ယခုလက်ရှိ အချိန် နှစ်ခု ခွဲခြားနေတဲ့ကမ္ဘာကြီးမှာဘာသာတွေကို ချဉ်းကပ်တဲ့မတူတဲ့ လမ်းနှစ် လမ်း ရှိတယ်

 ဓမ္မမိတ်ဆွေညီအစ်ကိုမောင်နှမ တို့ ကျွန်တော်တို့တွေ မတူကွဲပြားခြင်းများကို ဝမ်းမြောက် စွာ ကြိုစို ကြ ရင်း ကျွန်တော်တို့ရဲ့ဘုံတူညီသောလူသားဖြစ်ခြင်းကိုဘယ်လို ရှာဖွေနိုင် မလဲ ခေါင်းစဥ် ဖြင့် လေ့ လာနေ ကြဆဲ ဖြစ်သည်။ ဒီတစ်ပတ်မှာ ကျွန်တော်တို့ လေ့လာကြရမယ့် အကြောင်းရာကတော့ ယခုလက်ရှိ အချိန် နစ်ခု ခွဲခြားနေတဲ့ကမ္ဘာကြီးမှာဘာသာတွေကို ချဉ်းကပ်တဲ့မတူတဲ့ လမ်းနှစ်  လမ်း ရှိတယ်။

          တစ်ခုက ဘယ်လိုပြောသလဲ ဆိုရင် ဘာသာတွေအကုန်လုံးက အတူတူ ပါပဲ ဒါကြောင့် မတူကွဲ ပြား တာတွေကို လျစ်လျူရှုထားသင့်တယ်ဆို တယ်။ နောက်ချင်း ကပ်ပုံ တစ်လမ်းက ဘယ်လို ပြော သလဲ ဆိုရင် ဘာသာတရား တွေအကုန်လုံးက တစ်‌ခုနှင့် တစ်ခုမတူ ကြဘူး တစ်ခု နှင့်တစ်ခု ကတစ် ခြား စီဖြစ် တယ် စေ့စပ် လို့မရနိုင်ဘူး တစ်ဘာသာနှင့် တစ်ဘာသာ ငြိမ်းချမ်း ခြင်းတွေပြုလုပ်နိုင်တယ် ၊ မဟာ မိတ် တွေဖွဲ့လို့  ရနိုင်တယ် ၊ ဘာသာဝင် တွေကြားတွေ့ဆုံစကား ပြောနိုင်ကြတယ် ဒါပေမယ့် ကျွန် တော်တို့တွေ စစ်မှန်စွာအတူတကွ မ ဖြစ်နိုင်ကြဘူးလို့ပြောတယ်။

 

ဘာသာပေါင်း စုံတွေ့ဆုံနှီးနှောဖလှယ်တဲ့ထဲက ဒီနည်း လမ်းနှစ်ခု ထဲက ဘယ်တစ်ခုစီ ကိုမှ ဦး တည်မသွားဘူး ဖြစ်တယ်။ ဘာသာပေါင်းစုံ တွေ့ဆုံနှီးနှောဖလှယ် ခြင်းကို ယုံကြည်ရာတစ်ခုအဖြစ်က ဘယ်လို သွန်သင်သလဲဆိုရင် ကျွန်တော်တို့ရဲ့ မတူကွဲပြားတဲ့ ဘာသာတရားလမ်းစဥ်တွေကို ရိုသေရ မှာ ဖြစ်တယ် ၊ လေးစားရမှာဖြစ်တယ် အသေခြာဆုံးကတော့ လျစ်လျူမရှုရမှာ ဖြစ်တယ် ။ ဘာသာပေါင်းစုံ တွေ့ဆုံနှီးနှောဖလှယ်ခြင်း ကနေ နှောက်တစ်ခုသွန်သင် တာက ကျွန်တော်တို့ ဘာသာတရားတွေရဲ့ မတူကွဲပြားတာတွေက ကျွန်တော် တို့ကြားခွဲခြား ခြင်းကို ခွင့်မပြုစေဖို့ ။

 

 ဖူဂျီတောင် ဥပမာ နဲ့ဂျပန်ဆိုရိုးစကား ကိုပြန် သတိရမယ်ဆိုရင် တောင်ထိပ်ကို ရောက် နိုင်တဲ့ လမ်းတွေအများကြီးရှိနေတာဖြစ်တယ်။ ကျွန်တော်တို့တွေက မဟာတောင်ကြီး ရဲ့ချေရင်းမှာ ထောင် စု နှစ် များစွာရပ်နေခဲ့ ကြတာဖြစ်တယ် တောင်ထိပ်မှာက ကျွန်တော်တို့တွေ အပြန်လှန်မေတ္တာထား ခြင်း ၊ သနားဂရုနာထား ခြင်း ၊ အသိုင်းအဝိုင်း ဖြင့် ရှင်သန်ခြင်း ပန်းတိုင်ရှိနေတာ ဖြစ်တယ်။ တောင်ထိပ် ကို ရောက်နိုင်တဲ့တစ်ခု နှင့် တစ်ခုမတူတဲ့ လမ်းတွေ တစ်ချို့အခြားလမ်းတွေနဲ့ တောတော ကြီးကိုကွဲပြား နေ တဲ့လမ်းတွေ ရှိနေတာ ဖြစ်တယ်။

