ အဲတာကို (Holy Water) ဟုခေါ်သည်။ ယုံကြည် သူခရစ်ယာန်များကိုလည်း ဆားကဲ့သို့ဖြစ်ကြရန် ခရစ်တော် " သင်တို့သည် ဤလောက၏ဆားဖြစ်ကြ၏"ဟုလည်းပြောခဲ့သည်( မဿဲ ၅:၁၃)။ကက်သလစ်အသင်းတော်က (Holy Water) လုပ်ဖို ့က ဆားနှင့် အညစ်အကြေးမရှိသောရေ သည် အထူးပင်လိုအပ်သည်။ Holy Water ကို ကက်သလစ်ရဟန်းဘုန်းကြီးကလွဲလို ့ သာမန်ဆရာများက ပြုလုပ်လို ့မရပေ။( Holy Water) ကို ခမည်းတော်၊သားတော်၊သန် ့ရှင်းသော ဝိညာဉ်တော်၏ နာမတော်အားဖြင့် ဖန်ဆင်းရသည်။ ကက်သလစ်များအတွက် Holy Water သုံးခြင်းသည် Trinity God နာမတော်အားဖြင့်ရေအားဖြင့် Baptism ခံကြသည့် အဖြစ်နဲ ့ဘုရားသားသမီးဖြစ်လာခြင်းကို ပြန်သတ်ရစေဖို ့လည်းသုံးကြသည်။

ထို ့နောက် ဧလိရှဲကလည်း ဆားနှင့် ရေကိုပေါင်းစပ်ကာ တန်ခိုးပြခဲ့သည်။ အဲလိုပဲ ကက်သလစ်ဘုန်းတော်ကြီးများကလည်း ခရစ်တော်နာမတော်မြတ်အားဖြင့် ဆားနဲ ့ရေကိုပေါင်းစပ်ပြီး ဆုတောင်းကြရာ ဒီရေသည် သာမန်ရေသက်သက်မဟုတ်တော့ဘဲ ဘုရားသခင်ရဲ ့ကျေးဇူးတော် တန်ခိုးတော်ကိုဖြစ်စေသော အရာဖြစ်လာသည်ဟုကက်သလစ်များကယုံကြည်ကြသည်။ ဒီ Holy Water ကို လူနာများသော်လည်းကောင်း၊ နတ်ပူးခြင်းခံရသောသူများကိုလည်းကောင်း ပြန်လည်ကုစားရာတွင်အသုံးပြုကြသည်။ထူးခြားသော ဘုရားတန်ကိုးကို သယ်ဆောင်သည်။
(၄ ဓမ္မရာဇဝင် ၂:၁၈-၂၀) တွင်“ ဧလိရှဲသည် ယေရိခေါမြို ့မှာ နေသေးသည်ဖြစ်၍ သူတို့သည် ပြန်လာသော အခါ၊ မသွားကြနှင့်ဟု ငါမြစ်တားသည်မဟုတ်လောဟု ဆို၏။ထိုမြို ့သားတို့က၊ ကိုယ်တော်မြင်တော်မူသည်အတိုင်း၊ ဤမြို ့တည်ရာအရပ်သည် သာယာပါ၏။ သို့ ရာတွင် ရေမကောင်း၊ မြေလည်းကိုယ်ဝန်ပျက်စေတတ်ပါသည်ဟု ဧလိရှဲအား လျှောက်ကြလျှင်၊ဧလိရှဲက၊ ဘူးသစ်တလုံးကို ဆားထည့်၍ ယူခဲ့ကြလော့ဟု ဆိုသည်အတိုင်း ယူခဲ့ကြ၏”ဟုတွေ ့ရသည်။ ဒီလိုပဲ ကက်သလစ်ဘုန်းတော်ကြီးများက အိုးကြီး သို ့မဟုတ် ဘူးအကြီးများတွင် ဆားကိုထည့်ကာ ( Holy Water) ခေါ် (မေတ္တာရေ)ကို ကောင်းကြီးပေးဖန်ဆင်းသည်။ ဒီလို လုပ်သည့်နေ ့သည် သခင်ခရစ်တော် ရှင်ပြန်ထမြောက်သည့် ပါးစကားည(Easter Night) တွင်ပင်ဖြစ်သည်။

