ညီအစ်ကိုရင်းပမာ ချစ်ခြင်းမေတ္တာကို ရှာဖွေလျက် ပြန်လည်သင့်မြတ်ခြင်းနှင့် ငြိမ်းချမ်းရေးအတွက်ဘုရားဖူးအဖြစ် ကျွန်ုပ်ရောက်ရှိလာပါသည်။

ညီအစ်ကိုရင်းပမာ ချစ်ခြင်းမေတ္တာကို ရှာဖွေလျက် ပြန်လည်သင့်မြတ်ခြင်းနှင့် ငြိမ်းချမ်းရေးအတွက်ဘုရားဖူးအဖြစ် ကျွန်ုပ်ရောက်ရှိလာပါသည်။

ညီအစ်ကိုရင်းပမာ ချစ်ခြင်းမေတ္တာကို ရှာဖွေလျက် ပြန်လည်သင့်မြတ်ခြင်းနှင့် ငြိမ်းချမ်းရေးအတွက်ဘုရားဖူးအဖြစ် ကျွန်ုပ်ရောက်ရှိလာပါသည်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် သောကြာနေ့တွင် စတင်သည့် တမန်တော်ခရီးစဥ်အတွက် ပြင်ဆင်နေစဉ် ငြိမ်းချမ်းရေး၊ ညီအစ်ကိုရင်းပမာ ချစ်ခြင်းမေတ္တာနှင့် နှစ်သိမ့်မှု သတင်းစကားကို မျှဝေရန် အီရတ်ပြည်သူများကို ဗီဒီယိုမက်ဆေ့ခ်ျ ပေးပို့ခဲ့သည်။ မတ်လ ၅-၈ ရက်အထိ သွားရောက်လည်ပတ်သည့် ခရီးစဉ်အတွက် ပုပ်ရဟန်းမင်းကြီး၏ နောက်ဆုံးပြင်ဆင်ထားသော ခရီးစဉ်အတွက်အဆင်သင့်ဖြစ်နေသည်နှင့်အမျှ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က သူရောက်ရှိလာခြင်းမတိုင်မီကြာသပတေးနေ့တွင် အီရတ်နိုင်ငံသားများအားဝမ်းမြောက်ဝမ်းသာစွာနှင့် သူတို့နှင့် ကိုယ်တိုင်တည်ရှိနိုင်ခြင်းကို ဝမ်းမြောက်မိကြောင်း ဖော်ပြခဲ့သည်။

“ အီရတ်နိုင်ငံရှိ ချစ်လှစွာသောညီအစ်ကို၊ မောင်နှမများ၊ ငြိမ်သက်ခြင်းရှိပါစေ။ ” ဟူ၍ ပုပ်ရဟန်းမင်းကြီးဖရန်စစ်က နှုတ်ခွန်းဆက် စကားကို မိန့်ကြားလျက် “မကြာခင် ရက်အနည်းငယ်တွင် ကျွန်ုပ်သည် သင်တို့နဲ့အတူရှိနေနိုင်မည်ဖြစ်သည်။ သင်တို့နှင့် တွေ့ဆုံချင်သည်။ သင်တို့၏ မျက်နှာကို မြင်တွေ့ချင်သည်။ ရှေးခေတ်ဆန်၍ ထူးခြားသော လူ့ယဉ်ကျေးမှု ပုခက်ကြီးဖြစ်သည့် သင်တို့၏ တိုင်းပြည်ဆီ‌အရောက်သွားလည်ချင်သည်။” ဟူ၍ မိန့်ကြားခဲ့သည်။ ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ အရှေ့အလယ်ပိုင်းနိုင်ငံသို့ အလည်အပတ်ခရီးသည် ၁၉၉၉ ခုနှစ်အကုန်တွင် အီရတ်သို့သွားရောက်ရန် စီစဉ်ထားသော်လည်း ခရီးမအောင်မြင်ခဲ့သည့် ပုပ်ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် ၂ ၏ အိပ်မက်ကိုသတိရစေသည်။ ပုပ်ရဟန်းမင်းကြီး၏ လေးရက်ကြာ ခရီးစဉ်သည် မြို့များစွာသို့လည်ပတ်ခြင်း၊ ခရစ်ယာန်အသိုင်းအဝိုင်းများ၊ ဘာသာရေးခေါင်းဆောင်များနှင့်တွေ့ဆုံခြင်းများပါဝင်သည်။ ငြိမ်းချမ်းစွာပြန်လည်ရင်ကြားစေ့ရေးအတွက်စေ့စပ်ညှိနှိုင်းမှု ခရီးစဉ် ပုပ်ရဟန်းမင်းကြီးဖရန့်ဖရန်စစ်က“ နှစ်ပေါင်းများစွာစစ်ပွဲနှင့် အကြမ်းဖက်မှုအပြီးတွင် သခင်ဘုရားထံမှခွင့်လွှတ်ခြင်းနှင့်ပြန်လည်သင့်မြတ်ခြင်းကိုအသနားခံရန် ကျွန်ုပ်သည် လာရောက်လည်ပတ်သော ဘုရားဖူးတစ် ဦး အနေဖြင့်လာရောက်ခြင်းဖြစ်သည်။"

