ဒုက္ခသည်များသည် လူမှုကန္တာရထဲ၌နိဂုံးချုပ်သွားကြရသည်ဟု ပုပ်ဖရန်စစ်မိန့်ကြား

ဒုက္ခသည်များသည် လူမှုကန္တာရထဲ၌နိဂုံးချုပ်သွားကြရသည်ဟု ပုပ်ဖရန်စစ်မိန့်ကြား

ဒုက္ခသည်များသည် လူမှုကန္တာရထဲ၌နိဂုံးချုပ်သွားကြရသည်ဟု ပုပ်ဖရန်စစ်မိန့်ကြား

          ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က မိမိတို့၏မွေးရပ်ဌာနီကို စွန့်ခွာရန်အတင်းအကြပ်အကြောင်းဖန်လာသော ဒုက္ခသည် များသည် မကြာခဏ ‘လူမှုကန္တာရ’ ထဲ၌နိဂုံးချုပ်သွားကြရသည်ဟုဆိုသည်။ ရဟန်းမင်းကြီးသည် ဤသတင်းစကားကို နို၀င်ဘာ လ (၇) ရက်၊ ရောမမြို့ ၌ဖွင့်လှစ်ထားသည့်  ဂျက်ဆွီစ်အသင်းမှကြီးမှူးဖွင့်လှစ်ထားသော ‘Astalli’ ဒုက္ခသည်များ ဂေဟာ နှစ် (၄၀) ပြည့်နှစ်ပတ်လည်နေ့၌ မိန့်ကြားခဲ့သည်။

လူလွတ်များပင်လျှင် မိမိတို့၏နေ့စဉ်အသက်မွေး၀မ်းကျောင်း ခြင်းမှ ထွက်ပြေးရသည့်အဖြစ်သည် ကျွန်များ၏ဘ၀နှင့်ယှဉ်နိုင်သည်။ ဤနည်းအားဖြင့် အခြေခံလူ့ဂုဏ်သိက္ခာသည် ဖျက်ဆီးခံလိုက်ရပြီး၊ အရာ၀တ္ထုကဲ့သို့အသုံးခံရသက်သက်ဖြစ်ရသည်။

          စစ်သည် အဘယ်မျှထိတ်လန့်စရာကောင်းပြီး၊ စက်ဆုံရွံရှာဖွယ်ကောင်းသည်ကိုသိပါသလော။ လွတ်လပ်မှုမရှိ၊ လူ့အခွင့်အရေးမဲ့စွာ ရှင်သန်ခြင်းသည် အဘယ်သို့ဆိုလိုသည်ကိုသင်တို့သိကြပါသလော။သင်တို့၏မြေယာများသွေ့ ခြောက်သွားသည်ကို ကူညီသူမဲ့စွာကြည့်နေရသည်။ ရေသည်လည်း ညစ်ညမ်းလာသည်။ ထိုသို့သောအခြေအနေမျိုး ၌ထိုရေသောက်၍ မသေလို၊ ရောဂါမရလိုလျှင် အခြားရွေးချယ်စရာမရှိ။ နေရပ်စွန့်ခွာ၍လုံခြုံရာသို့သွားရောက်ခိုလုံ ခြင်းသာရှိပေတော့မည်။ ထိုလုံခြုံသောနေရာ၌ သင်၏စိတ်ကူးအိမ်မက်များဖော်ဆောင်နိုင်မည်။ အခြားသူများလုပ် ဆောင်နေသည်ကိုကြည့်၍ သင်၌လည်းတတ်ကျွမ်းသည့်ပညာ၊ အမြော်အမြင်၊ တီထွင်ကြံဆမှုများကို သိလာပါလိမ့် မည်။ စိတ်မကောင်းစရာမှာ အခြေအနေအဖြစ်အပျက်များစွာ၌ လွတ်လပ်မှုအတွက်လုပ်ဆောင်သည်ဆိုသော်လည်း ထိုရည်ရွယ်ရာဆီသို့အမှန်တကယ်မရောက်ဘဲဖြစ်နေသည်။ များသောအားဖြင့် လူမှုအသိုင်းအ၀ိုင်း၏မပူမအေးသော တုန့်ပြန်မှုမျိုးဖြင့် စွန့်ပစ်ခြင်းကိုခံရကာ နောက်ဆုံး၌ လူသားအချင်းချင်းကြားဆက်ဆံရေးသည် သွေးခြောက်သေဆုံး နေရသည်။ ဤအဖြစ်အပျက်သည် ကမ္ဘာနှင့်ချီ၍ဖြစ်ပျက်နေသည်။       

