ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုးကာလတစ်လျှောက်လုံး၌ရွတ်ဆိုပူဇော်ရန်ရဟန်းမင်းကြီးမှတိုက်တွန်းနိုးဆော်ထားသောဆုတောင်းမေတ္တာနှစ်ပုဒ်

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုးကာလတစ်လျှောက်လုံး၌ရွတ်ဆိုပူဇော်ရန်ရဟန်းမင်းကြီးမှတိုက်တွန်းနိုးဆော်ထားသောဆုတောင်းမေတ္တာနှစ်ပုဒ်

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုးကာလတစ်လျှောက်လုံး၌ရွတ်ဆိုပူဇော်ရန်ရဟန်းမင်းကြီးမှတိုက်တွန်းနိုးဆော်ထားသောဆုတောင်းမေတ္တာနှစ်ပုဒ်

ပထမတစ်ပုဒ်

အိုမာရီယာ၊ မယ်တော်သည်ကျွန်ုပ်တို့၏လမ်းခရီးတစ်လျှောက်၌ ကယ်တင်ခြင်းနှင့်မျှော်လင့်ခြင်းအမှတ်သ င်္ကေတ အဖြစ် အစဉ်လမ်းပြပေးလျှက်ရှိပါသည်။ မယ်တော်အားကျွန်ုပ်တို့ကိုယ်ကိုအပ်နှံပါသည်။ အိုကျန်းမာခြင်း၏မယ်တော်၊ ယေဇူးသခင်၏ကားတိုင်တော်ခြေရင်း၌ပူဆွေးကြေကွဲစွာရှိခဲ့သူ၊ မယ် တော်သည်ယေဇူးသခင်၏ဝေဒနာကိုပူးပေါင်းခံစားခဲ့သည်။ ဒုက္ခများစွာခံစားခဲ့ရသော်လည်းယုံ ကြည်ခြင်း၌မြဲခိုင်ခဲ့

သည်။ ရောမမြို့သူ၊ မြို့သား (မြန်မာပြည်သူပြည်သား) တို့အားမှိုင်းမကာကွယ်ပေးသူ၊ မယ်တော်သည်ကျွန်ုပ်တို့၏လိုအပ်ချက်များကိုသိပါသည်။ ထိုလိုအပ်ချက်များကိုလည်း အမိမယ် တော်တောင်းခံပေးမည်ဟုလည်းသိပါသည်။ ဤသို့ဖြင့်ဂါလီလေယာနယ်၊ ကာနန်မြို့အဖြစ်အပျက်ကဲ့ သို့စပျစ်ရည်ပြန်လည်ရရှိလာသောကြောင့်မင်္ဂလာဆောင်ပွဲသည်ပူပင်မှုကင်း၍ ပျော်ရွှင်မှုပြန်လည်ရရှိ လာခဲ့သကဲ့သို့၊ ဤကပ်ရောဂါဆိုးကြီးလွန်မြောက်သွားသောအခါ၌လည်းရွှင်လန်းပျော်မြူးခြင်းပြန် လည်ရရှိလာစေတော်မူပါ။

အိုဘုရား၏မယ်တော်၊ ခမည်းတော်ဘုရား၏အလိုတော်၌ကျွန်ုပ်တို့ကိုပေါင်းစပ်နိုင်စေတော်မူပါ။ ယေဇူးစေခိုင်းသမျှကိုလုပ်ဆောင်နိုင်ရန်ကူညီတော်မူပါ။ အဘယ်ကြောင့်ဆိုသော်ယေဇူးသခင်သည် ကျွန်ုပ်တို့၏ဝေဒနာကိုသူကိုယ်တိုင်ထမ်းယူခဲ့ပြီး၊ ကျွန်ုပ်တို့၏ဒုက္ခ၀န်ကိုသူကိုယ်တိုင်ထမ်းခဲ့သည်။ ဤကားတိုင်တော်အားဖြင့်ပျော်ရွှင်သောထမြောက်ခြင်းကိုခံစားရစေရန်ဖြစ်ပါသည်။ အာမင်

အိုဘုရား၏သန့်ရှင်းသောမယ်တော်၊ အမိမယ်တော်၏ အကာအကွယ်ကိုခံယူရန် အလျင်အမြန် ရောက်ရှိလာကြပါသည်။ လိုအပ်၍အသနားခံတောင်းလျှောက်သည်များကိုငြင်းပယ်တော်မမူပါနှင့်။ ကျွန်ုပ်တို့အားမကောင်းမှုဘေးရန်အပေါင်းတို့မှာကင်းဝေးစေတော်မူပါ၊ အိုဘုန်းဂုဏ်တော်နှင့်ပြည့် သောအမိမယ်တော် ….

ဒုတိယတစ်ပုဒ်

အိုဘုရား၏သန့်ရှင်းသောမယ်တော်၊မယ်တော့် အကာအကွယ်ကိုရယူရန်အလျင်အမြန်ရောက်ရှိလာကြပါသည်။ လက်ရှိကြုံတွေ့နေရ သောကပ်ရောဂါဘေးဆိုးကြီးကျရောက်နေချိန်၊ ကမ္ဘာတစ်ဝှမ်းလုံးသည်ကပ်ရောဂါဘေးဆိုးကြီး၏သားကောင်နှင့်စိုးရိမ်စိတ်များကြီးဆိုးနေချိန်၌၊ ဘုရား၏ မယ်တော်လည်းဖြစ်ပြီး၊ ကျွန်ုပ်တို့၏မယ်တော် လည်းဖြစ်သော အမိမယ်တော်ထံသို့ချဉ်းကပ်လာကာ မယ်တော်၏စောင့်ရှောက်ကာကွယ်မှုကိုရှာဖွေ ရန်ရောက်ရှိလာပါသည်။

ကညာစင်မာရီယာ၊ ဤကိုရိုနာဗိုင်းရပ်စ်ဘေးဆိုးကြီးအလယ်တွင်ကူရာမဲ့ဖြစ်နေရသောကျွန်ုပ်တို့ အားမယ်တော်၏သနားကြင်နာသောမျက်စိတော်ကိုလှည့်ကြည့်တော်မူပါ။ ဤရောဂါစွဲကပ်ခံစားပြီး၊ ကွယ်လွန်သွားကြသောမိမိတို့၏ဆွေမျိုးသားချင်းများအတွက်၀မ်းနည်းပူဆွေးသူများကိုအားပေးနှစ်သိမ့်ပေးတော်မူပါ။ ပြင်းထန်သော၄င်းတို့၏ခံစားကြေကွဲမှုများကိုသင်ပုန်းချေကုစားမေ့ပျောက်နိုင်စေ တော်မူပါ။ ရောဂါခံစားနေရသောမိမိတို့၏ ဆွေမျိုး သားချင်းများအားပြုစုစောင့်ရှောက်နေသူများ၊ ရောဂါ ဆက်လက်မပျံ့ပွားရန်ရည်ရွယ်၍၄င်းတို့အနီးအပါးသို့မသွားရောက်နိုင်သူတို့၏အနီးအပါးတွင်ရှိနေပေးတော်မူပါ။ မရေရာသောအနာဂါတ်၊ ကပ်ရောဂါဆိုး ကြီးအလွန်တွင်ကြုံလာမည့်စီးပွားရေးမတည်ငြိမ်မူ၊ အလုပ်အကိုင်ခက်ခဲမူများကြောင့်မျှော်လင့်ချက်ပျောက်လုနီးပါးဖြစ်နေသောသူများအားမျှော်လင့်ချက် များဖြင့်ဖြည့်တင်းပေးတော်မူပါ။

ဘုရား၏မယ်တော်လည်းဖြစ်ပြီး၊ ကျွန်ုပ်တို့၏မယ်တော် ကျွန်ုပ်တို့အဖို့သနားတတ်သောဖခင် ဖြစ်သော ဘုရားသခင်ထံတောင်းလျှောက်ပေးတော်မူပါ။ ဤပြင်းထန်လှသောကပ်ရောဂါဘေးဆိုးကြီး အမြန်အဆုံးသတ်သွား၍ မျှော်လင့်ခြင်းနှင့်ငြိမ်းချမ်းခြင်းအာရုံဦးအသစ်အမြန်ဆုံးရောက်ရှိလာစေတော် မူပါ။ ကာနန်မြို့လက်ထပ်ပွဲ၌အမိမယ်တော် ၏သားတော်အားလျှောက်တင်ခဲ့သကဲ့သို့ ယခုလည်းမယ် တော်၏ သားတော်ထံလျှောက်တင်ပေးတော်မူပါ။ ဤရောဂါကပ်ဆိုးကြီးကူးစက်ခံစားရသောမိသားစုများ၊ ရောဂါခံစားနေရသူများသည်နှစ်သိမ့်ခြင်းကောင်းကြီးခံစားရစေတော်မူပါ။ ၄င်းတို့၏စိတ်နှလုံးသည် လည်းယုံကြည်မူနှင့်အားကိုးမူကိုခံယူရန်အသင့်ပွင့်နေစေတော်မူပါ။

