ပုပ်ဖရန်စစ်၏ လက်ခုပ်ဩဘာ ချီးမြှင့်ခြင်းကို အမေရိကားမှ ဘုရားဖူးများရရှိခဲ့

ပုပ်ဖရန်စစ်၏ လက်ခုပ်ဩဘာ ချီးမြှင့်ခြင်းကို အမေရိကားမှ ဘုရားဖူးများရရှိခဲ့

ပုပ်ဖရန်စစ်၏ လက်ခုပ်ဩဘာ ချီးမြှင့်ခြင်းကို အမေရိကားမှ ဘုရားဖူးများရရှိခဲ့

 

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ ၎င်းရဲ့ အပတ်စဉ်လူထုပရိတ်သတ်နဲ့ တွေ့ဆုံခြင်း အစီအစဉ်မှာ အမေရိကားမှ ဘုရားဖူးပရိတ်သတ်များရဲ့ သီချင်းဆိုနုတ်ဆက်သံကို ကြားနာခဲ့ရကာ အရှင်သူမြတ်က ဂရုတစိုက်လေး နားထောင်ပေးခဲ့တာဖြစ်သလို လက်ခုပ်ဩဘာပေးကာ ချီးမြှင့်ပေးခဲ့ပါတယ်။

ဒီဘုရားဖူးအဖွဲ့ထဲမှာပါလာတဲ့ မီလားဂရိုစ့်နဲ့ မေကိုလ်း ဇနီးမောင်နှံကလည်း အရှင်သူမြတ်ပုပ်ဖရန်စစ်နဲ့ အနီးကပ်ဖူးတွေ့ခွင့်ရတာဟာ ကောင်းကြီး မင်္ဂလာ ဖြစ်ကြောင်း၊ ရောမမြို့တော်ကို ရောက်ရှိလာခြင်းဟာ ၎င်းတို့အတွက် မိမိတို့ သားသမီးတွေထံ ယုံကြည်ခြင်းကို လွှဲပြောင်းပေးနိုင်မယ့် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်းဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးနဲ့ အတူတကွ ဆုတောင်းခြင်းပြုနိုင်ဘို့အတွက် ဗာတီကန်မှာ ဘုရားဖူး အဖွဲ့များစွာ ပါဝင်လာကြပါတယ်။

ယခု အမေရိကား ဘုရားဖူးအဖွဲ့လို အဝေးကြီးမှရောက်ရှိလာသူတွေ အတွက်လည်း ပုပ်ရဟန်းမင်းကြီးရဲ့  အသိအမှတ်ပြုခြင်းကို အထူးခံယူကြတာမျိုးဖြစ်ပါတယ်။

မေကိုးလ် ဆိုသည့် ဘုရားဖူးဧည့်သည်တော်က “ကျွန်တော်တို့မှာ သားသမီး ၉ ယောက်ရှိပါတယ်။ ကျွန်တော့ မိသားစုကို ကျွန်တော် ကာကွယ်ရမှာပါ။ ယုံကြည်ခြင်းဟာ အင်မတန်မှ လေးနက်ပြီး လက်ဆင့်ကမ်းဘို့ အရေးကြီးတယ်လို့ ကျွန်တော် မြင်တယ်။ တစ်နေ့ကျွန်တော် တို့ သေကြမယ်။ ကျွန်တော် တို့ ယုံကြည်ခြင်းကို လက်ဆင့်ကမ်းခဲ့ကြရမှာပါ။ ကျွန်တော် တို့ ထားခဲ့တဲ့ ယုံကြည်ခြင်းကို ကျွန်တော့  ကလေးတွေ သားသမီးမြေးမြစ်တွေက ဆက်လက် ပြီးလက်ဆင့်ကမ်းသွားကြပါလိမ့်မယ်။ အဲ့ဒါကို ပဲကျွန်တော် လိုလားတာပါ။ အဲ့ဒီအတွက် ကျွန်တော်  ဒီကိုရောက်ရှိလာတာပါ” လို့ဆိုပါတယ်။

“အခုလို အခက်အခဲတွေပြည့်နေတဲ့ ခေတ်ကာလကြီးမှာ ကျွန်မတို့ကလေးတွေ အဆိုးအကောင်းကို ဝေဖန်ပိုင်းခြားနိုင်ပြီး အရာရာကို လွယ်လွယ်နဲ့ အရှူံးမပေးဘို့အတွက် သန့်ရှင့်သောဝိညာဉ်တော်ဘုရားကို သာလျင် ကျွန်မ တို့ ကလေးတွေဆီ လက်ဆင့်ကမ်းခဲ့ရုံပါပဲ” လို့လည်း မေကိုးလ်ရဲ့ အမျိုးသမီးဖြစ်သူ မီလားဂရိုစ့်က ရင်ဖွင့်ပြောကြားခဲ့တာပါ။

 

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

 https://bit.ly/3nEZvgV

Add new comment

1 + 0 =