မကြာသေးမီကစစ်ပွဲများ၊ လုံခြုံမှုကင်းမဲ့ခြင်းနှင့်နှိပ်စက်ညှဉ်းပန်းမှုများကြောင့် ထင်ရှားသောဆယ်စုနှစ်များစွာက အီရတ်နိုင်ငံရှိ တစ်ချိန်ကတက်ကြွလှုပ်ရှားသောခရစ်ယာန်အသိုင်းအဝိုင်းအရေအတွက်မှာ လျော့နည်းသွားခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ၁ သန်းမှ ၁.၄ သန်းအထိရှိခဲ့သော်လည်းလက်ရှိတွင်ခန့်မှန်းခြေအားဖြင့် ၃၀၀၀၀၀ မှ ၄၀၀,၀၀၀ အထိရှိသည်။ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က“ သင်တို့အားလုံးသည်ညီအစ်ကိုများဖြစ်ကြောင်း ပြန်ပြောပြရန် ကျွန်ုပ်သည် ငြိမ်းချမ်းရေးအတွက် ဘုရားဖူးအဖြစ် ရောက်ရှိလာပါသည်။ မှန်ပါသည်၊ မွတ်စလင်၊ ဂျူးများနှင့် ခရစ်ယာန်များကို မိသားစု တစ်ခုကဲ့သို့ စည်းလုံးစေသော ကျွန်ုပ်တို့၏ ဖခင်အာဗြဟံ၏ အမှတ်အသားအောက်တွင် အခြားဘာသာရေးထုံးတမ်းစဉ်လာများမှညီအစ်ကို၊ ညီအစ်မများနှင့် အတူတကွ ဆုတောင်းရန်နှင့် အတူသွားလာရန် ဆန္ဒအားဖြင့် လှုံ့ဆော်ခြင်းခံရပြီး မိသားစုအသိုင်းအဝိုင်းကို ရှာဖွေရင်း ငြိမ်းချမ်းခြင်း၏ ဘုရားဖူးအဖြစ် ကျွန်ုပ်သည် သင်တို့အကြား၌ ရောက်ရှိလာခဲ့သည်။

