ရဟန်းမင်းကြီးနှင့်စိပ်ပုတီး

ရဟန်းမင်းကြီးနှင့်စိပ်ပုတီး

ရဟန်းမင်းကြီးနှင့်စိပ်ပုတီး

ကက်သလစ်ဘာသာ၀င်တစ်ဦး၏ဝိညာဉ်ရေးကျင့်စဉ်တွင် စိပ်ပုတီးစိတ်ခြင်းသည်လည်းအ လွန်အခြေခံကြသော၀တ်တရား တစ်ပါး ဖြစ်သည်။ ထို့အတူပင်ရဟန်းမင်းကြီးလည်း ကက်သလစ်ဘာ သာတူတစ်ဦးဖြစ်သောကြောင့်စိပ်ပုတီးစိတ်ခြင်းနှင့်ကင်းကွာ၍မရပေ။

အမိကက်သလစ်သာသနာတော်ကြီးအနေဖြင့် မေလသည်မယ်တော်မာရိယာကိုအထူးရည်စူး ကပ်လှူပူဇော်ထားသောလဖြစ် သည်။ ထို့ကြောင့်ရဟန်းမင်းကြီးဖရန်စစ်က ကမ္ဘာပေါ်ရှိအမိမယ်တော် အားကြည်ညိုလေးမြတ်သူများကို အမိမယ်တော်အပေါ်ထားရှိသော ၄င်းတို့ချစ် ခြင်းကိုပြန်လည်ဆန်း သစ်ပြီး၊ စိပ်ပုတီးကိုစိတ်ကြရန်တိုက်တွန်းနိုးဆော်ထားပါသည်။ စိပ်ပုတီးသည်ဧဝံဂေလိကျမ်းစာတော် မြတ်နှင့်လည်း ခွဲ ခြားမရအောင်ပေါင်းယှက်ထားသောဆုတောင်းခြင်းဖြစ်သည်။

စိပ်ပုတီးနှင့်ပတ်သက်လာလျှင် အမိကက်သလစ်သာသနာတော် ၏သမိုင်းစာမျက်နှာကိုပြန်လည် လှန်လှော်ဖော်ထုတ်ရမည်ဖြစ်သည်။ ထိုသို့လှန်လှော်ဖော်ထုတ်ပါကရဟန်းမင်းကြီးသည် သာသနာ၏ဥသျှောင်ဖြစ်သောကြောင့်ရဟန်းမင်းကြီးတို့နှင့်ကင်းကွာ၍မရပေ။ ထို့ကြောင့် (၁၅) ရာစု၏သာသနာ သမိုင်းစာမျက်နှာကိုပြန်သွားရမည်ဖြစ်သည်။ ထိုခေတ်ကအမိသာသနာကိုဦးဆောင်နေသောရဟန်းမင်း ကြီးမှာ စီစတူးစ့် (၄) ဖြစ်သည်။ သူသည်အမိသာသနာတော်ကြီးအတွင်းစိပ်ပုတီးစိတ်ခြင်းကိုတရား၀င် ဆုတောင်းခြင်းအဖြစ်အတည်ပြုပေးခဲ့သူဖြစ်သည်။

စိပ်ပုတီးကိုဦးစွာသန္ဓေတည်မွေးဖွားလာစေခဲ့သည့် ရသေ့အသင်းမှာ ချီးစတယ်ဆီယံ (Cistercians) အသင်းဖြစ်သည်။ ဤရသေ့အသင်းသည် ရဟန်းမင်းကြီးအတည်မပြုမီရာစုနှစ်ခုလောက်ကပင်စော၍ ကျင့်သုံးနေခဲ့သည်။ ကျင့်သုံးရခြင်း၏ရည်ရွယ်ချက်မှာ စာရေး၊ စာဖတ်မတတ် သောသူများအတွက်ဆု တောင်းရာ၌အထောက်အကူဖြစ်စေရန်ဖြစ်ပါသည်။

