ပြဿနာထဲကလူ

              အမြဲတမ်းစိမ်းလန်းသာယာနေတဲ့သဘာဝကြီးထဲ့မှာလူဆိုတဲ့ဖန်ဆင်းခံသတ္တဝါတစ်မျိုးရှိပါတယ်။ သဘာဝပတ်ဝန်းကျင်ပျက််စည်းမှုများအတွမြဲတမ်းဆက်စပ်နေတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ဆွေးနွေးကြမယ်ဆိုရင်လူဟာပတ်ဝန်းကျင်မှာဖြစ် ပြက်တဲ့သဘာပတ်ကျင်ပျက်ဆီး မှုများကိုဖြေရှင်တဲ့ နေရာမှာ အဓိကအကျဆုံးဖြစ်ပါတယ်။ ပျက်ဆီးမှုများဟာလည်း ကျွန်တော်တို့လူသားတွေကြောင့်ဖြစ်ခဲ့ရသလိုပဲပြန်လည်တည်ဆောက်မှုအပိုင်းမှာလည်းအားပေးကူညီဖို့ရာကျွန်တော်လူသားများဟာလည်းအဓိကကျလှပါတယ်။  ဒါပေမဲ့လည်း။  ဒီလိုပြသနာများနဲ့ကျွန်တော်တို့လူသားတွေရဲ့ဆက်နွယ်မှုကိုထောက်ပြယုံသက်သက်နဲ့ကတော့ကျွန်တော် တို့ဟာသဘာဝပတ်ဝန်ကျင်ပျက်ဆီးမှုပြသနာပျားကိုဖြေရှင်နိုင်မှာမဟုပ်ပါဘူ။ဒါကြောင့်ကျွန်တော်တို့လူသားတွေရဲ့လက်ရှိနေပုံထိုင်ပုံများဟာသဘာဝပတ်ဝန်းကျင်ကိုဘယ်လောက်ပျက်စည်းနေလည်းဆိုတာကိုအတွင်းကျကျလေ့လာဖို့ရာဖော်ထုပ်ကြည့်ဖို့လည်းလိုပါတယ်။မိတ်ဆွေများခင်ဗျာလေ့လာသုံးသပ်သူများရဲ့အဆိုအရကျွန်တော်တို့လူသားတွေရဲ့အတတ်ပညာဖန်တီးတည်ထွင်နိုင်မှုစွမ်းအားတိုးတက်ဖွင့်ဖြိုးလာတာဟာလည်းတနည်းအားဖြင်သဘာဝတရားကိုပျက်စည်းစေတဲ့အချက်တခုလို့ထောက်ပြနေပါတယ်။ကျွန်တော်တိုလူသားများရဲ့တည်ထွင်စမ်းသစ်နိုင်မှုဟာခေတ်သစ်တခုထဲကိုရောက်ရှိလာခဲ့ပြီလို့ဆိုရမှာပဲဖြစ်ပါတယ်။ အလျန်အမြန်ပဲ့တိုးတက်လာခဲ့ပါတယ်။ ကျွန်တော်တို့ဟာလွန်ခဲ့တဲ့ရာစုနှစ်များအတွင်းတဟုန်ထိုးတိုးတက်လာခဲ့တာဖြစ်ပါတယ်။ ဥပမာအားဖြင့်ပြေားရမယ်ဆိုရင် ရေနွေးငွေ့စက်များ၊ မီးရထားများ၊ စကားပြေားကြေးနန်မျာ၊ လျှပ်စစ်ဓါတ်၊ မော်တော်ကားများ၊ လေယျဉ်ပျံများ၊ ဓါတုဗေဓာပစ္စည်းများကိုထုပ်လုပ်သော်စက်ရုံများ၊ လက်ရှိလည်ပတ်နေတဲ့လူသုံးကုန်ပစ္စည်းမျာအမျိုးမျိုးကိုထုပ်လုပ်ပေးသော်စက်ရုံများ၊ ခတ်မီဆေးဝါးများ၊ သတင်းဖျန်ခြည်မှု   နည်းပညာများ၊ ယနေ့ခတ် ခေတ်စားလာတဲ့ကွန်ပြူတာများ၊ ဒစ်ဂျာစ်တယ်လူအသုံးအဆောင်ပစ္စည်းများ၊နောက်ဆုံးစက်ရုပ်များ၊ သက်ရှိဇီဝမျိုးရိုးဗီဇာမျာကိုများကိုလေ့လာကြသော်ပညာရပ်များ၊ အနှမြူထက်သေးငယ်သော်ပစ္စည်းများကိုခွဲ့စိတ်လေ့လာနိုင်သော်နည်းပညာ  အသစ်အဆန်းများစသဖြင့်တဆင့်ပြီးတဆင့်တိုးတက်လာခဲ့ပါတယ်။ ဒီလိုနည်းပညာတိုးတက်လာမှုများဟာကောင်းမွန်တဲ့လမ်းညွန်ချက်တွေကောင်မွန်စွာအသုံးချမှုတွေရှိရင်တော့အလွန်ကောင်းပါတယ်။ လမ်းပန်းဆက်သွယ်ရေးတိုးတက်ဖို့၊အိမ်တွင်အသုံးအဆောင်ပစ္စည်များတိုးတက်ဖို့၊အဆောင်အအုံတည်ဆောင်မှုနည်းပညာများတိုးတက်လာဖို့၊ကျွန်တော်တို့လူသားတွေအပန်ဖြေဖို့ရာပစ္စည်းမျာတီထွင်ထုပ်လုပ်တာဟာလည်းကောင်းမွန်လှတဲ့အချက်တွေပဲဖြစ်ပါတယ်။ ဒါတွေဟာလူမှုစနစ်ကိုမြင့်တင်ပေးတဲ့ချက်တွေပဲဖြစ်ပါတယ်။ အနုပညာတင်ဆက်မှုများဖန်တီများဟာလည်းလောကထဲ့မှာနစ်မွန်းနေသူများအတွက်စိတ်သက်သာရာရစေပါတယ်။ တကယ်တော့ဒီတိုးတက်မှုများဟာအားရဝမ်းသာစရာပဲဖြစ်ပါတယ်။ဒီလိုခေတ်အဆက်ဆက်ကျွန်တော်တို့လူသားများဟာသဘာဝပတ်ဝန်းကျင်နဲ့သဘာဝတရားများနဲ့ကိုယ်ကိုဂိုကိုတ်ညီအောင်ပြုပြင်ဖန်တီးပြီးနေထိုင်လာကြတာဟာသဘာဝတရားတခုဖြစ်သလို့ပဲ့ကျွန်တော်တို့လူသားတွေရဲ့ထူးခြားတဲ့စွမး်ရည်ကျေးဇူးတော်တစ်မျိုးဖြစ်ပါတယ်။ဒီသိပ္ပံ္ပံပညာလေ့လာဖွင့်ဖြိုးမူတွေအတွက်လည်းတည်ထွင်

ကြသူများပြုစုလုပ်ဆောင်ကျေးဇူးတင်ကြရမှာဖြစ်ပါတယ်။ ဒီလိုမျိုးတီထွင်ထုပ်လုပ်ခံစားတတ်တာဟာဖန်ဆင်းရှင်ဖန်ဆင်းထားတဲ့သတ္တဝါတွေထဲ့မှာကျွန်တော်တိုလူသားဟာထိပ်ဆုံးကပဲဖြစ်ပါတယ်။ အခြားသော်သတတ္တဝါများတိရစ္ဆာန်များဟာဒီလိုခံစားတီထွင်နိုင်ဖို့ရာခဲရင်းလှပါတယ်။ ဒါပေမဲ့လည်းကျွန်တော်တို့လူသားတွေကမ္ဘာကိုအိုပ်စိုးထားမှုဟာသတိပြုရမဲ့အချက်တွေရှိလာပါတယ်။ အင်အားကြီးမားလှတဲ့စွမ်းအားကြီးမှာလှတဲ့နည်းပညာများဟာသဘာဝတရားကိုပုံပြောင်းသွားစေနိုင်ပါတယ်။ ဥပမာပြောရမယ်ဆိုရင်အနုမြူစွမ်းအင်သတ္တဗေဒပညာရပ်များ၊ လျန်မြန်စွာတိုးတက်လျှာက်ရှိတဲ့သတင်းအချက်အလက်နည်းပညာများ၊ သက်ရှိများရဲ့မျိုးရိုးဖီဇများကို လေ့လာသိရှိခြင်းစတဲ့စွမ်းအားရှိတဲ့နည်းပညာများဟာဂရုပြုရမဲ့အပိုင်းတွေပဲဖြစ်ပါတယ်။ တနည်းပြောရမယ်ဆိုရင်ဒီလို့နည်းပညာများ ပိုင်ဆိုင်ထားပြီးငွေကြေးအင်အားလည်းတတ်နိုင်တဲ့သူတွေဟာ လက်ရှိကမ္ဘာမှာအာဏာဆိုတဲ့လုပ်ပိုင်ခွင့်ကိုပိုင်ဆိုင်ထားကြသူများဖြစ်ပါတယ်။ ပြန်လည်ပြီးတွက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့လူသားတွေ ဟာလူသားအချင်းချင်းနဲ့ကမ္ဘာမှာရှိတဲ့သတ္တလောကအားလုံးအပေါ်မှာကြီးမားလှသည်အာဏာကိုရရှိခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းကအသုံးပြုခဲ့တဲ့အနုမြူဗုံးအပါအဝင်အဖျက်လက်နက်မျိုးစုံကိုကြည့်ပါ နာဇီအကျင်းစခန်းမျာမှာအသုံးပြုခဲ့တဲ့လူသတ်နည်းပညာများရက်နေ့မျက်မှောက်ခေတ်မှာလည်းဒါထက်ပိုပြီးအစွမ်းထက်လက်နက်များကိုပိုင်ဆိုင်ထားကြပြီဖြစ်ပါတယ်။  နိုင်ငံကြီးများရဲ့လက်နက်ဂိုထောင်များမှသိုလှောင်ထားတဲ့လူသတ်လက်နက်များအကြောင်းကိုတွေးတောကြည့်ယုံနှင့်သိနိုင်ပါတယ်။ဒီလိုလက်နက်မျိုးတွေဒီလိုစွမ်းအင်တွေလူကျင့်ဝတ်နှင်မညီတဲ့သူတွေရဲ့လက်ထဲကိုရောက်သွားခဲ့မယ်ဆိုရင်တော့ကြောက်စရာအလွန်ကောင်းလှပါတယ်။ ဒီလက်နက်များဟာဘယ်လိုအဆုံးသတ်သွားမှာလည်းဘယ်နေရာမှာအသုံးချမှာလည်းစဉ်စားစရာပဲဖြစ်ပါ တယ်။ အယူဝါဒတွေအကြမ်းဖတ်မှုတွေကိုယ်ကြိုးရှာအစွန်းရောက်အဖွဲ့အစည်းတွေဟာကြောက်စရာကောင်းလှပါတယ်။ ဒီလိုပုဂ္ဂိုလ်တွေရဲ့လက်ထဲ့ကိုဒီလို့စွမ်းအားပြင်းလက်နက်များရောက်ရှိသွားခဲ့မယ်ဆိုရင်အန္တရယ်ဟာအ ျိန်မရွေးကျရောက်သွားနိုင်ပါတယ်။ဒီလိုအင်အားကြီးလက်နက်များရှိခြင်းဟာပိုပြီးလုံခြုံစိတ်ချတယ်လို့ထင််တတ်ကြပါတယ်။ ကျွန်တော်တိုဟာဒီလိုစွမ်းအားကိုပိုင်ဆိုင်လေလေကျွန်တော်တွက်လုံခြုံမှုဟာပိုမိုကင်းမဲ့လာလေပဲဖြစ်ပါတယ်။ ဒီဖျက်အားပြင်းတဲ့လက်နက်များကိုထိန်းချုပ်အသုံးချဖို့ကောင်းမွန်တဲ့စိတ်ဓါတ်တွေရှိဖို့ရာအရေးပါတယ်။ ဒီလိုနည်းပညာတိုးတက်မှုတွေနဲ့အတူကျွန်တော်တိုလူသားတွေရဲ့အတွေးအခေါ်တွေအတွေးအမြင်တွေပါလိုက်ပါတိုးတက်ခဲ့မယ်ဆိုရင်တော့တကယ်ကိုကောင်းမွန်လှပါတယ်။ ဒီလိုမျိုးစိတ်ဓါတ်တွေရရှိဖို့ရာဘာသာတရားငြိမ်းချမ်းရေးနှင့်ချစ်ခြင်းမေတ္တာကိုအခြေခံတဲ့အချက်ကသာထိန်းချုပ်နိုင်လိပ်မယ်လို့ကျွန်တော်အနေနဲ့ထင်မိပါတယ်။တကယ်တော့လွတ်လပ်ခွင့်ကိုပိုင်ဆိုင်ထားတဲ့ကျွန်တော်တို့လူသားများဟာမိမိကိုယ်တိုင်ဆုံးဖြတ်ထားတဲ့မိမိကိုယ်တိုင်ပြုလုပ်ထားတဲ့ဆုံဖြတ်ချက်များကိုလိုက်နာဖို့ရန်တာဝန်ရှိပါတယ်။ လူသားထုတရပ်လုံးကိုကာကွယ်ပေးနိုင်မယ်လို့ထင်ထားကြပေမဲ့လည်းတခါတလေးမှာတကယ်လက်တွေ့မှာလူတစ်စုနိုင်ငံတစ်ခု၊လူမျိုးစုတစ်ခုအတွက်ကာကွယ်ပေးဖို့ရာဖြစ်နေတတ်ပါတယ်။ တခါတလေမှာကျွန်တော်တိုလူသားတွေရဲ့အတတ်ပညာများဟာအရာရာကိုဝါးမျိုခြင်သောသံမဏိလက်များနှင့်တူတတ်ပါတယ်။ သဘာဝတရားနဲ့လူအများရဲ့ကောင်းကျိုးကိုထည့်မတွက်ပဲရှေ့သို့သာချီတက်လျှာက်တက်တာကိုတွေ့ရပါတယ်။ အာဏာကိုပိုင်ဆိုင်မှုသာအဓိကထားပြီးအရာရာကိုစိုးမိုးဖို့ကြံစည်တက်ပါတယ်။ မိတ်ဆွေအပေါင်းတို့ခင်ဗျာ ကျွန်တော်ယ္ခုကဲ့သို့တင်ပြခြင်းဟာကျွန်တော်တို့တတွေအားလုံးကျောက်ခေတ်ကိုပြန်သွားဖို့ရန်ပြောနေတာမဟုတ်ပါဘူး။နည်းပညာ၊သိပ္ပ္ပံပညာများတိုးတက်လာမှု ဟာကျွန်တော်တိုလူသားတွေရဲ့စိုးရိမ်မှုပိုမိုပြီပြင်စေတယ်ဆိုတဲ့အချက်ကိုထောက်ပြတာပဲဖြစ်ပါတယ်။ဒီလိုနည်းပညာများဟာ မသာမာတဲ့လူလက်ထဲ့ရောက်သွာခဲ့မယ်ဆိုရင်ကျွန်တော်တို့ကမ္ဘာမှာရှိတဲ့လူသားများရဲ့စိုးရိမ်စိတ်များဟာပိုပြီးကြီးမားလာစေမှာဖြစ်ပါတယ်။သဘာဝတရားကိုလည်းကြီးမားစွာပျက်စီးစေမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာဒီလို့နည်းပညာများစွမ်းအားမြင့်လက်နက်များကိုပိုင်ဆိုင်ထားမှုဟာအခြားသောဖန်ဆင်ခံသတတ္တဝါများနဲ့သဟဇာတဖြစ်တည်မှုအပိုင်းမှာထိခိုက်နိုင်ပြီးမေတ္တာတရားနှင့်ပြန်လည်မဆန်းစစ်ဘူဆိုရင်အထိမ်းအကွပ်မဲ့သောအဖြစ်ကိုရောက်ရှိသွားနိုင်တဲ့အကြောင်းကိုကျွန်တော်တင်ပြပေးတာပဲဖြစ်ပါတယ်။တိုးတက်လာတဲ့နည်းပညာများအတတ်ပညာများကိုကောင်းမွန်စွာအသုံးချပြီးကျွန်တော်တို့လူသားတွေရဲ့တစ်ဦးစီတစ်ဦးစီသဘာဝတရားနဲ့သဟဇတဖြစ်အောင်နေထိုင်ပြီးသဘာဝတရားကိုလေးစားကာမိမိတို့ရဲ့ဘဝမှာအသက်ရှင်ရပ်တည်နိုင်ဖို့အတွက်ကျွန်တော်အနေနဲ့ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။                                  ကျွန်တော်ဇော်နိုင်ဦးပါ  

Add new comment

12 + 4 =