သက်ရှိများနှင့်မျိုးတုံးမှုအန္တရာယ်

သက်ရှိများနဲ့ မျိုးတုန်းမှုအန္တရာယ်

မိတ်ဆွေအပေါင်းတို့ခင်ဗျာ  - - -

အပတ်စဉ်တိုင်း တင်ဆက်ပေးနေကျ ထိန်းသိမ်းကြစေ သဘာဝ အမွေဆိုတဲ့ ကဏ္ဍလေးရောက်ရှိလို့ လာခဲ့ပြန်ပါပြီ။ ဒီတပတ်မှာတော့ သက်ရှိများနဲ့ မျိုးတုန်းမှု အန္တရာယ်ဆိုတဲ့အကြောင်းကို တင်ပြပေးမှာဖြစ်ပါတယ်။

မိတ်ဆွေအပေါင်းတို့ခင်ဗျာ - -  ယနေ့ကျွန်တော်တို့ကမ္ဘာဟာ အနာဂါတ်ကို သတိထားရမဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သယံဇာတတော်တော်များများဟာ လောဘသားတွေရဲ့ အဆင်ခြင်မဲ့ ထုတ်ယူသုံးစွဲမှုတွေကို ခံနေရပါတယ်။ ဒီလိုပုံစံနဲ့သာ ဆက်လက်ဖြစ်ပေါ်နေမယ်ဆိုရင်တော့ သယံဇာတများဟာ လုံးပါးပါးပြီး ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိမျိုးနွယ်စုသတ္တဝါများကလည်း မျိုးတုံး ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။

မိတ်ဆွေအပေါင်းတို့ခင်ဗျာ -  -  - ဒီလိုမျိုးတုန်းပျောက်ကွယ်မှုတွေထဲမှာ သစ်တောထွက် ဇီဝမျိုးကွဲ များစွာလဲပါဝင်ပါတယ်။ တော်တော်များများဟာ ရေတိုစီမံကိန်းများ ကိုဘဲကြည့်ပြီး လုပ်ဆောင်ကြတဲ့ အတွက် ရေရှည်မှာ ပျက်စီးမှုတွေ များစွာဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကို သတိပြုရမှာဖြစ်ပါတယ်။ လက်ရှိမှာ သစ်တောများဖြုန်းတီးလာမှုဟာ ဆိုးရွားလှပါတယ်။ သစ်တောများဖြုန်းတီးခြင်းဟာ သစ်တောကို မှီတင်းနေထိုင်ကြတဲ့ မျိုးနွယ်စုများစွာကို ထိခိုက်သွားစေမှာဖြစ်ပါတယ်။ ဒီလို သစ်တောများဆုံးရှုံးခြင်းကနေ လူတို့နဲ့သက်ရှိတို့အတွက် ဟင်းသီးဟင်းရွက်များ၊ အစားအစာများ ဆေးဘက်ဝင်တဲ့ အပင်များ၊ အခြားသစ်တောထွက်ပစ္စည်းများဆုံးရှုံးရပါတယ်။ ဒါကို သတိပြုသင့် ပါတယ်။ ကျွန်တော်တို့ လူသားအချို့ဟာ အပင်အမျိုးမျိုး၊ သက်ရှိသတ္တဝါအမျိုးမျိုးကို မိမိတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် အသုံးချကြပါတယ်။ အမြတ်ထုတ်ရန်သက်သက်အတွက်သာကြည့်ပြီး လုပ်ဆောင်ကြတာတွေရှိတယ်။ ဒါဟာ မဖြစ်သင့်ပါဘူး။ သတ္တဝါတိုင်းဟာ သူနှင့်ကိုက်ညီတဲ့အကျိုးပြု တန်ဖိုးတွေရှိနေပါတယ်။ ကမ္ဘာကြီးက အငယ်ဆုံးသော သတ္တဝါငယ်လေးတစ်ခု၊ တစ်ကောင်ကအစ သူ့တန်ဖိုးနှင့်သူတည်ရှိနေပြီးသာဖြစ်ပါတယ်။ မိတ်ဆွေအပေါင်းတို့ခင်ဗျာ - -  နှစ်စဉ်နှစ်တိုင်းဆိုသလို ထောင်ပေါင်းများစွာသော သစ်ပင်မျိုးနွယ်များနှင့် တိရစ္ဆာန်မျိုးနွယ်များ မျိုးတုံးပျောက်ကွယ်ရလျက်ရှိနေပါတယ်။ တချို့ဟာလူတို့မှတ်တမ်းမတင်မှီများပင်ကွယ်ပျောက်သွားခဲ့ရပြီဖြစ်ပါတယ်။ ဒီလိုပျောက် ဆုံးသွားကြသော မျိုးစိပ်များကို ကျွန်တော်တို့ရဲ့နောက်မျိုးဆက်သစ်တွေ တွေ့နိုင်တော့မှာ မဟုတ်ပါဘူး။ ဒီလိုအပင်မျိုးနွယ်စုတွေ သတ္တဝါတွေ သေဆုံးရခြင်းရဲ့ လက်သည်တရားခံဟာ ကျွန်တော်တို့လူသားတွေဘဲဖြစ်ပါတယ်။