စိပ်ပုတီးစိတ်ခြင်း၏အစမူလ၌မူ ကောင်းကင်ဘုံမေတ္တာ၊ ဂုဏ်ကျေးဇူးတော်မေတ္တာ၊ ပုဂ္ဂိုလ်သုံးပါး တစ်ဆူဘုရားအားချီးမွှမ်းဂုဏ်ပြု သောမေတ္တာများကိုရွတ်ဆိုခဲ့ခြင်းမဟုတ်ဘဲ၊ ဆာလံကျမ်း (၁၅၀) ခန်း ကိုဆက်တိုက်ရွတ်ဆိုခဲ့ကြသည်။ သို့သောဆာလံကျမ်းများသည်ရှည်လျှား သောကြောင့်စာရေး၊ စာဖတ် မတတ်သောသူများအတွက်၊ သက်ကြီးရွယ်အိုများအတွက်မှာမူမလွယ်ကူလှသည်ကိုသိရှိလာပြီးနောက် ပိုင်းမှတစ်စတစ်စဖြင့် ဆာလံကျမ်း (၁၅၀) ခန်းကိုရွတ်ဆိုခြင်းမှ ပို၍တိုသောဆုတောင်းမေတ္တာဖြစ် သည့် ဂုဏ်ကျေးဇူးတော်မေတ္တာ (၁၅၀) ကြိမ်ရွတ်ဆိုပူဇော်ခြင်းဖြင့်အစားထိုးလာခဲ့သည်။ သိကြားတမန်ချုပ်ဂါဘရီအဲလ်မှ မယ်တော်အားနှုတ်ဆက်သည့်ဆုတောင်းစကား ကိုအထပ်ထပ်ရွတ်ဆိုပူဇော် ခြင်းသည်မယ်တော်အားနှင်းဆီပန်းကပ်လှူပူဇော်သကဲ့သို့ခိုင်းနှိုင်းပူဇော်ခဲ့ကြသည်။

ရာစုနှစ်ခုတိုင်ခဲ့သောစိပ်ပုတီး

(၁၅) ရာစုမှစ၍ဒိုမီနီကန်သူတော်စင်အသင်းသည် စိပ်ပုတီးစိတ်ခြင်းကိုအားပေးနိုးဆော်ကာ တိုက်တွန်းခဲ့သည်။ စိပ်ပုတီးသည်ယေဇူး သခင်၏သက်တော်စဉ်ကိုထောက်ရှုခြင်းဖြစ်သည်။ ထိုသို့ ထောက်ရှုရင်းကောင်းကင်ဘုံမေတ္တာ (ယေဇူးသခင်သင်ကြားပေးသောဆု တောင်းမေတ္တာ)၊ သိကြားတမန်ချုပ်ကအမိမယ်တော်အားအမိန့်တော်ပြန်ကြားသောဆုတောင်းမေတ္တာများကိုရွတ်ဆိုသည်။ အဘယ်ကြောင့်ဆိုသော်ဤဆု တောင်းမေတ္တာများသည်လည်းယေဇူးသခင်၏သက်တော်စဉ်၌အလွန်အရေးပါသည်။

(၁၆) ရာစုသို့ရောက်သော အခါ ဒိုမီနီကန်အသင်း၀င်ဓမ္မတွေးခေါ်ပညာရှင် Antonio Ghislieri သည်ရဟန်းမင်းကြီးအဖြစ်ရွေး ချယ်တင် မြောက်ခံခဲ့ရပြီး၊ ရဟန်းမင်းကြီး၏ဘွဲ့တော်ကို ပီအုစ့် (၅) ဟုခံ ယူခဲ့သည်။ သူသည်လည်းရဟန္တာဖြစ်လာခဲ့သည်။ ရဟန်းမင်းကြီးပီအုစ့် (၅) မှဦးဆောင်၍စိပ်ပုတီး ကို ယနေ့အသုံးပြုနေသောပုံစံမျိုးဖြစ်အောင် နက်နဲရာအချက် (၁၅) ချက်ကိုထည့်သွင်းခဲ့သည်။ ထို့‌ နောက် (၁၅၇၁၊ အောက်တိုဘာလ၊ ၇) ၌ စိပ်ပုတီးသခင်မပွဲနေ့ကိုအမိကက်သလစ်သာသနာ၏၀တ်ပြု ခြင်း၌ထည့်သွင်း၍ကျင်းပစေခဲ့သည်။ ထိုနေ့သည်ကား လက်တို၌ခရူးဆိတ်စစ်သည်များရန်သူတပ်ကို အောင်နိုင်သည့်နေ့ဖြစ်သည်။ ထိုသို့အောင်နိုင်ခဲ့ခြင်းမှာစိပ်ပုတီးစိတ်၍ အမိမယ် တော်၏ထပ်ဆင့် ဆု တောင်းခြင်းကိုခံယူ၍အောင်မြင်ခဲ့သည်ဟုယုံကြည်ကြသည်။

