ဇီဝ လောင်စာ ( ၂ )

"ထိန်းသိမ်းကြစေသဘာဝအမွေ" ရုပ်၊သံ အစီအစဉ်

လောင်စာဆီသုံးစွဲမှု ၊ ထုတ်လုပ်မှုမှ ဖြစ်ပေါ်လာသော ဆိုးကျိုးများကို လျော့ချနိုင်ရန် နည်းလမ်းများကို "ရုပ်ကြွင်းလောင်စာများ အပိုင်း(၂)" ခေါင်းစဉ်ဖြင့် တင်ဆက်ပေးလိုက်ပါတယ်။

ဒီအစီအစဉ်ကို အပတ်စဉ် စနေ ည(၈)နာရီထုတ်လွှင့်ပေးလျက်ရှိပါသည်။
ကြည့်ရှု၊ ဝေမျှ၊ ဝေဖန်ပေးကြရန် မေတ္တာရပ်ခံပါသည်။
Youtube - RVA Myanmar Service
Website - http://dmyanmar.rveritas-asia.org/climate-change
တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
#RVAMyanmar #Environment #Saturday8pm

ဇီဝ လောင်စာ

ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား.

.အပတ်စဉ်တိုင်းတင်ဆက်ပေးနေကြ ထိန်းသိမ်း ကြစေ သဘာဝအမွေဆိုတဲ့ ကဏ္ဍလေး ရောက်ရှိလို့လာခဲ့ပြန်ပါပြီ။

 ဒီတစ်ပတ်မှာတော့ ကျွန်တော်တို့ လူသားတွေ အသုံးပြုနေကြတဲ့ ဇီဝလောင်စာများအကြောင်းကို ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။

          မိတ်ဆွေအပေါင်းတိုခင်ဗျား . . . ကျွန်တော်တို့ လူမှုဘဝတွေမှာ သယ်ယူပို့ဆောင်ရေးဟာ မဖြစ်မနေ လိုအပ်တဲ့လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ ဒီလို သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ လောင်စာ၊ ဓာတ်ငွေ့များကို နေ့စဉ်အသုံးပြုနေကြပါတယ်။ ဒီလိုအသုံးပြုခဲ့ကြတဲ့ လောင်စာတွေဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို များစွာ ထုတ်လွှတ်ပေးပါတယ်။ ဒီနေ့ကမ္ဘာကြီးမှာ ကာဗွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့ဟာ အရေးတယူပြောလာရတဲ့ကိစ္စတစ်ခု ဖြစ်လာခဲ့ပါတယ်။ ပညာရှင်များနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူများက ကာဗွန်ဒိုင်အောက်ဆိုဒ်လျှော့ချရေးကို ကြိုးစားလာခဲ့ကြ ပါတယ်။ ဒါဟာလဲ စိန်ခေါ်ချက်တစ်ရပ်လဲ ဖြစ်လာခဲ့ပါတယ်။

 ရေနံကိုအဓိက ကုန်ကြမ်းအနေနဲ့ထားပြီး ထုတ်လုပ်ထားတဲ့၊ ရယူထားတဲ့ လောင်စာများဟာ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ များစွာသုံးစွဲအသုံးကျလျက် ရှိပါတယ်။ ဒီလိုသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေနှင့်အတူ လောင်စာများရရှိအတွက် ငွေကြေးစီးဆင်းမှုဟာလဲ များပြား လှပါတယ်။ ကမ္ဘာမှာ ရေနံကို ရောင်းချပြီး ချမ်းသာတဲ့နိုင်ငံတွေများစွာရှိပါတယ်။

