" နေ့စဉ်ဘဝအသက်တာနှင့် ဆက်နွယ်နေသော သဘာဝပတ်ဝန်းကျင် အပိုင်း (၂)"

"ထိန်းသိမ်းကြစေသဘာဝအမွေ" ရုပ်၊သံ အစီအစဉ်

လူမှုဘဝသာယာလှပဖို့ဆိုတာဟာ အိမ်အဆင့်အတန်းတွေ ငွေကြေးတွေနဲ့ မဆိုင်ပါဘူး။ ဆွေမျိုးမိတ်ဆွေများရဲ့ ရင်းနှီးကျွမ်းဝင်စွာဆက်ဆံမှုတွေ အားပေးမှုတွေနဲ့သာသက်ဆိုင်ပါတယ် ဆိုတဲ့အကြောင်းကို
" နေ့စဉ်ဘဝအသက်တာနှင့် ဆက်နွယ်နေသော သဘာဝပတ်ဝန်းကျင် အပိုင်း (၂)" ခေါင်းစဉ်ဖြင့် တင်ဆက်ပေးလိုက်ပါတယ်။

ဒီအစီအစဉ်ကို ဒီဇင်ဘာလတွင် ခရစ္စမတ်အထူးအစီအစဉ်ရှိတဲ့အတွက်
စနေနေ့ ညနေ (၃)နာရီသို့ ပြောင်းလဲ တင်ဆက်ပေးမှာဖြစ်ပါတယ်
ကြည့်ရှု၊ ဝေမျှ၊ ဝေဖန်ပေးကြရန် မေတ္တာရပ်ခံပါသည်။
Youtube - RVA Myanmar Service
Website - http://dmyanmar.rveritas-asia.org/climate-change
တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
#RVAMyanmar #Environment #Saturday8pm

 နေ့စဉ် ဘဝတစ်သက်တာ နှင့် ဆက်နွှယ်နေသော သဘာဝပတ်ဝန်းကျင်

          မိတ်ဆွေအပေါင်းတို့ခင်ဗျား . . အပတ်စဉ်တိုင်းတင်ဆက်ပေးနေကြ ထိန်းသိမ်း ကြစေ သဘာဝအမွေဆိုတဲ့ ကဏ္ဍလေး ရောက်ရှိလို့လာခဲ့ပြန်ပါပြီ။

 ဒီတစ်ပတ်မှာတော့ နေ့စဉ်ဘဝ သက်တာများနှင့် ဆက်နွှယ်နေသော သဘာဝပတ်ဝန်းကျင်အကြောင်းတွေကို တင်ပြသွားမှာဖြစ်ပါတယ်။

မိတ်ဆွေအပေါင်းတို့ခင်ဗျား...ယခုကျွန်တော်တင်ပြမဲ့ ဆောင်းပါးလေးဟာ ူ     လောက်ဒါဒိုစီ ကမ္ဘာမြေကြီး စိမ်းလန်းစိုပြည်စေရမည် ဆိုတဲ့ စာအုပ်ကနေ ကောက်နုတ်ဖော်ပြချက်တွေဘဲဖြစ်ပါတယ်။ ပုပ် ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ထုတ်ပြန်ချက် စာချွန်တော်ကောက်နုတ်ချက်တွေ ဖြစ်ပါတယ်။

          မိတ်ဆွေအပေါင်းတို့ခင်ဗျား . . .  စစ်မှန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ

- - - လူနေမှုစနစ်အခြေအနေများ အားလုံးနီးပါး ၊ဘက်စုံတိုးတက်ပြီး၊ ကဏ္ဍပေါင်းစုံရဲ့အောင်မြင်မူတွေ ပါဝင်ပါတယ်။ လူအားလုံးရဲ့ အသက်တွေနဲ့ နောက်ခံ သဘာဝပတ်ဝန်းကျင်ကိုလဲ ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။  ဒီလို ကျွန်တော်တို့သက်ရှင် လှုပ်ရှားနေတဲ့ အချိန်အတွင်း ပတ်ဝန်းကျင်ရဲ့ တိုက်ခတ်မှုတွေဟာ ကျွန်တော်တို့ရဲ့ စဉ်းစားနိုင်မှု၊ ခံစားနိုင်မှု အားလုံးအပေါ်မှာ အကျိုး သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။