(၂၀၀၂) သို့ရောက်သောအခါ စိန့်ဂျွန်ပေါလ် (၂) က နက်နဲရာငါးခုကိုထပ်မံဖြည့်စွက်ခဲ့ပြန်သည်။ ထိုနက်နဲရာအချက်များကို အလင်းတော်၏နက်နဲရာဟုဖြစ်ပြီး၊ အခြားသောနက်နဲရာများမှာ၀မ်းမြောက် ဖွယ်ရာ၊ ၀မ်းနည်းဖွယ်ရာနှင့်အံ့ဩဖွယ်ရာတို့ဖြစ်ကြသည်။

(၁၅၇၁ မှ ၂၀၀၂) အထိအမိသာသနာတော်ကြီးကိုဦးဆောင်ဦးရွက်ပြုခဲ့သောရဟန်းမင်းကြီးအပါး တိုင်းသည် စိပ်ပုတီးကိုစိတ်ရန်သာစဉ် ဆက်မပြတ်ဘဲ အားပေးအားမြောက်ပြုလာခဲ့သည်။ (၁၈၉၃၊ စက်တင်ဘာလ) ၌ laetitiae Sanctae စာချွန်တော်ကိုလည်း ရဟန်းမင်းကြီးလေအို (၁၃) မှလည်း ထုတ်ဝေ၍ စိပ်ပုတီးသည်ကြည်ညိုစွာဖြင့်စိတ်လျှင်တစ်ဦးတစ်ယောက်အတွက်သာဝိညာဉ်အကျိုး ကိုသက်ရောက်စေခြင်း မဟုတ်ဘဲ၊ အဖွဲ့အစည်း၊ အသင်းအပင်းအားလုံးအတွက်လည်းအကျိုးရှိ ကြောင်းရှင်းပြထားပါသည်။ စိပ်ပုတီးစိတ်ခြင်း၏ အကျိုးရလာဒ်အဖြစ် လူတန်းစားကွာဟမူကြီးသည် လူမူအသိုင်းအဝိုင်း၌ဖြစ်ပေါ်လာပြီး
မတည်မငြိမ်ဖြစ်လာကာ စက်မူတော်လှန်ရေးကြီးပေါ်ပေါက်ခဲ့သည်။ ထို့ နောက်အထက်တန်းလွှာအရင်းရှင်များ၏ဘ၀လည်းကျဆုံးခဲ့ကြရသည်။

ခက်ခဲသောအချိန်၌ဆုတောင်းရန်

ရဟန်းမင်းကြီး ပီအုစ့် (၁၁) ကဆိုရှယ်လစ်စနစ်နှင့်စတာလင်၏မူဝါဒလွှမ်းမိုးရိုက်ခတ်လာ မည်ကိုကြိုတင်မြင်ခဲ့သည်။ ထို့ကြောင့် (၁၉၃၇)၊ ဒုတိယကမ္ဘာစစ်မီးမဖြစ်မီစာချွန်တော်တစ်ဆောင် ထုတ်ဝေခဲ့သည်။ ထိုစာချွန်တော်မှာ Ingravescentibus Malis ဟုခေါ်သည်။ ထိုစာချွန်တော်၌နှစ် ဆယ်ရာစုမှလူများသည် မိမိတို့၏မာနတရားကြောင့် စိပ်ပုတီးစိတ်ခြင်းလည်းမပြုဖြစ်လာကြတော့မည်။ သို့သော်မရေမတွက် နိုင်သော ရာစုအဆက်ဆက်မှသူတော်ကောင်းတို့သည် မည်သည့်အခြေအ နေ၌ဖြစ်စေစိပ်ပုတီးစိတ်ခြင်းကိုမြတ်မြတ်နိုးနိုးပြုခဲ့ကြသည်။ ဘာသာ တူများအားမိမိတို့အိမ်များ၌စိပ်ပု တီးစိတ်ကြရန်၊ ဤသို့ဖြင့်ဘုရားသခင်သည်လမ်းလွှဲသွားသောသူများအားမကောင်းမူကိုမပြုနိုင်ရန်ဘု ရားသ ခင်၏နာမတော်ကမြစ်တားပြီး၊ နောင်တဖြင့်မှန်ကန်သောလမ်းကြောင်းပေါ်သို့ပြန်လည်ရောက် ရှိလာနိုင်စေရန်၊ အမိမယ်တော်၏စောင့်ရှောက် မူကိုနှိမ့်ချစွာခံယူရန်ဆုတောင်းစေခဲ့သည်။

