လမ်းခင်းကျောက်နဲမှားယွင်းနေသလား

" ထိန်းသိမ်းကြစေသဘာဝအမွေ " အစီအစဉ် (ရုပ်၊သံ)
ဒီတပတ်မှာတော့ '' လမ်းခင်း ကျောက်နှင့်များ မှားယွင်းနေသလား '' ဆိုတဲ့ သယံဇာတထုတ်လုပ်မှုနှင့် ပတ်သက်တဲ့အကြောင်း အရာလေးကိုတင်ပြသွားမှာဖြစ်ပါတယ်။

ဒီအစီအစဉ်ကို အပတ်စဉ် စနေနေ့ ညနေ ၈နာရီတွင် တင်ဆက်ပေးသွားမှာဖြစ်ပါသည်။ စောင့်မျှော်ကြည့်ရှုဝေမျှကြဖို့ရန် တောင်းဆိုပါသည်။
#Environment #RvaMyanmar #Saturday8pm

လမ်းခင်းကျောက်နှင့်မှားယွင်းနေရောသလား

       

မိတ်ဆွေအပေါင်းတို့ခင်ဗျာ -

အပတ်စဉ်တိုင်းတင်ဆက်ပေးနေကြ ထိန်းသိမ်းကြစေသဘာဝအမွေဆိုတဲ့ ကဏ္ဍလေးရောက်ရှိလို့ လာခဲ့ပြန်ပါပြီး ဒီအပတ်မှာတော့ လမ်းခင်း ကျောက်နှင့်များ မှားယွင်းနေရောသလားဆိုတဲ့ သယံဇာတထုတ်လုပ်မှုနှင့် ပတ်သက်တဲ့အကြောင်း အရာလေးကိုတင်ပြသွားမှာဖြစ်ပါတယ်။

        မိတ်ဆွေအပေါင်းတို့ခင်ဗျာ - - - ကျောက်စိမ်းလို့ပြောလိုက်တာနဲ့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ထွက်ကုန်တစ်ခုမှန်းသိတဲ့သူ အတော်များပါတယ်။ ကမ္ဘာမှာတောင် မြန်မာကျောက်စိမ်းဟာ နာမည်ကြီးလှပါတယ်။ တန်ဖိုးလည်း ကြီးမားလှပါတယ်။ နိုင်ငံအတွင်းက အချို့သူဌေးကြီးများနှင့် နိုင်ငံပြင်ပက သူဌေးများဟာလည်း ဒါကိုဘဲအမှီပြုပြီး ချမ်းသာကြွယ်ဝလာခဲ့ကြတာဖြစ်ပါတယ်။ ဒီနှစ်ပိုင်းမှာဘဲ လွှတ်တော်အမတ် တစ်ယောက်ရဲ့ စကားလေး တစ်ခုကို ဂျာနယ်တစ်ခုမှာသွားတွေ့မိပါတယ်။ မြန်မာ နိုင်ငံမှာ ကျောက်စိမ်းကို လမ်းခင်းကျောက်ထုတ်သလို ထုတ်နေကြတယ် လိုဆိုထားတာဘဲဖြစ်ပါတယ် ၊ ဟုတ်ပါတယ် မိတ်ဆွေ၊ ကျောက်စိမ်းဟာ တွင်းထွက်ပါ၊ သယံဇာတတစ်ခုပါ။ အလွယ်တကူရရှိနိုင်တဲ့၊  တွေ့ရှိဖို့ လွယ်ကူတဲ့ လမ်းခင်းကျောက်တော့မဟုတ်ပါဘူး။ မကြာခဏဆိုသလို တစ်ဖက်နိုင်ငံကို ခိုးသွင်းနေတဲ့ကျောက်စိမ်းလုံးချောတွေ ဖမ်းမိတဲ့ သတင်းတွေဟာ ခပ်စိပ်စိပ်ပါဘဲ။ နောက်မဖမ်းမိ ဘဲနဲ့ လွတ်သွားခဲ့တဲ့ ကျောက်စိမ်းတုံးတွေလဲများစွာရှိနေပါသေးတယ်။ ထို့အတူပါဘဲ  မန္တလေးက ကျောက်ဝိုင်းနှင့် ပတ်ဝန်းကျင်မှာ ကျောက်စိမ်းကို ဖောဖောသီသီတွေ့နိုင်ပါ တယ်။ ဒါပေမဲ့ ကုန်သည်ပွဲစားတွေ စိတ်ကြိုက်ရွေးချယ်ပြီး ကျန်တဲ့အမျိုးအစားတွေကများပါတယ်။ အချို့ကုန်သည်များရဲ့ အဆိုအရ ဒီလို အလွန်အရည်အသွေးကောင်းတဲ့ ကျောက်မျိုးတွေဟာ ပြည်တွင်းကိုတောင် ဆင့်မလာဘဲနဲ့ မှော်ထဲကနေ့ တရုပ်ပြည့်ကိိုတိုက်ရိုက် ရောက်သွားတယ်လိုဆိုကြပါတယ်။ ဒါပေမဲ့လည်း ဒီလို အဖိုးနည်း အိုးကွဲ ကလေးများကဘဲ လူတော် တော်များများကို ထမင်းကျွေးထားတယ်လို့ပြောရမလိုဖြစ်ပါတယ်။

