ကက်သလစ်ဘာသာ၀င်များလည်း ဘုရားကျောင်းထဲကို ၀င်တဲ့အခါမှာ ဖိနပ်မချွတ်ကြပါ၊ ကိုယ်တော်မြတ် ပင့်ယူတဲ့အခါမှာလည်း ဖိနပ်မချွတ်ကြပါ။ ဘာ့ကြောင့်ပါလဲ။

မေး/ဖြေ။ ဘာ့ကြောင့် ဖိနပ်မချွတ်ကြပါသလဲ။

မေး။ ။ (ထွက်မြောက်ရာကျမ်း ၃း၅) မှာ "ဘုရားသခင်ကလည်း၊ မချဉ်းနှင့်သင်၏ ခြေနင်းကိုချွတ်လော့၊ သင်နင်းသော အရပ်ကား သန့်ရှင်းသောမြေ ဖြစ်သည်" လို့ မိုးဇယ်ကို မိန့်တော်မူပါတယ်။ ဒါပေမယ့် ဘုရားကျောင်း ဗိမာန်တော်အထဲ၊ ဘုရားရှင်ကျိန်း၀ပ်ရာ၊ မစ္ဆားပူဇော်ရာ ဘုရားခန်းအတွင်းမှာ ရဟန်းဘုန်းတော်ကြီးများ ဖိနပ်မချွတ်သလို၊ ကက်သလစ်ဘာသာ၀င်များလည်း ဘုရားကျောင်းထဲကို ၀င်တဲ့အခါမှာ ဖိနပ်မချွတ်ကြပါ၊ ကိုယ်တော်မြတ် ပင့်ယူတဲ့အခါမှာလည်း ဖိနပ်မချွတ်ကြပါ။ ဘာ့ကြောင့်ပါလဲ။

ဖြေ။ ။(ထွက်မြောက်ရာကျမ်း ၃း၅)ထဲက ထာ၀ရအရှင်ဘုရားသခင် မိုးဇယ္ကို မိန့်တော်မူခဲ့တဲ့" မချဉ်းနှင့်။ သင်၏ခြေနင်းကို ချွတ်လော့၊ သင်နင်းသောအရပ်ကား သန့်ရှင်းသောမြေ ဖြစ်၏"လို့ မြွက်တော်မူချက်ဟာ ပညတ်တော်မဟုတ်၊ ဓမ္မသတ်မဟုတ်။ ဖာရောဘုရင်ရဲ့ အမျက်တော်ဘေး၊ ဓါးဘေးကနေ လွတ်မြောက်ဖို့အတွက်၊ အီဂျစ်ပြည်ကနေ လောလောလပ်လပ် ထွက်ပြေးတိမ်းရှောင် လာတဲ့ အီဂျစ်ပြည်ဖွား၊ အီဂျစ်ပြည်မှာ ကြီးပြင်းခဲ့ရတဲ့၊ "ဟီဘရူး"အမျိုးသား မိုးဇယ်တစ်ယောက်၊ ဟောရပ်တောင်ပေါ် အရောက်မှာတော့

ချုံပုတ်တစ်ခုဟာ မီးတောက်မီးလျှံတွေနဲ့ လောင်ကျွမ်းနေပေမယ့်၊ ပြာကျ ကျွမ်းလောင်သွားခြင်းမရှိတဲ့ အံ့သြဖွယ်အဖြစ်ကို မိုးဇယ်က သွားအကြည့်မှာ ချုံပုတ်ထဲက အသံတော်ထွက်ပေါ်စေပြီး၊ မိုးဇယ်ကို ဒီနေရာဟာ သန့်ရှင်းတဲ့မြေ၊ ငါဘုရားရဲ့ တောင်တော်ဖြစ်တယ်၊

ဖိနပ်ချွတ်ပါလို့ မိန့်တော်မူလိုက်ခြင်းဟာ၊ မိုးဇယ်ကို မင်းထင်နေတဲ့ ရိုးရိုးမီးလောင်တဲ့ ချုံပုတ်မဟုတ်ဘူး၊ ငါဘုရားကိုယ်တော်မြတ်အနေနဲ့ ဟီဘရူး (ဂျူး)လူမျိုးတွေကို ဖါရောဘုရင်လက်က ကယ်တင်ဖို့ သင့်ကို အသုံးပြုမယ်ဆိုတဲ့ ခေါ်တော်မူခြင်းနဲ့တကွ၊ ဒီနေရာဟာ သန့်ရှင်းရာမြေတော်ဖြစ်လို့ အီဂျစ်ပြည်မှာ ကျင့်သုံးခဲ့တဲ့ ရိုးရာယဉ်ကျေးမှုဖြစ်တဲ့ ဘုရားကျောင်းကန် ပရ၀ုဏ် အတွင်းမှာလိုပဲ ဖိနပ်ချွတ်ပြီး ဘုရားကို ရိုသေလေးမြတ်ခြင်းပြုပါလို့ မိုးဇယ္ကို သတိပေးလိုက်ခြင်းဟာ အီဂျစ်ပြည်တခွင်မှာသာမက၊