ရဟန်းမင်းကြီးပီအုစ့် (၁၁) ကထပ်လောင်း၍ စိပ်ပုတီးစိတ်ခြင်းသည် ဘုရားသခင်နှင့်သာသနာ ၏ရန်သူများကိုအံ့အားသင့်လောက် အောင် အောင်မြင်စေရုံမျှမဟုတ်။ စိပ်ပုတီးစိတ်ခြင်းသည်ဧဝံဂေလိကျမ်းလာပါရမီများကိုလည်းကျင့်ကြံ၍ကျွန်ုပ်တို့ ၏စိတ်နှလုံး ဝိညာဉ်ထဲသို့ စွဲမြဲရှင်သန်စေသည်ဟု အားပေးထားသည်။

စိန့်ဂျွန် (၂၃) သည်

(၁၉၆၃၊ မေလ၊ ၄) ရက်နေ့၌ အမိသာသနာတော်ကြီးသည် ဗာတီကန် (၂) အစည်းအဝေး ကြီးကိုအာရုံစိုက်နေကြချိန်တွင် စိန့်ဂျွန် (၂၃) က ဗာတီကန်သို့ဘုရားဖူးရောက်လာသော အီတလီနိုင် ငံအတွင်းရှိစိပ်ပုတီးတမန်တော်အသင်း (Living Rosary) ကိုတွေ့ဆုံခဲ့သည်။ ထို တွေ့ဆုံခြင်း၌ရဟန်း မင်းကြီးသည်မကျန်းမမာသောကလေးသူငယ်များစွာနှင့်တွေ့ဆုံခဲ့သည်။ ထို့နောက် သင်တို့သည်ကျွန်ုပ် တို့အတွက်အလွန် တန်ဖိုးကြီးသည်။ သင်တို့သည်ကျွန်ုပ်တို့အတွက်မျက်စိသူငယ်အိမ်ကဲ့သို့ဖြစ်ပါသည်။ သင်တို့သည်ကျွန်ုပ်တို့အတွက်အရာအားလုံးထက်တန်ဖိုးရှိ ပါသည်။ အဘယ်ကြောင့်ဆိုသော်သင်တို့၏ ငယ်ရွယ်နုနယ်သောအသက်အရွယ်နှင့်သင်တို့သည်ဆုတောင်းနေကြသည်။ သင်တို့သည်နေ့စဉ်အ နည်း ဆုံးစိပ်ပုတီးတစ်ဆယ်ကိုမဖြစ်ဖြစ်အောင်စိတ်ဖြစ်ရန်ကြိုးစားကြသည့်အတွက်ဂုဏ်ယူပါကြောင်း၊ ဆု တောင်းခြင်းမပြုသောနေ့သည်နေမ သာသောကောင်းကင်၊ ပန်းများမပွင့်သောဥယျာဉ်နှင့်တူကြောင်း
မြွတ် ကြားအားပေးခဲ့သည်။

(၁၉၆၁) ခုနှစ်ကလည်း Il religioso convegno (ကတိသစ္စာသုံးပါးခံသူတော်စင်များ၏အစည်း အဝေး) သို့လည်းစာတစ်စောင် ရေးသားပေးပို့ခဲ့သည်။ ထိုစာထဲ၌ရဟန်းမင်းကြီးက သူသည်၀မ်း မြောက်ဖွယ်ရာနက်နဲလှသောစိပ်ပုတီးနက်နဲအရာအချက်ကိုဆုတောင်းနေရင်း ထိုနေ့ (၂၄) နာရီအတွင်းကမွေးဖွားခဲ့သောမွေးဖွားစကလေးများအတွက်ဆုတောင်းပေးကြောင်း၊ ဤသို့စိတ်ပုတီးတစ်ဆယ်စေ့ ကိုမွေးကင်းစကလေးများအတွက်ဆုတောင်းပူဇော်ပေးခြင်းဖြင့် နေ့ချိန်၊ ညချိန်မည်သည့်အချိန်၌မွေး သောကလေးများဖြစ်ပါစေ၊ ၄င်းတို့အားကောင်းကြီးပေး စောင့်ရှောင်ရန်ယေဇူးသခင်အားအပ်နှံပူဇော် ပေးလိုက်ခြင်းဖြစ်သည်။

