ကက်သလစ်တိုင်း လေ့လာ သိရှိသင့်သော ယနေ့ခေတ် ကက်သလစ် အသင်းတော်အား ပုံဖော်ပေးသည့် ဒုတိယ အကြိမ် ကျင်းပသော ဗာတီကန် အသင်းတော် အစည်း အဝေး ကြီး အကျဉ်းချုပ်

ကက်သလစ်တိုင်း လေ့လာ သိရှိသင့်သော ယနေ့ခေတ် ကက်သလစ် အသင်းတော်အား ပုံဖော်ပေးသည့် ဒုတိယ အကြိမ် ကျင်းပသော ဗာတီကန် အသင်းတော် အစည်း အဝေး ကြီး အကျဉ်းချုပ်

 

အင်္ဂလိပ် အခေါ်  - Vatican Council 2

လက်တင်အခေါ်  - Concilium Oecumenicum Vaticanum Secundum

 

ကွန်စီလီယွန် အီကူမန်နီကွန် ဗာတီကာနွမ် စက်ကွမ်ဒွမ်ကက်သလစ် ခရစ်ယာန် တစ်ဦး ဖြစ်လာပြီဆိုရင်

ယနေ့ ခေတ် ကက်သလစ် အသင်းတော်ကို ပုံဖော်ပေးထားတဲ့ ဒီ သာသနာ့ အစည်းအဝေးကြီးကို မသိလို့ မဖြစ်ပါဘူး။  

 

ဒီ သာသနာ့ အစည်းအဝေး Vatican Council 2 ဟာ ကက်သလစ် အသင်းတော်ကို ပြန်လည် ဆန်းသစ်မှုကို ပုံဖော်ပေးတဲ့ အံ့ဖွယ် အစည်းအဝေးကြီး ဖြစ်ပါတယ်။

 

ဒီ သာသနာ့ အစည်းအဝေးကြီးမှာ ၃ နှစ် ၂ လ ကြာ ကျင်းပခဲ့ပြီး ပုပ်ရဟန်းမင်းကြီး နှစ်ဆက် ကြားကာလ ဖြစ်ခဲ့ပါတယ်။

 

ပုပ်ဂျွန် ၂၃ ဟာ ဗာတီကန် ၂ အစည်းအဝေးကို စတင်ခ့ဲပြီး အစည်းအဝေးကြီး တဝက်မှာ ကွယ်လွန်သွား တ့ဲ အတွက် ပုပ် ပေါလ် ၆ တက်လာပြီး အစည်းအဝေးကို ဆက်လက်ကျင်းပခ့ဲတာ ဖြစ်ပါတယ်။

ဒီ ၃ နှစ် ၂ လ အတွင်းမှာ ကက်သလစ် ဆရာတော်နှင့် သီအိုလော်ဂျီ၊ ဓမ္မသဂြိုလ် ပညာရှင်များအပြင် ဘာသာပေါင်းစုံမှ ကိုယ္စားလွယ္မ်ား စုစုပေါင်း နှစ်ထောင့် ခြောက်ရာကျော် (၂၆၂၅ ဦး) တက်ရောက်ခဲ့ပါသည်။

 

ကျင်းပရာ နေရာ

- ဗာတီကန်နိုင်ငံတော်၊ စိန့်ပီတာ ကျောင်းတော်ကြီး St. Peters Basilica

 

ကျင်းပသည့် အချိန်ကာလ

- ၁၉၆၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ မွ ၁၉၆၅ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့ အသင်းတော် အစည်း အဝေးအား ကျင်းပရန် စတင်ဦးဆောင် ကြေညာသူ

- Saint Pope John 23rd - စိန့် ပုပ်ရဟန်းမင်းကြီး ယောဟန် (၂၃)ဗာတီကန် (၂) အစည်းအဝေးကြီး၏ ဥက္ကဌ ဖြစ်သူ

- ပုပ်ရဟန်းမင်းကြီး ယောဟန် (၂၃)နှင့် (ပုပ်ဂျွန် ၂၃ ကွယ်လွန်အပြီး) ပုပ်ရဟန်းမင်းကြီး ပေါလ် (၆)

တက်ရောက်သူ အရေအတွက်  - ၂၆၂၅ ဦး

 

 

ဆွေးနွေးခဲ့သည့် ခေါင်းစဉ်များ

- စစ်မှန် စုံလင်သည့် တစ်ခုတည်းသော ခရစ်ယာန် ဘာသာတရား ဖြစ်သည့် ကက်သလစ် အသင်းတော် အနေဖြင့်

