Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
၂၀၂၀ ခုနှစ် သခင်ခရစ်တော်၏ ဒုက္ခစရိယာလမ်းစဉ် မေတ္တာပန်းတနင်္ဂနွေနေ့ - ပုပ်ရဟန်းမင်း ကြီးဖရန် စစ်၏ သြဝါဒ
၂၀၂၀ ခုနှစ် သခင်ခရစ်တော်၏ ဒုက္ခစရိယာလမ်းစဉ် မေတ္တာပန်းတနင်္ဂနွေနေ့ - ပုပ်ရဟန်းမင်း ကြီးဖရန် စစ်၏ သြဝါဒ
"သခင်ခရစ်တော်သည် မိမိ၏ဘုန်းဂုဏ်တော်ကိုစွန့်၍ အစေခံကျွန်၏သဏ္ဍာန်ကိုယူဆောင်တော်မူ၏" (ဖိလိ ၂၀:၇) သံပေါလုပြောကြားခဲ့တဲ့ အထက်ပါကျမ်းစကားကို သန့်ရှင်းသောရက်သတ္တပတ် (အခါ ကြီး ရက်ကြီး) မှာ နှလုံးသွင်းကြပါစို့။ "ကြာသပတေးနေ့ကြီး" မှာ သခင်ခရစ်တော်ဟာ တပည့်တော် ကြီးများ ရဲ့ခြေကို ဆေးကြောသူ အစေခံတစ်ယောက်အနေနဲ့ ပုံဖော်ခံရပြီး "သောကြာနေ့ကြီး" မှာတော့ သခင်ခရစ်တော်ဟာ ဒုက္ခတံ ကျင်ကို ခံထမ်းသူနဲ့ အောင်နိုင်သူတစ်ဦးဆိုတဲ့ပုံစံများနဲ့ ပုံဖော်ခြင်းခံရပါတယ်။ နောက်နေ့မှာ တော့ ပရောဖက်ဟေရှာယရဲ့ "ငါ ကာကွယ်စောင့်ရှောက်ရာ ငါ၏ကျွန်ရင်းကို ကြည့်ရှုလော့" (ဟေရှာ ၄၂း၁) ဆိုတဲ့ကျမ်းစကားကို ကြားနာရမှာဖြစ်ပါတယ်။
ကျွန်ုပ်တို့ကသာ ဘုရားကိုအစေခံနေရတယ်လို့ ရံဖန်ရံခါ တွေးထင်တတ်ကြပေမယ့် တကယ် တော့ ဘုရားကသာလျင် ကျွန်ုပ်တို့ကို စတင်ချစ်ခင်သူဖြစ်ပြီး လိုလို လားလားနဲ့ သူကိုယ်တိုင် ကျွန်ုပ် တို့ ကို ရွေးချယ်ပြီး အစေခံ နေတာဖြစ်ပါတယ်။ ချစ်ခင်တတ်ဖို့ရာ ခက်ခဲတဲ့အတွက် မေတ္တာ တရား ကို တုံ့ပြန်ခံရဖို့လည်း မလွယ် ကူ လှ ပါဘူး။ အဲဒါထက် ပိုခက်ခဲတာကတော့ ကျွန်ုပ်တို့ဟာ မိမိ ကိုယ် ကို ဘုရားရှင်ရဲ့အစေခံခြင်းကိုခွင့်မပြုရင် တစ်ပါးသူကို အ စေခံနိုင်ဖို့ဆိုတာ ပိုလို့ တောင်ခက်ခဲပါတယ်။ ဘုရားရှင်က ကျွန်ုပ်တို့ကို ဘယ်လိုဘယ်ပုံအစေခံတာလဲလို့ မေးစရာရှိပါတယ်။ ကျွန်ုပ် တို့ဟာ ကိုယ် တော်ရှင်အတွက် အဖိုးအခထိုက်တန်ကြီးမြင့်လှတာကြောင့် ကျွန်ုပ်တို့အတွက် သူ့ရဲ့အ သက်တော်ကို စွန့် တော်မူပါတယ်။ St. Angela of Foligno က "ငါ့ရဲ့ချစ်ခြင်းမေတ္တာဟာ သင့်အတွက် ပျက် ရယ် ပြုစ ရာမဟုတ်ပါဘူး" ဆိုပြီး သခင်ခရစ်တော်က သူမကိုပြောတဲ့အသံတော်ကို ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
ကျွန်ုပ်တို့ကိုချစ်တဲ့ သူ့ရဲ့ချစ်ခြင်းမေတ္တာဟာ သူ့ကိုယဇ်ကောင်ဖြစ်စေပြီး ကျွန်ုပ်တို့ရဲ့အပြစ်အားလုံးကို သူကိုယ်တိုင်ခံထမ်းခဲ့ပါတယ်။ တစ်ခွန်းတစ်ပါဒမျှ ညည်းညူပြစ်တင်ခြင်းမရှိဘဲ အစေခံတစ်ယောက်လို နှိမ့်ချ စိတ်ရှည် ကျိုးနွံနာခံစွာ မေတ္တာစစ်စစ်နဲ့ ကျွန်ုပ်တို့ရဲ့ရှိရှိသမျှသောပြစ်ချက်အားလုံးကို ကြည် ကြည် ဖြူဖြူနဲ့ ပုခုံးဝင်လျှိုခဲ့တယ်ဆိုတဲ့အချက်က ကျွန်ုပ်တို့ကို အံ့သြမှင်သက်စေပါတယ်။ အဖ ခ မည်းတော်ဘုရားကိုယ်တော်တိုင်ကလည်း သခင်ခရစ်တော်ကို ကာကွယ်ရပ်တည်ပေးပါတယ်။ အဖ ခ မည်း တော်ဘုရားဟာ သခင်ယေဇူးကိုနင်းချေတိုက်ခိုက်တဲ့ မကောင်းမှုနတ်ဆိုးရဲ့ရန်ပြုခြင်းကို ဖယ် ထုတ် မပေးခဲ့ဘဲ သူ့ရဲ့ဝေဒနာခံထမ်းခြင်းမှာ ခံနိုင်စွမ်းအားတွေအပြည့်ပေးခဲ့တာကြောင့် အဆုံးစွန် ထိ ချစ်တဲ့ ချစ်ခြင်းမေတ္တာအားနဲ့ ကောင်းမြတ်တော်မူခြင်းတွေက မကောင်းမှုနတ်ဆိုးကို အောင်နိုင် ခဲ့တာ ဖြစ် ပါတယ်။ သခင်ခရစ်တော်ဟာ သစ္စာဖောက် သသျှို ခံရမှုတွေ စွန့်ပယ်ခံရမှုတွေကို အနာကျင်ဆုံး သောအ နေအ ထားထိ ကိုယ်တွေ့ရင်ဆိုင်ခံထမ်းပြီး ကျွန်ုပ်တို့ကို အစေခံခဲ့တာဖြစ်ပါတယ်။
သူ့ကို သစ္စာ ဖောက်ပြီး ငွေဝယ်ကျွန်လို အသပြာနဲ့လဲလှယ်ခဲ့တဲ့တပည့်တော်ကြီးနဲ့ သူ့ကိုမသိပါဘူးလို့ အကြိမ်ကြိမ် ငြင်းနေတဲ့ တပည့်တော်ကြီးကြောင့် စိတ်မှာအနာတရဖြစ်ခဲ့ရသလို "ကိုယ်တော်ရှင်အား ဘုန်းတော် ဂုဏ်တော် ရှိ စေသတည်း" လို့ကြွေးကြော်ခဲ့တဲ့ လူတစုကပဲ "ဤသူကို လက်ဝါးကပ် တိုင် တင်ပါ" လို့အော် ဟစ်လိုက် လုပ် နေကြတဲ့လူတစ်စုရဲ့ သစ္စာပျက်ယွင်းမှုကိုလည်း ခံခဲ့ရပါတယ်။ ဒါတင် မက သေးဘူး သူ့ကို မတရား သဖြင့် စီရင်ချက်ချခဲ့တဲ့ ဘာသာရေး/ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ တာ ဝန် မဲ့ မှုဒဏ် တွေကိုလည်း ရင်ဆိုင် ခဲ့ရ ပါ သေး တယ်။ ကျွန်ုပ်တို့ဘဝမှာ အသေးအမွှားလေးကအစ ကြီးကြီး မားမားကြုံတွေ့ဖူးခဲ့တဲ့ သစ္စာ ဖောက် ခြင်းခံရတဲ့ ခံစားချက်တွေကိုလည်း ပြန်လည်သုံးသပ် ဆင်ခြင်ကြည့်နိုင်ပါတယ်။
ကိုယ့်ဘက်က အခိုင်အမာယုံကြည်ထားတဲ့နေရာတွေဆီကနေ စွပ်စွဲချက်တွေထွက်ပေါ်လာတဲ့အခါ အင်မတန်တုန်လှုပ်စရာကောင်းလှပါတယ်။ စိတ်နှလုံးအတွင်းထဲက မကျေနပ်ချက်တွေ| ခါးသီးမှုတွေ တလိပ် လိပ်ထွက်လာပြီး ဘဝကိုတောင် အဓိပ္ပါယ်မရှိတော့သလို ခံစားရနိုင်ပါတယ်။ ကျွန်ုပ်တို့ဟာ သူ တစ် ပါး ကိုချစ်ဖို့နဲ့ တစ်ပါးသူဆီက အချစေတွေကိုခံစားရဖို့အတွက် ဒီလောကကြီး ထဲ ကို ရောက်ရှိ လာ ခဲ့ကြ လို့ ဒီလိုတွေခံစားရတာဖြစ်ပြီး ကျွန်ုပ်တို့နဲ့ရင်းနှီးပြီး သစ္စာရှိပါ့မယ်လို့ ကတိပေး ထားသူ တွေ ရဲ့ ဖောက်ပြန်စော်ကားမှုတွေခံရခြင်းဟာ အနာကျင်ရဆုံးဖြစ်တယ်။ ဒါ့ကြောင့်လည်း ကျွန်ုပ် တို့ ဟာ" ချစ် ခြင်း မေတ္တာ ဖြစ်တော်မူသောဘုရားရှင်"ရဲ့ နာကျင်မှုတွေကို ဘယ်လိုမှ စိတ်ကူး ပုံဖော်ကြည့် လို့ တောင် မရနိုင်ပါဘူး။ ကျွန်ုပ်တို့သာ မိမိတို့ကိုယ်ကိုယ် ရိုးသားဖြောင့်မတ်မယ်ဆိုရင်တော့ မိမိတို့ရဲ့သစ္စာ မဲ့စော်ကား မှု တွေကို ပြန်ပြီးမြင်တွေ့ကြမှာဖြစ်ပါတယ်။ မုသားသက်သေခံခြင်း| ဘာသာရေး အရေခြုံနဲ့ ပုံမှားရိုက် ခြင်းတွေ ဘယ်လောက်တောင်များပြားနေပြီလဲ? ကောင်းတဲ့ဆန္ဒ| ရည်ရွယ်ချက်တွေဟာ ဘယ်လောက် တောင်ချိုးဖောက်ခံနေရပါသလဲ? ကတိပျက်မှုတွေ ဘယ်လောက်တောင်များနေပြီလဲ? စိတ်ရဲ့ပြဋ္ဌာန်း ချက်တွေကို ဘယ်လောက်တောင် လျစ်လျူရှုခဲ့ပြီးပြီလဲ?
