"ကက်သလစ်အသင်းတော်သမိုင်းအကျဉ်း"

 "ကက်သလစ်အသင်းတော်သမိုင်းအကျဉ်း"

"Catholic Church” ဟုစတင်ခေါ်သည့်ရှေးဦးခရစ်ယာန်ခေါင်းဆောင်များ

(ကက်သလစ်အသင်းတော်ကို ခရစ်ယာန်ဘာသာဟုခေါ်)

“ အေဒီ(၃၃) မှစပြီးခရစ်တော်တည်ထောင်သော ကက်သလစ်အသင်းတော်သမိုင်း( History of Catholic Church)”

            ရှေးဦးခရစ်ယာန်တွော ကက်သလစ်အသင်းတော်ဘာသာဝင်များသာဖြစ်ကြောင်းလေ့လာကြမည်။ လူတိုင်းသိသင့်တာကတော့ အေဒီ(၃၀-၁၀၇) အထိ ခရစ်တော်ကိုယုံကြည်ပြီး တမန်တော်များတရားဟောချက်ကို လိုက်နာသောမြို့အသီးသီးကခရစ်ယာန်အားလုံးကို စုပေါင်းပြီး “Catholic Church)ကက်သလစ်အသင်းတော်ဟုျခါ်သည်။ ထိုမြို့များတွင် “ဂျလုစလင်မြို့ကခရစ်ယာန်များ၊ ရောမမြို့ကခရစ်ယာန်များ၊ ကောလောသဲမြို့ကခရစ်ယာန်များ၊ ကောရိန်ဒူးမြို့ကခရစ်ယာန်များ၊ သက်ဆာလောနိတ်မြို့ကခရစ်ယာန်များ၊ အန်တီအုပ်မြို့က ခရစ်ယာန်များ၊ ဧဖက်မြို့ကခရစ်ယာန်များ၊ ဂလာတိမြို့က ခရစ်ယာန်များ နှင့်ဖိလိပ္ပိမြို  ့ခရစ်ယာန်များ ပါဝင်ကြသည်။ ထိုမြို့အားလုံးကို ရောမမြို့ကရုံးစိုက်သော ရောမအင်ပါယာနယ်မြေတွင်ရှိကြသည်။

           အထက်ကဖော်ပြသော ရှေးဦးခရစ်ယာန်ကနေ မဆင်းသက်လာသော ခုခေတ်အသင်းတော်ပေါင်း(၄၀၀၀၀) ကျော်မှာ ကိုယ့်အသင်းတော်က ဘယ်ကနေလာသလဲဆိုတာသိဖို့လိုအပ်တယ်။ ခရစ်တော်ကနေလာသလား။ လူသားတွေပဲတည်ထောင်သလားဆိုတာ သိပြီး  အသင်းတော်ကို ရွေးချယ်သင့်သည်။ ခရစ်ယာန်လို ့ပြောရုံနှင့် အဲခရစ်ယာန်ဆိုတာ ဘယ်လိုစလာပြီး ဘယ်လို တည်မြဲလာတာကို ပြောပြတတ်ရမည်ဖြစ်သည်။ စစ်မှန်သော အသင်းတော်ကို ထားခဲ့လျက် လူတည်ထောင်သည့် အသင်းတော်ထဲ ဘာလို ့ အချိ်န်ဖြုန်းနေရမလဲ။ အမှန်ကိုသိရင် အဲအမှန်ကိုသာလိုက်ရမယ်။ သိလျက်နှင့် မသိဟန်ဆောင်ခြင်း ဟာ သန် ့ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားတဲ့အပြစ်ဟု ကျမ်းစာကဆိုထားတယ်။ ကိုယ်ကအမှန်ကိုသိလျက် သူတစ်ပါးကလည်း အဲမှန်ကန်သာအသင်းတော်ကို မသွားအောင် လိမ်ပြီး တားဆီးတယ်။ ကိုယ်ကိုယ်တိုင်ကလည်း အဲမှန်ကန်သော အသင်းတော်ထဲ မသွားဘူးဆိုရင်  ခရစ်တော်ဆုံးမလိုက်တဲ့ ကောင်းကင်တံခါးကိုပိတ်သော ဖာရိရှဲများဖြစ်လာကြမယ်။