- အခြား ဘာသာတရားများဖြင့် ဆက်ဆံရေး၊

- ခေတ်သစ်ကမ္ဘာကြီးဖြင့် ဆက်ဆံရေး၊

- သာသနာ့ဘောင်အတွင်းရှိ ရဟန်းသီလရှင်များ၏ အမှုတော်ဆောင်ခြင်းဆိုင်ရာ ပြန်လည်ဆန်းသစ်ခြင်းနှင့်

- မစ+ဆားတရားတော်မြတ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ အပြင်

- အခြားသော အကြောင်းအရာများအား ဆွေးနွေးဆုံးဖြတ်ခဲ့သည်။

Topics The Church in itself, its sole salvific role as the one, true and complete Christian faith, also in relation to ecumenism among other religions, in relation to the modern world, renewal of consecrated life, liturgical disciplines, etc.

 

 

ဗာတီကန် ကောင်စီ ၂ ဆိုင်ရာ စာတမ်းများ၊ ထုတ်ပြန်ချက်များ

 

Four Constitutions (အခြေခံဥပဒေ ၄ စောင်)

 

၁. Sacrosanctum Concilium ဆက္ကရိုဆန္တို ကွန်ဆီလီယွန် (Constitution on the Sacred Liturgy) သန့်ရှင်းမွန်မြတ်သော မစာၦးတရားတော် ဆိုင်ရာ အခြေခံဥပဒေ

၂. Lumen gentium လူမန် ဂျန်တီရွမ် (Dogmatic Constitution on the Church) အသင်းတော် ဆိုင်ရာ ယုံကြည်ခြင်း အခြေခံ ဥပေဒ

၃. Dei verbum ဒီရေ ဗာဗွန် (Dogmatic Constitution on Divine Revelation) သန့်ရှင်းသော သမ္မာကျမ်းစာဆိုင်ရာ ယုံကြည်ခြင်း အခြေခံ ဥပေဒ

၄. Gaudium et spes ဂွာဒီယမ် အက် စပယ့်စ် (Pastoral Constitution on the Church in the Modern World) ခေတ်သစ်ကမ္ဘာကြီးတွင် အသင်းတော်၏ အမှုတော်ထမ်းဆောင်ခြင်း တာဝန်ဆိုင်ရာအခြေခံဥပဒေ

 

Three Declarations: ကြေညာချက် ၃ စောင်

၁. Gravissimum educationis ဂရာဒစ်ဆီမွန် အက်ဂျူကားရွှန်းနစ် (Declaration on Christian Education) ခရစ်ယာန် ပညာရေးဆိုင်ရာ ကြေညာချက်

၂. Nostra aetate နော်စရာ အေတီယေး (Declaration on the Relation of the Church to Non-Christian Religions) ကက်သလစ် ခရစ်ယာန် အသင်းတော်၏ အျခား ဘာသာတရားများနှင့် ဆက်ဆံရေး ဆိုင်ရာ ကြေညာချက် အလွန် နာမည်ကြီး၍ ကမ္ဘာမှ လေးစား အသိအမှတ်ပြုသော ထုတ်ပြန်ကြေညာချက်

၃. Dignitatis humanae ဒစ်နေတာတစ် ဟူးမားနေ (Declaration on Religious Freedom) ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကြေညာချက်

 

 

Nine Decrees: ညွှန်ကြားချက် ၉ စောင်

 

၁. Inter mirifica အင်တာ မီရီဖီကာ (Decree on the Media of Social Communication) လူမှု ဆက် သွယ်ရေး သတင်းမီဒီယာ ဆိုင်ရာ ထုတ်ပြန် ညွှန်ကြားချက်

 

၂. Orientalium Ecclesiarum အော်ရီရမ်တယ်လီရွမ် အီကလေးဆီရာရွန် (Decree on the Catholic Churches of the Eastern Rite) အရှေ့တိုင်း ကက်သလစ် ဒေသအလိုက် အသင်းတော်များ ဆိုင်ရာ ညွှန် ကြားချက်

 

၃. Unitatis redintegratio ယူနီတာတစ် ရယ်ဒင်တီဂရာရိုး (Decree on Ecumenism) ခရစ်ယာန် အသင်းတော်များ ပေါင်းစည်းညီညွတ်ရေးဆိုင်ရာ ညွှန်ကြားချက်