ကျမ်းစာမှာတော့ ဧလိရှဲက ဆားနဲ ့ရေ ပေါင်းစပ်ပြီးနောက် ဘယ်လို တန်ခိုးဖြစ်စေသလဲဆိုရင်“ဧလိရှဲသည် စမ်းရေတွင်းသို့ သွား၍ ဆားကိုခပ်လျက်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤရေကို ငါချိုစေ၏။ နောက်တဖန် သေစေမည်အကြောင်း၊ ကိုယ်ဝန်ပျက်စေမည်အကြောင်းကို မပြုရ။ဧလိရှဲဆင့်ဆိုသော အမိန့်တော်အတိုင်း ထိုရေသည် ယနေ့တိုင် အောင်ချိုလေ၏" ဟုထူးခြားတာတွေ ့ရသည်( ၄ ဓမ္မရာဇဝင် ၂:၂၁-၂၂)။ ဒီလိုပဲ ဆားနဲ ့ရေ ပေါင်းစပ်ပြီးနောက် ပရောဖက် ဧလိရှဲဆုတောင်းခြင်းကြောင့် အသီးအနှံမဖြစ်ထွန်းသော၊ပျက်နေသော မြေဟာ ကောင်းမွန်ပြီး ပျက်နေသော ရေသည်ပင် ချိုလာသဖြင့် အီဇရာအဲလ်လူများက သောက်သုံးလာကြသည်။ Holy Water ဆိုတာ တောလည်ရာကျမ်း(၅:၁၇) နဲ ့(၄ ဓမ္မရာဇဝင်ချုပ် ၂:၁၈-၂၂) ကျမ်းစာကို အခြေခံသည့် ခရစ်ယာန်များရဲ ့ဘုရားအပေါ်ယုံကြည်ကိုးစားခြင်းကိုဖြစ်စေသောအရာဖြစ်သည်။
အထက်ကကျမ်းစာအခြေခံလျက် ခရစ်တော်ရဲ ့နာမတော်မြတ်အားဖြင့် ကက်သလစ်ဘုန်းတော်ကြီးများပြုလုပ်သော ဆားနှင့်ရေ ပေါင်းသည့် မေတ္တာရေဟာ ယုံယုံကြည်ကြည်လက်ခံအသုံးပြုသူများအတွက်တော့ စာတန်နတ်ဆိုးမောင်းထုတ်နိုင်ခြင်း၊ ကိုယ်မကျန်းမာသောသူများသောက်သုံးခြင်းဖြင့် သက်သာပျောက်ကင်းမှု၊ ဝမ်းလျှာ်ဝမ်းပျက်ဖြစ်သောသူများသောက်သုံးခြင်းဖြင့် သက်သာလာကြခြင်းစသည်ဖြင့် တချို ့သော သူများအပေါ်မှာ ထူးကဲသည့် ဘုရားတန်ခိုးများသက်ရောက်သည့်အချိန်တွေသက်သေတွေလည်း တခါတလေတွင်ဖြစ်ပေါ်တတ်ပါသည်။ သို ့သော် မယုံကြည်သောသူများအတွက်တော့ ထူးခြားမည်ဟုမထင်ရပေ။ ဘာပြောပြောကျမ်းစာကို အခြေခံပြီး ကျမ်းစာအတိုင်းအသုံးပြုလာသော Holy Water ကတော့ဘုရားရဲ ့တန်ခိုးတွေဖြစ်ပေါ်စေသောအရာအဖြစ်ယုံကြည်ခြင်းသည် ကက်သလစ်ဘာသာဝင်များအတွပ်မကဘဲ ဘာသာခြားတွေရဲ ့ယုံကြည်မှုလည်းဖြစ်ပေါ်သည်။သူတို ့က ထူးခြားမှုကို သိလာကြတော့သုံးလာကြသည်။ ဘုရားနာမနှင့်ပတ်သက်သည့်အရာတွေမှာထူးခြားမှုရှိစမြဲပေ။

