ခြံစည်းရိုးခတ်ထားသော စိုက်ပျိုးမြေများ အပိုင်း(၂)

"ထိန်းသိမ်းကြစေသဘာဝအမွေ" ရုပ်၊သံ အစီအစဉ်

ခြံစည်းရိုးခတ်ထားသော စိုက်ပျိုးမြေများ အပိုင်း(၂)
ကျွန်တော့်မိတ်ဆွေတစ်ယောက်အတွက် မွေးမြူရေးလုပ်ဖို့အတွက် အညာဒေသကမြေလွတ်တစ်ခုကို ဝယ်မယ်လို့ မေးကြည့်ဖူးပါတယ်။ အဲ့ဒေသကမရောင်းပါဘူး။ ဘာဖြစ်လို့လဲလို့ မေးတဲ့အခါမှာ ရွာရဲ့ စားကျက်မြေဖြစ်နေလို့ပါတဲ့။ ကောင်းပါတယ် မိတ်ဆွေ
ဒီဓလေ့ကို ကြိုက်ပါတယ်

ဒီအစီအစဉ်ကို အပတ်စဉ် စနေ ည(၈)နာရီထုတ်လွှင့်ပေးလျက်ရှိပါသည်။
ကြည့်ရှု၊ ဝေမျှ၊ ဝေဖန်ပေးကြရန် မေတ္တာရပ်ခံပါသည်။
Youtube - RVA Myanmar Service
Website - http://dmyanmar.rveritas-asia.org/climate-change
တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
#RVAMyanmar #Environment #Saturday8p

စည်းရိုးခတ်ထားသော ရှုခင်းများ၊ စိုက်ပျိုးမြေများ

          သောတရှင် ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား... အပတ်စဉ်တိုင်း တင်ဆက်ပေးနေကျ ထိန်းသိမ်းကြစေ သဘာဝအမွေ  - ဆိုတဲ့ ကဏ္ဍလေး လာခဲ့ပါပြီ။ ဒီတစ်ပတ်မှာတော့ နိုင်ငံတစ်ဝန်းမှာ အလေအလွင့်ဖြစ်နေတဲ့ မစိုက်ပျိုးထားသော ခြံခတ်ထားသောမြေလွတ်များအကြောင်းကို တင်ပြပေးသွားမှာဖြစ်ပါတယ်။

          ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား..ကျွန်တော်တို့ ခရီးဝေးသွားကြတဲ့အခါ အဝေးပြေး ကားကြီးတွေ ပေါ်ကနေ လမ်းဘေးတစ်ဖက်တစ်ချက်မှာရှိတဲ့ ခြံခတ်ထားတဲ့ ၊ အရင်က စိုက်ပျိုးခဲ့သော စိုက်ပျိုးမြေဟောင်းများကို တွေ့ရမှာဖြစ်ပါတယ်။

မိတ်ဆွေများခင်ဗျာ - သတိထားမိတဲ့ သူတွေ သိကြပါလိမ့်မယ်။ ဒီနေရာတွေဟာ အရင်တုံးက ယာခင်းတစ်ခုခု၊ စိုက်ခင်းတစ်ခုခု၊ ဒါမှမဟုတ်ရင်လဲ ကျေးရွာပိုင် တိရစ္ဆာန်များ လွှတ်ကျောင်းရာ စားကျက်မြေတစ်ခုခု ဖြစ်ခဲ့မှာသေချာပါတယ်။ နောက်ဆုံး ဘာမျှမသုံးဖြစ်အုံးတောင်မှ ခုတ်ထွင်ရှင်းလင်းမှု မရှိသေးတဲ့ အပူပိုင်းဆိုရင်လဲ အပူပိုင်းသစ်တော၊ သမပိုင်းဆိုလဲ သမပိုင်းသစ်တော၊ နောက်အမြဲစိမ်း ၊ ရွက်ပြတ် စတဲ့ သဘာဝပေါက်ပင်များပေါက်ခဲ့တဲ့ သဘာဝနှင့်ပြည့်နှက်နေခဲ့တဲ့နေရာတွေ ဖြစ်ပါတယ်။ ဒါပေမယ့်လဲ မကြာသေးတဲ့နှစ်များဆီကမှ ဒီအဖြစ်အပျက်တွေကနေ ယခုကျွန်တော်တို့တွေနေရတဲ့ ခြံစည်းရိုးခတ်၊ ခြံဝန်းကျယ် ကြီးများ ဖြစ်ကုန်တာဖြစ်ပါတယ်။