             တကယ်တော့ ခရစ်ယာန်ဘာသာကို နာမည်သုံးမျိုးနှင့်တွေ  ့နိုင်တယ်။ အေဒီ(၃၀-၃၃) ဝန်းကျင်တွင် ပထမဆုံး”ခရစ်တော်ရဲ  ့အသင်းတော်”ဟုတွေ  ့ရသည်။ ဘာကြောင့်ဆိုရင်ခရစ်တော်ကပေတရုကို “သင့်ပေါ်မှာ ငါ၏အသင်းတော်တည်ဆောက်မည်”ဟု ရှင်မသဲ(၁၆:၁၈) တွင်ပြောသောကြောင့်ဖြစ်တယ်။

       အေဒီ(၃၃-၃၅) ဝန်းကျင်မှာတော့ ဒုတိယအကြိမ်အနေဖြင့် ထိုခရစ်တော်ရဲ  ့အသင်းတော်ထဲဝင်ပြီးခရစ်တော်ကိုယုံကြည်လာတပည့်များကိုအန်တီအုပ်မြို့မှာစပြီး”ခရစ်ယာန်များ”ဟုစတင်ခေါ်လာကြသည်( တမန်တော် ၁၁:၂6)။

       အေဒီ(၁၀၇) အရောက်မှာတော့ တမန်တော်များရဲ  ့တပည့်ရင်း ဖြစ်သော “St. Igntius of Antioch) က တတိယမှာတော့ ထိုသို့ခရစ်ယာန်ဖြစ်လာသည့်တပည့်များအားလုံးကို “Catholic Church( တလောကလုံးနှင့်ဆိုင်သောအသင်းတော်)”ဟု အန်တီအုပ်မြို့သား ဆရာတော်ကြီး”St.  Igntius (AD 35-107)”ကထပ်ခေါ်သည်။တကယ်တော့ “Catholic Church “ဆိုတာ ရောမအင်ပါယာတွင် ရှိလာခဲ့ကြသော ခရစ်ယာန်အားလုံးကို ပေါင်းပြီး ခေါ်သော နာမည်ဖြစ်သည်။

      အဲတာကြောင့်  ကက်သလစ်အသင်းတော်ကြီးကို ခရစ်တော်ရဲ  ့အသင်းတော်ဟု ခေါ်သလို ပထမဆုံးခရစ်ယာန်များဟုလည်းခေါ်သည်။ နာမည်အခေါ်အဝေါ်ပြောင်းတာနှင့် ခရစ်တော်ရဲ  ့အသင်းတော်ဖြစ်ခြင်းကနေ လွဲချော်သွားတာမဟုတ်ပေ။ တကယ်လွဲချော်သွားတဲ့အသင်းတော်တွေက အေဒီ(၁၅၁၇) နောက်ပိုင်း ကက်သလစ်အသင်းတော်ကနေ ခွဲထွက်လာသော အသင်းတော်များသာဖြစ်သည်။

     သမိုင်းအရ ခရစ်ယာန်အားလုံးကိုကက်သလစ်အသင်းတော်(Catholic Church) ဟုစတင်သုံးစွဲလာသောရှေးဦး ခရစ်ယာန်များနာမည်များကို ဖော်ပြပေးချင်ပါသည်။