ကျွန်တော်တို့ဟာ ကိုယ်နေထိုင်ရာ ကိုယ့် ဘဝပတ်ဝန်းကျင် နှင့်ပတ်သက်ပြီး အရာရာလိုက်လျောညီထွေဖြစ်အောင် ကြိုးစားကြပါတယ်။ ဒီလို နေမှုထိုင်မှု အဆင်မပြေမှုတွေဟာ  အချို့သော လူသားများအတွက် အတော်ကို ခက်ခဲ့စေပါတယ်။ ဒါပေမယ့် တစ်ဦးနှင့်တစ်ဦး မေတ္တာတရားကို ရှေထား တည်ဆောက်ခြင်းဖြင့် ခက်ခဲ့မူတွေကိုကျော်လွားနိုင်ပါတယ်။

မိတ်ဆွေများခင်ဗျာ -- --  လူသားတို့ စိတ်နှလုံးအတွင်းမှာရှိတဲ့ စည်းလုံးညီညွတ်မှုတွေဟာ အရာရာကို ကျော်လွှားနိုင်ပါတယ်။ ဆင်းရဲသားရပ်ကွက်များမှာ ရေကဝင်၊ အိမ်ကကျဉ်း၊ မီးဖိုလဲဒီဟာ၊ အိပ်ခန်းလဲ ဒီဟာ စသည်ဖြင့် နေထိုင်ရတဲ့ဘဝတွေဟာဆင်းရဲလွန်းလို မျှော်လင့်ခြင်း မဲ့နေတတ်ပါတယ်။ ဒီကြားထဲမှ ကိုယ့်အိမ်သား တစ်ယောက်ယောက်က အဆင်မပြေမှုတွေ ထပ်ပြီးလုပ်ခဲ့ရင်တော့ ကျန်တဲ့လူတွေရဲ့ ဘဝတွေဟာ လောကငရဲကို ကြုံတွေ့သလိုမျိုးကြုံတွေ့နိုင်ပါတယ်။ ဒီလို အခက်ခဲတွေနဲကြုံတွေ့နေကြတဲ့ နေရာတွေ၊အဖွဲ့စည်းတွေကို  မိမိတို့တက်အားသလောက် ချစ်ခြင်းမေတ္တာနှင့် စည်းလုံးညီညွတ်စွာ နေထိုင် ခြင်းဟာ လူဂုဏ်သိက္ခာအဆင့်အတန်းကို မြှင့်တင်ပေးနိုင်သလို ကိုယ့်ပတ်ဝန်းကျင်မှာ သုခဘုံတစ်ခုကို တည်ဆောက်တာနဲ့ အတူတူဖြစ်ပါတယ် ။

 မိတ်ဆွေများ ကြုံဖူးကြမှာပါ။ ဆင်းရဲမှုဒဏ်ကို အလွန်အကျွန်ခံရသော ဒေသများ၊ ပေါင်းသင်းဆက်ဆံရေးညံ့ဖျင်းသောဒေသများ၊ ဟာလာဟင်းလင်း ကျူးကျော်နေထိုင်ရာရပ်ကွက်များ၊ ဒီလိုနေရာတွေမှာ ရာဇဝတ်များ များပြားခဲ့ပြီး ဗိုလ်ကျခြယ်လှယ်မှုတွေ၊ ရက်စက်မှုတွေ၊ လုယက်မှုတွေလဲ ကြုံတွေ့နိုင်ပါတယ်။ အချို့မြို့ပြနာမည်ကြီးရပ်ကွက်များမှာတောင်မှ တစ်ဦးနှင့်တစ်ဦး ဘာသိဘာသာနေထိုင်ကြပြီး ရင်းနှီးဖို့ရန် ခဲယဉ်းတဲ့အတွက် လုံခြုံမှုရရှိဖို့ရန် ခဲယဉ်းပါတယ်။ တစ်ဦးနှင့်တစ်ဦး သူစိမ်းဆန်စွာ နေထိုင်ကြတဲ့ အတွက် ပတ်ဝန်းကျင်ကနေ ခွဲထုတ်ထားသလိုဖြစ်ပြီး ကြာရင် အထီးကျန်ဆန်လာမှာ ဖြစ်ပါတယ်။