ယခုကဲ့သို့အရေးပေါ်ကာလ၌ ရှေ့တန်းမှနေ၍မိမိတို့၏အသက်ကိုပင်မငဲ့ဘဲ ရောဂါခံစားနေရ သောလူနာများ၏အသက်ကိုကယ်တင်နိုင်ရန်၊ လူနာများကိုအနီးကပ်စောင့်ရှောက်ကုသပေးနေကြ သောဆရာ၀န်များ၊ သူနာပြုများ၊ ကျန်း မာရေး၀န်ထမ်းများ၊ လူမူ၀န်ထမ်းလုပ်သားကြီးများအားကာ ကွယ်ပေးတော်မူပါ။ ကိုယ်ကျိုးမငဲ့သောသူရဲကောင်းထုံးကိုနှလုံးမူလုပ်ဆောင်နေကြသော၄င်းတို့၏လုပ် ဆောင်ချက်များကိုထောက်ပင့်မစပေးတော်မူပါ။ ၄င်းတို့အားလိုအပ်သောကာယအင်အား၊ ရက်ရောမှု၊ ကျန်းမာသန်စွမ်းခြင်းကောင်းကြီးများကိုပေးသနားတော်မူပါ။

ရောဂါခံစားနေရသောသူများအားနေ့မအား၊ ညမနားအနီးကပ်ပြုစုနေရသူများ၊ ဧ၀ဂေလိတရား တော်လာကျင့်စဉ်အတိုင်း လူနာတို့၏ ဝိညာဉ်ရေး၀တ္တရားများကိုဖြည့်ဆည်းပေးရန်၊ အကူအညီ လိုအပ်သူများကိုအားပေးနှစ်သိမ့်ရန် လူနာများနှင့်တွေ့ဆုံသွားလာနေရသောရဟန်းတော်များ၏အနီး အပါး၌ရှိနေပေးတော်မူပါ။

ကျေးဇူးတော်နှင့်ပြည့်သောမယ်တော်၊ ဤရောဂါကိုကာကွယ်ပေးနိုင်သော ဆေးဝါးများတီ ထွင်ဖော်စပ်နိုင်ရန်သုတေသနများပြုလုပ်နေကြသော သိပ္ပံအတတ်ပညာရှင်နှင့် အတတ်ပညာရှင်များအားလုံးတို့ကို ကောင်းကြီးပေးတော်မူပါ။ ၄င်းတို့၏သုတေသနလုပ်ငန်းများမှဤရောဂါပိုးကိုကာကွယ်ကုသပျောက် ကင်းနိုင်သောအစွမ်းထက်သည့်ဆေးဝါးများအမြန်ဆုံးတီထွင်ဖော်စပ်နိုင်စေတော်မူပါ။

နိုင်ငံ့ခေါင်းဆောင်များကိုလည်း ကောင်းကြီးပေး၍ ဉာဏ်အမြှော်အမြင်ကြီးစွာဖြင့် အခြေခံလို အပ်ချက်များကိုလည်းဖြည့်ဆည်းပံ့ပိုးပေးနိုင်သကဲ့သို့၊ မိမိတို့ပြည်သူများကြုံလာနိုင်ဖွယ်ရှိသော လူမူ ရေး၊ စီးပွားရေးအခက်အခဲများကိုလည်း ရေတို၊ ရေရှည်အမြင်များစွာဖြင့်ပူးပေါင်းလုပ်ဆောင်သင့်သော သူများနှင့်ပူးပေါင်း၍ကြိုတင်ပြင်ဆင်ထားနိုင်စေတော်မူပါ။