      (၁) အေဒီ(၃၅-၁၀၇) ကြားတွင်အသက်ရှင်ခဲ့ပြီး တမန်တော်များနှင့်အတူသွားလာခဲ့သော သူဖြစ်သလို အထူးသဖြင့် တမန်တော်ကြီးပေတရုတပည့်ဖြစ်ခဲ့သည့် အန်တီအုပ်မြို့သား (St. Igntius of Antioch) ကတော့ အခုလို ပဲ ရောမအင်ပါယာအတွင်း နေထိုင်ခဲ့ကြသည့် ခရစ်ယာန်များကို ဆုံးမခဲ့သည်။ သူရေးသားချက်မှာ “အသင်းတော်( တစ်ခု) နှင့်ပတ်သက်ပြီးတော့ ဆရာတော်ကြီးမရှိဘဲ ဘယ်သူမှ မည်သည့်အရာမှ ဆောင်ရွက်ခြင်းမရှိသင့်ပေ.... ခရစ်တော်ရှိသည့်နေရာတိုင်းတွင် ကက်သလစ်အသင်းတော်( Catholic Church) ရှိသကဲ့သို ့ ဆရာတော်ကြီး( Bishop) ရှိသည့်နေရာတိုင်းတွင် ယုံကြည်သူရှိသည်”ဟု သူ ့ရဲ  ့”Letter of Smyrnaeans 8”တွင်ရေးသားခဲ့သည်။

        “Smyrnaeans” လူတွေဆိုတာ “Smyrna” မြို့ရှိခရစ်ယာန်များကို ရေးခဲ့ဖြစ်ပြီး ရှေးခေတ်ဂရိတ်ပြည်ရဲ  ့မြို  ့တစ်ခုဖြစ်ခဲ့သည်။ ခုခေတ်အနီးစပ်ဆုံးမြို့ပြောရရင် “Turkey” ဖြစ်မည်။ ဗျာဒိတ်ကျမ်း(၂:၈) တွင် “And unto the angel of the church in Smyrna write; These things saith the first and the last, which was dead, and is alive”ဟု ရေးသားရာတွင် ထိုမြို့အတွက်သတိပေးစာအကြောင်းပါဝင်သည်။ “St. Igntius “ကလည်း ရောမဘုရင်ရဲ  ့အမိန် ့အရ ရောမမြို့မှာ ခြေင်္သေ့စာကျွေးခံရဖို ့ ခရီးသွားစဉ်တွင် သူ ့ရဲ  ့ကက်သလစ်ဘာသာတူများကို နောက်ဆုံး ဆုံးမစာရေးကာ အားပေးခဲ့ကာ ဆရာတော်ရဲ  ့အရေးကြီးပုံကို တင်ပြခဲ့သည်။ ဒီအဖြစ်အပျက်ဟာ အေဒီ(၁၀၇) တွင် ဖြစ်ပျက်ခဲ့ကြောင်း သမိုင်းအရ တွေ  ့ရှိ ရသည်။   

             (၂) ကက်သလစ်အသင်းတော်( Catholic Church)ဟု ထပ်မံအသုံးပြုကြသည့် သမိုင်းကို ဖော်ပြချင်ပါသည်။ အဲအကြောင်းကတော့ “St. Polycarb of Smyrna”အကြောင်းမှသိရသည်။ “St. Polycarb “ ဟာ အေဒီ(၆၉-၁၅၅) အကြားပသက်ရှင်ခဲ့သူဖြစ်သည်။ သူဟာ လည်း “Smyrna “မြို့သားဖြစ်သည်။ သူသည်လည်း ရောမဘုရင်ရဲ  ့ခရစ်တော်ယုံကြည်သည့်အတွက် အသတ်ခံခဲ့သည်။ သူ ့ရဲ  ့အသတ်ခံခြင်း၊ သူ  ့ရဲ  ့ဘာသာတူတွေအတွက် ကြိုးစားအားထုတ်ခြင်း နှင့် ခရစ်တော်ဘုရားအပေါ် ဘယ်လောက်ထိယုံကြည်ခြင်းကို မြင်ရသူတိုင်းဟာ အလွန်ပင် ယုံကြည်ခြင်းတိုးပွားခဲ့ကြသည်။ သူ ့ရဲ  ့အသတ်ခံသည့် မြင်ကွင်းကို မြင်ခဲ့ရသည့် သူ ့နောက်လိုက်တစ်ယောက်ရဲ  ့မျက်မြင်သက်သေနှင့်အတူ ပြန်လည်ပြောပြခဲ့သည့် စာတွင်( Catholic Church)စကားလုံးသုံးလာပုံကိုအခုလိုတွေ ့ရသည်။