          သောတရှင်ဓမ္မမိတ်ဆွေများခင်ဗျား... လူမှုဘဝဟာ သာယာလှပဖို့ဆိုတာဟာ အိမ်အဆင့်အတန်းတွေ ငွေကြေးတွေနဲ့ မဆိုင်ပါဘူး။ ဆွေမျိုးမိတ်ဆွေများရဲ့ ရင်းနှီးမှုအခြေအနေတွေနဲ့ မဆိုင်ပါဘူး။ ဆွေမျိုးမိတ်ဆွေ များရဲ့ရင်းနှီးမြှုပ်နှံမှုအခြေအနေတွေနဲ့လဲ များစွာသက်ဆိုင်ပါတယ်။ မိသားစုဆန်သော အဖွဲ့အစည်းလေးများကို တည်ဆောက်ခြင်းဟာ ကောင်းမွန်လှတဲ့ ပျော်ရွှင်မှုကို ရရှိစေပါတယ်။ ဒီလိုရင်းနှီးတဲ့အဖွဲ့အစည်းများကို တည်ဆောက်ခြင်း၊ ပရဟတိ၊ လူမှုရေးစိတ်ဓာတ်များနှင့် အဖွဲ့များဖွဲ့စည်းခြင်းဟာ ကောင်းမွန်လှတဲ့အချက်တွေဘဲ ဖြစ်ပါတယ်။ ဒီလိုအများနှင့်ပတ်သက်တဲ့ အကြောင်းအရာ၊ နောက်နေရာများကို ကောင်းမွန်အောင် ထိန်းသိမ်းခြင်း ဟာလဲ လိုအပ်ချက်တစ်ခုဘဲဖြစ်ပါတယ်။ ကာကွယ်စောင့်ရှောက်သင့်တဲ့နေရာတွေကိုလဲ စောင့်ရှောက် သင့်ပါတယ်။ သဘာဝရှုခင်းများကို ထိန်းသိမ်းသင့်ပါတယ်။ မိမိတို့နဲ့သက်ဆိုင်တဲ့ ဇာတိမြေ၊ ရိုးရာယဉ်ကျေးမှု၊ လူလားမြောက်ကြီးပြင်းရာနေရာ ဒါတွေဟာ သာယာတဲ့ပျော်ရွှင်မှုကို ပေးစွမ်းနိုင်ပါတယ်။ မိမိတို့ဟာ အများနှင့် သက်ဆိုင်ကောင်း အစုအပေါင်းကောင်းနဲ့ နေထိုင်တတ်ကြောင်းကို ဒီအခက်တွေက ပြသမှာဖြစ်ပါတယ်။ ဒီနေရာမှာ ဆင်းရဲသားတို့ရဲ့ဘဝ ပျော်ရွှင်ရေးမှာ အခက်အခဲတွေ တွေ့နိုင်ပါတယ်။ အိမ်ယာပိုင်ဆိုင်မှုမရှိခြင်း၊ တစ်ရက်ဝင်ငွေ နည်းပါးခြင်းတွေဟာ နေ့စဉ်ကြုံတွေ့ကြရတဲ့ ပြဿနာများလဲ ဖြစ်ပါတယ်။ ဆင်းရဲသား လူတန်းစား များသာမက ယခုဆိုရင် သာမန်လူတန်းစားများတောင်မှ အိမ်ယာပိုင်ဆိုင်မှုမှာ အခက်အခဲတွေ့ကြရပါတယ်။ အိမ်ပိုင်ယာပိုင်ရရှိတဲ့အချက်ဟာ လူ့အသိုင်းအဝိုင်းမှာ ဂုဏ်ဒြပ်တစ်ခုဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာကိုလဲ တနည်းအားဖြင့် တင်ပေးနိုင်ပါတယ်။ မိမိတို့မိသားစုဝင်များအတွက်လည်း နေမှုထိုင်မှုကို အဆင်ပြေစေပါတယ်။ ဒီအိမ်မြေယာ ပိုင်ဆိုမှုဟာလဲ သဘာဝတရားနှင့်ပတ်သက်တဲ့ လူမှုရေးအချက်ဖြစ်ပါတယ်။ အထူးသဖြင့် ဆင်းရဲသောလူတန်းစား များအတွက် ကျန်းမာရေးနှင့်ညီညွတ်တဲ့ နေထိုင်မှုပုံစံဖြစ်အောင် လုပ်သင့်ပါတယ်။ အသက်အန္တရာယ်ရှိသော နေရာများ၊ ဒုက္ခပေါ် ဒုက္ခဆင့်ရောက်စေလို့ အကူအညီပေးဖို့လိုပါတယ်။ ရွှေ့ပြောင်းနေရာချဖို့ အစီအစဉ်များ ရှိပါက ကြိုတင်အကြောင်းကြားပြီး ကောင်းမွန်တဲ့ စီမံကိန်းများ ရေးဆွဲပြီး အကောင်အထည်ဖော်ဖို့ လိုအပ်ပါ တယ်။ လူ့ဘောင်နေထိုင်ကြပြီး တစ်ဦးကို တစ်ဦး ယုံကြည်မှုရှိတော့ လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက် နိုင်ဖို့ရန် ကြိုးစားရမှာဖြစ်သလို ပတ်ဝန်းကျင် သဘာဝတရားများကိုလဲ ထိန်းသိမ်းကြရမှာဖြစ်ပါတယ်။ လူသားထုအတွင်းမှာ အချင်းချင်း အယုံအကြည်မဲ့စေသော အခြေအနေကို စိန်ခေါ်နိုင်ရမှာဖြစ်ပါတယ်။ တစ်ခါတလေမှာ မတူညီသော လူတန်းစားများ အတူတကွ ပေါင်းစုံနေထိုင်တာဟာလဲ ကောင်းမွန်တဲ့အချက် ဖြစ်ပါတယ်။ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရင်းနှီးကျွမ်းဝင်စေပြီး ယုံကြည်မှုတွေကို တည်ဆောက်နိုင်ပါတယ်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ တစ်ဦးနှင့်တစ်ဦး မိဘများနှင့်ပတ်သက်သော အမှတ်တရများ၊ မိဘရရှိခဲ့တဲ့ စိတ်ခွန်အား ပဋိပက္ခ များကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ နောက်အကြားအချက်တစ်ခုဖြစ်တဲ့ မြို့ရွာများအတွက် မြို့ရွာများရဲ့ ပတ်ဝန်းကျင်က အလှတရားများ၊ ရင်းနှီးကျွမ်းဝင်မှုကနေတစ်ဆင့် ပရဟိတလုပ်ငန်းများကို အတူလုပ်ဆောင်ခြင်း တွေအထိ ပါဝင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အများနှင့်နေထိုင်နိုင်တဲ့ အချက်တွေမှာ ဆင်းရဲသားများရဲ့ အရေးဟာ ပိုပြီး အရေးပါပါတယ်။ ဒီဆင်းရဲသား လူတန်းစားများဟာ တစ်ခါတလေ လူထုအသိုင်းအဝန်းမှာ ဂုဏ်သိက္ခာ ကျဆင်းရတတ်ပါတယ်။ စည်းကမ်းမဲ့မှုတွေကို သည်းခံပြီး နေထိုင်ကြရပါတယ်။ စီမံကိန်းများတွင် တောရွာများကို ထည့်သွင်းမရေးဆွဲဘဲနဲ့  ကျန်ခဲ့တာတွေ  များစွာရှိပါတယ်။ အချို့တောရွာများထဲမှာလဲ လူ့အခွင့်အရေး  နှင့်

