ကရုဏာရှင်ယေဇူး တနင်္ဂနွေနေ့ Pope Francis ၏ သြဝါဒအပြည့်အစုံ   (၁၉-၄-၂၀၂၀)

ကရုဏာရှင်ယေဇူး တနင်္ဂနွေနေ့ Pope Francis ၏ သြဝါဒအပြည့်အစုံ   (၁၉-၄-၂၀၂၀)

ကရုဏာရှင်ယေဇူး တနင်္ဂနွေနေ့ Pope Francis ၏ သြဝါဒအပြည့်အစုံ   (၁၉-၄-၂၀၂၀)

ပြီးခဲ့တဲ့အပတ်မှာ ခရစ္စတူးသခင်ရဲ့ ရှင်ပြန်ထမြောက်ခြင်းပွဲကို ကျင်းပခဲ့ကြပြီး ဒီကနေ့မှာတော့ သူ့ ရဲ့ တပည့်တော်ကြီး ပြန်လည်နိုးကြားလာခြင်းကို ကျွန်ုပ်တို့ မျက်မြင်ကိုယ်တွေ့ဖြစ်ပါတယ်။  တပည့် တော်ကြီး များ ဟာ “သေခြင်းကို အောင်မြင်သော သခင်ဘုရား”ကို မြင်တွေ့ပြီး တစ်ပတ်နီးပါး ကြာမြင့် လာတဲ့အချိန်အထိ ရှောင် ပုန်း နေကြဆဲ ကြောက်ရွံ့ ထိတ်လန့်နေကြဆဲပဲဖြစ်ပါတယ်။ (သံယောဟန် ၂ဝး၂၆)။ သူတို့ရဲ့ အဝေး တစ်နေ ရာမှာ ရောက် နေတဲ့ တပည့်တော်ကြီး သောမတ်(စ်) တစ်ဦးတည်းကိုတောင် ယုံကြည်လက်ခံသွားနိုင်အောင် မစွမ်း ဆောင် နိုင်ခဲ့ကြပါဘူး။ အဲဒီလို ထိပ်ထိပ် ပျာပျာနဲ့ ယုံကြည်ခြင်း ကင်းမဲ့နေသူရဲ့ မျက်နှာရှေ့တည့်တည့်ကိုသွားပြီး သခင်ယေဇူးပြုလုပ်လိုက်တာက သူရပ်နေခဲ့တဲ့ နေရာ တပည့်တော်ကြီးများရဲ့ အလယ်ကိုပြန်သွားပြီး “သင်တို့၌ ငြိမ် သက်ခြင်းရှိစေသတည်း” (ယောဟန် ၂ဝး၂၆) လို့ ထပ်မံနှုတ်ဆက် လိုက်တာဖြစ်ပါတယ်။ 

