အိမ်တွင် အလွယ်တကူစိုက်ပျိုးနိုင်သော ဟင်းခက်အမွှေးအကြိုင် (၄) မျိုး

အိမ်တွင် အလွယ်တကူစိုက်ပျိုးနိုင်သော ဟင်းခက်အမွှေးအကြိုင် (၄) မျိုး 

၁။ ပူစီနံပင် (Mint)

 နှစ်ရှည်ခံပင် အမျိုးအစားဖြစ်ပြီး ကျန်မာရေးအတွက်ရော ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ပါ အသုံးပြုနိုင်ပါတယ်။ သူရဲ့ ထူးခြားတဲ့ အနံ့ကြောင့် တစ်ကမ္ဘာလုံးများ အနှစ်သက်ဆုံးသော အမွှေးရနံ့တစ်ခုဖြစ်တယ်လို့တင်စားကြပါတယ်။

နှင်းဆီပင်လေးတွေနဲ့ တွဲစိုက်ပါက ပိုဖြစ်ထွန်းပါတယ်နော်။ ပူစီနံ တွေထဲမှာ spearmint (တွေ့ရများတဲ့ အပင်)ကိုတော့ ဟင်းခတ်အမွှေးအကြိုင်အနေနဲ့အသုံးပြုကြပြီး Peppermint (ဆီထုတ်လုပ်) ကိုတော့ ဆေးအဖြစ်အသုံးပြုကြပါတယ်။

သူတို့တွေက အစားစားချင်စိတ်ကို ဖြစ်ပေါ်စေတဲ့အပြင် စားသုံးပေးခြင်းဖြင့် အဆစ်ရောင်ရောဂါ၊ အဆစ်အမြစ်နာကျင်ခြင်းတွေကို သက်သာစေပါတယ်။အရွက်ကို detox အနေနဲ့ရော အခြောက်ကို လက်ဖက်ခြောက်အနေနဲ့ပါ အသုံးပြုနိုင်ပါ

တယ်။ ‌နေရာဒေသမရွေးစိုက်ပျိုးနိုင်ပြီး စိုက်ပျိုးမယ်ဆိုပါက နေရောင်ခြည်နဲ့ ၁၀၀%ထိတွေ့ခြင်းမဟုတ်ပဲ အရိပ်အနည်းငယ်ရှိရပါမယ်။ မြေကြီးက မွနေပြီး ရေစီးရေလာကောင်းမွန်ရပါမယ်။အပင်မျိုးပွားမယ်ဆိုပါက အပင်အနွယ်မှာ အဆစ်လေးတွေကနေ ထွက်တဲ့ အမြစ်လေးတွေ ပါအောင်စိုက်မှသာ ရှင်သန်လွယ်ပါတယ်။-ပူပြင်းတဲ့ဒေသဖြစ်ပါက ရေအမြဲရနိုင်တဲ့ နေရာတွင်သာစိုက်သင့်ပါတယ်။

၂။ စပါးလင်(Lemon Grass)

စပါးလင်ကို ကိုယ်စိုင်တဲ့ သီးနှံပင်တွေရဲ့ ဘောင်ဘေးမှာစိုက်ခြင်း ထောင်ချောက်သီးနှံ (trap crop) အ‌‌နေနဲ့ အရမ်းကောင်းပါတယ်။ သူရဲ့အရွက်မှာက သံပုရာအရသာနဲ့ အနံ့ရှိတာမို့ lemon grass လို့ခေါ်တာဖြစ်ပါတယ်။

သူ့ကိုများသောအားဖြင့် အစာအိမ်အူလမ်းကြောင်းပြသနာတွေ၊ အရေပြားကူးစက်နာတွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေအတွက်အသုံးပြုကြပါတယ်။ ဟင်းတွေထဲမှာလဲ ထည့်ချက်ကြတာများပေးမဲ့ အပင်အစိတ်အပိုင်းအားလုံးကို အခြောက်လှမ်းပြီး Lemon herbal tea အနေနဲ့ သောက်သုံးနိုင်ပါတယ်။

စိုက်မယ်ဆိုပါက...