          နို၀င်ဘာ (၁၆) ရက်နေ့ကကျင်းပသော ထိုအခမ်းအနား၌ ဂျက်ဆွီစ်အသင်း၀င်လည်းဖြစ်ပြီး၊ ဗာတီကန်ရုံးတော် ၏ရွေ့ပြောင်းအလုပ်သမားနှင့်ဒုက္ခသည်များဆိုင်ရာကိစ္စဆောင်ရွက်ရသောကာဒီနယ် Michael Czerny, S.J.က ဤ ဒုက္ခသည်များစောင့်ရှောက်ရေးဂေဟာကို (၁၉၈၀) ခုနှစ်က ထိုစဉ်အသင်း၏အကြီးဆုံးတာ၀န်ကိုထမ်းဆောင်နေသော ဖာသာရ် Pedro Arrupe က စတင်ခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် တောင်ဗီယက်နမ်မှဒုက္ခသည်ထောင်သောင်း နှင့်ချီ၍ စစ်ရှောင်ရန် လှေကြောင်းသက်စွန့်ဆံဖျားထွက်ပြေးလာသည်ကိုစောင့်ရှောက်ရန်ဖြစ်ကြောင်း၊ ယခုနှစ် ဤဂေဟာသည် နှစ်ပေါင်း (၄၀) သက်တမ်းရှိနေပြီဖြစ်ကြောင်း၊ သို့သော်လည်း ဆက်လက်၍အမျိုးသမီးများနှင့်အမျိုးသား များ၏ထိခိုက်နာကျင်ခဲ့ရသောဂုဏ်သိက္ခာများအတွက် ပိုမိုထိရောက်သောနည်းလမ်းများဖြင့်တောင်းဆိုဖော်ထုတ် လျှက်ရှိကြောင်း၊ ၄င်းတို့သည် ပဋိပက္ခကြောင့်၊ ရာသီဥတုပူနွေးပြောင်းလဲလာမှုနှင့်ဆင်းရဲမွဲတေမှုဒဏ်ကိုခါးစည်းခံရ ၍ထွက်ပြေးနေကြရကြောင်း၊ ထို့ကြောင့် ၄င်းတို့နှင့်အတူတကွအဖော်ပြုရင်း၊ အကူအညီပေးရင်း၊ ကာကွယ်ပေးရင်း ဤဂေဟာကိုစတင်ဖွင့်လှစ်ခဲ့သောဘုန်းတော်ကြီး၏ရည်ရွယ်ချက်များကိုဖော်ဆောင်လျှက်ရှိကြောင်း၊ ဤသို့ဖော် ဆောင်ရင်း အချိန်ကာလတစ်ခုအကြာ၌ စိတ်ကောင်းနှလုံးကောင်းရှိသောအမျိုးသမီး၊ အမျိုးသားများ၏အကူအညီဖြင့် ကျစ်လစ်စွာတည်ဆောက်နိုင်ရန်၊ လူသားတို့၏အနာဂါတ်၊ ငြိမ်းချမ်းရေးကိုတည်ဆောက်ခြင်း၊ လူမှုရေးဆိုင်ရာတွေ့ဆုံ ဆွေးနွေးမှုသည် ရွေ့ပြောင်းများအား လူရာသွင်းခြင်းဖြင့်ဆက်လက်ရှင် သန်စေကြောင်း၊ လူ့အသိုင်းအ၀ိုင်း၌လူရာ သွင်းခြင်း၊ တရားမျှတခြင်း၊ ငြိမ်းချမ်းကိုတည်ဆောက်ရန်မှာ ‘အတူတကွလျှောက်လှမ်း’ ရမည်ဖြစ်ကြောင်းပြောကြခဲ့ သည်။          