           သခင်ယေဇူးဟာ အား လုံးကို အစကနေပြန်စပေးပါတယ်။ ဘုရားသခင်ဟာ လမ်းမှားရောက်သူတွေကို ပြန်လည်ထူမဖို့ ဘယ် သော အခါ မှ အားလျှော့လိုက်ခြင်း မရှိဘူးဆိုတဲ့ အသိအမြင်ကနေ “သနားကရုဏာနဲ့  စိတ်ရှည်ခြင်း”ကို ထိတွေ့ ပြီးတဲ့ အခါ တပည့်တော်ကြီးရဲ့ ပြန်လည်နိုးထသက်ဝင်ခြင်းဟာ အစပြုပါတယ်။ ဘုရားရှင်က ကျွန်ုပ်တို့ရဲ့ “အလုပ် သမား ခေါင်း ဆောင်ကို စာရင်းရှင်းတမ်း ပြုလုပ်ထားရမယ့်သူတွေရဲ့ ဆက်ဆံရေး အနေအထားမျိုး” သူ့ကို မြင်စေချင် တာ မဟုတ် ဘဲ ကျွန်ုပ်တို့ကို အမြဲမြှင့်တင်ပေးနေတဲ့ ဖခင်ကြီးတစ်ယောက်နေရာမှာ သူ့ကိုမြင်စေချင်ပါတယ်။ ဘုရား ရှင်က ကျွန်ုပ် တို့ဘဝမှာ “တောက်တီးတောက်တဲ့ လမ်း လျှောက်အရွယ်ကလေး တစ်ယောက်” မသေမချာ ဟန် ချက် မညီဘဲ ရှေ့ကို ခြေလှမ်းလေးလှမ်းလိုက် လဲကျ လိုက်၊ နည်းနည်းထပ်လျှောက်လိုက် ပြန်လဲကျလိုက် ကြိမ် ဖန်များ စွာ ဖြစ်နေသော်ငြားလည်း အကြိမ် တိုင်းမှာ ပြန် ထူ မတ်ပေးနေတဲ့ ဖခင်လိုမျိုးဖြစ်ပါတယ်။ ကျွန်ုပ်တို့ ခြေ နောက် ဖက်ကို အမြဲထိန်း ပေးထား တဲ့လက်အစုံဟာ ကရုဏာတရားသာ ဖြစ်ပါတယ်။ သနားခြင်း ကရုဏာ သာ မရှိ ခဲ့ရင်ကျွန်ုပ်တို့ဟာ မြေကြီးပေါ်မှာပဲ လဲကျနေမယ်ဆိုတာ သိတဲ့အတွက် ရှေ့ခရီးဆက်သွားဖို့ ကျွန်ုပ်တို့ ခြေ ထောက် တွေ ဟာ ထူမတ်ခံစားရဖို့ လိုအပ်ပါတယ်။ ဘယ်လိုပဲဆိုစေ တစ်ချိန်လုံး လဲကျနေတာပဲလို့ အငြင်း ပွားချင် လည်း ပွားပါလိမ့်မယ်။ အဲဒါကိုဘုရားရှင်က သိနေပြီး သင့်ကိုဆွဲထူမပေးဖို့ အမြဲတမ်း အသင့်ရှိနေပါတယ်။ 