အရှေ့တိုင်းသားများ အားလုံးရဲ့ ရိုးရာ ဓလေ့ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေပါတယ်၊၊ ထာ၀ရအရှင်ဘုရားသခင်ရဲ့ အလိုတော်ရင်းကတော့၊ ငါဘုရားနဲ့ ပတ်သက်တဲ့အရာ ဟူသမျှအားလုံးကို ရိုသေလေးမြတ်ခြင်း ပြုပါလို့ ဆိုလိုခြင်းဖြစ်ပါတယ်၊ ဖိနပ်ချွတ်ခိုင်းခြင်းက ပညတ်တော် မဟုတ်ပါ။

ရိုသေလေးမြတ်ခြင်းပြုရန်က ဘုရားရှင်ရဲ့ အလိုတော်ပညတ် ဖြစ်ပါတယ်၊၊ ဒါ့ကြောင့် ဘုရားနဲ့ နွယ်သမျှ၊ တရားတော်နဲ့ နွယ်သမျှ၊ သာသနာတော်နဲ့ နွယ်နေသမျှသော အရာ သတ္တဝါဟူသမျှကို ရိုသေလေးမြတ်မှု အစဉ်ပြု နေရပါမယ်။

ရိုသေလေးစားခြင်း၊ ရိုသေလေးမြတ်ခြင်း ဆိုတာ ဘာလဲ။

အဓိပ္ပါယ်သိဖို့ လိုအပ်ပါတယ်။ ရိုသေလေးမြတ်ခြင်းဆိုတာ အမျိုးမျိုး ရှိပါတယ်။ လက်တွေ့ဆန်တဲ့အပိုင်းကိုပဲ

ရွေးထုတ်ဖော်ပြရမယ်ဆိုရင် တစ်ယောက်သောသူရဲ့ ခံစားချက်၊ ခံယူချက်၊ လိုအပ်ချက်၊ အတွေးအခေါ်၊ ဆင်ခြင်ယူဆချက်၊ အထင်အမြင်များကို ဦးစားပေးပြီး၊ ဆင်ခြင်စဉ်းစားပေးခြင်း၊ ဦးစားပေးပြီး ထောက်ထားညှာတာ ပေးခြင်းများပြုရမှာ ဖြစ်သလို၊ တစ်ယောက်သောသူရဲ့ တန္ဖိုးထားတဲ့ ခံစားချက်၊ တန္ဖိုးထားတဲ့ ခံယူချက် အတွေးအခေါ်၊ ဆင်ခြင်ယူဆချက် ထျမြွာ၊ တန်ဖိုးအထားဆုံးအရာ၊ တန်ဖိုးအထားဆုံးသော ပြုမူချက်များကို တန္ဖိုး ထားပြီး လက်ခံပေးခြင်း၊ အသိအမှတ်ပြုပေးခြင်း၊ နားထောင်ပေးခြင်း၊ ဟန်ဆောင်မှု ကင်းကင်းနဲ့ အတူပေါင်းဖေါ်ခြင်း၊ လက်ခံခြင်း၊ တစ်ဦးစီရဲ့ ပုဂ္ဂိုလ်ရေးအစွမ်းအစ၊ ခံယူချက်၊ တန်ဖိုးထားချက်များအားလုံးကို လေးစား တန်ဖိုးထားခြင်းတွေပဲ ဖြစ်ပါတယ်။