လူ့ဂုဏ်သိက္ခာအတွက် ဆုံးရှုံးမှုတွေလဲ ရှိပါတယ်။ ဒီလို လူတွေရဲ့ ဘဝဟာ မလျော်မကန်အဖြစ်သို့ ရောက်ရှိ သွားသလို ခံစားကြရပါတယ်။

          သောတရှင်ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား...ကျွန်တော်တို့လဲ လူသားတွေပီသဖို့ လူသားတစ်ဦးရဲ့ ဂုဏ်သိက္ခာနှင့် ပတ်ဝန်းကျင် သဘာတရားများကို ကောင်းမွန်စွာ ထိန်းနိုင်ကြဖို့ရန် တိုက်တွန်းရင်း ဒီတစ်ပတ် အတွက် ]]ထိန်းသိမ်းကြစေ သဘာဝအမွေ}}ဆိုတဲ့ အစီအစဉ်လေးကို အဆုံးသတ်လိုက်ပါတယ်။

          သောတရှင်များခင်ဗျား...ကျွန်တော်တင်ပြခဲ့တဲ့ဆောင်းပါးလေးဟာ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ရေးသားတော်မူခဲ့သော ူ     လောက်ဒါဒိုစီ  ....(၂၀၁၅၊ မေလ ၂၄ရက်နေ့က ထုတ်ပေးခဲ့တဲ့ ကမ္ဘာမြေကြီး စိမ်းလန်း စိုပြည်ရမည်)ဆိုတဲ့ စာချွန်တော်ကနေ အချို့အချက်များကို ကိုးကားထားတာဖြစ်ပါတယ်။

          သောတရှင်အပေါင်း လူသားတို့နှင့်သက်ဆိုင်သော ပတ်ဝန်းကျင် သဘောတရားများကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ကြပါစေခင်ဗျား...။

 

Add new comment

4 + 1 =