တကယ်တော့ ဒီသစ်ပင်မျိုးနွယ်တွေ၊ ဒီသတ္တဝါလေးတွေဟာ ကျွန်တော်တို့တစ်ဦးစီပိုင်ဆိုင် ထားတဲ့အရာတွေမဟုတ်ပါဘူး။ ဒါဟာ သဘာဝတရားကြီးတစ်ခုဖြစ်သလို၊ သူ့ဟာသူ အဆက် အစပ်နဲ့လည်ပတ်နေတဲ့သယံဇာတ၊သံသရာတစ်ခု လဲဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လူသားများရဲ့အတ္တ တွေကြောင့် ဒီသဘာဝတရားဟာတဖြည်းဖြည်းနဲ့ လုံးပါးပါးလာခဲ့ပြီပါတယ်။ ကျွန်တော်တို့တွေ့မြင်နေ တဲ့သဘာဝတရားမှာ တစ်ခုခုချို့ယွင်းရင်တောင်မှ ကျွန်တော်တို့စိတ်မကောင်းဖြစ်ကြရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မတွေ့မမြင်နိုင်သော မှိုများ၊ ပင်လယ်ရေမှော်များ၊ ပိုးပွားလေးများ၊ တွား သွားသတ္တဝါငယ်လေးများ၊ နေစဉ်ဆုံးရှုံးလျက်ရှိနေပါတယ်။ သဘာဝတရားကြီး၊ ပုံမှန်ချိတ်ဆက်လှုပ် ရှားနေဖို့ရန် ဒီသတ္တဝါလေးများလိုအပ်လျက်ရှိနေပါတယ်။ ပုံမှန်အခြေအနေမှာ သတိပြုဖို့ မလိုပေ မဲ့ ဒေသအတွင်းမှာ ကယက်ရိုက်စေမဲ့ ကိစ္စတွေလုပ်တော့မယ်ဆိုရင် စဉ်းစားလုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဥပမာ -  အောက်ဆုံးအဆင့် လယ်ကွင်းထဲမှာ ပိုးသတ်ဆေးဖြန်တာဘဲဖြစ်ပါတယ်။ များစွာသော ဇီဝပိုးမွှားများကို သေဆုံးစေနိုင်ပါတယ်။ မသေဆုံးသော သတ္တဝါများဟာ ကိုယ်ခံစွမ်းအားမြင့်တက်လာပြီး၊ စွမ်းအားတွေမြင့်တက်လာနိုင်ပါတယ်။ ဒါတွေဟာ သတိပြုသင့်ပါတယ်။ လူတို့ရဲ့ လုပ်ဆောင်ချက် တွေဟာ တခါတလေမှာ သဘာဝတရားကို ပုံမှန်လည်ပတ်မှုကနေ နှောင့်နှေးစေတတ်ပါတယ်။