ထာ၀ရအရှင်ဘုရားသခင်ဟာ လူကို ဖန်ဆင်းတဲ့နေရာမှာ တစ်ဦးနဲ့တစ်ဦး မတူညီအောင် အစွမ်းကိုယ်စီပေးကာ၊ ဖန်ဆင်းတော်မူပြီး တစ်ဦးချင်းစီရဲ့ မတူညီတဲ့ အစွမ်းကိုယ်စီ၊ တန်ဖိုးထားမှုကိုယ်စီကနေ ထွက်ပေါ်လာတဲ့ ဆက်ကပ်မှု၊ တုန့်ပြန်မှု၊ ရိုသေလေးမြတ်မှုတို့ကို တန်ဖိုးထားပြီး၊ မြတ်နိုးမှုအပြည့်နဲ့ လက်ခံတော်မူတယ်၊၊ ဒါဟာ မိမိရဲ့ မဟာလက်ရာတော်ဖြစ်တဲ့၊ မိမိ ဖန်ဆင်းထားတဲ့ လူသားတစ်ဦးချင်းစီကို လေးစား၊ တန္ဖိုးထား လက်ခံတော်မူခြင်းပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် လူတိုင်းဟာ မိမိတို့တစ်ဦးချင်းစီရဲ့ တန်ဖိုးအထားဆုံးအရာ၊ အမြတ်နိုးဆုံးအရာနဲ့ ဘုရားရှင်တော်မြတ်ကို ရိုသေလေးမြတ်ခြင်း ပြုကြဖို့က မဟာ၀တ္တရားကြီး ပင်ဖြစ်ပါတယ်။ တချို့ပုဂ္ဂိုလ်များဟာ ဘုရား ပန်းကပ်၊ ဆီမီး ဖယောင်းတိုင် ထွန်းညှိပူဇော်တဲ့ နေရာမှာ၊ ဖယောင်းတိုင်ကြီးကြီး၊ ပန်းပွင့်ကြီးကြီးတွေနဲ့ ပန်းတင်မှ၊ ဆီမီးပူဇော်ခြင်းများ ပြုရပါမှ အားရကျေနပ်ကြသလို၊ တချို့မှာ ဖယောင်းတိုင်ကြီးကြီးနဲ့ ပွင့်ကြီးကြီးများကိုမကြိုက်၊ ကဗျာဆန်ဆန် ပန်းသေးသေး၊ ကွေးကွေးလေးများကို ကြိုက်နှစ်သက်ကြပြီး၊ ဆီမီးပူဇော်တဲ့အခါမှာလည်း အရောင်မှိန်မှိန်လေးနဲ့ အတောက်သေးသေး မီးဇာလေးနဲ့ ဆီမီးပူဇော်ရပါမှ ကျေနပ်ပီတိ ဖြာနေတတ်ကြပါတယ်။ ဒါကို ပန်းပွင့်ကြီးကြီး၊ ဖယောင်းတိုင်ကြီးကြီးနဲ့ ပူဇော်ရပါမှ အားရ ကျေနပ်တတ်သူက ဖယောင်းတိုင်သေးသေး၊ ပန်းပွင့်သေးသေးကွေးကွေးလေးတွေကို ကဗျာဆန်ဆန် ပူဇော်ရပါမှ ကျေနပ်တတ်သူကို ကပ္စီးအိုး၊ ဖယောင်းတိုင်၀ယ်ရင်လည်း သေးသေးလေး၊ ပန်း၀ယ်ရင်လည်း သေးသေးလေးဆိုပြီး အပြစ်တင်လိုက်ပါက သူ့ရဲ့ တန်ဖိုးထားမှု၊ မြတ်နိုးမှုအပြည့်နဲ့ ကဗျာဆန်ဆန် ရိုသေလေးမြတ်ခြင်း အပြည့်နဲ့ထားတဲ့ ဆီမီးသေးသေး၊ ပန်းကွေးကွေးလေးများကို ဘုရားရှင်တော်မြတ်က မြတ်နိုးမှုအပြည့်နဲ့ လေးစားတန်ဖိုးထားလျက် လက်ခံတော်မူသော်ငြားလည်း၊ ဒါကို အမြင်လွဲလျက် ေ၀ဖန်သူမှာ တစ်ဖက်သူရဲ့ တန်ဖိုးထားမှု၊ မြတ်နိုးမှုများကို မေလးစားရာ၊ နားမလည်ရာ ရောက်ပါတော့တယ်။

ကမ်ဘာ့ အနောက်တိုင်းသားများ မှန်ရင် ကျောင်းကန်ဘုရားမဆိုထားနဲ့ ဘယ်လိုပါတီပွဲများကိုပဲ သွားသွား အမျိုးသမီးများအနေနဲ့ စိတ်တိုင်းကျ မလုံမလဲ၊ ဖယိုဖရဲ၀တ်ပြီး

သွားနိုင်လာနိုင်၊ ၀င်ထွက်နိုင်ကြပေမဲ့၊ အမျိုးသားများက ဘွတ်နဲ့ ရွှတ်နဲ့၊ ကုတ်အကျီၤနဲ့၊ နက်တိုင်နဲ့ အပြည့်၀တ်ဆင်ပါမှ ပါတီပြဲကို(သို့) ကျောင်းကန်ဘုရားကို ရိုသေရာ ရောက်တယ်ဆိုတဲ့ ရိုးရာ၊ ဓလေ့တန်ဖိုးထားချက်ကြောင့် တချို့သောပွဲတွေမှာ၊ တိုက္တာ အဆောက်အဦးများထဲမှာ ဘွတ်ဖိနပ်၊ ရှုးဖိနပ်မပါက ၀င်ခွင့်မရှိ၊ ညှပ်ဖိနပ်၊ကွင်းထိုးဖိနပ်များနဲ့တောင် ၀င်ရောက်ခွင့် မရှိပါ၊၊ ဒါပေမယ့် အရှေ့တိုင်းရိုးရာ ဓလေ့ယဉ်ကျေးမှုများမှာ ကျတော့ အမျိုးသားတွေအနေနဲ့ ပြဿနာမရှိပေမယ့်လည်း၊