ခက်ခဲတဲ့အချိန်များတွင် အသင်းတော်ကိုနှစ်သိမ့်မှု

ပုပ်ရဟန်းမင်းကြီးဖရန့်စစ်သည် ခက်ခဲသောဒုက္ခများကြားက ယေဇူးသခင်၌ မိမိတို့၏ ယုံကြည်ခြင်းကို သက်သေခံခဲ့ကြသော ခရစ်ယာန်များဆီသို့ သူ၏ ခံစားချက်ကို ဖော်ပြရာ၌ သူတို့အားကျေးဇူးတင်ကြောင်း၊ ဖခင်တစ်ဦးအနေဖြင့် နှစ်သိမ့်စကားအချို့ကိုပြောကြားခဲ့သည်။ ပုပ်ရဟန်းမင်းကြီးက“ ဓမ္မအာဇာနည်များစွာကို မွေးထုတ်ပေးသော အသင်းတော်ကို တွေ့ခွင့်ရသည့်အတွက် ကျွန်ုပ် ဂုဏ်ယူရပါသည်။ သင်တို့ကို တွေ့ဖို့မျှော်လင့်ပါသည်။ သင်တို့၏ သက်သေခံခြင်းအတွက် ကျေးဇူးတင်ရှိပါသည်။” ပုပ်ရဟန်းမင်းကြီးက ယနေ့ထိတိုင် အီရတ်တိုင်ငံရှိ ခရစ်ယာန်ယုံကြည်သူ အသိုင်းအဝိုင်းများစွာက မှတ်မိနေဆဲဖြစ်သော “ပျက်စီးခံရသည့် နေအိမ်များနှင့် မလေးမစား၊ မတော်မလျော် ပြုခံရသည့် ဘုရားရှိခိုးကျောင်းများ၏ပုံရိပ်များ” ကိုအတည်ပြုခဲ့ပြီး သူတို့သိသောဓမ္မအာဇာနည်အမြောက်အများသည် ကျွန်ုပ်တို့အား ချစ်ခြင်းမေတ္တာ၏ နှိမ့်ချသောအစွမ်းသတ္တိ၌ ဇွဲလုံ့လရှိစေခြင်းငှာ ကျွန်ုပ်တို့ကို ကူညီနိုင်ပါစေ။” ဟုဆုတောင်းမေတ္တာ ပို့သခဲ့သည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်က“ သင်တို့ တွေ့ကြုံခံစားခဲ့ရသော ကြောက်မက်ဖွယ်သော ဆင်းရဲဒုက္ခများသည် ကျွန်ုပ်ကိုလည်း ဝမ်းနည်းစေသည်။ ထိုကြောက်မက်ဖွယ်ရာ ဒုက္ခများကျွန်ုပ်တို့အား အောင်နိုင်ရန် အခွင့်မပြုသင့်တော့ပေ။ မကောင်းမှုများ၏ ရှေ့မှောက်တွင် လက်မလျှော့လိုက်ပါနှင့်။" ပုပ်ရဟန်းမင်းကြီးကသူတို့၏ဥာဏ်ပညာအရင်းအမြစ်များကိုရည်ညွှန်းရန်အီရတ်ကိုထပ်မံအားပေးခဲ့ပြီး သူသည်အရာရာကို စွန့်ခွာခဲ့သော်လည်း မျှော်လင့်ချက်လုံးဝမလျော့ဘဲကောင်းကင်ရှိကြယ်များကဲ့သို့ သားစဉ်မြေးဆက်များကိုမွေးဖွားပေးခဲ့သည့် အာဗြဟံ၏ ပုံဥပမာကိုပေးခဲ့သည်။ “ ချစ်လှစွာသောညီအစ်ကိုညီအစ်မများ၊ ကြယ်များကိုကြည့်ကြစို့။ ဤကြယ်တာရာများ၌ ကျွန်ုပ်တို့၏ ကတိများရှိ၏။” ဟုပုပ်ရဟန်းမင်းကြီးကအားလုံးကိုမိန့်မှာခဲ့သည်။.