           သူ ့စာထဲတွင်”ရောမစစ်သားရဲ  ့ညှင်းပန်းနှိပ်စက်ခြင်းတွေကို စိတ်ရှည်သီးခံရင်း “St. Polycarb”သည် မသေနိုင်သော ကောင်းကင်ဆုသရဖူကို ရခဲ့သည်။ အဲကြောင့်သူသည် အခုချိန်တွေ ကောင်းကင်ရောက်သော သူတော်ကောင်းများ၊ တမန်တော်များနှင့်အတူ ဝမ်းမြောက်လျက် ခမည်းတော်ကို ချီးမွမ်းကိုးကွယ်ရင်း သားတော်ကိုလည်း ကောင်းကြီးပေးချီးမွမ်းနေသည်။ ထိုသားတော်သည် ဝိညာဉ်အားလုံးရဲ  ့ကယ်တင်ရှင်၊ ခန္ဓာအားလုံးရဲ  ့အုပ်စိုးရှင်၊ တလောကလုံးမှာရှိသော ကက်သလစ်အသင်းတော်( Catholic Church)ရဲ  ့သိုးထိန်းရှင်ဖြစ်သည်”ဟု အေဒီ(၁၅၆) တွင် “The Martyrdom of Polycarb 19”တွင်ရေးခဲ့သည်။ “St. Polycarb “ဟာ တမန်တော်ကြီး ယောဟန်ကို မျက်စိဖြင့် တကယ်မြင်ခဲ့သူဖြစ်ကြောင်း ၊ ယောန်ရဲ  ့တပည့်ရင်းဖြစ်သဖြင့် ရှေးဦးခရစ်ယာန်များအကြား အလွန်ပင်နာမည်ကြီးသောသူဖြစ်သည်။

         (၃) အေဒီ(၁၇၈) ဝန်းကျင်တွင်ရေးသားသော  “Muratorian Fragment” သို့မဟုတ် “Muratorian Canon”တွင် ရေးသားချက်အရ “ပေါလုသည် ဖိလမုန်သြဝါဒစာ၊ တိတုသြဝါဒစာ၊ တီမောတီသြဝါဒစာ(၂) စောင်တို ့ကို ရေးသဖြင့် ဒီကျမ်းတွေကို ကက်သလစ်အသင်းတော်( Catholic Church)မှာ တရားဝင်ကျမ်းစာအဖြစ်သုံးကြသည်။ ထို့အပြင် ပေါလု သို့မဟုတ် အယူလွဲ Marcion) ရေးသည်ဟုယုံကြည်ရသော “Laodiceans”များသို့ရေးသောစာ၊ Alexandrias များသို့ရေးသောစာ နှင့် အခြားသော စာပေများကိုတော့ ကက်သလစ်အသင်းတော်( Catholic Church)တွင် ကျမ်းစာအဖြစ်လက်မခံကြတာဟာ တခြားသော ကျမ်းများနှင့်လွဲချော်နေသောကြောင့်ဖြစ်သည်။