            ကျရှုံး ခြင်းကို အာ ရုံ မထားပဲ သူ့ကိုသာ အမြဲအားကိုးစေချင်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ကျရှုံးခြင်းမှာ ဘုရားရှင်က သူ့ရဲ့ သား သမီး များ ဟာ သူ့ရဲ့ ကြင်နာခြင်းနဲ့ ခြေထောက်တွေကို ပြန်လည်ဆွဲမတ်ပေးဖို့ လိုအပ် တာကို သိနားလည်ပါတယ်။ ဒီ က နေ့ အဲဒီ အရာဟာ ဒီကနေ့ ဒီရောမမြို့ ဘုရားကျောင်းတော်ကြီးထဲမှာ အဲဒီ အရာ ဟာ  ကရုဏာရှင်ရဲ့ ဗိမာန် တော် ဖြစ် လာ ပြီး အဲဒီ တနင်္ဂနွေနေ့မှာ ရဟန္တာ ဂျွန်ပေါလ်(၂)က “ကရုဏာ ရှင် ယေဇူး”ကို လွန်ခဲ့တဲ့ အနှစ် ၂၀ က ပူဇော် အပ်နှံ ခဲ့တာ ဖြစ်ပြီး ကျွန်ုပ်တို့ဟာ ဒီသတင်းစကားကို ယုံယုံကြည်ကြည် လက်ခံ ခဲ့ကြပါတယ်။ စိန်ဖော်စတီးနားကို သခင် ယေဇူး က “ငါသည် မေတ္တာတရားနှင့် ကရုဏာရှင် ဖြစ်သည်။ ဘယ်လိုမျိုး လူ့နှလုံးကြေကွဲဖွယ် ဖြစ်ရပ်မျိုးကမှ ငါ့ရဲ့ မေ တ္တာ ကို တိုင်းတာ နိုင်စွမ်းမရှိပါဘူး။ (နေ့စဉ်မှတ်တမ်း ၁၄-၉-၁၉၃၇) တစ်ခါမှာ ရဟန္တာမက ကျေနပ်အားရစွာနဲ့ သခင် ယေဇူးကို သူမဟာ သခင်ယေဇူးအတွက် သူမဘဝတစ်ခုလုံး သူမပိုင်ဆိုင်သမျှအားလုံးကို ပေးဆပ် စွန့်လှူ ပြီး ပါ ပြီလို့ ပြောလိုက်တဲ့အခါ သခင်ယေဇူးက သူမကို ထိတ်လန့်တကြား ဖြစ်သွားအောင် ပြောလိုက်တာက သင့် ကိုယ် တိုင်ကို ငါ့ဆီမစွန့်လှူသေးပါဘူး။ ဒီလိုဆိုရင် ဒီသီလရှင်ဟာ သူမကိုယ်တိုင်အတွက် ဘာကိုများ သိမ်းဆည်းချန်လှပ် ထား ခဲ့ပါသလဲ။ သခင်ယေဇူးက သီလရှင်ကို ““ငါ့သမီး သင့်ရဲ့အပြစ်အနာအဆာများကို ငါ့ထံ၌အပ်နှံပါ””လို့ ကြင် နာစွာ ပြန်ပြောခဲ့ပါတယ်။ (၁၀-၁၀-၁၉၃၇) ကျွန်ုပ်တို့ကိုယ်တိုင်လည်း “မိမိရဲ့ အားနည်းကျရှုံးချက်တွေကို သခင် ဘု ရားဆီ အပ်နှံပြီးပါပြီလား၊ မိမိ ရဲ့ လဲကျခြင်းကို သခင်ဘုရားက ထူမပေးနိုင်ဖို့ ကြည့်ရှုခွင့်ပေးပါရဲ့လား၊ ဒါမှမဟုတ် တစ်စုံတစ်ခုကို မိမိဟာ အ တွင်း ထဲမှာ ချုပ်တည်းထားဆဲပဲလား” ဆိုတာတွေကို  မေးခွန်းထုတ်ရမှာဖြစ်ပါတယ်။ အ ပြစ် တရားနဲ့ အတိတ်က သံ ဝေဂတွေ၊ အတွင်းစိတ်ထဲက ဒါဏ်ရာနဲ့ တစ်စုံတစ်ဦးကို ကြိတ်မနိုင်ခဲမရ ဖြစ်တာတွေ၊ လူတစ် ဦး တစ် ယောက် ကို ထင် မြင်ယူဆပုံတွေ အစရှိသဖြင့် သခင်ဘုရားက ကျွန်ုပ်တို့ရဲ့ ကျရှုံးချက် အနာ အဆာ တွေ ကို သူ့ထံ အပ် နှင်းခံ ရဖို့ စောင့် မျှော်နေပါတယ်။ ဒီလိုမှလည်း သူ့ရဲ့မေတ္တာကရုဏာကို ခံစားနိုင်ဖို့ သခင် ယေဇူး က ကူညီဖေး မပေး နိုင် ပါ လိမ့်မယ်။