        ဒီလိုကျောက်လေးတွေကိုဘဲ ပုတီးလုပ်ကြ၊ လက်ကောက်လုပ်ကြ၊ ပန်းပုထိုးကြနှင့် ကိုယ် သန်ရာသန်ရာလုပ်ပြီး အသက်မွေးဝမ်းကျောင်းရပါတယ်။ တစ်ခါတစ်လေတော့ မျက်စိလည်လမ်း မှားပြီး၊ ဒီလိုဘဝတွေကနေ သူဌေးကြီးဖြစ်သွားခဲ့သူတွေလဲရှိပါတယ်။ နည်းပါးတယ်။ ကျွန်တော် ဖားကန့်ဒေသကို ရောက်ခဲ့ဖူးပါတယ်။ ကုမ္မဏီများမှာ ရရှိထားတဲ့ကျောက်များဟာ တောင်လို၊ ရာလိုပုံထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ကားလမ်းဘေးတစ်လျှောက်မှာကို ဒီအတိုင်းပြန်လည် စွန့်ပစ်ထားတဲ့ ကျောက်ပုံတွေကိုလဲတွေ့နိုင်ပါတယ်။ ကျွန်တော်ဒေသခံများကို မေးကြည့်ခဲ့ပါတယ်။ ဒါတွေက ကျောက်စိမ်းတွေလားဆိုတော့ ဟုတ်ပါတယ်တဲ့ ဒါပေမဲ့ တန်ဖိုးမရှိဘူးလို့ဆိုပါတယ်။ ဒီအတိုင်း ပြန်လည်စွန်ပစ်ကြတာဖြစ်ပါတယ်။ တခါတလေမှာတော့ ဒီလိုစွန့်ပစ်တဲ့ကျောက်တွေ၊ မြေစာပစ်ပုံတွေ ထဲကနေလည်း ကျောက်တွေပွင့်တတ်ပါတယ်။ အော်ဒီလို - တောင်ကိုအပုံလိုက်ကိုဖြိုချ၊ ဒါမှမဟုတ်ရင်လဲ ကျင်းကြီးတွေတူးပြီး တူးခဲ့ကြတာဟာဆိုရင် သဘာဝအတိုင်းတည်ရှိနေတဲ့ မြေပြင်အနေထာကို တွေ့ဖို့ ခက်သွားခဲ့ပြီဖြစ်ပါတယ်။ တချိန်ကဥရုချောင်ကလည်း နီနီရဲရဲရေတို့သာ စီးဆင်း နေတာကို တွေ့ရမှာဖြစ်ပါတယ်။ နေ့စဉ်နှင့်အမျှ သွားလာနေကြတဲ့ စက်ယန္တရားကြီးများရဲ့ အသံ ဟာ၊ မှော်တွင်းတလျောက်ကို ကြားနေရပါတယ်။ ဆိုင်းတောင်မြို့ရဲ့ တောင်ကုန်းလေးပေါ်ကနေ ကြည့်လိုက်မယ်ဆိုရင် နေရာတကာမှတူးထားတဲ့လုပ်ကွက်များကို တွေ့ရမှာဖြစ်ပါတယ်။ စောစောက လွှတ်တော်အမတ်ကြီးပြောသွားခဲ့တဲ့ စကားကို ပြန်ကောက်ရရင် ဒီကျောက်တူးဖေါ်ရေး မှော်လို့ ခေါ်တဲ့လုပ်ကွက်ကြီးဟာ မန္တလေးပြင်ဦးလွင် ကားလမ်းဘေးက တောင်မတက်ခင်တွေ့ရတဲ့ လမ်း ခင်းကျောက်ထုတ်လုပ်ရေးစခန်းထက် ပိုမိုကျယ်ဝန်းလှပါတယ်။ နိုင်ငံရဲ့ သယံဇာတများဟာ အလွန် လျှင်မြန်စွာ ကြောက်စရာကောင်းလှအောင် ထုတ်ယူသုံးစွဲခံနေရပါတယ်။ ဘယ်သူတွေကယ်တင်နိုင် မှာပါလဲ။

