Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ငြိမ်းချမ်းရေးကိုကြိုးပမ်းလုပ်ဆောင်သူများသည်ကြေအေးခြင်းကိုအစဉ်ရှာဖွေလေ့ရှိသည်။
ငြိမ်းချမ်းရေးကိုကြိုးပမ်းလုပ်ဆောင်သူများသည်ကြေအေးခြင်းကိုအစဉ်ရှာဖွေလေ့ရှိသည်။
အတွင်းစိတ်၏ငြိမ်သက်ခြင်းသည်ခရစ္ဆတူးသခင်ထံမှစီးထွက်လာသည်။ ထိုငြိမ်ချမ်းခြင်းသည် ကားတိုင် တော်မှ စီးထွက်လာပြီး၊ လူသားထုကိုအသစ်ပြုပြင်ပေးသည်။
ငြိမ်းချမ်းရေးအသွင်အမျိုးမျိုး
ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းဆောင်ရွက်သောသူတို့သည် မင်္ဂလာရှိကြ၏ ဟူသောခုနှစ်ပါး မြောက် မင်္ဂ လာတရားတော်ကိုနားလည်သဘောပေါက်ရန်မှာရှင်းပြရန်လိုပါသည်။ အဘယ်ကြောင့်ဆိုသော်နား လည် မှု လွှဲ ချော်မည်ကိုစိုးရသည်။ နားလည်မူလွှဲချော်သွားလျှင်အဓိပ္ပါယ်မဲ့သွားတတ်သည်။ အ ချက်နှစ် ချက် ကိုအခြေခံ၍ငြိမ်းချမ်းရေးကိုဆင်ခြင်ကြပါစို့။ တစ်ချက်မှာသမ္မာကျမ်းစာတော်လာငြိမ်းချမ်းရေးဖြစ်သည့် ရှာ လွန် ဖြစ်ပြီး၊ ဆိုလိုရင်းမှာပေါများ ကြွယ်၀ သောအ သက်တာဟုဆိုလိုသည်။ ဒုတိယ အချက်မှာ ခေတ် အတွေးအမြင်ဖြစ်သည့်အတွင်းစိတ် ၏ငြိမ် သက်ခြင်း ဖြစ်သည်။ သို့သော် ဒုတိယ အမျိုးအ စား သည် လူ တို့၏ အတွင်းစိတ်သည်အနှောက်အ ယှက်ဖြစ် သွားသော အခါထို ငြိမ်သက် ခြင်း သည် ပျောက် ပျက် သွားရသည်။
ခရစ္ဆတူး၏ငြိမ်သက်ခြင်း
ကျွန်ုပ်တို့အမှတ်ရရမည်မှာယေဇူးသခင်၏ငြိမ်သက်ခြင်းသည်လူတို့၏ငြိမ်သက်ခြင်းနှင့်ခြားနားသည့်အချက်ဖြစ်သည်။ ယေဇူးသခင်၏ငြိမ်သက်ခြင်းသည်သူ၏သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်း မှဖြစ် တည် လာ သော အသီးအပွင့်ဖြစ်သည်။ လူတို့ပေးသောငြိမ်သက်ခြင်းသည်အများအားချိုးနှိမ်ပြီးမှ ငြိမ်းချမ်း ရေးကို ကမ္ဘာကြီး အ၀န်းအဝိုင်းမှကြည့်မည်ဆိုပါလျှင်ကိုယ်ကျိုးတွက်ဆခြင်းသည်ပထမဦးဆုံးအကြောင်း တရား ဖြစ်နေ သည်။ ငြိမ်းချမ်းရေးသည်အခြားသူအားတိုက်ခိုက်ဖျက်ဆီးခြင်းမှရရှိ ခြင်းဖြစ် သည်။ ဤငြိမ်း ချမ်း ခြင်း သည်ခရစွတူးသခင်၏ငြိမ်းချမ်းခြင်းမဟုတ်။ ယေဇူးသခင်၏ခန္ဓာတော် နှင့်နွယ် သော ငြိမ်း ချမ်း ခြင်း ကို တည်ဆောက်ရန်မှာ ယေဇူးသခင်သည်အရာရာ (အမုန်းတရား၊ အပြစ် များ) ကိုကား တိုင်ပေါ် ၌ ယိုစီး ကျလာသောသူ၏သွေးဖြင့်ကြေအေးကာသင်ပုန်းချေခဲ့သည်။
စစ်မှန်သောငြိမ်းချမ်းရေးအတွက်ကြိုးပမ်းနေသူများ
ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းလုပ်ဆောင်သူများကားအဘယ်သူများနည်း။ ၄င်းတို့မှာ ငြိမ်းချမ်းရေး အ တတ် ကို သင်ကြားနားလည်သူများ၊ လက်တွေ့ဖော်ဆောင်သူများဖြစ်သည်။ မိမိတို့၏အသက်တာ ကိုပေး ဆပ်၍ကြေအေးရန်မကြိုးစားမချင်းငြိမ်းချမ်းရေးမရနိုင်ဟုနားလည်ကြသူများဖြစ်သည်။ထိုအတူငြိမ်း ချမ်း ရေး သည်နေရာမရွေး၊ အချိန်မရွေး၊ လူမရွေးဘဲရှာဖွေရမည်။ ဤသို့ကြိုးပမ်းလုပ်ဆောင်သူ များ သည် ဘုရားသခင်၏သားသမီးများဖြစ်ကြသည်။ ကျွန်ုပ် တို့အား လည်း ပျော်ရွှင် မှုလမ်း စဉ်ကို ညွှန်ပြ နေ သည်။
ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်
၁၅. ၄. ၂၀၂၀
Add new comment