မိတ်ဆွေများခင်ဗျာ အရင်ဦးဆုံး စိုက်ပျိုးမြေများကို အသုံးမချရခြင်းရဲ့ ဆိုးကျိုးတွေကို ကျွန်တော်တို့ စဉ်းစားဖို့လိုပါတယ်။ တစ်နှစ်၊ တစ်ရာသီထွက်ရှိနေတဲ့ ကောက်ပဲသီးနှံ တစ်မျိုးမျိုးဟာ ဆုံးရုံှုးသွားခဲ့ရပါတယ်။ သာမာန်အမြင်အားဖြင့်ကြည့်မယ်ဆိုရင် ကိုယ်မစိုက်ရင်ကိုယ်မရဘူးလို ပေါ့ပေါ့လွယ်လွယ် သတ်မှတ်လို့ ရပါတယ်။ ဒါပေမဲ့ အများအတွက် နိုင်ငံတစ်ခုအနေနဲ့ တွက်မယ်ဆို ရင်တော့ နစ်နာမှုတွေ ရှိနိုင်ပါတယ်။ ဒီယာ၊ဒီလယ် တစ်ဧက ကနေ နှစ်စဉ်ထွက်နေကျ ပဲစဉ်းငုံ၊ ကုလားပဲ၊ စပါး စသည်ဖြင့် မထွက်ရှိခြင်းဟာ တစ်နိုင်ငံလုံးအနေနှင့် သီးနှံအထွက်တိုးနုန်း ကျဆင်းစေပါတယ်။ ရာသီဥတု ဖောက်ပြန်တဲ့နှစ်တွေမှာ သီးနှံမရ၊ ပျက်ဆီးရတဲ့ပုံစံမျိုးပဲဖြစ်ပါတယ်။ ဒီအခါမှာ ဈေးကွက်အတွင်းမှာ ပုံမှန်ဝယ်လိုအားကို မဖြည့်ဆည်းပေးနိုင်တော့ပါဘူး။