       

မိတ်ဆွေအပေါင်းတို့ခင်ဗျာ  - -  -   ဖားကန့်ဒေသဟာ ကျွန်တော်တို့မြန်မာနိုင်သား တွေအတွက်တော့၊ လူတိုင်းနီးပါးစိတ်ဝင်စားကြတဲ့ ဒေသဖြစ်ပါတယ်။ ကျောက်တူး၊ ကျောက် ကောက်သမားများ၊ အရောင်းအဝယ်သမားများ၊ ကျောက်သူဌေးများ ကျက်စားရာနေရာဖြစ်ပါ တယ်။ ဖားကန့်ကို လောပန်းလောင်းတို့ စုဝေးရာနေရာ မွေးဖွားရာနေရာအဖြစ်လဲမြင်တက်ကြပါတယ်။ ဒီလိုသူဌေးလောင်းတွေရှိသလို၊ မြန်မာနိုင်ငံနေရပ်ပေါင်းစုံမှ လာရောက်ပြီး အလုပ်လုပ်ကိုင်နေကြ တဲ့အလုုပ်သမားများပေါများရာ နေရာလဲဖြစ်ပါတယ်။ အချို့လဲ နိုင်ငံခြားကို သွားပြီး အလုပ်လုပ်မဲ့ အတူတူ ကိုယ့်နိုင်ငံအတွင်းမှာဘဲစွန့်စားရရင် စွန့်စားရဆိုတဲ့စိတ်နဲ့ လုပ်ကြတာဖြစ်ပါတယ်။

မိတ်ဆွေအပေါင်းတို့ခင်ဗျာ၊ ကျွန်တော်တို့ မြန်မာနိုင်ငံဖားကန့်ဒေသကထွက်ရှိတဲ့ ကျောက် စိမ်းဟာ တန်ဖိုးရှိလှပါတယ်။ ဂျေဒိုက်အမျိုးအစားဖြစ်ပါတယ်။ ကမ္ဘာမှာ ကျောက်စိမ်းနှစ်မျိုးရှိပါ တယ်။ ဂျေဒိုက်နှင့် နက်ဖရိက်ဘဲဖြစ်ပါတယ်။ ကျောက်စိမ်းမှာ ကျွန်တော်တို့မြန်မာ့ကျောက်စိမ်း ဟာ ကမ္ဘာမှာ အရည်အသွေးအကောင်းဆုံးဖြစ်ပါတယ်။ ကျောက်စိမ်းဟာ ကျောက်သက်တမ်း အနုအရင့်နှင့်မသက်ဆိုင်ပါဘူး။ ကျောက်လွှာတွေ တိုးတိုက်မှုတွေကြောင့်၊ တစ်ခုသော အပူချိန်၊ တစ်ခုသောဖိအားရဲ့ အောက်မှာ ကိုက်ညီမှုရှိမှသာ ပါဝင်တဲ့ဓါတ်စင်တွေပြောင်းလဲပြီး ဖြစ်လာတာဘဲဖြစ်ပါ တယ်။ လွယ်လွယ်နဲ့ ဖြစ်လာခဲ့တာမဟုတ်ပါဘူး။ အခြေအနေတွေ၊ အလွန်အမင်းတိုက်ဆိုင်မှု ရှိခြင်းကြောင့်သာ ကျောက်စိမ်းဖြစ်လာခဲ့ရတာဖြစ်ပါတယ်။ နှစ်ကြာတာတစ်ခုတည်းနဲ့  သက်ရင့်တိုင် ကျောက်စိမ်းဖြစ်မလာပါဘူး။ ဘယ်ဓါတ်စင်ကနေ အသွင်ပြောင်းပြီးဖြစ်လာတယ်ဆိုတဲ့ အရာမျိုးလဲ မဟုတ်ပါဘူး။ တကယ်ကို တိုက်ဆိုင်တဲ့အချက်တွေ၊အခြေနေတွေ၊ အချိန်တွေ၊ သက်ရင့်တဲ့ ကျောက်သက်တမ်းတွေ အကြောင်းအမျိူးကြောင့် ကျောက်စိမ်းဖြစ်လာခဲ့တာဖြစ်ပါတယ်။ အလွယ်ပြောရမယ်ဆိုရင်တော့ နောက်တစ်ခါ ဖြစ်လာဖို့မလွယ်တော့ပါဘူး။ တူညီတဲ့ ဖိအားတွေ၊ အပူတွေ၊ ဒြပ်စင်တွေလိုအပ်ပါတယ်။ အတိုင်းအတာတစ်ခုအထိ ဘဲ ထွက်ရှိတဲ့ကျောက်စိမ်းဖြစ်ပါတယ်။ ဒါကို လွှတ်တော်အမတ်ကြီးတင်ပြခဲ့သလို လမ်းခင်း ကျောက်ထုတ်သလို ထုတ်နေတဲ့အတွက် ရင်လေးစရာဖြစ်လာခဲ့ရပါတယ်။

