မိမိကိုယ်ကို အဆုံးစီရင်ခြင်းမှကာကွယ်ရန် ရှေ့ဦးသူနာပြုစုနည်း လမ်းညွှန်

ထိန်းသိမ်းကြစေ သဘာဝအမွေ

ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေအစီအစဉ်မှာ ကောင်းသော သိုးထိန်းသီလရှင်များအသင်းဂိုဏ်းမှ စစ္စတာရ် ဧလိဇဘတ်ရဲ့ " A First Aid Guide on Suicide Prevention (မိမိကိုယ်ကို အဆုံးစီရင်ခြင်းမှကာကွယ်ရန် ရှေ့ဦးသူနာပြုစုနည်း လမ်းညွှန်) ဆိုတဲ့ အကြောင်းအရာလေးကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။

****** ကိုယ့်မိသားစုထဲမှာ ကိုယ့်သူငယ်ချင်းတွေထဲမှာ ဒီဗီဒီယိုထဲကလို လက္ခဏာလေးတွေကိုတွေ့နေရပြီဆိုရင် သူတို့ကို အားပေးနှစ်သိမ့်ပေးပါ။အမြဲဆက်သွယ်ပေးနေကြပါလို့လည်း အကြံပြုချင်ပါတယ်။ တကယ်လို့ ကိုယ်တိုင်က ဒီလိုစိတ်ဝေဒနာတွေကို ခံစားနေရတယ်ဆိုရင်လဲ စိတ်ကျန်းမာရေးအကူအညီပေးနေတဲ့နေရာတွေကို ဆက်သွယ်ပါ။ ကောင်းသောသိုးထိန်းသီလရှင်တွေဆီမှာလည်း စိတ်ကျန်းမာရေးအကူအညီရယူလို့ရပါတယ်။ ဗီဒီယို မှာပေးထာတဲ့ Signal Ph Numbers တွေကို ဆက်သွယ်ကာ အကူအညီတောင်းခံနိုင်ပါတယ်။ *****

တင်ဆက် - Sr. Elizabeth Joseph RGS, Guidance Counselor

တည်းဖြတ် - Pinky

#rvamyanmar #rvapastoralcare #AFirstAiGuideonSuicidePrevention #SuicidalPrevention

 

A First Aid Guide on Suicide Prevention

မိမိကိုယ်ကို အဆုံးစီရင်ခြင်းမှကာကွယ်ရန် ရှေ့ဦးသူနာပြုစုနည်း လမ်းညွှန်

 

  • Checklist of Suicidal Feelings ခံစားချက်များကိုစစ်ဆေးခြင်း 
  • စိတ်ဓာတ်ကျနေခြင်း
  • မျှော်လင့်ချက်ကင်းမဲ့ခြင်း
  • အရှက်တရားကင်းမဲ့ခြင်း
  • အကူအညီမဲ့နေခြင်း
  • တန်ဖိုးမဲ့နေခြင်း
  • ဂနာမငြိမ်ဖြစ်ခြင်း
  • စိတ်ကသိကအောင့်ဖြစ်ခြင်း
  • အဆိုးမြင်ခြင်း
  • အပြစ်ရှိသလိုခံစားရခြင်း

 

မီးဝါပြချိန်/ သတိပေးအချက်ပြ

 

အချိန်မှန်မအိပ်စက်ခြင်း

  • အစောကြီးနိုးနေတာ၊ အိပ်ယာဝင်ပြီး အိပ်မပျော်နိုင်တာ၊
  • အအိပ်လွန် အိပ်ပဲအိပ်နေတာ၊ အိပ်သင့်တာထက်ပိုအိပ်နေတာ

ခံတွင်းအာရုံအလွန်အကျွံပြောင်းလဲခြင်း

  • ခံတွင်းပျက်၊ အစားမဝင်၊ စားချင်စိတ်မရှိ၊ ကိုယ်အလေးချိန်သိသိသာသာကျ
  • ပုံမှန်ထက်ပိုပြီးစားလာတာ၊ ကိုယ်အလေးချိန်သိသိသာသာတက်လာတာ။ 

 

မကြာခဏငိုနေခြင်း

  • ဝမ်းသာမျက်ရည်မဟုတ်၊ ငိုချင်စိတ်၊ ဝမ်းနဲစိတ်၊ စိုးရိမ်စိတ်တွေကိုမထိန်းနိုင်တော့တာ