            တပည့်တော်ကြီးများအကြောင်းဆီကို ပြန်သွားကြည့်ကြရအောင်ပါ။ သူတို့တွေဟာ သခင်ယေဇူးကို သူ့ရဲ့ ဒုက္ခ ဝန် ထုပ် ခံထမ်းရချိန်မှာ ငြင်းပယ်စွန့်ပစ်ခဲ့ကြတာကို စိတ်မလုံမလဲ ဖြစ်နေကြပါတယ်။ စိတ် တွင်း ဒဏ်ရာ အနာ တရဖြစ် နေ ကြတဲ့ တပည့်တော်ကြီးတွေကို သခင်ယေဇူးက သူ့ရဲ့ဒဏ်ရာဒဏ်ချက်တွေကို ထုတ် ပြခဲ့ ပါ တယ်။ သော မတ်စ် ဟာ သခင်ခရစ်တော်ကို ငြင်းထုတ်ခဲ့တာတောင်မှပဲ သခင်ခရစ်တော်ရဲ့ ဒဏ်ရာတွေကို ထိ တွေ့ နိုင် ပြီး သခင် ယေဇူး ဟာ သူ့ကိုဘယ်လောက်ချစ်ပြီး ဝေဒနာခံထမ်းခဲ့ရသလဲဆိုတာ သိနား လည်နိုင် ခဲ့ပါ တယ်။ အဲဒီ အ နာဒဏ် ရာတွေ ထဲမှာ ဘုရား သခင်ရဲ့ နူးညံ့ငြင်သာတဲ့ ရင်းနှီးမှုကို သူ့ရဲ့လက်များနဲ့ ထိတွေ့ ခံစားခဲ့ ရပါ တယ်။ သောမတ်စ်ဟာ အ ရောက် နောက်ကျ ခဲ့ပေမယ့် ကရုဏာသနားခြင်းကို ပိုင်ဆိုင်သွားတယ်။ ကျန်တဲ့ တပည့် တော် ကြီး တွေအား လုံး ထက်ကျော်လွန်သွားတာက သူဟာ “ရှင်ပြန်ထမြောက်ခြင်း”ကိုပဲ ယုံကြည်တာမဟုတ်ဘဲ ဘုရား ရှင်ရဲ့ အတိုင်း အ ဆနယ် နိမိတ်မဲ့ မေတ္တာတရားကို ယုံစားသွားခြင်းဖြစ်ပါတယ်။ ဒါကြောင့်လည်း သူဟာ “ကျွန်ုပ် ၏သခင် ကျွန်ုပ် ၏ ဘုရား”လို့ ရိုးရိုးရှင်းရှင်းနဲ့ အလှဆုံးဖြစ်တဲ့ ယုံကြည်ခြင်းကို ဝန်ခံ ကြွေး ကြော် ခဲ့တာ ဖြစ်ပါ တယ်။ (ယောဟန် ၂ဝး၂၈) ဒါ ဟာ တပည့်တေ်ကြီးတစ်ပါးရဲ့ ပြန်လည် ရှင်သန်နိုးကြားလာခြင်းပါပဲ။ သူ့ရဲ့ အပြစ် ကျရှုံးချက်နဲ့ လူသားဆန်စွာ နာကျင်ဒဏ်ရာတွေကို သခင်ယေဇူးထံမှာ အပ်နှံ လိုက်တဲ့အခါ အရာ ခပ်သိမ်း ဟာ ပြီးမြောက်အောင်မြင်သွားခဲ့ပါပြီ။ အဲ ဒီနေရာမှာပဲ ယုံမှားသံသယတွေ အဆုံးသတ်သွားပြီး ဘုရားရှင်သည် “ကျွန်ုပ်၏ဘုရားရှင်”ဖြစ်လာသလို အဲဒီ နေ ရာ မှာပဲ ကျွန်ုပ်တို့ဟာ မိမိကိုယ်ကို စတင်လက်ခံလာပြီး ဘဝကိုလည်း အရှိအတိုင်း မြတ်နိုးတတ်လာပါတယ်။