ဒုက္ခဆင်းရဲများကြားက မျှော်လင့်ခြင်း

ပုပ်ရဟန်းမင်းကြီးသည် နှစ်ပေါင်းများစွာ ဒုက္ခခံစားခဲ့ရသော်လည်း ဆက်လက်ရှင်သန်လျက်ရှိသော အခြားသူများအား သူ၏ရင်းနှီးမှုနှင့်မျှော်လင့်ခြင်း သတင်းစကားကိုဆက်လက်ပြောကြားခဲ့သည်။ ပုပ်ရဟန်းမင်းကြီးကမှတ်ချက်ချသည်မှာ "ဤသူများသည်ခရစ်ယာန်များ၊ မွတ်စ်လင်မ်များနှင့်အထူးသဖြင့် "ယာဇီဒစ် (Yazidis)" များပါဝင်သည်။ "သင်တို့၏ သန့်ရှင်းရာမြေနှင့် ဒဏ်ရာနှင့် ကျန်ရစ်နေသော သင်တို့ပြည်ကို မျှော်လင့်ခြင်း၏ ဘုရားဖူးအဖြစ် ကျွန်ုပ်ရောက်လာခဲ့သည်။ နိနေဝေမြို့၌ရှိနေကြသော သင်တို့ထံမှ ဖျက်ဆီးခြင်းကို ဆီးတား၍ မျှော်လင့်ချက်အသစ်၊ ဘုရားသခင်၏ မျှော်လင့်ချက်အသစ်ယူလာပေးသော ဂျောန၏ ကြိုတင်ဟောကြားချက်သည် ပြန်ကြားရပြီ။ ပုပ်ရဟန်းမင်းကြီးဖရန့်စစ်က လူတိုင်းသည် ဒီမျှော်လင့်ချက်အားဖြင့် ကူးစက်ခံရဖို့ လမ်းညွှန်ပေးခဲ့သည်၊၊ ဤအရာသည် ကျွန်ုပ်တို့ကို ပြန်လည်စတင် တည်ဆောက်ဖို့အတွက်ထပ်ခါထပ်ခါ အားပေး၍ တစ်ဦးနှင့်တစ်ဦး ချစ်ခြင်းမေတ္တာဖြင့် ဖေးမကြရန်နှင့် အထူးသဖြင့် ကမ္ဘာအနှံ့ဆက်လက်ဖြစ်ပွားနေသော Covid-19 ပျံ့ပွားချိန်တွင် ငြိမ်းချမ်းခြင်း၏အနာဂတ်ခရီးကို အတူတကွ တည်ဆောက်သင့်ကြောင်း မိန့်ကြားခဲ့သည်။

သတင်းစကားကို နိဂုံးချုပ်သည့်အ‌နေဖြင့် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက အာဗြဟံစတင်ခဲ့သော ငြိမ်းချမ်းခြင်း၏ လမ်းခရီး၌ တူညီသောစိတ်သဘောဖြင့် ခရီးစဉ်ကို အတူတကွလျှောက်လှမ်းကြရမည်မှာ ကျွန်ုပ်တို့ အယောက်စီတိုင်း၌ မူတည်သည်ဟု ဘာသာရေး ဓလေ့ထုံးတမ်းအသီးသီးရှိ ညီအစ်ကိုမောင်နှမမျအား သတိပေးခဲ့သည်။ ပုပ်ရဟန်းမင်းကြီးက“ သင်တို့အားလုံးကို အာဗြဟံကဲ့သို့ မျှော်လင့်ခြင်းနှင့် လျှောက်လှမ်းလျက် ကြယ်စင်များကို မရပ်မနားကြည့်ရှုရင်း လုပ်ဆောင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။" ဟု ဘုရားရှင်၏ ကောင်းကြီးများကို တောင်းခံလျက် အယောက်စီတိုင်း သူ့အတွက် ဆုတောင်းပေးကြပါမည့်အကြောင်း တောင်းခံရင်း ‌သူ၏ သတင်းစကားကို အဆုံးသတ်ခဲ့ပါသည်။

 

ဘာသာပြန်-စစ္စတာရ်လူစီလားနိုင်ကျဲန်

Photo courtesy of: Journal-News

http://bit.ly/3eiJLfp

Add new comment

1 + 5 =