          ဒါဆိုရင် ဈေးက တက်ပါပြီ။ ယာတွေမှာ သီးနှံတစ်နှစ်မထွက်လို့ ယာခင်းဟာ ပြောင်းလှုမှုအနည်းငယ်ပဲ ရှိပေမယ့် နိုင်ငံအတွင်းမှာရှိတဲ့ လူတွေရဲ့စာဝတ်နေရေးများကို ရပ်တန့်ထားလိုမရပါဘူး။ ဒါကြောင့် ဝယ်လိုအားကို မဖြည့်ဆည်းနိုင်တဲ့အခါမှာ အခက်ခဲ့တွေဖြစ်ပြီး နိုင်ငံတော်ဟာ အခြားတိုင်းပြည်များကနေ မှာယူတင်သွင်းရပါတယ်။ ဒီမှာ နိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေ ထုတ်သုံးရပါတယ်။ အသေးစိပ်အချက်တွေ များစွာရှိပေမဲ့ မိတ်ဆွေ့တို့ သဘော ပေါက်လောက်မဲ့အချက်တွေကိုသာ ဝေငှခြင်းဖြစ်ပါတယ်။ ဒီလိုစိုက်ပျိုးမြေများကို ပလပ်ထားခြင်းဟာ တိုင်းပြည် အတွင်း များစွာဆုံးရှုံးရပါတယ်။ နိုင်ငံတဝှမ်းမှာ ဒီလိုစိုက်ပျိုးမြေအပါအဝင် သဘာဝစာကျက်မြေများ မြောက်မြားစွာ ဆုံးရှုံးရတာဟာ အတော့ကို နစ်နာပါတယ်။ ကိုယ့်ပြည်သူများလဲ ဝယ်လိုအားများတဲ့အတွက်ကြောင့် ဈေးကြီးပေးဝယ်ရပါတယ်။ ဒီလိုစိုက်ပျိုးမြေများကို ပြန်လည်စိုက်ပျိုးဖို့ရန် ကြိုးစားကြရမှာဖြစ်ပါတယ်။ ဒီလယ်ယာမြေများဟာ ရိုးရိုးလေး ပြောရမယ်ဆိုရင် တိုင်းပြည်ရဲ့ရတနာ တွေပဲဖြစ်ပါတယ်။ ယခုခြံခတ်ထားတဲ့ လယ်ယာများဟာ ငွေကြေး ချမ်းသာသူတို့ ၊ လုပ်ပိုင်ခွင့်ရှိသောသူတို့ ရယူပိုင်ဆိုင်ခဲ့ကြတဲ့ နေရာတွေဖြစ်ပါတယ်။ အများသောအားဖြင့် ဒီလိုပုဂ္ဂိုလ်များဟာ စိုက်ပျိုးရေး၊ မွေးမြူရေးတွေကို ဝါသနာပါလို့ ဝယ်တာရှားပါတယ်။ ရှိကောင်းရှိပါလိမ့်မယ်။ နည်းပါးပါလိမ့်မယ်။ ပိုင်ဆိုင်မှုဆိုတဲ့ အချက်အတွက် ဝယ်ကြတာများပါတယ်။ ဟိုအရင်ကတည်းက ကားလမ်းတစ်လျှောက် တမျှော်တခေါ် ကြည့်ခဲ့ရတဲ့ စိုက်ခင်းများဟာ ခြံစည်းရိုးများခတ်တဲ့ မြေလွတ်များဘဝကို ရောက်သွားရတာဟာ ရင်နာဖို့ ကောင်းလှ ပါတယ်။ ဒီလိုငွေကြေးတတ်နိုင်သူများဟာ ဧကပေါင်းများစွာကို ပိုင်ဆိုင်ပေမယ့် လယ်ယာလုပ်ငန်းကို စိတ်မဝင်စားတာက တကြောင်း၊ အတွေ့အကြုံမရှိတာက တစ်ကြောင်း၊ ဘယ်သူ့ကိုမျှ လက်လွဲပြီးယုံလို့ မရတာကတစ်ကြောင်း စတဲ့အချက်တွေကြောင့် မြေဘဲကွာ ထမ်းထားရတာ မဟုတ်ပါဘူးဆိုပြီး ခြံခတ်ထားကြတာဖြစ်ပါတယ်။  ရှင်းရှင်းလေးပါ စိုက်ပျိုးမြေကို စိုက်ပျိုးမြေလို့မမြင်ဘဲနဲ့ ပိုင်ဆိုင်မှုပစ္စည်း တစ်ခုလို့ မြင်လို့ပဲဖြစ်ပါတယ်။ သူတစ်ပါး နွားလာကျောင်းတာ၊ ဆိတ်ဝင်တာတောင် လက်မခံတော့ဘဲ ခြံခတ်ထားလိုက်ကြတာ ဖြစ်ပါတယ်။ ဒါတွေကို တာဝန်ရှိသူများက ပြန်လည်စိစစ်ဖို့ သင့်လှပါတယ်။ နောက်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ဖို့ လုပ်ဆောင်သင့်ပါတယ်။ ဒါမှလဲ သီးနှံအထွက်တိုးမှုကို ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။ ခြံစည်းရိုးခတ်မထားရင်တောင် နောက်ဆုံး စားကျက်မြေအဖြစ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက် မွေးမြူရေးခြံ တစ်ခြံ တည်မလို့ မြေလိုက်ရှာရင်းနဲ့ အညာဒေသ မြေလွတ်တစ်ခုကို ဝယ်မယ်လို့ မေးကြည့်ဖူးပါတယ်။ အဲဒီဒေသက မရောင်းပါ။ ဘာဖြစ်လို့လဲလို့ မေးကြည့်တဲ့အခါမှာတော့ ရွာရဲ့စားကျက်မြေ ဖြစ်နေလို့ပါတဲ့။ ကောင်းပါတယ် မိတ်ဆွေ။ ဒီလိုရွာရဲ့တိရစ္ဆာန်များ လွှတ်ကျောင်းရာ စားကျက်မြေများကို ဘယ်သူ့ကိုမှ ပိုင်ဆိုင်ခွင့်မပေးဘူးလို့ ဆိုပါတယ်။ ဒီဓလေ့ကို ကြိုက်ပါတယ်။ အခုနောက်ပိုင်း ဒီလိုစားကျက်မြေ၊ ပလပ်မြေများကို ခြံခတ်ရောင်းစားမှု တွေကြောင့် တိရစ္ဆာန်မွေးမြူသူတို့ ဒုက္ခရောက်ကြရပါတယ်။ လွှတ်ကျောင်းစရာ နေရာမရှိတော့လို့ပဲဖြစ်ပါတယ်။ အချို့လုပ်ပိုင်ခွင့်ရှိသူများဟာ စီးပွားရေးသမားများနှင့် ပူးပေါင်းပြီး ဒီလိုပလပ်မြေများကို ရယူကြတာလဲရှိပါတယ်။  တကယ့်စိုက်ပျိုးမွေးမြူရေး ပြုလုပ်လိုသူများကို မပြောလိုပါဘူး။ အချို့ကြတော့ လဲအဆက်သွယ်အမျိုးမျိုးနဲပိုင်ဆိုင် ရယူ ကြတာလဲရှိပါတယ်။ကားလမ်းတစ်လျှောက်ကြည့်လိုက်မယ်ဆိုရင် များစွာတွေ့နိုင်ပါတယ်။ စိုက်ပျိုးမှုမရှိသော မြေလွတ်များစွာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုမြေလွတ်များကို ပြန်လည်စီစဉ်ပြီး တရားဝင်ချမှတ်ပေး ထားတဲ့ပုံစံအတိုင်း အသုံးချသလားဆိုတာကို စီစစ်ဖို့သင့်လှပါတယ်။ အချို့နှစ်ရှည်သီးနှံပင်များစိုက်ပျိုးရန်၊ ကိုယ်ပိုင် ပုဂ္ဂလိက သစ်တောစိုက်ခင်းများ စိုက်ပျိုးဖို့ရန်အတွက် ချထားပေးမှုတွေ ရှိပါတယ်။ တကယ်တော့ ပြန်တွက်ကြည့်မယ် ဆိုရင် အများပိုင် တနည်းပြောရရင် ပြည်သူတွေအာလုံး ပိုင်ဆိုင်တဲ့ သဘာဝရဲ့အမွေအနှစ်တွေပဲ ဖြစ်ပါတယ်။  မိမိတိုလုပ်ကိုင်ဖို့ရန်အတွက် ခေတ္တငှားရမ်းသုံးစွဲခြင်းပဲ ဖြစ်ပါတယ်။ ဒီအချက်ကို နားလည်ဖို့လိုပါတယ်။ အချို့ အလွဲသုံးစားပြုလုပ်ပြီး ချပေးထားတဲ့ ဂရန်များကိုလဲ ပြန်လည်စိစစ်မယ်လို့ ကြားသိရပါတယ်။ ဒါဟာ ကောင်းတဲ့ အချက်ဖြစ်ပါတယ်။ အချို့ကြတော့လဲ တောင်သူများကိုယ်တိုင်စားဝတ်နေရေးအခြေအနေအရ ထိုးရောင်းကြရတာလဲရှိပါတယ်။ တကယ် လက်လုပ်သူ၊ ယာလုပ်သူတို့ဟာ အခြေအနေအမျိုးမျိူးကြောင့် ထိုးရောင်းခဲ့ရတာဖြစ်ပါတယ်။ ဒီလိုသာဆိုရင်တဖြည်းဖြည်းနဲ့ လယ်လုပ်သူယာလုပ်သူ လူတန်းစား၊ တောင်သူများ ရှားပါးလာမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အလုပ်သမားအခက်အခဲ၊ စိုက်ပျိုးမြေများ အသုံးမပြုတာ ကြာမြင့်တဲ့အတွက်ကြောင့် စိုက်ပျိုးရေးကာလမှာ ခက်ခဲမှုတွေ ကြုံတွေ့နိုင်ပါတယ်။ဒါတွေကတော့လက်ရှိပြသနာများဘဲဖြစ်ပါတယ် ဘယ်လိုပဲ ဖြစ်ဖြစ် အခုချိန်မှာတော့ အဝေးပြေးကားတွေစီးတဲ့အခါမှာ တွေ့ကြရတဲ့ ခြံခတ်ထားတဲ့ စိုက်ပျိုးမြေများဟာ နှမြောစရာကောင်းလှပါတယ်။ အချို့သူဌေးများကတော့လဲ ပီပီပြင်ပြင် စိတ်ဝင်စားရာ နှစ်ရှည်ပင်တစ်မျိုးမျိုးကို စိုက်ပစ်တာလဲရှိပါတယ်။ ဒါဟာလဲ ရေရှည်မှာ သဘာဝအတွက်မကောင်းနိုင်ပါဘူး။ ဂေဟစနစ်ကို ထိခိုက်နိုင်ပါတယ်။ ကျွန်တော်တို့ဟာ ဒီခြံခတ်တာရှိတဲ့ စိုက်ပျိုးမြေများကို ပြန်လည်နိုးကြားလာအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ပြန်လည်သိမ်းဆည်းဖို့ကို မဆိုလိုပါဘူး။ ပုံမှန်လည်ပတ်ဖို့ပဲ လိုပါတယ်။

          မိတ်ဆွေအပေါင်းတို့ခင်ဗျား . . နောင်တချိန်မှာ စိုက်ပျိုးမြေများဟာ အမှန်တကယ်စိုက်ပျိုးရေးကို စိတ်ဝင်စားသော သူဌေးများ ၊တောင်သူဦးကြီးများထံ ပြန်လည်ရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

          သီးနှံအထွက်တိုး၍ လူမှုဘဝ လှပနိုင်ကြပါစေ။

ကျွန်တော်- ဇော်နိုင်ဦးပါ

 

Add new comment

6 + 5 =