(၁၉၅၉) ခုနှစ်ထုတ် Grata rocordatio စာချွန်တော်ထဲ၌မူ ရဟန်းမင်းကြီးဂျွန် (၂၃) သည် နေ့ စဉ်စိပ်ပုတီးစိတ်ကြရန် တိုက်တွန်းထား သည်။ စိပ်ပုတီးသည်ထောက်ရှုစဉ်းစားရန်အကောင်းဆုံးသော ဆုတောင်းမေတ္တာဖြစ်သည်။ ကျွန်ုပ်တို့ (သူတော်စင်များ) သည်နေ့စဉ်တစ်ကုံးလုံး ကိုမစိတ်ဘဲမပျက်ကွက်ကြ။ မကြာမီပြုလုပ်မည့်ဗာတီကန် (၂) အစည်းအဝေကြီး ၏ အရေးကြီးသောခေါင်းစဉ်တစ်ခု ဖြစ်သည့်ခရစ်ယာန် များစည်းလုံးညီညွှတ်ခြင်းဆိုင်ရာအကြောင်း အရာများအထမြောက်အောင်မြင်ရန် ဘာသာတူများအားစိပ်ပုတီးဝိုင်း၀န်း စိတ်ကြရန်တောင်ခံခဲ့ သည်။

ဗာတီကန် (၂) အစည်းအဝေးကြီးရပ်နားထားခဲ့ပြီး၊ ပြန်စချိန်တွင် ရဟန်းမင်းကြီးပေါလ် (၆) လည်းမယ်တော်နှင့်ဆိုင်သော စာချွန် တော်တစ်စောင်ကိုထုတ်ဝေခဲ့သည်။ ထိုစာချွန်တော်ကို Mariali Cultus ဟုအမည်ပေးထားသည်။ ဤစာချွန်တော်တွင်ရဟန်းမင်းကြီးက စိပ်ပုတီးစိတ်ရာတွင်စိတ်ရုံသက်သက်သာမဟုတ်ဘဲ စဉ်းစားထောက်ရူရန်လိုအပ်သည့်အကြောင်း၊ ထိုထောက်ရှုစဉ်းစာမူများမပါ လျှင်ဝိညာဉ်မပါ သောခန္ဓာကဲ့သို့အရေးကြီးသောအပိုင်းသည်ပျောက်နေမည်။ ထိုသို့ပျောက်နေလျှင် သံပတ်ပေးထားသောစက်ကဲ့သို့ သံပတ်တင်းနေသရွေ့လည် နေမည်။ လောင်စာဖြည့်ထားသောစက်ကဲ့ သို့ဆီရှိနေသရွေ့ဘာမျှမစဉ်းစားဘဲလည်ပတ်နေမည့်သဘောမျိုးဆောင်သွားပေမည်ဖြစ်ကြောင်း၊ မိသားစုစိပ်ပုတီးစိတ်ကြရန်ကိုလည်းရဟန်းမင်းကြီးထိုစာချွန်တော်ထဲတွင်ထည့်သွင်းနိုးဆော်ထားသည်။