 အလင်ရောင်အပြည့်အဝရတဲ့နေရာရော အရိပ်ရှိတဲ့နေရာမှာပါ စိုက်နိုင်ပါတယ်။ မြေမွတဲ့နေရာမှာ တစ်ပင်နှင့် တစ်ပင် ၃ပေ တစ်တန်းနဲ့ တစ်တန်း ၁၈လက်မ အကွာအဝေးထားပြီး စိုက်နိုင်ပါတယ်။ ‌အပင်က ရေငတ်ခံနိုင်ပြီး အကြိုက်ဆုံးဒေသကတော့ အပူပိုင်းဒေသပဲဖြစ်ပါတယ်။

၃။ ကြက်သွန်ဖြူ (Garlic)

ဟင်းတိုင်းမှာ မပါမဖြစ်တဲ့ ကြက်သွန်ဖြူကိုလဲ စိုက်ထားသင့်ပါတယ်နော်။ သမပိုင်းဒေသတွေမှာ ဆောင်းရာသီသီးနှံအဖြစ်စိုက်ကြပြီး စိုက်ပြီး ၆လကြာမှ ရိတ်သိမ်းရပါတယ်။ ထုံးဓာတ်ပါဝင်တဲ့ မြေကို ကြိုက်နှစ်သက်ပါတယ်။ စိုက်မယ်ဆိုပါက မုန်လာဥနီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖူးတို့နဲ့ တွဲပြီးစိုက်သင့်ပါတယ်။သူရဲ့အဓိက အာနိသင်ကတော့ ပိုးသတ်တဲ့ အာနိသင်ရှိပါတယ်။ မှို၊ ဘက်တီးရီးယား၊ ဗိုင်းရပ်နဲ့ ကပ်ပါး အားလုံးကို အားနည်းသွားအောင် လုပ်ပေးနိုင်တဲ့ အာနိသင်ရှိတာပဲဖြစ်ပါတယ်။စိုက်မယ်ဆိုပါက...ဆောင်းဦးရာသီမှာ စစိုက်သင့်ပါတယ်။ နေရောင်ခြည်အပြည့်အဝရတာကို နှစ်သက်ပါတယ်။ အပင်ရဲ့အရွက်လေးတွေ ဝါလာရင်တော့ ရိတ်သိမ်းဖို့ မမေ့ပါနဲ့။

၄။ နံနံပင်အမျိုးမျိုး

 နံနံပင်များမှာ ဗမာနံနံ၊ ရှမ်းနံနံ၊ တရုတ်နံနံ စသဖြင့် ရှိကြတယ်ဆိုတာသိပြီးသားဖြစ်မှာပါ။ဗမာနံနံ ကို ဟင်းလျာများမှာ မပါမဖြစ်ထည့်ချက်ကြသလို တို့စရာအနေနဲ့လဲအသုံးပြုကြပါတယ်။ နံနံပင်မှာ သံဓာတ်များကြွယ်ဝစွာပါဝင်တဲ့အပြင် မျက်လုံးအားကောင်းစေခြင်း၊ အစားအစာများမှပါဝင်သော အဆိပ်အတောက်များအားခြေဖျက်ပေးခြင်း၊ ဦးနှောက်အာရုံကြောများအားကောင်းမွန်စေခြင်း စတဲ့အကျိုးကျေးဇူးများပါတယ်။နံနံပင်ကို စိုက်မယ်ဆိုပါက...မျိုးစေ့လေးတွေက မကွဲသေးပါက အရင်ဆုံး ပုလင်းဖင်လေးနဲ့ ကြိတ်ချေပြီး တစ်ရက် နေလှန်းပြီးမှ ကိုယ်ပျိုးမယ် နေရာမှာပျိုးထောင်စိုက်နိုင်ပါတယ်။ သူက အစေ့တိုက်ရိုက်ချတာကိုပဲ နှစ်သက်ပြီး ရွှေ့ပြောင်းစိုက်၍ မရပါ။ အလင်းရောင်ကောင်းစွာရတဲ့နေရာမှာ တစ်နှစ်ပတ်လုံးစိုက်နိုင်ပါတယ်။

credit: အစိမ်းရောင်လမ်း

Add new comment

10 + 6 =