ကိုးကွယ်မှု ဘာသာတရားများမှ ဓမ္မမိတ်ဆွေများတွေ့ဆုံခြင်း

  ကိုးကွယ်မှု ဘာသာတရားများမှ ဓမ္မမိတ်ဆွေများတွေ့ဆုံခြင်း

ကိုးကွယ်မှုဘာသာတရားများမှ ဓမ္မမိတ်ဆွေများတွေ့ဆုံခြင်း အခမ်းအနားကို မန္တလေး
ကက်သလစ်ဂိုဏ်းချုပ်သာသနာ(၈၁-၂၅)လမ်းထောင့်ရှိ ဆရာတော်ကြိီးကျောင်းတိုက်တွင်
 မြန်မာနိုင်ငံ လုံးဆိုင်ရာကက်သလစ်သာသနာကိုးကွယ်မှုဘာသာတရားများ အချင်းချင်း
နှီးနှောဖလှယ်ခြင်းကော်မတီမှဦးစီးကာ(23-24 -July,2018) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။
23 ရက်နေ့ က မန္တလေးသာသနာအတွင်းရှိ ဂိုဏ်းပေါင်းစုံမှသူတော်စင်များနှင့် တွေ့ဆုံကာ
ပုသိမ်သာသနာမှ ဆရာတော်ကြီး ဂျွန်ဆိန်းဟှီ ၊ ရန်ကုန်သာသနာမှ လက်ထောက်ဆရာတော်ကြီး ဂျွန်စောယောဟန်၊
မန္တလေးသာသနာမှ ဆရာတေ်ာကြီး နီကောလာစ်းမန်ထန်း၊ ဆရာတေ်ာကြီး ပေါလ်ဇိန်ထုနး်ဂရောင်(ငြိမ်း) နှင့်
သာသနာအသီးသီးမှ Inter Religious Program မှသက်ဆိုင်ရာ တာဝန်ရှိဘုန်းတော်ကြီးများ ၊
သီလရှင်များနှင့် အဖွဲ့ဝင်များပါ၀င်တက်ရောက်ကာ Inter Religious Program များနှင့်ပတ်သက်၍
လက်ရှိလုပ်ဆောင်နေသည့် အရာများအား တင်ပြဆွေးနွေးမှုများကို လုပ်ဆောင်ခဲ့ကြပါသည်။ 

Add new comment

4 + 8 =