အမျိုးသမီးများတွေ ဒူးပေါ် ပေါင်ပေါ် အ၀တ်အစားများ ၀တ်ဆင်သွားရင် အမ်ား အမြင်မသင့်ဆိုပြီး နှာခေါင်းရှုံ့လေ့ ရှိကြတယ် မဟုတ္လား။ ဖိနပ်စီးခြင်းနဲ့ ပတ်သက်ပြီး အရှေ့တိုင်းမှာ ကျောင်းကန်ဘုရားမဆိုထားနဲ့ အိမ်ထဲ၀င်ရင်တောင် ဖိနပ်စီးပြီး မ၀င်၊ ဖိနပ္စီး ၀င်ရင် ရိုင်းစိုင်းရာကျတယ်ဆိုတာ အများခံယူချက်ပါပဲ။ တချို့ ကပ္ပလီလူမျိုးများအတွက် အ၀တ်မပါ၊ ကိုယ်ထီးတည်းနဲ့ ဘုရား၀တ်ပြုခြင်းဟာ မရိုင်းပေမယ့်လည်း၊ မြန်မာလူမျိုးများအတွက်ကတော့ ကျောင်းကန် ဘုရားသြားသြား၊ လူကြီးလူကောင်းရှေ့မှာပဲ သွးသွား၊ လုံလုံခြုံခြုံ ၀တ်ဆင်ပြီးမှပဲ သွားလေ့ရှိတယ်။ အရှေ့အလယ်ပိုင်းဒေသများက အမျိုးသမီးတွေဆို ခေါင်းမြီးပင် ခြုံထားကြပါတယ်။ မြန်မာလူမျိုးများအတွက် ဖိနပ်ချွတ်ပြီး သွားခြင်းဟာ ဘုရားကျောင်းကန်ကို မဆိုထားနဲ့ လူကြီးသူမများကို ရိုသေရာဂါရ၀ပြုရာ ရောက်ပေသော်လည်း အနောက်နိုင်ငံသားများ အဖို့ကျတော့ ရိုင်းပြတဲ့ အမှုပြုရာ ရောက်နေပြန်ပါတယ်။

ဒါကြောင့် (ထွက်မြောက်ရာကျမ်း ၃း၅) ထာ၀ရဘုရားသခင်က မိုးဇယ်ကို မိန့်မြွက်တော်မူတဲ့ စကားတော်မြတ်ရဲ့ ဆိုလိုရင်း ကေတာ့၊ ငါ ဘုရားကိုယ်တော်မြတ်နဲ့ နွယ်သမျှသော ငါဘုရားရဲ့ သာသနာတော်၊ အသင်းတော်နဲ့ နွယ်သမျှသော လူပုဂ္ဂိုလ်၊ အရာခပ်သိမ်းအားလုံးတို့ကို ရိုသေလေးစားခြင်း၊ ရိုသေလေးမြတ်ခြင်းပြုကို ပြုကြရမယ်။ ဒါဟာ ငါဘုရားကိုယ်တော်ရဲ့ အလိုတော်မြတ်ပဲ ဖြစ်ပါတယ်။ မိမိတို့ ဦးထိပ်ထားဆုံးသောအရာ၊ တန်ဖိုးထားဆုံးသော အရာ၊ အမြတ်နိုးဆုံးသောအရာတွေ အားဖြင့် စိတ်အား ရွိသမွ်၊ ဉာဏ်ရှိသမျှ၊ အစွမ်းရှိသမျှ၊ ခွန်အားရှိသမျှနဲ့ ရိုသေကြပါ၊ ရိုသေလေးမြတ်ခြင်း ပြုကြပါ။ ရိုသေလေးမြတ်ခြင်းသည် ခရစ်ယာန်တိုင်း ပြုကို ပြုရမည့် ၀တ္တရားဖြစ်ပါတယ်ဆိုတာသာ အဓိကနားလည်ခံယူရမယ့် အရာဖြစ်ကြောင်း ဖြေကြားလိုက်ရပါတယ်။

ဘုန်းဘုန်းဒိုမီနစ်ဂြိုလ်တု

Crd!

 

Add new comment

1 + 0 =