        ဒီလိုကျောက်စိမ်းတွင်းများ အလွန်အကျွံတူးဖော်နေမှုတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုရမှာဘဲ ဖြစ်ပါတယ်။ အောက်ကို ပေရာချီပြီးတူးနေကြသလို အထက်ကိုလဲတောင်အပုံလိုက်ကို ပြိုချပြီးတူး နေပါတယ်။ နေရာအနှံမှာ ချိုင့်ကြီးတွေ၊ မြေစာပစ်ပုံကြီးတွေဖြစ်နေခဲ့ပြီး၊ သဘာဝအတိုင်းတည်ရှိ နေတဲ့ မြေအနေအထားများ ပျက်ဆီးကာ မူလမြေမျက်နှာပြင်ဧကပေါင်းများစွာ ဆုံးရှုံးနေပါတယ်။ ဒီလို သဘာဝတရားအတိုင်း ပြန်ရောက်နိုင်ဖို့ရာ အတော့်ကို ခက်ခဲပြီး ဖြစ်လာဖို့ စိတ်ကူးကြည့်ရမှာဘဲ ဖြစ်ပါတယ်။ ကောင်းမွန်လာဖို့နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ပါတယ်။ ဒါတောင် အခုအချိန်မှာ ရပ်တန့်မှ ဖြစ်ပါတယ်။ ဆက် လက်ပြီး လုပ်ဆောင်နေရင်တော့ နောက်တချိန်မှာ ကျောက်စိမ်းဆိုတာ ပုံပြင်တဲ့က နဂါးတို့ ဂဠုန် တို့လိုဖြစ်သွားမှာသေချာလှပါတယ်။ အခုလက်ရှိမှာတော့ အကျိုးတူ ပြုလုပ်ထားတဲ့ကုမ္မဏီများရဲ့ လက် ထဲမှာဘဲရှိနေပါသေတယ်။ ဒီလိုကုမ္မဏီတွေကစွန့်ပစ်လိုက်တဲ့ မြေဇာပစ်ပုံများမှာ ရေမဆေးကျောက် (ကုမ္မဏီတွေရှာဖွေပြီး ပြန်လည်စွန့်ပစ်တဲ့) ကျန်တဲ့ကျောက်တွေကို ရှာကြတဲ့ အနယ်နယ်အရပ်ရပ်ကလာ ရောက်ကြတဲ့ ကျောက်ရှာသူ ပုဂ္ဂိုလ်များဟာလဲ ဒုနဲ့ဒေးဘဲဖြစ်ပါတယ်။ မကြာခဏဆိုသလို မြေဇာပုံပြိုကျလို့ သေ ဆုံးမှုတွေလဲကြားနေရပါတယ်။ အာလုံးဟာဝမ်းနည်းစရာတွေပါ - - -

        ကျွန်တေ်ာတို့တတွေ ဒီလိုသယံဇာတများကို ဆက်လက်ထိန်းသိမ်းသင့်လှပါတယ်။ ဆက်လက်ထိန်းသိမ်းကြပါလို့လဲ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုက်ပါတယ်။

မိတ်ဆွေအပေါင်း - သဘာဝတရားအတိုင်းနေထိုင်ကြပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်သောသူများဖြစ်နိုင် ကြပါစေဗျာ --- - -

 ကျွန်တော်ဇော်နိုင်ဦးပါ။

 

Add new comment

18 + 2 =