စိန့်ဂျွန်ပေါလ် (၂) အလွန်နှစ်သက်သောဆုတောင်းမေတ္တာ

စိန့်ဂျွန်ပေါလ် (၂) ကိုယ်တိုင်လည်းမယ်တော့်ကိုအလွန်သဒ္ဒါကြည်ညိုသည်။ သူဆရာတော်အ ဖြစ်သိက္ခာတင်စဉ်ကရွေး ချယ်ခဲ့သော ဆောင်ပုဒ်မှာ Totus Tuus (အားလုံးသင့်အတွက်) ဖြစ်သည်။ သူ ၏ရဟန်းမင်းကြီးသက်တမ်း (၂၇) နှစ်အတွင်း စိပ်ပုတီးစိတ်ရန်လည်းအစဉ် အားပေးသည်။ (၂၀၀၂) ခု နှစ်တွင် Rosarium Virginis Mariae ဟုအမည်ပေးထားသောစာတစ်စောင်ရေးသားခဲ့သည်။ ထိုစာ စောင်ထဲတွင် စိပ်ပုတီးစိတ်ခြင်းသည် ဧဝံဂေလိကျမ်းလာတရားတော်အားလုံးကိုနက်ရှိုင်းစွာအခြေခံ ထားသည်။ စိပ်ပုတီးအားဖြင့် ဘာသာတူများသည်ကယ် တင်ရှင်၏မိခင်မှတဆင့် ကြွယ်၀သောကောင်းကြီးကိုခံရကြသည်။ သူ၏လူငယ်ဘ၀၌ ဆုတောင်းခြင်းကိုဘ၀၏အရေးကြီးသောအစိပ် အပိုင်းအ ဖြစ် ပြုလေ့ရှိသည်။ ဆုတောင်းရသည်ကိုသူအလွန်ကြိုက်သည်။ ဤအကြောင်းအရာကိုသူသည် (၁၉၇၈) ရဟန်းမင်း ကြီးအဖြစ်ရွေးချယ်မခံရမီ နှစ်ပတ်အလိုတွင်ထုတ်ဖော်မိန့်ကြားခဲ့ဖူးသည်။ ဤစာစောင်၌ပင် (၂၀၀၂ မှ ၂၀၀၃) ကိုစိပ်ပုတီးနှစ်အဖြစ် တကမ္ဘာလုံးအားကြေငြာခဲ့သည်။ ဘာသာတူများအားလည်းစိပ် ပုတီးစိတ်၍အမိမယ်တော်နှင့်အတူယေဇူးသခင်၏မျက်နှာတော်ကိုလည်းထောက်ရူရန်တိုက်တွန်းနိုး ဆော်ထား သည်။

တတိယရာစုအစပိုင်း၌ ပဋိပက္ခအချို့ကိုအောင်မြင်ကျော်လွားရန် စိပ်ပုတီးကိုအရေးတကြီး စိတ်ကြရန်လိုကြောင်း၊ အဘယ် ကြောင့် ဆိုသော် သမိုင်းနှင့်ဘာသာရေးအတွေးအခေါ်အားတန်ဖိုးလျော့ နည်းစေနိုင်ပြီး၊ မျိုးဆက်သစ်တို့အားလုံးသင်ကြားမပေးတော့မည့်ဘေးနှင့်ကြုံ နိုင်၍ဖြစ်သည်။ မိသားစု နှင့်ပတ်သက်သောအလွန်အရေးကြီးသည်ကိစွများသည်ခြိမ်းခြောက်နေပြီး၊ ထိုကိစ္စသည်အတွေးအခေါ် နှင့်လက်တွေ့ တွင်ရောယှက်လုံးထွေးသွားသည်။ ထို့ကြောင့်မိသားစု၏တန်ဖိုးကိုဖျက်ဆီးသည့် ဤမကောင်းမှုကိုစိပ်ပုတီး၏စွမ်းအားဖြင့်အထိရောက်ဆုံးသောအကူအညီဖြစ်
သည်။

စိပ်ပုတီး၏နွေဦးကာလ

ရဟန်းမင်းကြီးဘေနေဒစ် (၁၆) သည်လည်း စိပ်ပုတီးစိတ်ခြင်းကိုပြန်လည်အသက်သွင်းလို သည်။ စိပ်ပုတီးသည်အတိတ်ကိုလွမ်းရုံမျှ၊ သတိရသည့်အခါမှသာဆုတောင်းခြင်းမျိုးမဖြစ်ရ။ စိပ်ပုတီး စိတ်ခြင်းသည်နွေဦးကာလကဲ့သို့ပြန်လည်ရှင်သန်လာရမည်။ စိပ်ပုတီးစိတ်ခြင်းသည် လူငယ်များ၏ ယေဇူးသခင်နှင့်သူ၏မယ်တော်မာရိယာအားပြသနိုင်သောအလွန်ထိရောက်သည့်ချစ်ခြင်း၏သင်္ကေတဖြစ်သည်။ အတွေးအခေါ် များ၊ ကိုယ့်ကျင့်တရားများပြန့်ကျဲနေသောလက်ရှိခေတ်ရေစီးကြောင်း၌ စိပ်ပုတီးသည်သာလျင်ခရစ္စတူးကိုဘ၀၏ဗဟို ချက်မသို့ပြန်လည်ရောက် လာစေနိုင်မည်ဖြစ်ကြောင်း (၂၀၀၈၊ မေလ၊ ၃) ရက်နေ့၊ ရောမမြို့ရှိမယ်တော်သခင်မဘာစီးလီကာကျောင်းတော်ကြီး၏ရင်ပြင်တွင်မြွတ်ကြားခဲ့ သည်။