 

 

 

သတိထားဖို့/စောင့်ကြည့်လို့ရသော အပြုအမူများ

 

ရှောင်ဖယ်၊ အတွယ်အတာဖြတ်ခြင်း

  • မိသားစု၊ သူငယ်ချင်းတွေကိုရှောင်ဖယ်လာတယ်
  • သူတစ်ပါးနဲ့ မထိတွေ့ဆက်ဆံ၊ စကားမပြောချင်တော့ဘူး
  • တစ်ယောက်တည်း သီးသန့်နေချင်တယ်
  • အလုပ်ကိစ္စတွေကို အစီအစဥ်တကျလေးလုပ်ထားတယ်၊ သေတမ်းစာတွေရေးထား၊ ပိုင်ဆိုင်မှုတွေကို သူများကိုပေးလိုက်တာ

 

စိတ်ဝင်စားမှုတွေလျော့ကျလာ၊ ဘာမှစိတ်မဝင်စားတော့ဘူး

  • အရင်ကဝါသနာပါတာ၊ လုပ်ရတာပျော်တဲ့အလုပ်လေးတွေ လုပ်ချင်စိတ်မရှိတော့ဘူး
  • ပျော်ရမှာ မေ့နေသလိုဖြစ်လာတယ်

 

အလုပ်တွေကိုလျှော့ချလာတယ်

  • အာရုံစူးစိုက်နိုင်စွမ်းလျော့ကျလာတယ်
  • ဆုံးဖြတ်ချက်ချဖို့ခက်ခဲလာတယ်၊ မေ့တတ်လာတယ်။ 

 

သေကြောင်းကြံစဥ်နေတဲ့လူတစ်ဦး၌ရှိတတ်သောအတွေးများ

  • ငါအသက်ရှင်စရာအကြောင်းကိုမရှိတော့ဘူး
  • ငါဘာမှဂရုစိုက်မလိုတော့ပါဘူး
  • ဘုရားရယ်ငါ့ကိုပြန်ခေါ်သွားပါတော့
  • ငါဘယ်လိုသေရင်ကောင်းမလဲ
  • ငါ့ကိုငါသတ်ချင်လိုက်တာ
  • ငါမရှိရင်ကမ္ဘာကြီးကပိုအဆင်ပြေသွားမှာ
  • ဘဝကြီးကအဓိပ္ပာယ်မဲ့လိုက်တာ 

 

ဂရုစိုက်ပေးသူများအတွက်လမ်းညွှန်

ဒါလေးတွေမေးဖို့ သတိရပါ

  • သတ်သေချင်တဲ့အတွေးလေးတွေများရှိနေလား
  • ကိုယ့်ကိုကိုယ် သတ်သေဖို့များစဥ်းစားနေလား

 

 

 

How to take action? ဘယ်လိုတွေလုပ်လို့ရလဲ

  1. သတ်သေချင်နေတဲ့သူကို ဘယ်တော့မှ တစ်ယောက်တည်းမထားပါနဲ့
  2. ကျွမ်းကျင်ပညာရှင်ရဲ့အကူအညီရှာပေးပါ 
  3. ဖြစ်နိုင်လျှင် သတ်သေနိုင်မည့်ပစ္စည်းများကို ထိုသူ၏အနီးအနားမှဖယ်ရှားပေးပါ။
  4. မိမိကိုယ်ကိုအဆုံးစီရင်လိုသောသူ၏ မိသားစုအား ထိုသူ၏သတ်သေလိုသောအခြေအနေအကြောင်းပြောပြပေးပါ
  5. သူနဲ့အမြဲအသွယ်အသွယ်လုပ်ပေးပါ

 

အရေးပေါ်အခြေအနေတွေမှာ စိတ်ကျန်းမာရေးအကူအညီပေးတဲ့နေရာများကိုဆက်သွယ်အကူအညီတောင်းခံပါ။

ကောင်းသောသိုးထိန်းသီလရှင်များထံမှစိတ်ကျန်းမာရေးအကူအညီရယူချင်တယ်ဆိုရင်တော့

Signal Numbers

+959784039900

+959769337756

+959457445324

+959254347155

များကိုဆက်သွယ်ရင်ဖွင့်လို့ရပါတယ်ရှင်။

Add new comment

3 + 3 =