ကျွန်ုပ်တို့ရဲ့စိတ်နှလုံးသားကို ကျွန်ုပ်တို့ကိုယ်တိုင်ထက် ဘုရားသခင်ကပိုသိပါတယ်။ ကျွန်ုပ်တို့ရဲ့ အားနည်းချက်တွေ မတည်ကြည်မှုတွေနဲ့ ကျရှုံးချက်တွေကိုလည်း သိမြင်တော်မူပြီး စိတ်ဒဏ်ရာတွေကို ကုစား နိုင်ဖို့| ရှုံးနိမ့်သွားတဲ့အခါပြန်ထူထောင်နိုင်ဖို့က ကျွန်ုပ်တို့အတွက် ဘယ်လောက် တောင်ခက်ခဲ သလဲ ဆိုတာကို ဘုရားသခင်က နားလည်ပါတယ်။ သူ့အပေါ်မှာသစ္စာတည်ကြည်သူတွေရဲ့ဒဏ်ရာကို ကုစားပေးပြီး လွတ်လပ်စွာချစ်ခြင်းမေတ္တာတွေပေးမယ်လို့ ပရောဖက်ဟိုဇေးယအားဖြင့် ကျွန်ုပ်တို့ကို ပြောကြားထားပါတယ်။ (ဟိုဇေး ၁၄:၅) ကျွန်ုပ်တို့ရဲ့ သစ္စာပျက်ယွင်းမှုနဲ့ ကျင့်ဝတ် ဖောက်ပြန်မှုတွေအတွက် ကိုယ်စားခံပြီး ကျွန်ုပ်တို့ရဲ့ပြစ်ချက်တွေကို ကုစားပေးတာဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ မိမိတို့ရဲ့ကျရှုံးမှုတွေကိုကြည့်ပြီး ကြောက်ရွံ့နေမဲ့အစား ခရစ် တော်ရဲ့ ကားတိုင်ကိုမော့ကြည့်ပြီး သူ့ရဲ့နွေးထွေးမှုကိုခံစားရင်း "ကိုယ်တော်သည် ကျွနု်ပ် ၏သစ္စာ ပျက်ယွင်းမှုများ ကိုကာကွယ်ပြီး ကိုယ်တော်တိုင်ဆောင်ယူဝန်ထမ်းတော်မူပါ၏။ ကိုယ်တော်သည် ကျွန်ုပ် အား လက် ကမ်းကြို၍ ကိုယ်တော်၏ချစ်ခြင်းအားဖြင့် ကျွန်ုပ်အားအစေခံကာ ကျွန်ုပ်အား စဉ်ဆက်မပြတ်စောင်မတော်မူသည့်အတွက် ကိုယ်တော်ရှင်ထံ၌ ဆက်လက်အမှီပြုဖက်တွယ်ပါမည်။"
စွန့်ပစ်ခံရခြင်း
ဒီကနေ့ ဧဝံဂေလိကျမ်းစာမှာ သခင်ယေဇူးက "ကျွန်ုပ်၏ဘုရား| ကျွန်ုပ်၏ဘုရား အဘယ်ကြောင့် ကျွန်ုပ်ကိုစွန့်ပစ်တော်မူပါသနည်း" (မာတေး ၂၇း၄၆) ဆိုတဲ့စကားလုံးဟာ အင်မတန်ပြင်းထန်တဲ့ဝေါဟာရတွေပဲဖြစ်ပါတယ်။ သခင်ယေဇူးဟာ စွန့်ပစ်ခံရခြင်းဝေဒနာကို သူတစ်ဦးတည်းခံထမ်းတယ်လို့မြင်ရပေမဲ့ အဖခမည်းတော်ဘုရားဟာ သူ့အတွက်မားမားမတ်မတ်ကြီးရှိနေခဲ့ပါတယ်။ တစ်ကိုယ်တည်း အမှောင်ကျချိန်မှာ ပထမဆုံးအကြိမ် "အရှင်ဘုရား" လို့ အားကုန်ဟစ်ပြီးခေါ်တခဲ့ပါတယ်။ "အို ကျွန်ုပ်၏ဘုရားသခင်...." လို့ နာကျင်လှစွာ မေးခွန်းထုတ်ခဲ့တဲ့စကားရပ်တွေ (ဆာလံ ၂၂:၂) က သခင်ယေဇူးဟာလည်း သူ့ရဲ့ဆုတောင်းခြင်းမှာ လွန်စွာမှ ဗလာနတ္တိ မျှော်လင့်ချက်တွေပျောက်ဆုံးနေခဲ့တယ်ဆိုတာကို ဖော်ပြနေပါတယ်။