မိတ်ဆွေအပေါင်းတို့ခင်ဗျာ - - - ဒီလို ဓါတုဆေးဝါးများကို သုံးစွဲမှုဟာ သတ္တလောကမှာ ကြီးမားသော ပြောင်းလဲမှုများကို ဖြစ်စေပါတယ်။ ပိုးသတ်ဆေးပုလင်းအဖုံး၊ တစ်ဖုံး ဟာ များစွာသော သက်ရှိများကို သေဆုံးစေနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့မိတ်ဆွေအင်းဆက်များ နှင့် ငှက်များဟာလဲ ဒီနည်းနဲ့ဘဲ သေဆုံးကြရတာဖြစ်ပါတယ်။ သတ္တဇီဝ သံသရာကွင်းဆက်မှာ ဒီသေဆုံးသွားကြရသော သတ္တဝါတို့ရဲ့ နေရာမှာအစားတိုးဝင်ရောက်ဖို့ရာ ခက်ခဲ့မှုတွေ ရှိသွားခဲ့ပါတယ်။ ဒါကို ကျွန်တော်တို့လူသားတွေ သတိပြု ဆင်ကျဉ်ကြရမှာဖြစ်ပါတယ်။

မိတ်ဆွေအပေါင်းတိုခင်ဗျာ  - - - - - တကယ်တော့ ကျွန်တော်တို့လူသားတွေကျင်သုံး လည်ပတ်နေတဲ့ အဖြစ်တွေ ဟာ မျှမျှတတစဉ်းစားဆင်ခြင်တာထက် မိမိရဲ့ စီးပွားရေး၊ မိမိတို့ရဲ့ အကျိုးစီးပွားအတ္တအတွက် လုပ်ဆောင်ကြတာများပါတယ်။ တိုးတက်လာနေတဲ့နည်းပညာများကလည်း လူသားမျိုးနွယ်ရဲ့ ကောင်းကျိုးအတွက်ဘဲ ဖြစ်ပြီး ကမ္ဘာကြီးရဲ့သယံဇာတထုတ်ယူသုံးစွဲမှုကို အခြေပြု လုပ်ဆောင်ကြတာတို့တွေ့ရပါတယ်။ ထုတ်ယူသုံးစွဲမှုကတော့၊ အနည်းနဲ့အများရှိပေမဲ့ အနာဂါတ်ကမ္ဘာအတွက် ခြိမ်းခြောက်မှုတွေ ဖြစ်လာခဲ့ရင်တော့ စိုးရိမ်စရာဘဲဖြစ်ပါတယ်။ သဘာဝ တရားရဲ့ အလှပများကို ဖျက်ဆီးစေမှာဘဲဖြစ်ပါတယ်။ လူသားတွေဟာ အလှအပများကို ကြိုက်ကြပါတယ်။ သဘာဝရဲ့ အလှတရားများကို မိမိတို့ကိုယ်တိုင်ဖန်တီးထားတဲ့ အလှပများနှင့် အစားထိုးကြပါတယ်။ ဒါပေမဲ့ သူတို့ပယ်ရှင်းလိုက်တဲ့ မူရင်းသဘာဝတရားအလှများဟာ မူလအတိုင်း ပြန်လည်လန်းဆန်းဖို့ ခက်ခဲသွားမှာဘဲဖြစ်ပါတယ်။ အမှန်တော့ တကယ့်သဘာဝရဲ့ စစ်မှန်တဲ့ အလှ တရားတွေဘဲဖြစ်ပါတယ်။ ဥပမာ  -  တောင်များကို ဖြိုပြီး ရှုခင်းသာတောင်ပေါ်စခန်းများ တည်ဆောက်တာမျိုး၊ မြစ်ကြောင်းများကို ပိတ်ပြီး အလှအပန်းဖြေစခန်းများတည်ဆောက်မှုမျိုး၊ သစ်ပင်များကို ပုံသွင်းပြုပြင် တာမျိုးတွေဘဲဖြစ်ပါတယ်။