အလွန်သန့်ရှင်းစင်ကြယ်တော်မူသောမယ်တော်၊ ကျွန်ုပ်တို့၏ဩတ္တပ္ပစိတ်ကိုနိုးထလာစေတော်မူ ပါ။ စစ်လက်နက်များထုတ်လုပ်ရောင်းချ၍အမြတ်အစွန်းများရယူခြင်း၊ ၀ယ်ယူခြင်းဖြင့်နိုင်ငံ့ဘဏ္ဍာကိုမလိုအပ်ဘဲဖြုန်းတီးနေသည့်အသိများရရှိလာစေတော်မူပါ။ စစ်လက်နက်များ၀ယ်ယူစုဆောင်းခြင်း ဖြင့် စစ်မီးများပိုမိုတောက်လောင်လာစေရုံသာရှိသည်ကိုသိရှိလာစေလျှက်၊ ထိုစစ်မီး၏အနိဌာရုံကိုအနာ ဂါတ်၌အဘယ်သို့လျော့နည်းပပျောက်သွားအောင်လုပ်ဆောင်မည့်နည်းများကိုလည်းတွေးတောလုပ် ဆောင်တတ်စေတော်မူပါ။

 

ချစ်ဖွယ်သောမယ်တော်၊ ကျွန်ုပ်တို့သည်အလွန်ကြီးမားသောမိသားစုကြီးတစ်စု၏မိသားစု၀င် များဖြစ်သည်ကိုသိရှိလာစေတော်မူပါ။ ကျွန်ုပ်တို့၏သွေးတော်သားစပ်ခြင်းကိုလည်းအသိရှိစေတော်မူ ပါ။ ညီအစ်ကိုရင်းစိတ်ဓာတ်၊ အတူမျှ ဝေခံထမ်းသည့်စိတ်ဓာတ်ဖြင့်၀န်ပိနေသောချို့တွဲ့မူ၊ ဆင်းရဲမွှဲ တေမူကိုပေါ့ပါးလျော့ကျသွားအောင်လုပ်ဆောင်နိုင်ကြမည်ဖြစ်သည်။ ယုံကြည်ခြင်း၌အားကောင်းလာ စေတော်မူပါ။ အစေခံခြင်း၌ဇွဲအားထက်သန်စေတော်မူပါ။ ဆုတောင်းခြင်း၌တည်ကြည်ခိုင်မြဲစေတော် မူပါ။

အိုမာရိယာ၊ နွမ်းယိညှိုးငယ်သူတို့၏နှစ်သိမ့်ရာ၊ အတိဒုက္ခအမျိုးမျိုးသင့်ရောက်နေသောမယ် တော့်သားသမီးတို့ကိုထွေးပိုက်တော်မူပါ။ ဘုရားသခင်သည်သူ၏အားကြီးသောလက်တော်ကိုဆန့် တန်းလျှက်ဤလက်ရှိကြုံတွေ့ခံစားနေရသောရောဂါကပ်ဆိုးကြီးမှအမြန်ဆုံးကင်းဝေးငြိမ်း စေရန်ထပ်ဆင့်ဆုတောင်းပေးတော်မူပါ။ ဤသို့ဖြင့်ဘ၀သည်တည်ငြိမ်အေးချမ်းစွာဖြင့်ပုံမှန်အခြေအ နေသို့ပြန်လည်ရောက်ရှိသွားပါလိမ့်မည်။

ကျွန်ုပ်တို့၏လမ်းခရီး၌ကယ်တင်ခြင်းနှင့်မျှော်လင့်ခြင်းအဖြစ်ထွန်းလင်းတောက်ပလျှက်ရှိသော အသင်အား ကျွန်ုပ်တို့ကိုယ်ကိုအပ်နှံပါသည်။ အိုသနားတတ်သော၊ အိုချစ်ဖွယ်သော၊ အိုချိုမြိန်သော

ကညာမာရီယာ …. အာမင်

 

ရေးသားပေးပို့သောနေရာ -

စိန့်ဂျွန်းလာထရဲန်၊ ရောမမြို့၊

နေ့စွဲ - ဧပြီလ၊ (၂၅၊ ၂၀၂၀)

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

Photo credit: Catholic Telegraph

https://bit.ly/3eJl4q2

Comments

Gracias.

Add new comment

2 + 1 =