သမ္မာကျမ်းစာက သက်သေခံထားတဲ့ “Eli-Eli Lama Sabachthani” "ကျွန်ုပ်၏ဘုရား| ကျွန်ုပ်၏ဘုရား အဘယ်ကြောင့် ကျွန်ုပ်ကိုစွန့်ပစ်ထားတော်မူပါသနည်း" ဆိုတဲ့စကားစု အတိုင်းပဲ သခင်ယေဇူးဟာ အဆုံးစွန်ကျတဲ့ စွန့်ပယ်ခံရခြင်းကို ရင်ဆိုင်ခံစားခဲ့ရတယ်ဆိုတာ အမှန်တရားပဲဖြစ်ပါတယ်။
ဒီအရာတွေအားလုံးဘာကြောင့်ဖြစ်ရတာလဲလို့မေးခွန်းထုတ်ရင် ကျွန်ုပ်တို့ကိုအစေခံပေးဆပ်ဖို့ဆိုတာကိုပဲ ပြောရဦးမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်ုပ်တို့ဟာ လမ်းဆုံးကိုရောက်နေပြီလို့ခံစားရတဲ့အခါ လွတ်မြောက်ရာလမ်းစမရှိ ဘုရားရှင်ကိုယ်တိုင်က ကျွန်ုပ်တို့ကိုခွန်းတုံ့မပြန်တော့သယောင် ဖြစ်လာတဲ့အခါတွေမှာ ငါတို့ဟာ တစ်ကိုယ်တည်းမဟုတ်ပါလားဆိုတာကို သတိရသင့်ပါတယ်။ သခင်ယေဇူးဟာ ကျွန်ုပ်တို့နဲ့တစ်ထပ်တည်းကျနိုင်ဖို့အတွက် ဘယ်တုန်းကမှ မကြုံတွေ့ခဲ့ရဖူးတဲ့ လုံးလုံးလျားလျားစွန့်ပယ်ခံရခြင်းကို ကိုယ်တိုင်ဖြတ်သန်းခဲ့ပါတယ်။ "မကြောက်ပါနဲ့။ သင်တစ်ဦးတည်းမဟုတ်ပါဘူး" "သင်တို့နဲ့အတူ နီးနီးကပ်ကပ်ရှိနေဖို့အတွက် ငါကိုယ်တိုင် စွန့်ပစ်ခံရတဲ့ ခံစားမှုမျိုးကို ဖြတ်သန်းခံစားခဲ့ပြီးပါပြီ" လို့ ပြောနိုင်ဖို့အတွက် သင်နဲ့ကျွန်ုပ်တို့အတွက် သခင်ယေဇူးဟာ အစေခံပေးခဲ့ပါပြီ။
ကျွန်ုပ်တို့ရဲ့ ခါးသီးမှုဒဏ်ရာဒဏ်ချက်တွေ| တစ်သီတစ်တန်းကြီးစုပုံနေတဲ့ နောက်ကျောကိုဓားနဲ့ထိုးမှုတွေ| ဥပေက္ခာပြု စွန့်ပစ်ခံရခြင်းတွေထဲကို သူကိုယ်တိုင်ကိုယ်ကျ ဆင်းကြည့်ခဲ့ပြီးပါပြီ။ ဒီကနေ့ ထိတ်လန့်ဖွယ်ကောင်းလှတဲ့ ကမ္ဘာ့ကပ်ဆိုးဘေးနဲ့ ဟန်ပြလုံခြုံ ရေးတွေအားလုံးဟာ အစိတ်စိတ်အမွှာမွှာကွဲအက်သွားတဲ့အခါ မျှော်လင့်ချက်တွေပြိုကွဲပြီး ဥပေက္ခာပြုခံရတဲ့အနေအထားတွေဟာ ငါတို့ရဲ့နှလုံးသားတွေမှာလေးလံဝန်ပိစေတဲ့အခါ"မကြောက်ကြနှင့်။ သင်တို့၏နှလုံးများကိုဖွင့်ထားပြီး ကျွန်ုပ်၏ချစ်ခြင်းမေတ္တာရှိရာသို့လာခဲ့ပါ။ သင့်ကိုအစဉ်ကာကွယ်စောင်ရှောက်တော်မူသော ဘုရားရှင်၏နှစ်သိမ့်ခြင်းကို ခံစားရလိမ့်မည်" ဆိုပြီး သခင်ယေဇူးက ကျွန်ုပ်တို့တစ်ဦးချင်းစီကို ပြောကြားနေပါတယ်။
