“ သဘာဝပတ်ဝန်းကျင်နှင့်ကျန်းမာရေး” အပိုင်း - ၂

"ထိန်းသိမ်းကြစေသဘာဝအမွေ" ရုပ်၊သံ အစီအစဉ်

ပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿဿ နာတွေကို ဘယ်လိုဖြေရှင်းနိုင်သလဲ?? ဆိုတာကို
"ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ကျန်းမာရေးအခြေအနေ အပိုင်း (၂)" ခေါင်းစဉ်ဖြင့် တင်ဆက်ပေးလိုက်ပါတယ်။

        ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် ကျန်းမာရေးအခြေအနေ

မိတ်ဆွေအပေါင်းတို့ခင်ဗျာ အပတ်စဉ်တိုင်းတင်ဆက်ပေးနေကျ ထိန်းသိမ်းကြစေ သဘာဝအမွေဆိုတဲ့ ကဏ္ဍလေးရောက်ရှိလို့လာခဲ့ပြန်ပါပြီ၊ ဒီအပတ်မှာတော့ ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် ကျန်းမာရေးအခြေအနေ အကြောင်းကို ပြောကြားပေသွားမှာဖြစ်ပါ တယ်။

        မိတ်ဆွေအပေါင်းတို့ ခင်ဗျား - - ကျွန်တော်တို့လူသားတွေရဲ့ နေ့စဉ်ဘဝတွေမှာ ပတ်ဝန်း ကျင်ညစ်ညမ်းမှုပုံစံအမျိုးမျိုးနဲ့ကြုံတွေ့နေကြရပါတယ်။ နေ့စဉ်နဲ့အမျှဆိုသလိုဘဲဖြစ်ပါတယ်။ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှု၊ ဒါကြောင့်လဲ လူသားတွေ ကျန်းမာရေးထိခိုက်ရပါတယ်။ ဒီလိုမျိုး ကျန်းမာရေး ဖောက်ပြန်မှု တွေ နေရာတကာ - အရပ်ရပ်မှာတွေ့ရပါတယ်။ လူသန်းပေါင်းများစွာ သေကြေပျက်စီးကြရပါတယ်။ အသက်ငယ်ငယ်နှင့် သေကြရတာဖြစ်ပါတယ်။ လေထု မသန့်ရှင်းမှုဟာ လေထုအလွှာအတွင်းမှာ နေထိုင်ကြတဲ့လူတွေအားလုံးကို ထိခိုက်စေပါတယ်။ နေ့စဉ်နှင့်အမျှ လောင်စာဆီများမှ ထွက်လာ တဲ့ မီးခိုးများကို ရှုရှိုက်ကြရပါတယ်။ လေထုအတွင်းမှာ ကာပွန်ဒိုင်အောက်ဆိုဒ်နှင့်ဆက်စပ်ပတ်သက်တဲ့ ဓါတ်ငွေ့များဟာ တဖြည်းဖြည်း များပြားလာခဲ့ပြီးဖြစ်ပါတယ်။ အပူပေးစက်၊အအေးပေးစက်များက လည်း နေ့စဉ်နှင့်အမျှ ဓါတ်ငွေ့များကို စွန့်ပစ်ထုတ်လွှင့်လျက်ရှိနေပါတယ်။ ကျွန်တော်တို့လူသား တွေ ရင်ဆိုင်ကြရတာကတော့ အများကြီးဘဲဖြစ်ပါတယ်။ ဒီလိုမီးခိုးနှင့်ပတ်သက်တဲ့ပြဿနာ များအပြင် မြေဆီလွှာအတွင်းကို စိမ့်ဝင်သွားတဲ့ ဓါတုဗေဒပစ္စည်းအကြွင်းအကျန်များ၊ ညစ်ညမ်း လာသော ရေထု၊ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ အမျိုးမျိုး စုံလိုဘဲဖြစ်ပါတယ်။

        ဒီလိုသဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်လာခဲ့ရင် ကိုင်တွယ်ရာမှာ သိမ်မွေ့ပါတယ်။ တစ်ခု နှင့်တစ်ခုဟာ ဆက်စပ်နေတဲ့အတွက်ကြောင့်တစ်ခုကို လက်ပူတိုက်ဖြေရှင်းလိုက်ခြင်းဟာ နောက် တစ်ခုကို ထပ်ဖြစ်စေတာလဲရှိတက််ပါတယ်။ ပြဿနာတစ်ခုကပျောက်မသွားဘဲနဲ့ဖြေရှင်းမှုကနေ နောက်ထပ်ပြဿနာတစ်ခုကို ထပ်တက်စေတာဘဲဖြစ်ပါတယ်။ ဒီလိုပြဿနာများကို ဖြေရှင်းတဲ့ နေရာ မှာ အချိန်ယူရသလိုပညာရှင်များရဲ့အကူညီကိုလဲ အမှီပြုရမှာဖြစ်ပါတယ်။ နောက် သမာသမတ်ကျဖို့လဲလိုအပ်ပါတယ်။ စက်ရုံများမှ စွန့်ပစ်သော ပစ္စည်းများ၊ အညစ်အကြေးများဟာ နေရာတော်တော်များများမှာ တွေ့နေရပြီး အစိပ်အတောက်ကိုဖြစ်စေပါတယ်။ သက်ရှိသတ္တဝါများ အတွက် အန္တာရယ်ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ နှစ်စဉ်နှစ်တိုင်း၊ စက်ရုံများမှ စွန့်ပစ်ပစ္စည်းတန်ချိန် သန်းပေါင်းများစွာ ထုတ်လုပ်ပေးလျက်ရှိနေပါတယ်။ ဒီအထဲမှာ အန္တာရယ်များလှသော ဓါတုပစ္စည်းအကြွင်းအကျန်များ လဲပါဝင်နေပါတယ်။

ဒီလိုကျွန်တော်တို့ လူသားတွေ အသုံးပြုနေတဲ့ စက်ရုံတွေ၊ အလုပ်ရုံတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ စျေးတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ အိုးအိမ်အဟောင်းပြိုကျပျက်ဆီး မှုတွေ၊ ဆေးရုံဆေးခန်းတွေ၊ စတဲ့ ကဏ္ဍပေါင်းစုံအနေ စွန့်ပစ်ပစ္စည်းတွေထွက်ရှိတက်ပါတယ်။ ဒါကြောင့်လဲ ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာမြေဟာ တဖြည်းဖြည်းနှင့် အမှိုက်များနဲ့ ပြည့်လာခဲ့ပြီး ကျွန်တော်တို့ရဲ့ ဘဝတွေဟာလည်း အမှိုက်ပုံကြားမှ ဘဝတွေဖြစ်နေကြရပါတယ်။

ကမ္ဘာရဲ့ နေရာအနှံအပြားမှာ တချိန်က သဘာဝတရားများနှင့် ပြည့်နက်နေခဲ့တဲ့ နေရာတွေ၊ ရုခင်းများ ဟာ အခုအချိန်မှာ အမှိုက်ပုံကြီးတွေဖြစ်လို့ နေတတ်ပါတယ်။ ဒီအမိုက်ပုံများမှာ နေ့စဉ်ဘဝတွေကို ရှင်သန်နေတိုင်ရင်ဆိုင်ကြရတဲ့ လူတန်းစားတွေများစွာရှိပါတယ်။ သူများ စွန့်ပစ်ထားတဲ့ ပစ္စည်းများကနေ မိမိတို့ရဲ့ ဝမ်းစာအတွက် ရှာဖွေစားသောက်ကြရတာဖြစ်ပါတယ်။ သက်ကြီးရွယ်အိုများ၊  အောက်ခြေလူတန်းစားဆင်းရဲသား ရပ်ကွက် များမှာဖြစ်တတ်ပါတယ်။ ပတ်ဝန်းကျင်ဟာ အမိုက်ပုံရဲ့အနံအသက်များ၊ ဓါတုကြွင်းကျန်ပစ္စည်းများ နှင့် ပြည့်နက်နေပြီး၊ ဒီအထဲမှာ ရုန်းကန်လုပ်ရှားကြတဲ့ ဆင်းရဲသားများရဲ့ ဘဝဟာ ဆိုးလှပါတယ်။