        ညီအစ်ကိုမောင်နှမများတို့ ကျွန်ုပ်တို့ လက်ရှိဖြတ်ကျော်နေရတဲ့ အကြပ်အတည်းကာလမှာ ကျွန်ုပ်တို့ဟာ သော မတ်စ်လိုပဲ ကြောက်လန့်ခြင်းတွေ၊ သံသယတွေနဲ့ ကျွန်ုပ်တို့ရဲ့ အပြစ်အနာအဆာတွေကို ကိုယ် တွေ့ ကြုံဆုံ ခဲ့ ပြီးပါပြီ။ ကျဆုံးအားနည်းချက်တွေကို ကျော်လွန်ပြီး လန်းဆန်းတက်ကြွတဲ့အလှတရားကို မြင်တွေ့တဲ့ သခင် ဘု ရား ကို ကျွန်ုပ်တို့ လိုအပ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ မစွမ်းသာတဲ့ အနေအထားမှာတောင် ကျွန်ုပ်တို့ဟာ ဘယ် လောက် တောင် တန်ဖိုးရှိ သလဲဆိုတာ သခင်ယေဇူးနဲ့အတူတကွ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ကျွန်ုပ်တို့ဟာ သလင်း ကျောက် စိုင် ခဲတွေလိုပဲ လှပတယ်။ ကွဲကြေလွယ်တယ်။ ဒါပေမဲ့တစ်ချိန်တည်းမှာပဲ တန်ဖိုးလည်းရှိတယ်။ သလင်း ကျောက် လိုပဲဆိုရင် ကျွန်ုပ်တို့ဟာ ဘုရားရှင်ရှေ့မျက်မှောက်မှာ ထုတ်ချင်းပေါက် အလိမ်အကောက်မရှိ သူ့ရဲ့ ကြင်နာ ခြင်း အ လင်းဟာ ကျွန်ုပ်တို့အတွင်းထဲမှာ ကျွန်ုပ်တို့အားဖြင့် ဒီကမ္ဘာကြီးထဲမှာ အလင်းဖြာနေပါလိမ့်မယ်။ သံပေထ ရု ပြော ခဲ့သလိုပဲ အခုအချိန်မှာတော့ များပြားလှတဲ့ လောကဓံတရားမျိုးစုံကို ခံရခဲ့ရင်လည်း ကျေးဇူးတော်ကြောင့် ဝမ်းမြောက် ရွှင်လန်းခြင်းနှင့် ပြည့်ဝပါလိမ့်မယ်။ (သံပေတရုသြဝါဒစာ ပထမစောင် ၁ : ၆) 

      နောက်ကျပြီးရောက်လာတဲ့ တပည့်တော်ကြီးသောမတ်စ်၊ သူတစ်ဦးတည်းသာလျှင် ရှိမနေတဲ့သူ၊ သို့သော် လည်း သခင်ယေဇူးဟာ သူရောက်အလာကို စောင့်ဆိုင်းပေးတယ်။ ဒါဟာ “ကရုဏာရှင်ယေဇူး”ပွဲနေ့မှာ သော မတ်စ် ဆီကရရှိတဲ့ အလှပဆုံး သတင်းစကားဖြစ်ပါတယ်။ သနားကြင်နာခြင်းဆိုတာ လူမြင်ကွင်းက ပျောက် နေသူ တွေ ကို မပစ်ပယ်ထားပါဘူး။ ကာလကြာရှည်နေပြီဖြစ်တဲ့ ကမ္ဘာ့ကပ်ဆိုးကြီးကို ကျော်လွှားအောင်မြင်နိုင်ဖို့ ခွန် အား စိုက် နစ်ဝင်ကြိုးပမ်းနေကြချိန်မှာ နောက်တန်းမှာရှိနေတဲ့ သာမန်လူတန်းစားတွေကို သတိမရကြမှာ စိုးရိမ် ရ ပါ တယ်။ အဲဒီ တကိုယ်ကောင်းဆန် လျစ်လျူရှုခြင်းရဲ့ ရလဒ်က ဒီဗိုင်းရပ်စ်ပိုးရဲ့ ရိုက်ခတ်မှုထက်တောင် အန္တရာယ် ပိုဆိုး ရွားပါသေးတယ်။ ငါ့အတွက် ပိုကောင်းတယ်ဆိုရင် ဘဝက ပိုကောင်းတယ်။ ငါ့အတွက် အဆင် ပြေတယ် ဆိုရင် ဘာမဆို အဆင်ပြေတယ်ဆိုတဲ့ စိတ်ထားက ဒီရောဂါကို ပျံ့ပွားစေပါတယ်။ ဟိုတစ်စ ဒီတစ်ပြတ်နဲ့ လူရွေးပြီး ဆင်း ရဲ သားတွေကိုတော့ ပစ်ပယ်၊ မထင်ပေါ် မကျော်ကြားသူတွေကတော့ တိုးတက်ဖို့ ဝေလာဝေး စွန့်လွှတ် အ နစ် နာ ခံနေရပါတယ်။ ဘယ်လိုပဲ ဆိုနေပါစေ။ ဝေဒနာ ခံစားရသူတွေ အချင်းချင်းမှာ ကွဲပြားခြားနားမှုတွေ၊ ကန့် သတ် ချက်တွေ မရှိပါဘူးဆိုတာ လက်ရှိကမ္ဘာ့ကပ်ဆိုးကြီးက ကျွန်ုပ်တို့ကို သတိပေးနေပါတယ်။ ငါတို့အားလုံးဟာ အပြစ် အနာအဆာရှိကြသလို အားလုံးဟာ တန်းတူပြီး အားလုံးဟာ တန်ဖိုးရှိကြပါတယ်။ 