တဖက်ကလည် ပညာရှင်များက လောင်စာဆီနည်းနည်းအသုံးပြုပြီး စွမ်းအားများစွာ ရရှိနိုင်ဖို့လက်ရှိမှာ ကြိုးစားနေကြပါတယ်။ သယ်ယူပို့ဆောင်ရေး ယာဉ်များရဲ့အရွယ်ကိုလည်း ပြောင်းလိုကြပါတယ်။ ဒါမှ လဲလောင်စာဆီသုံးစွဲမှုကို လျှော့ချနိုင်လိမ့်မယ်လို့ တွက်ချက်ကြပါတယ်။ ဒါပြင်အခြားလောင်စာများကိုလဲ တီထွင်စမ်းသပ်ခဲ့ကြပါတယ်။ ဓာတ်ဆီနှင့် လျှပ်စစ် ဓာတ်ကို နှစ်မျိုးလုံးသုံးပြီး လည်ပတ်နိုင်တဲ့စက်တွေ ရှိပါတယ်။ ကာဗွန်ထုတ်လွှင့်မှုကိုလဲ လျော့ချနိုင်ခဲ့ ပါတယ်။ ဒါပေမဲ့ ဈေးနှုန်းမြင့်မားတဲ့အတွက်ကြောင့် လက်တွေ့အသုံးပြုမှုမှာ အခက်အခဲ ဖြစ်စေပါတယ်။  လျှပ်စစ်ဓာတ်အားကို အသုံးပြုကြတဲ့ မော်တော်ကားများ၊ ယာဉ်များကို လူတွေ အသုံးပြုလာကြပါတယ်။ နည်းပညာများလဲ တဖြည်းဖြည်းတိုးတက်လာခဲ့ပါပြီ။ တချိန်ချိန်မှာတော့ လက်ရှိလောင်စာဆီသုံးစွဲနေသောယာဉ်များရဲ့ နေရာမှာ ဝင်ရောက်လာနိုင်ပါတယ်။ ဒါပေမဲ့လဲ အရေးကြီးတဲ့အချက်ကတော့ ဇီဝလောင်စာနှင့် ကင်းသော လျှပ်စစ်ဓာတ်ထုတ်ယူမှုဖြစ်ရင်တော့ အကောင်းဆုံးပဲဖြစ်ပါတယ်။

ဒီလိုမဟုတ်ရင်တော့ လောင်စာဆီ ရေနံအခြေပြုကနေ လျှပ်ဓာတ်ဆိုတဲ့ စွမ်းအင်ကိုသာ ပြောင်းသွာတဲ့အခြေအနေတစ်ခုပြောင်းသွားခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ ကာဗွန်ထုတ်လုပ်နေမှုတွေကတော့ ရှိစမြဲဘဲဖြစ်မှာ ဖြစ်ပါတယ်။

 အချို့ ပညာရှင်များကလဲ...အစားတိုးလောင်စာပြုလုပ်ဖို့ ကြံဆနေကြပါတယ်။ လောလောဆယ်တော့ လက်တွေ့လုပ်ဆောင်မှု နည်းပါးနေပါသေးတယ်။ အခြားနည်းလမ်းတွေဖြစ်တဲ့ အစားတိုးစွမ်းအင်တွေ ဒါမှမဟုတ်ရင်လဲ လျှပ်စစ်ဓာတ်နှင့်တွဲသုံးတာတွေဟာ တကယ်တော့ကျွန်တော်တို့လူသားတွေ အသုံးချနေကြပြီဖြစ် ပါတယ်။ အောင်မြင်မူအတွက်တော့ သုတေသနပြုလုပ်သူတွေကတော့ ဆက်ပြီးလုပ်ဆောင်နေဆဲဘဲ ဖြစ်ပါတယ်။