        မိတ်ဆွေအပေါင်းတို့ခင်ဗျာ ဒီလိုစွန့်ပစ်ပစ္စည်းများထဲမှ ဓါတုဗေဒနှင့် ပတ် သတ်တဲ့ စွန့်ပစ်ပစ္စည်းများဟာ အနည်းဆုံးဘဲဖြစ်ပါတယ်။ ဒါပေမဲ့ အကျိုးဆက်ဆိုကျိုးများကတော့ များလှပါတယ်။ ဒီအချက်ဟာ သက်ရှိများနှင့် လူသားတို့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းများကို ကောင်းစွာဒုက္ခပေးတတ်ပါတယ်။ လက်ရှိကမ္ဘာမှာ ဒီပြဿနာဟာ တဖြည်းဖြည်းကြီးမားလာခဲ့ပြီး၊ အပယ်ခံရတဲ့ လူတန်းစားအတွက် များစွာထိခိုက်လျက်ရှိနေပါတယ်။ မိမိတို့ရဲ့ အသုံးအဆောင် ပစ္စည်းများဟာ ခေတ်ရဲ့တိုးတက်မှုနဲ့အတူ လျင်မြန်စွာ အမှိုက်အဖြစ်ကို ပြောင်းလဲလျက် ရှိနေပါတယ်။ ဒါတွေကိုပြန်လည်အသုံးချခြင်းဖြင့် လျော့ပါး အောင်ဖြေရှင်းပေးလို့ရပါတယ်။

 သုံးပြီးစက္ကူများကို ပြန်လည်ပြုပြင်၍ အသုံးချခြင်း၊ သံ၊ သတ္တုပစ္စည်းများကို ပြန်လည်အရည်ကြိုပြီး အသုံးချခြင်း၊ ပုလင်းများကို ပြန်လည်သန့်စင်၍ အသုံး ချခြင်း၊ စတဲ့ ပြန်လည်အသုံးနည်းပေါင်းစုံနှင့် အမှို်က်လျော့ပါအောင် လုပ်ဆောင်လို့ရပါတယ်။ သဘာဝ တရားက ဒီလို စွန့်ပစ်ထားတဲ့ပစ္စည်းများကို တနေနေရာအသုံးတည့်အောင်လည်ပတ်နေပေမဲ့ ကျွန်တော်တို့လူသားတွေက ကြားဝင်ခံနေတတ်ပါတယ်။

 ဒီသဘာဝတရားရဲ့ ဖြစ်စဉ်များကို အရေး ယူသတိပြုသင့်ပါတယ်။ သဘာဝတရားဟာ သယံဇာတဖြစ်ပြီးအကွက်စေ့ပါတယ်။ သစ်ပင်မြတ်ပင်များ ဟာ အရွက်စားမြက်စား သတ္တဝါများအတွက် အဆင်ပြေလှပါတယ်။ တဖန်သားရဲ တိရစ္ဆာန်များ အတွက် တိရစ္ဆာန်ငယ် ကလေးများက အဆင်ပြေလှပါတယ်။ နောက်တိရစ္ဆာန်တို့ စွန့်ပစ်ကြတဲ့ အညစ်အကြေးများဟာ သစ်ပင်သီးနှံပင်များ၊ အရွက်စားပင်များပြန်လည်ပွင့်ဖူးလာစေပါတယ်။