         ထို့အပြင် ယုဒသြဝါဒစာ၊ တိတု၊ ၂ တီမောတီ  နှင့် ယောဟန်သြဝါဒစာများကိုလည်း ကက်သလစ်အသင်းတော်( Catholic Church) တွင်အသုံးပြုကြကာ ရှောလုမုန်ကို ကြည်ည်ညိုသောသူ ့သူငယ်ချင်းများရေးသည်ဟု ယုံကြည်ရသော “The Book of Wisdom “ကိုလည်း( Catholic Church) တွင်သုံးကြသည်”ဟု ရေးသားခြင်းဖြင့် “Catholic Church “တည်ရှိလာခြင်းကိုမှတ်တမ်းတင်ခဲ့သည်။ အထက်က စာအရ ဓမ္မသစ်ကျမ်းတွင်(၂၂) စောင်ကျမ်းစာအဖြစ်လက်ခံကြသေးကာ ကျန်( ၅) စောင်ကို ကျမ်းစာထဲတွင်တရားဝင်ကက်သလစ်အသင်းတော်က မထည့်ရသေးချိန် က အဖြစ်အပျက်ဖြစ်သည်။ အေဒီ(၃၉ ရ) ရောက်မှ ကက်သလစ်အသင်းတော်က ဓမ္မသစ်ကျမ်းမှာ(၂၇) စောင်ရှိဖို့ရန် သတ်မှတ်ခဲ့သည်။

         (၄) ဓမ္မဟောင်းကျမ်းက ဘုရားဟာ ဘုရားစစ်မဟုတ်ဆိုကာ အယူလွဲ လာသည့် “Marcion” နှင့် “Valentinus”ဟာ ဘုရင် “Antonius”လက်ထပ်မှာ အသက်ရှင်ခဲ့ကြပြီး ပထမမှာတော့ ကက်သလစ်အသင်းတော်( Catholic Church)ရဲ  ့သွန်သင်ချက်ကို ယုံကြည်သူများဖြစ်ခဲ့ကြသည်။ ထိုအသင်းတော်ဟာ ရောမမြို့ကို အခြေစိုက်ပြီး တမန်တော်အရာဆက်ခံလာသော “Pope Pope St. Eleutherius (Eleutheros)”က အသင်းတော်ကို ဦးဆောင်သောအချိန်ဖြစ်သည်။ (သူဟာ အေဒီ(174-189) အကြားတွင် ပုပ်ရဟန်းဖြစ်ပြီး အသင်းတော်ရဲ  ့(၁၃) ပါးမြောက်ရဟန်းမင်းဖြစ်သည်)။ အထက်က “Marcion “နှင့်”Valentinus”တို့ဟာမှားယွင်းလာကြပြီး ညီအစ်ကိုတချို့ကိုလည်း အမှားထဲရောက်စေကြသောကြောင့် နှင်ထုတ်ခြင်းခံကြသည်”ဟု အေဒီ(၁၅၅-၂၂၀) ကြားအသက်ရှင်သည့် ကက်သလစ်စာရေးဆရာ “Tertullian of Carthage “ကရေးသားခဲ့သည်။

           (၅) “St. Cyprian of Carthage”ဟာ ဆရာတော်တစ်ပါးဖြစ်ခဲ့ပြီး သူဦးဆောင်သည့်အသင်းတော်ဟာ”Catholic and One”တလောကလုံးနှင့်ဆိုင်ပြီး တစ်လုံးတစ်ဝဖြစ်သည့်အတွက် ခရစ်တော်နှင့်လည်း တစ်လုံးတဝရှိသလိုဦးဆောင်သော ရဟန်းများအပြန်အလှန်ဆက်နွယ်ခြင်းနှင့်ရှင်သန်သည်”ဟုရေးခဲ့သည်။ Bishop St. Cyprian ဟာ အေဒီ(၂၀၀-၂၅၈) အတွင်းအသက်ရှင်ခဲ့သည်။