          မိတ်ဆွေများခင်ဗျား - - - ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လုပ်မှုကို လျှော့ချရေးဟာ အရေးကြီးပါတယ်။ဒါမှလဲ ကမ္ဘာကြီးရဲ့ ပူနွေးမှုတွေကို ထိန်းချုပ်နိုင်မှာဘဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုလောင်စာဆီများ အသုံးပြုမှုကို လျော့ချရေးဟာ လက်တွေ့ဘဝမှာ မလွယ်ကူလှပါဘူး။ တိုးတက်လာနေတဲ့ လူ့အဖွဲ့အစည်း လူနေမှုစနစ်အတွက် ပိုမို ခက်ခဲလိမ့်မယ်လို့ ထင်မိပါတယ်။ လောင်စာဆီကို အဓိကသုံးစွဲပြီး လည်ပတ်နေသော ယာဉ်များပေါ်မှာ မှီခိုနေရတဲ့ လူသားများရဲ့ နေမူ ထိုင်မှုပုံစံများမှာ ပိုပြီး အခက်တွေ့စေမှာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ  လောင်စာဆီများကို အသုံးပြုပြီး လည်ပတ်နေတဲ့ သယ်ယူပို့ဆောင်ရေးယာဉ်များရဲ့ အခန်းကဏ္ဍဟာ အရေးပါနေဆဲဘဲဖြစ်ပါတယ်။ ဒါတွေကို လျော့ချနိုင်ဖို့ဆိုတာဟာ ခဲယဉ်းပါတယ်။ ဒါကြောင့်လောင်စာဆီအသုံးပြုပြီး ပြန်ထုတ်လွှတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပြန်လည်လျော့ချနိုင်အောင် ကြိုးစားတာဟာပိုမို အရေးကြီးတဲ့ အချက်ဖြစ်နေပါတယ်။ နောက် ဒီ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး အစာချက်လုပ်နိုင်တဲ့ သစ်ပင်၊ သစ်တောများကို ရှင်သန်ကြီးထွားစေဖို့ ဖြစ်ပါတယ်။ တစ်ဖက်ကလဲ ကာဗွန်ထုတ်လွှတ်မှုကများ၊ တက်ဖက်ကလဲ သစ်တောများကို ခုတ်ယူသုံးစွဲ မယ်ဆိုရင်တော့ အခြေအနေတွေဟာ ပိုမိုပြီး ဆိုးလာမှာဖြစ်ပါ တယ်။ ဒါပေမဲ့လဲ သိပ္ပံပညာရှင်များနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များကတော့ လောင်စာဆီ အသုံးပြုပုံ လျော့ချနိုင်ရေး အခြားသော လောင်စာတစ်မျိုးမျိုးကို အသုံးပြုနိုင်ရန် ကြိုးစား နေကြပါတယ်။ ဒီလို အစားထိုးလောင်စာ တစ်မျိုးမျိုးကိုသာ အောင်မြင်စွာ အသုံးချခဲ့မယ်ဆိုရင်တော့ ယနေ့ခေတ် သယ်ယူပို့ဆောင်ရေးစနစ်ဟာ ပြောင်းလဲသွားမှာဖြစ်ပါတယ်။

 ကာဗွန်ထုတ်လွတ်မှုတွေကြောင့် ဖြစ်ပေါ်နေတဲ့ လေထုအတွင်းအပူချိန်၊ ကမ္ဘာကြီးရဲ့ အပူချိန်ကို လျော့ချနိုင်မှာဖြစ်ပါတယ်။ နောင်နှစ် ၁ဝနှစ်      ဒါမှမဟုတ် ကာလတစ်ခုအတွင်းမှာ သယ်ယူပို့ဆောင်ရေးကဏ္ဍဟာ ဒါ့ထက် ပိုပြီးတိုးတက်လာနိုင်ပါတယ်၊ စဉ်းစာရမဲ့ အချက်တွေဖြစ်ပါတယ်။ ဘယ်လိုအသွင်မျိုးနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍ တွေ တိုးတက်လာမလဲဆိုတာ မှန်းဖို့ခဲယဉ်းလှပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ရုပ်ကြွင်းလောင်စာအသုံးပြုမှု ကတော့ လက်ရှိအချိန်မှာ အမြင့်ဆုံးကို ရောက်ရှိနေခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တိုတတွေလျော့ချနိုင်ဖို့ လှုပ်ရှားရမှာဖြစ်ပါတယ်။

တကယ်လို နည်းပညာအသစ်တွေ စတွေ့ရင်တောင်မှ မိမိတို့အသုံးပြုနေတဲ့ လောင်စာစီပမာဏကို လျော့ချ နိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ နောက်ပြီး ခုတ်ယူသုံးစွဲနေတဲ့ သစ်ပင်များကိုလဲ ထိန်းသိမ်းပြန်စိုက်၊ အဲလိုဆိုရင်တော့ ကာဗွန် ကြီးစိုးမှုကို လျော့ချနိုင်မှာဘဲဖြစ်ပါတယ်။

ကမ္ဘာကြီးပူနွေးမှု၊ ပူနွေးမှုကြောင့် ရာသီဥတု ဖောက်ပြန်မှု၊ ရေခဲမြစ်များ၊ ရေခဲတောင်များ အရေပျော်မှု စတဲ့ အချက်တွေကို ထောက်ရှု ပြီးသောအခါ ဆီသုံးစွဲမှုကို လိုသလောက်ဘဲသုံးစွဲကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

          သောတရှင်အပေါင်းလဲ လောင်စာဆီချွေတာပြီး လက်ရှိသဘာဝပတ်ဝန်းကျင် ပျက်ဆီးမူနှင့် ကမ္ဘာကြီးပူနွေးမူကိုလျော့ချနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

ကျွန်တော်- ဇော်နိုင်ဦးပါ။

Add new comment

1 + 14 =