တခါတလေမှာ ထည့်သွင်းမစဉ်းစားမှုတွေက ပိုမိုးဆိုးပါတယ်။ ဒါလေကတော့ ဘာမှမဟုတ် ပါဘူးကွာ။ ဘာမျှမဖြစ်ပါဘူးကွာ၊ စသည်ဖြင့် ပေါ့ပေါ့ တွေးကြတာတွေလည်း ပါဝင်ပါတယ်။ အများ သောအားဖြင့် လူတွေဟာ သတ္တဝါငယ်များနှင့် အဆင့်နိမ့်အပင်မျိုးစိတ်များကို ဥပက္ခာပြုကြတာများ ပါတယ်။ မိမိတို့ရဲ့ လက်တွေ့ဘဝမှာ ဆက်စပ်မှုမရှိလို့လဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ စီမံကိန်းကြီး များရေးဆွဲတဲ့အချိန်မှာ ပိုပြီးဂရုစိုက်ရမှာဖြစ်ပါတယ်။ ခရီးသွားဟိုင်းဝေးလမ်းမကြီးများဆောက်လုပ်ခြင်း၊ စိုက်ပျိုးရေးဥယျာဉ်ခြံကြီးများကို ဧကများစွာ ပြုလုပ်ခြင်း၊ သဘာဝစာကျက်မြေများကို ခြံစည်းရိုးကာရံခြင်း၊ မြစ်ချောင်းများကို ပိတ်ဆို့ခြင်း၊ လမ်းကြောင်းလွဲစေခြင်း၊ ဆည်နှင့်ရေကာတာများ တည်ဆောက်ခြင်း စသည်ဖြင့်ဖြစ်ပါတယ် ဒီလိုသဘာဝ တရားများကို အသုံးချခြင်းဟာ တောတောင်သဘာဝမြစ်ချောင်းများပျက်စီး လာတတ်ပြီး ဒီဒေသမှာ နေထိုင်ကြတဲ့တိရစ္ဆာန်များအတွက် နေစရာမရှိခြင်း၊ တစ်ကွဲတစ် ပြားဆီဖြစ်ခြင်း၊ လွတ်လပ်စွာ မသွားမလာဘဲနေရခြင်း၊ သဘာဝကျက်စားရာနေရာများ ပျောက် သွားသောကြောင့် စားသောက်ကျက်စားရာများဆုံးရှုံးသွားခြင်း စတဲ့အချက်တွေကြောင့် အကျိုး ဆက်အနေနဲ့ တိရစ္ဆာန်များ မျိုးတုံးပျောက်ကွယ်သွားရ တတ်ပါတယ်။ ပြောင်းရွှေ သွားရတက်ပါတယ်။

မိတ်ဆွေအပေါင်းတို့ခင်ဗျာ ကျွန်တော်ယခုတင်ပြနေတဲ့ဆောင်းပါးလေးမှပါဝင်တဲ့ အကြောင်းအရာ များဟာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်ထုတ်ဝေခဲ့သော Lordato Si ကမ္ဘာ မြေစိမ်းလန်းစိုပြေရမည် ဆိုတဲ့ စာချွန်တော် ပါ အချိုအချက်များ ကို ကိုးကားဖေါ်ပြထားတာဖြစ်ပါတယ်။

မိတ်ဆွေအပေါင်း သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းနိုင်ကြပါစေလို့ ဆန္ဒပြုဆုတောင်းပေးလိုက်ရ ပါတယ်။ တိုက်တွန်းလိုက်ရပါတယ်။ ကျွန်တော်ဇော်နိုင်ဦးပါ။

Add new comment

6 + 1 =