အထက်ကဖော်ပြထားသည့်ကျမ်းစာထဲက ဆားနဲ ့ရေ ပေါင်းစပ်ထားသောအရာသည် လူသားများကို အကျိုးပြုခဲ့သလို ကက်သလစ်ဘုန်းတော်ကြီးများ ဆုတောင်းပြီးနောက် ဖန်ဆင်းသော ဆားနဲ ့ရေရောစပ်သည့်ရေသည် သာမန်ရေမဟုတ်တော်ပဲ“ သန် ့ရှင်းသောရေ( Holy Water)" ဖြစ်လာသည်။ဒါကို "မေတ္တာရေ"လို ့ကက်သလစ်များကခေါ်ကြသည်။ ကျမ်းစာကအတိုင်းပဲ ကျွန်တော်တို ့ကောက်ပဲသီးနှများဖြစ်ထွန်းအောင် မျိုးစေ့များကိုသော်လည်းကောင်း၊တောင်ယာသစ်ကိုလည်းကောင်း၊အိမ်နယ်မြေများကိုလည်းကောင်း ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူ၏ နာမဖြင့် ပက်ဖြန်းဆုတောင်းသောအခါ အလွန်ပင် လူသားများအတွက်အကျိုးဖြစ်ထွန်းလာသည်ဟု ယုံကြည်ကြသည်။ 

နိဂုံးချုပ် အနေဖြင့် ဒီ Holy Water ကို ခရစ်ယာန်မဟုတ်သည့် ဘာသာများကလည်း လက်ခံသူများရှိသည်။ ဒီ Holy Water (မေတ္တာရေ) ကိုမကောင်းဆိုးဝါး နှတ်ဆိုးခြောက်သည့် နေရာများတွင် ကောင်းကင်ဘုံမေတ္တာရွက်ဆိုခြင်းနှင့်အတူ ပက်ဖြန်းခြင်းကိုပြုလုပ်သူများအနေဖြင့် တကယ်ကို ထူးခြားမှုခံစားကြသည်ဆိုတာလည်း သက်သေခံကြသည်။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် ဘာသာမတူသောသူများကလည်း အဲလို မျိုးခံစားကြသောအခါ ကက်သလစ်ရဟန်းများထံ (Holy Water) ကို အဝေးကနေလာရောက်တောင်းယူကြသည်ကိုမျက်မြင်ကြုံဖူးသည်။ ဤအရာကိုကြည့်ခြင်း ဘုရားအသုံးပြုသည့်ရဟန်းက ဘုရားနာမတော်ကိုအသုံးပြုသည့် ရေကို ကောင်းကြီးပေးဆုတောင်းသောအခါ ဘုရားသခင်က လူမျက်စိဖြင့်မြင်ရသော အရာဝတ္တုများအားဖြင့် ထူးခြားသည့်ကျေးဇူးများကိုပြသလျက်ရှိတတ်သည်။

ခရစ်ယာန်ဘာသာမှာတော့ ကက်သလစ်အသင်းတော်ကြီးကလွဲ၍ မည်သည့် အသင်းတော်မှမသုံးကြသလို လက်ခံခြင်းလည်းမရှိပေ။ကက်သလစ်ဘာသာဝင်များအနေဖြင့် Holy Water ရဲ ့တန်ဖိုး အစွမ်းကိုသိကြကာ ခရစ်တော်ဘုရားကိုပိုမို ကိုးကွယ်သူများဖြစ်ကြောင်း သက်သေပြကြပါစို ့။ကျေးဇူးတော်ဆိုတာ မသိသူကျော်သွားသိသူဖော်စား ဆိုတဲ့စကားအတိုင်းပဲ ခရစ်တော်ကပြောတယ် ဝက်တွေက ပုလဲချပေးရင်လည်း မသိကြဘူးလို ့ခရစ်တော်ပြောသည်( မဿဲ ရ:၆)။တို ့ကက်သလစ်တွေဖြစ်ခွင့်ရတာဘုရားကျေးဇူးရွေးကောက်ခြင်းသက်သက်ပါ။
ဒီကင်မာတင်းမနားလိန်

Add new comment

1 + 0 =