          ကျွန်ုပ်တို့အားလုံးဟာ ကျွန်ုပ် တို့  ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့အရာတွေကြောင့် အရှိုက်ထိုးခံလိုက် ရသလို ဖြစ်နေကြမှာပါ။ သာတူ ညီမျှ မရှိမှုတွေကို ဖျက်သိမ်းဖို့၊ မတရားခြင်းတွေကို ကုစားဖို့ စတဲ့ လူ့အ သိုက် အမြုံတစ်ခုလုံးရဲ့ ကျန်းမာရေး ယိုယွင်း စေ မှု တွေကို တစ်ဟုန်ထိုး လှုပ်ကိုင်တော့မယ့် အချိန်ရောက်လာပါပြီ။ “တ မန် တော်ဝတ္ထု”ထဲမှာ ဖော်ပြထားတဲ့ ရှေး ဦး ခရစ်ယာန်များရဲ့ ဖွဲ့စည်းနေထိုင်မှုကို လေ့လာသင်ယူကြပါစို့။ သူ တို့ ဟာ သနားကရုဏာကို လက်ခံရယူပြီး ကြင် နာ သနားခြင်းနှင့်သာ နေထိုင်ကြတယ်။ ယုံကြည်သူတွေဟာ အ တူ တ ကွနေထိုင်ခဲ့ကြပြီး အရာအားလုံးကို မျှဝေ သုံး စွဲ ကြ တယ်။ သူတို့ရဲ့ ပိုင်ဆိုင်ရာတွေ၊ ပစ္စည်းတွေကို ရောင်း ချပြီး ရရှိလာသမျှကို လိုအပ်နေသူတွေအားလုံး နဲ့ ပေး ဝေပေးကြတယ်။ (တမန်တော်ဝတ္ထု ၂:၄၄-၄၅)