ထိုသို့မမြွတ်ကြားမီသုံးနှစ်အလိုတွင် နယ်သာလန်မှကက်သလစ်လူငယ်များအားမြွတ်ကြား သောမိန့်ခွန်းတစ်ခုတွင် စိပ်ပုတီးစိတ်ခြင်း အားဖြင့်မယ်တော်သခင်မ၏ရိုးသားခြင်းနှင့်လေးနက်ခြင်း သည်သင်တို့အားဆုတောင်းတတ်ရန်ကူညီပေးလိမ့်မည်ဟုရေးသားပေးပို့ခဲ့သည်။ (၂၀၀၆) ခုနှစ် ၏ဗုဒ္ဓဟူးနေ့တစ်နေ့၊ ဘုရားဖူးဘာသာတူများနှင့်တွေ့ဆုံမှုတွင်လည်း ရဟန်းမင်းကြီးဘေနေဒစ် (၁၆) က စိပ်ပုတီးစိတ်ခြင်း ကို ထပ်မံအသားပေးမိန့်ကြားခဲ့ပြန်သည်။ လက်ထပ်ခါစဇနီးမောင်နှံတို့အားလည်း သင်တို့၏မိသားစု၌စိပ်ပုတီးစိတ်ကြပါဟုတိုက်တွန်းလိုကြောင်း၊ ထိုသို့ဆုတောင်းခြင်းသည် အမိမယ် တော်၏မိခင်၀တ်ရုံတော်အောက်၌ ဝိညာဉ်ရေးရာတစ်နေ့တာဆုံဆည်းခြင်းဖြစ်ပြီး၊ ကြီးထွားခြင်း လည်း ဖြစ်သည်။ မကျန်းမမာသူများနှင့်တွေ့ဆုံစဉ်ကလည်း ကျွန်ုပ်တို့မိခင်ကညာမယ်တော်မာရိယာ ထံယုံကြည်အားကိုးခြင်းဖြင့်ပြန်လှည့်လာကြပါ။ သင်တို့၏လိုအားချက်များကိုလည်းသူ့အားယုံကြည် စွာအပ်နှံထားလိုက်ပါဟုအားပေးတိုက်တွန်းခဲ့သည်။

ခက်ခဲသောအချိန်ထပ်မံကြုံကြိုက်လာ

(၂၀၁၈၊ အောက်တိုဘာလ) ကရဟန်းမင်းကြီးဖရန်စစ်သည် ဘာသာတူများအားလုံးအား နေ့စဉ် စိပ်ပုတီးစိတ်ရန်ပန်ကြားခဲ့သည်။ သို့ဖြင့်အမိမယ်တော်သည်သာသနာအတွင်းမှ (သံဃာများ၊ ကတိသစ္စာသုံးပါးခံသူတော်စင်များ) လိင်မှုကိစွ၊ အာဏာအလွှဲသုံးစားမူများ နှင့်ဟိရိဩတ္တပ္ပစိတ်များကင်းပျောက်နေမှုသည်အတွင်းပိုင်းစိတ်၀မ်းကွဲစေသောကြောင့်အမြန်ဆုံးကူညီဖြေရှင်းပေးစေရန်ဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ယနေ့ (၂၀၂၀၊ မေလ) ၌ထိုဖိတ်ခေါ်ချက်ကိုပြန်လည်ဆန်းသစ် လိုက်ပြန်သည်။ အဘယ်သို့နည်းဟုမူ ယေဇူးသခင်၏မျက်နှာတော်ကိုအမိမယ်တော်နှင့်အတူဆင်ခြင် ထောက်ရှုရန်ဖြစ်သည်။ စိပ်ပုတီးစိတ်ခြင်းသည်ကျွန်ုပ်တို့အားပို၍
ပင် ဝိညာဉ် ရေးမိသားစုအဖြစ်စည်း လုံးစေမည်။ ထို့အတူလက်ရှိကြုံတွေ့နေရသောကပ်ရောဂါဆိုးကြီးမှလည်းလွန်မြောက်သွားစေမည်ဟု ကြောင်းရောဂါ ပြင်းထန်စွာခံစားနေရသောသူများအတွက်လည်းဆုတောင်းပေးရင်း၊ ဤစာကိုရေးသား ခဲ့သည်။

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2Sd7Rw1
 

Add new comment

2 + 1 =