          (၆) အေဒီ(၃၂၅) မှာတော့  “First Council of Nicaea “ကို “Pope Sylvester I”ဦးဆောင်မှဖြင့် ကျင်းပခဲ့ကြတယ်။ အဲလိုကျင်းပကြခြင်းဟာ “Arius “ဟုခေါ်သောဆရာတော်တပါးရဲ  ့မှားယွမ်းလာခြင်းကြောင့်ဖြစ်သည်။ အဲအမှားကတော့ ခရစ်တော်က ဘုရားမဟုတ်ဘဲ လူသက်သက်သာဖြစ်သည်ဟု ယုံကြည်ခြင်းဖြစ်သည်။ ထိုအဆိုဟာ မှားကြောင်းဆရာတော်ကြီးများစုကြကာ အစည်းဝေးကိုတက်ကြသည်။အဲအချိန်မှာ” မှားယွင်းသည့် “Arius”အဖွဲ ့ကို အသင်းကနေ ပယ်ထုတ်သူမှာ “Catholic Church “ကက်သလစ်အသင်းတော်”ဖြစ်သည်”ဟု “Nicene Creed 325”စာပေတွင်တွေ  ့ရသည်။

        (၇) ပုပ် ရဟန်းရာထူးကို တက်လုခဲ့သော Antipope “Novatian”နောက်လိုက်များဟာ အေဒီ(၂၅၀) နောက်ပိုင်းတွင်ပေါ်ပေါက်ခဲ့သည်။ သူတို့ရဲ  ့ယုံကြည်ချက်ကတော့ အပြစ်ရှိသောသူဟာ အသင်းတော်ထဲပြန်လာရင်တောင် ရဟန်းတွေရဲ  ့ထပ်မံဆေးကြောခြင်းအပြစ်ပြန်တောင်းပန်ခြင်းမလိုဟုလက်ခံသောသူများဖြစ်သည်။ သို့သော်လည်း တမန်တော်ကြီးများကနေဆင်းသက်လာသော ကက်သလစ်အသင်းတော်( Catholic Church)ကို ပြန်လာသော ဘုရင်ရဲ ့သတ်ဖြတ်ချိန်မှာ ခရစ်တောကိုစွန် ့ကြသော သူများ၊သစ္ဓာဖောက်ခရစ်ယာန်များကို နောင်တပြန်ရစေပြီး အပြစ်ခွင့်လွှတ်ခြင်းများကိုရဟန်းများကနေ ပြန်လည်လက်ခံကြရန် အသင်းတော်ထဲပြန်လက်ခံရမည်” ဟု ကောင်စီကဆုံးဖြတ်ကြောင်းသိရသည်( Canon 8, AD 325)။

        (၈) “Catholic Church “ကက်သလစ်အသင်းတော်ကို ပြန်လာချင်သော “Paulianists”တွေဟာ Baptism ကိုပြန်လည်ခံကြသင့်ကြောင်း၊ ရဟန်းဖြစ်လျက် “Paulianism”ကိုလက်ခံသောသူများဟာ Baptism ခံပြီးနောက် ဆရာတော် ရဲ  ့လက်တင်ခြင်းဖြင့်ရဟန်းသိက္ခါပြန်ယူရမည်”ဟုကောင်စီကသတ်မှတ်သည်( Canon 19, AD 325)။

         (၉) အေဒီ(၃၁၃-၃၈၆) အတွင်းအသက်ရှင်သော ဂျေလုစလင်မြို့က ဆရာတော် “St. Cyril of Jerusalem” က “အသင်းတော်သည် ကက်သလစ်( Catholic) ဖြစ်သည်။ အကြောင်းကတော့ စစ်မှန်သောတရားကို တလောကလုံးကို သင်ကြားသောကြောင့်ဖြစ်သည်”ဟု “Catechetical Lectures 18:23) တွင်ရေးသားသည်။

          (၁၀) အေဒီ(၃၈၁) တွင်အရှေ  ့တိုင်း ကွန်စတင်တီနိုပယ်မြို့မှာ ကျင်းပသော “Council of Constantinople I” ရဲ  ့ဆုံးဖြတ်ချက်အရ “We believe in One, Holy , Catholic and Apostolic Church “( တမန်တော်ကြီးများကဆင်းသက်လာသော၊တစ်လုံးတစ်ဝတည်းရှိသော၊သန် ့ရှင်းသော ကက်သလစ်အသင်းတော်( Catholic Church) ကို ကျွန်တော့ယုံကြည်ပါ၏”ဟုဆုံးဖြတ်ကြသည်( Nicene Creed, AD 381)။