 

၄. Christus Dominus ခရစ်စတုစ် ဒိုမီနုစ် (Decree on the Pastoral Office of Bishops in the Church)

ကက်သလစ် အသင်းတော် အတွင်း ဆရာတော်၊ ဘိရှော့များ၏ လုပ်ငန်းဆိုင်ရာ ရုံးအတွက် ညွှန်ကြားချက်

 

၅. Perfectae caritatis ပါဖက်တေး ကာရီးတစ် (Decree on the Adaptation and Renewal of Religious Life) သာသနာ့ဘောင်အတွင်းရှိ ရဟန်းသီလရှင်များ၏ အမှုတော်ဆောင်ခြင်းဆိုင်ရာ သဟဇာတဖြစ်ခြင်းနှင့် ပြန်လည်ဆန်းသစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်

 

၆. Optatam totius အိုတာတမ် တိုတီရစ် (Decree on Priestly Training) ရဟန်းဘုန်းတော်ကြီးဆိုင်ရာ လေ့ကျင့်ပျိုးထောင်ပေးရေး ဆိုင်ရာ ညွှန်ကြားချက်။

 

၇. Apostolicam actuositatem အက်ပိုစတိုးလီကွမ် အက်တူအိုဆစ်တာတမ် (Decree on the Apostolate of the Laity) သာမန် လူဝတ်ကြောင် ကက်သလစ်များ ၏ အမှုတော် ထမ်းဆောင်ခြင်းဆို်င် ညွှန်ကြားချက်။

၈. Ad gentes အက် ဂျန်တက်စ် (Decree on the Mission Activity of the Church) ကက်သလစ် အသင်းတော်၏ သာသနာ ပြုခြင်း လုပ်ငန်းဆိုင်ရာ ကြေညာချက်။

 

၉. Presbyterorum ordinis ပရက်စ်ဘိုင်တာရိုရွန် အော်ဒါနစ်  (Decree on the Ministry and Life of Priests ရဟန်းဘုန်းတော်ကြီးများ၏ အမှုတော်ထမ်းဆောင်ခြင်း လုပ်ငန်းနှင့် ဘဝသက်တာဆိုင်ရာ ကြေညာချက်။အစရှိတာတို့ ဖြစ်ပါတယ်။

 

ယခု ဖော်ပြချက်ဟာ အတိုချုံဖော်ပြချက်ဖြစ်ပြီး အသေးစိတ် သွန်သင်ချက်များကို လေ့လာနိုင်ဖို့ ဒီမွာ ခ်ျပတာ ဖြစ်ပါတယ်။

Holy Spirit သန့်ရှင်းသော ဝိညာဉ်တော် ဘုရားတည်ရှိသော ကက်သလစ် အသင်းတော် အနေဖြင့်  မူရင်း သမ္မာကျမ်းစာ Scripture နှင့်  နှစ် ၂၀၀၀ ထုံးတမ်း အစဉ်အလာ Tradition အား ပြန်လည် သုံးသပ် အသုံး ပြုကာ

 

by the Power of the Holy Spirit ဝိညာဉ်တော် ဘုရား၏ ဉာဏ် အလင်းကျေးဇူးဖြင့် ယခုကဲ့သို့ သော ခေတ်သစ်ကမ္ဘာအတွက် တန်ဖိုးရှိသော ကြေညာချက် ထုတ်ပြန်ချက်များကို သခင်ခရစ်တော်နှင့် တပည့် တော် Apostles မ်ား ကွယ်လွန်အပြီး ပြုလုပ်ခဲ့သော သာသနာ့ အစည်းအဝေးကြီးများ Ecumenical Councils ကဲ့သို့ပင် လွန်ခဲ့သော နှစ် ၅၀ က ကျင်းပနိုင်ခဲ့ပါတယ်။ ဒါကို စဉ်ဆက်မပြတ် သန့်ရှင်းစေခြင်း Constant Purification လို့လည်း ခေါ်ပါတယ်။

 

ကက်သလစ် ခရစ်ယာန်များ မိမိ အသင်းတော်၏ ညွှန်ကြားချက်များအား လေ့လာသိရှိခြင်းဖြင့် ပတ်ဝန်းကျင်အတွက် အကျိုးရှိသော သူများ ဖြစ်ကြပါစေ။

Lawrence Jangma Mung Song

 

Add new comment

3 + 9 =