          ဂေဟာ၏တွေ့ရှိချက်အရ အီတလီနိုင်ငံ၌ မိမိတို့ဖာသာသွားလာနေထိုင်ရုန်းကန်နေခဲ့ကြသောအချို့ပြောင်းရွေ့ များသည် (၂၀၂၀) ခုနှစ်အရောက် ‌ဂေဟာ၏အရိပ်ကိုပြန်လည်ခိုနားလာခဲ့ကြကြောင်း၊ အဘယ်ကြောင့်ဆိုသော် အလုပ် လက်မဲ့၊ ရေခွန်၊ မီးခွန်မှစ၍လစဉ်အိမ်ဌားခများ၊ ကလေးပညာရေးစရိတ်များအတွက်စိုးရိမ်စရာများထိုးတက်လာသော ကြောင့်ဖြစ်သည်။ အီတလီနိုင်ငံသည် ကိုးဗစ်ကပ်ဆိုးကြီးနှင့်ရင်ဆိုင်တိုက်ခိုက်နေခဲ့ရသော်လည်း နိုင်ငံအတွင်းသို့ ရွေ့ ပြောင်းများ၀င်ရောက်လာမှုသည် အခြားနှစ်များထက် ယခင်နှစ်က သုံးဆအထိရှိခဲ့သည်ဟုပြောပါသည်။

          ရဟန်းမင်းကြီးဖရန်စစ်သည် ဤဂေဟာသို့ ပြီးခဲ့သော (စက်တင်ဘာ၊ ၁၀၊ ၂၀၁၃) ခုနှစ်၊ ရဟန်းမင်းကြီးအဖြစ် အမှုတော်ထမ်းဆောင်အပြီးတစ်လကျော်အကြာတွင်ကြွရောက်ကြည့်ရူခဲ့သည်။ သူ၏မိန့်ခွန်းတစ်ခု၌ ဤဂေဟာ၌အ လုပ်ကြွေးပြုနေသော ၀န်ထမ်းများအားကျေးဇူးတင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အခြေအနေအမျိုးမျိုးမှရောက်ရှိ လာသောသူတို့အား ညီအစ်ကိုမောင်နှမရင်းစိတ်ဖြင့် ကောင်းစွာလက်ခံစောင့်ရှောက်ပေးသောကြောင့်ဖြစ်ကြောင်း၊ ဤ လုပ်ဆောင်ချက်သည် အနာဂါတ်၏ပြူတင်းပေါက်ကိုဖွင့်ရန်အခြေအနေဖြစ်ကြောင်းမိန့်ကြားခဲ့ဖူးပါသည်။ ထို့အတူ နို ၀င်ဘာ (၇) ရက်နေ့က သူ၏မိန့်ခွန်း၌လည်းရဟန်းမင်းကြီးက များမကြမီဆယ်စုနှစ်များကဖြစ်ပွားသော လူမျိုးရေးပဋိ ပက္ခများ၊ ဆင်းရဲချမ်းသာကွာဟမှု ပြဿနာများသည် ဒုက္ခသည်များစွာကိုမွေးထုတ်ပေးပြီး၊ ဌာနေစွန့်ခွာလာရသည့်အ ခြေအနေသို့တွန်းပို့ခဲ့ကြောင်း၊ ဒုက္ခသည်တို့လာရာနိုင်ငံများ၏အစိုးရအားလည်းပြစ်တင်ရှုံ့ချခဲ့သည်။ အဘယ်ကြောင့်ဆို သော် ဒုက္ခသည်များအရေးဖြေရှင်းရာ၌ လုံခြုံမူအပြည့်အ၀မပေးဘဲ တံတိုင်းများခတ်၍ ဒုက္ခသည်များအား ၄င်းတို့၏နေ ရပ်သို့ပြန်ပို့ရန် အတင်းအကြပ်စီစဉ်နေသောကြောင့်ဖြစ်သည်။ သို့သော်ရဟန်းမင်းကြီးက ဒုက္ခသည်များ၏ သတ္တိသည်  လေးစားလောက်သည်ဟုမိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးပေးပို့သော သ၀ဏ်လွှာအား (၁၉၉၁) ခုနှစ်က ပျံလွန်သွားခဲ့ သော ဤဂေဟာကိုစတင်ဖွင့်လှစ်ပေးခဲ့သညိ့ ဘုန်းတော်ကြီးအား ဂေဟာအတွက်ဆုတောင်းပေးရန်၊ စောင့်ရှောက်ပေး ရန် ဆုတောင်းခြင်းကိုတောင်းခံ၍နိဂုံးချုပ်ထားပါသည်။ ဤ ဘုန်းတော်ကြီးအား ရဟန္တာတင်မြောက်နိုင်ရန်အတွက် တရား၀င်စုံစမ်းစစ်ဆေးမှုများကို (၂၀၁၉) ခုနှစ်က အစပြုခွင့် ပေးထားပြီးဖြစ်သည်။       \

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3x9FhPp

Add new comment

4 + 5 =