          (၁၁) အေဒီ(၃၅၃-၄၃၀) အကြားအသက်ရှင်သော အတွေးအခေါ်ပညာရှင် ဆရာတော်ကြီး( St. Augustine) ကလည်း သူ ့ရဲ  ့”စစ်မှန်သော ဘာသာ”စာအုပ်တွင် “ငါတို့သည် ခရစ်ယာန်ဘာသာမှာခိုင်မြဲကြကာ အဲအသင်းတော်နှင့် ဆက်နွယ်ရမည်။ အဲအသင်းတော်ဟာ ကက်သလစ်( Catholic) ဖြစ်ပြီး မိမိကိုယ်တိုင်ကလည်း Catholic (ကက်သလစ်) ဟုခေါ်သလို ထို အသင်းတော်ကို မုန်းသောသူများကလည်း( Catholic) ကက်သလစ်ဟုသာခေါ်ကြသည်ဟုရေးခဲ့သည်( The True Religion 7:12, AD 390)။

         (၁၂) အေဒီ(၄၅၁) တွင်ကျင်းပသော “Council of Chalcedon”ဆုံးဖြတ်ချက်အရ”ကျမ်းစာဖတ်သူများနှင့် သီချင်းဆိုသူများဟာ လက်ထပ်ခြင်းမရှိသေးသူများဖြစ်ရန်လိုသည်။ တကယ်လို ့ လက်ထပ်ပြီးသူ သားသမီးရှိပြီး အယူလွဲသောတခြား ဘာသာကိုဆေးကြောခြင်းပေးခဲ့ရင်တော့ ကက်သလစ်အသင်းတော်( Catholic Church)ထဲသို့ပြန်လည် ခေါ်ဆောင်လာကြရန်”ဆုံးဖြတ်ခဲ့သည်( Session 15, Canon 14, AD. 451)။

        အထက်ကဖော်ပြချက်အားလုံးဟာ ခရစ်တော်အသင်းတော်ဟာ ခရစ်ယာန်များဟု ခေါ်လာသလို ထိုကနေတစ်ဆင့် “Catholic Church “ကက်သလစ်အသင်းတော်ဖြစ်လာကြောင်း အေဒီ(၃၀) ကနေသက်သေပြခြင်းဖြစ်သည်။ အခုချိန်မှာတော့ အဲကက်သလစ်အသင်းတောကို ဦးဆောင်သည့် ပုပ်ရဟန်းမင်းဟာ ပေတရု အသတ်ခံရာ ရောမမြို့ကနေ တလောကလုံးက ခရစ်ယာန်ကက်သလစ်များကို ဦးဆောင်နေသဖြင့် တစ်ခြားသော ခရစ်ယာန်များက”Roman Catholic Church “ဟုသော်လည်းကောင်းခေါ်လာကြသည်။ တချို့ဆိုရင်( RC) ဟုလည်းခေါ်ကြသည်။ တကယ်တော့( RC) ဆိုတာ ( Roman Catholic) လား( Roman Church) လားတောင်မပြောရဲကြပါဘူး။ ဘယ်လိုခေါ်ခေါ် ကကသလစ်အသင်းတော်( Catholic Church) ဟာ နှစ်(၂၀၀၀) ကျော်ခိုင်ခိုင်မာမာ အယူလွဲတွေကို ကျော်နင်းရင်း ခရစ်တော် အသင်းတော်အဖြစ်ရှင်သန်နေသည်။  ထို့ကြောင့် ခရစ်တော်အသင်းတော်သည် ကက်သလစ်အသင်းတော်၌ သာ ရှိပါသည်။ခရစ်တော်ကနေလာတာမို ့ “Holy Catholic Church “ဟုခေါ်ထိုက်ပေသည်။

ဒိုင်ရ်မနားလိန််     https://www.facebook.com/daaimanaling/posts/333208891791643

Add new comment

4 + 15 =