ဒါဟာ ကျွန်တော်ယေဘုယျပြောတာဘဲဖြစ်ပါတယ်။ ဒါထက်စနစ်ကျတဲ့ အချက်တွေအများကြီးရှိပါတယ်။ ဒါကြောင့်လည်း သဘာဝတရားဟာ အမြဲတမ်း လန်းဆန်းနေတယ် ဆိုတဲ့ အချက်ဟာ အများလက်ခံထားတဲ့ အချက်တစ်ခုဖြစ်နေပါတယ်။ ဒါပေမဲ့ စက်ရုံများမှာ ထုတ်လုပ်ပြီးစွန့်ပစ်လိုက် တဲ့ ပစ္စည်းများဟာ ပြန်လည်အသုံးချမှုနည်းပါးပြီး လုံးဝကို စွန့်ပစ်ပစ္စည်းတွေ ဖြစ်သွားကြတာများ ပါတယ်။  ကျွန်တော်တို့ဟာ လက်ရှိလူသားတို့နှင့် အနာဂတ်မျိုးဆက်များအတွက် ဆက်လက် အသုံးပြုနိုင်ရန် ကမ္ဘာမြေရဲ့ သယံဇာတများကို လက်ဆင့်ကမ်းဖို့လိုအပ်ပါတယ်။ ဒီလို ချွေတာထိန်းသိမ်းနိုင်ဖို့၊ အသုံးပြုပြီးပစ္စည်းများကို ပြန်လည်အသုံးပြုတဲ့စနစ်ကို မွေးဖွားပေးနိုင်ဖို့ရန် လိုအပ်သလို ချွေတာရာလဲရောက်ပါတယ်။ ထိန်းသိမ်းရာလဲ ရောက်ပါ တယ်။ တစ်ခါသုံး သယံဇာတသုံးစွဲမှု ပစ္စည်းများကိုတက်နိုင်သလောက် လျော့ချပြီးတော့ သုံးစွဲကြရမှာဖြစ်ပါတယ်။ စွန့်ပစ် ပစ္စည်းသံသရာလည်အောင်သုံးနိုင်ဖို့ရန် နည်းပညာတွေရှာဖွေရမှာဖြစ်ပါတယ်။ ယခုအချိန်မှာ စက္ကူတို့ သတ္တုတွေကတော့ ပြန်လည်အသုံးပြုနေကြပြီဖြစ်ပါတယ်။ ဒါထက်မက ပြန်လည်အသုံးချ နိုင်ရင်တော့ ပိုမိုကောင်းမွန်လာမှာဘဲဖြစ်ပါတယ်။

 ၀ိုင်းဝန်းလုပ်ဆောင်ကြပါလို့လဲ တိုက်တွန်းလိုက်ရပါတယ်။

        သောတရှင်ဓမ္မမိတ်ဆွေများခင်ဗျာ ကျွန်တော်ယခုတင်ဆက်ပေးခဲ့တဲ့ဆောင်းပါးလေးဟာ ပုပ်ရဟန်းမင်းကြီးဖရန်စစ် ရေးသားတော်မူခဲ့သော စာချွန်တော် Laudato Si’  ကမ္ဘာမြေစိမ်းလန်း စိုပြေရမည်ဆိုတဲ့ စာအုပ်အခန်း(၁)ပါ အပိုဒ်(၁) ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ရာသီဥတုပြောင်းလဲမှု ဆိုတဲ့ ဖော်ပြချက်ပါအချက် အချို့ကို ကောက်နုတ်ပြီးအသံလွှင့်ဆောင်းပါးအနေနဲ့ ပြန်လည်တင်ဆက်ပေးခဲ့တာဖြစ်ပါ တယ်။

        မူရင်းဘာသာပြန်ဆိုသူကတော့ ဘုန်းတော်ကြီး ဖါသာရ်ဆုဆေးဘဲဖြစ်ပါတယ်။

ကျွန်တော် ဇော်နိုင်ဦးပါ - - - -

Add new comment

1 + 3 =