 လမ်းတစ်ခုကို ရွေးချယ် ပြီးတော့လျှောက်လှန်း သွားရမဲ့အစား တောင်ခြေမှာ ရပ်နေပြီးတော့ တောင်ထိပ် ကိုသွားတဲ့ ဘယ်သူ့လမ်းက အကောင်းဆုံး ဆိုပြီး တစ်ယောက်နှင့် တစ်ယောက် ကျောက် ခဲ တွေနဲ့ လှမ်းပစ်နေကြတာဖြစ်တယ်။ ဘာသာ‌ပေါင်းစုံ တွေ့ဆုံနှီးနှောဖလှယ် ခြင်းရဲ့ပန်း တိုင်က တစ်ဘာ သာနှင့် တစ်ဘာသာ ကျောက်ခဲတွေနဲ့ ပေါက်နေကြတာတွေကို ရပ်ပြီးတော့ တောင်ထိပ်ကိုရောက် နိုင်အောင် ကူညီပေးတာဖြစ်တယ်။ အဲလိုဆိုရင် ဘာသာပေါင်းစုံ တွေ့ဆုံနှီးနှော ဖလှယ်ခြင်းရဲ့ရည်ရွယ် ချက်တစ်ခုကလမ်းပြပေးတာ ဖြစ်တယ်။ ဘာသာပေါင်းစုံ တွေ့ဆုံနှီးနှော ဖလှယ်ခြင်းမှာပါ ဝင်သူ ရဲ့အ လုပ်က ဘယ်လမ်းကမှန်တယ်ဆိုပြီး လူတွေကို ပြောဖိူ့မဟုတ်ပါဘူး။

 

 သူ့ရဲ့အလုပ် ကလူတွေကသူတို့ ‌ရွေးချယ်ထားတဲ့လမ်းကို လျှောက်နေရာ မှာကူညီပေးဖို့ သို့မဟုတ် သူတိူ့ကိုယ်တိုင်ရဲ့ ဝိညာဥ်‌ရေး လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးမယ့်သူတို့နဲ့ကိုက်ညီတဲ့ လမ်းကိုရှာဖွေတွေ့ရှိသည်အထိ လမ်းအမျိုးမျိုးကို လေ့လာစေဖို့ ဖြစ်တယ်။ ဘာသာပေါင်းစုံ တွေ့ဆုံ နှီး နှောဖလှယ်ခြင်းတွေကို ဦးဆောင်နေသူက သူများတွေကို အခြားဘာသာတရားတွေကို ကျွန်ုပ်တို့တွေ ရိုသေလေးစား ခြင်းရှိသင့် တယ်လို့ နုတ်ကနေသွန်သင် ဟောပြောတာမျိုး မဟုတ် ပဲ သူကိုယ်တိုင် ရဲ့ရှင်သန် ခြင်းမှာ တစ်ခြားဘာသာတရားတွေကိုလေးစား မူရှိခြင်းဖြင့် စံပြနေထိုင် ဦးဆောင် ရမှာဖြစ်တယ်။

 

ဘာသာ ပေါင်းစုံ တွေ့ဆုံနှီးနှောဖလှယ်ခြင်းကို ဦးဆောင်နေ သူက သူများ တွေကိုကျွန်တော် တို့တွေ အကူညီလိုအပ်နေသူကို အကူညီ ပေးသင့်ကြတယ်လို့  ဟောပြော နေတာမျိုး မဟုတ်ပဲ နဲ့အ သိုင်း အဝိုင်းထဲက စားစရာမရှိတဲ့သူတွေ ၊ အိုးအိမ် မရှိတဲ့သူတွေ ၊ ကိုယ်လက်အင်္ဂါမသန်စွမ်းတဲ့ သူတွေကို ကိုယ်ကိုယ်တိုင်က တက်ကြွစွာ လုပ်ရှားကူညီ ခြင်းဖြင့် ဦးဆောင် ရမှာဖြစ်တယ်။ နောက် အရေးကြီးတာ တစ်ခုက ဘာသာပေါင်းစုံ တွေ့ဆုံနှီးနှောဖလှယ်ခြင်းကို ဦးဆောင်နေ သူက “ကျွန် တော် တို့ တွေအမှားလုပ်မိတဲ့အခါ ဝင်ခံပြီးတော့ တောင်းပန်သင့်ကြတယ်” လို့ဟော ပြောနေ တာမဟုတ်ပဲနဲ့ သူကိုယ်တိုင်ရဲ့ အမှားတွေ ကိုအသိမှတ် ပြုဝင်ခံပြီး တောင်းပန်ခြင်း ဖြင့်ဦး ဆောင်ဖို့ ရန်ဖြစ်ပါတယ်။ ဓမ္မမိတ်ဆွေ ညီအစ်ကိုမောင်နှမတို့ တစ်ယောက်စီတိုင်း ကိုယ်၏ ကျန်းမာခြင်း စိတ်၏ ကျန်းမာခြင်း နှင့် ငြိမ်းချမ်းခြင်းအစဥ် ရှိပါစေ။

Add new comment

4 + 13 =