         ဒါဟာသာမန်စည်းမျဉ်းမဟုတ်ဘဲ ခရစ်ယာန်အသက်တာ ကျင့်စဉ်သာ ဖြစ်ပါတယ်။ သခင်ယေဇူးရှင်ပြန်ပြီး အဲ ဒီ အဖွဲ့အစည်း အတွင်းမှာ လူများနောက်မှာရောက်နေသူဆိုလို့ တစ်ဦးထဲသာရှိပြီး သူတို့အားလုံးဟာ သူ အလာ ကို စောင့်စားပေးပါတယ်။ ကျွန်ုပ်တို့ တစ်ဦးချင်းစီက ဒါတွေဟာ သပွတ်အူလိုက်နေတဲ့ ပြဿနာတွေဖြစ်ပြီး ချို့ တဲ့သူ တွေကို ကူညီပေးဖို့က ငါ့အလုပ်မဟုတ်ဘဲ အခြားသူတွေက လုပ်ပေးရမှာပဲလို့တော့ ပြောနိုင်ကောင်း ပြော ပါ လိမ့် မယ်။ ဝေဒနာ မီးလောင်မြိုက်နေတဲ့  ၀ိညာဉ်တစ်ခုကို ကပ်ပါးကောင်(သူတစ်ပါးပေါ်မှာ မှီခိုရှင်သန်သူ) ဝန် ထုပ်ဝန်ပိုးတစ်ခုလို့ မမြင်သင့်ဘဲ ကားတိုင်ပေါ်က သခင်ယေဇူးကို မြင်ကြည့်သင့်ပါတယ်။ သခင်ဘုရား ကိုယ် တော် က ကျွန်ုပ်တို့ကို ကြင်နာ သနားခြင်း အလေ့အထတွေ လုပ်နိုင်ဖို့ အခွင့်အလမ်းပေးပေမယ့် ကျွန်ုပ်တို့ကတော့ စီရင်ဆုံးဖြတ်ခြင်းကို လက်တွေ့ လုပ်ဆောင်နေကြပါတယ်။ (နေ့စဉ်မှတ်တမ်း ၆-၉-၁၉၃၇)၊ သို့သော်လည်း စိန် ဖော် စတီးနားကိုယ်တိုင် တစ်ရက်မှာ သခင်ယေဇူးဆီကို တိုင်တောတာက ကြင်နာသနားခြင်းဆိုတာ နုံအအ နေပေး ရ မယ့် သဘောပါပဲလား။ သခင်ဘုရား “ကျွန်မရဲ့ စိတ်နေသဘောထားကောင်းတာကို သူတို့ဟာ မကြာခဏ အလွဲ သုံး  စားလုပ်ကြတယ်”လို့ သူမက ပြောတဲ့အခါ သခင်ယေဇူးက “ဒါတွေက အရေးမကြီးပါဘူး၊ စိတ်အနှောင့်အယှက် အ ဖြစ် မခံဘဲ လူတိုင်းအပေါ်မှာ အမြဲသနားကြင်နာပါ” (ဒီဇင်ဘာ ၂၄၊ ၁၉၃၇) လူတိုင်းကိုပြောချင်တာက ကိုယ့် အ တွက် ကိုပဲ၊ ကိုယ့်တစ်ကိုယ်ရည် အခွင့်အရေးရဖို့ပဲ စဉ်းစား မနေကြပါနဲ့။ ဒီစုံစမ်း ဒုက္ခ အခက်အခဲတွေကို ကျွန်ုပ် တို့ ရဲ့ အနာဂတ်အဖွဲ့အစည်းအတွက် အခွင့်အလမ်းတစ်ခုအဖြစ် ကြိုဆိုလက်ခံပေးကြပါစို့။ ဘာကြောင့်လဲဆိုတော့ ရည် မှန်းချက် လက်ကိုင်မရှိရင် အနာဂတ်ဆိုတာ ဘယ်သူ့အတွက်မှ ရှိတော့မှာ မဟုတ်ပါဘူး။

ဒီကနေ့ သခင်ယေဇူးရဲ့ ရိုးရှင်းပြီး ပရိယာယ်မပါတဲ့ ချစ်ခြင်းမေတ္တာက  တပည့်တော်ကြီးများရဲ့ နှလုံး သား ကို ပြန်လည်ရှင်သန်လာစေပါတယ်။ တမန်တော်ကြီးသောမတ်စ်လိုပဲ ကြင်နာသနားခြင်း ကမ္ဘာကြီးရဲ့ ကယ်တင် ခြင်းကိုလက်ခံကြပါစို့။ အခွင့်အလမ်းမရှိ အားနည်းသူများကို ကရုဏာ စာနာထောက်ထားခြင်း ပြသကြပါစို့။ ဒီ တစ် နည်းအားဖြင့်သာ ကျွန်ုပ်တို့ဟာ လောကကမ္ဘာသစ်တစ်ခုကို တည်ဆောက်နိုင်ကြပါလိမ့်မယ်။

 

Translated by: Sr. Perpetua Nyein Nyein Loo, SJA 

https://bit.ly/3eCR8Me

Add new comment

2 + 0 =