ချစ်လှစွာသောညီအကိုမောင်နှမ အပေါင်းတို့ သစ္စာဖောက် စွန့်ပစ်ခံရသည့်တိုင်အောင် ကျွန်ုပ်တို့ကို အစေခံခဲ့တဲ့ ဘုရားရှင်နဲ့ ကျွန်ုပ်တို့ကိုယ်ကို ဘယ်အရာကိုယှဉ်ထိုးကြည့်နိုင်ပါသလဲ။ ကျွန်ုပ်တို့ကို ဖန်ဆင်းဖြစ်တည်ခဲ့သော ဘုရားရှင်ကို သစ္စာသွေဖည်ဘို့ ဘဝဖြစ်ရပ် အခြေအနေတွေကို လက်မလွှတ်လိုက်ဘို့ ကျွန်ုပ်တို့ငြင်းဆန်ခြင်ရင်ရပါတယ်။ အရာအားလုံးပျောက်ကွယ်သွားပေမယ့် ဒီအရာတခုကသာ ကျန်ရှိနေပါလိမ့်မယ်။ ယခု ကြုံနေရတဲ့ နှလုံးပျက်ဖွယ် အနေအထားက ကျွန်ုပ်တို့ကို အရေးတယူရှိရမယ့်အရာတွေကို လေးလေးနက်နက်ရှိကြဘို့ ပေါ့ပျက်ပျက်ထဲမှာ ပိတ်မိမနေကြဘို့ ဆင့်ခေါ်နေပါတယ်။ အများကိုအစေခံခြင်းမပြုသော ဘဝသည် အသုံးမဝင်တဲ့ဘဝတခူသာလျင် ဖြစ်ကြောင်း ပြန်လည်ရှာဖွေကြရမှာဖြစ်ပါတယ်။
ဘဝဟာ ချစ်ခြင်းမေတ္တာနဲ့တိုင်းတာခံရတာဖြစ်တဲ့အတွက် သန့်ရှင်းသောရက်သတ္တပတ်ကာလအတွင်းမှာ ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝပေးသောသူ| ဘုရားရှင်ရဲ့ရှေ့မျက်မှောက်တော်မှာ အသက်တော်ကိုစွန့်တော်မူသည်အထိ ကျွန်ုပ်တို့ကိုအစေခံတော်မူခဲ့သောသူရဲ့ ကားတိုင်ရှေ့မှာရပ်ပြီး တစ်ပါးသူကိုအစေခံနိုင်သော| ဘဝနဲ့ရပ်တည်နိုင်သော ကျေးဇူးတော်တွေကိုရရှိဖို့ တောင်းခံကြပါစို့။ ကျွန်ုပ်တို့ဟာ အလိုအပ်ဆုံးသူများနဲ့ ဒုက္ခအခက်အခဲရောက်နေသူများဆီကို အရောက်သွားပြီးကူညီနိုင်ကြဖို့ ကျွန်ုပ်တို့ရဲ့လစ်ဟာမှုတွေကိုတွေးပူမနေဘဲ သူတစ်ပါးကိုပေးကမ်းနိုင်တဲ့ ကောင်းသောအရာတွေနဲ့အစေခံနိုင်ကြဖို့အတွက် ကျေးဇူးတော်ကိုတောင်းခံကြပါစို့။
"ငါကာကွယ်စောင့်ရှောက်မြတ်နိုးရာ ငါ့ကျွန်ရင်းကို ကြည့်ရှုလော့" - သခင်ယေဇူးရဲ့ဒုက္ခတံကျင်လမ်းစဉ်မှာ ကာကွယ်ထောက်ပံ့ပေးခဲ့တဲ့ အဖခမည်းတော်ဘုရားဟာ ကျွန်ုပ်တို့တွေ တစ်ပါးသူကိုအစေခံဖို့ အားစိုက်ထုတ်မှုမှာလည်း ပံ့ပိုးကူညီပေးနေပါတယ်။ မိသားစုအတွင်းမှာဖြစ်စေ| လူမှုအသိုင်းအဝိုင်းမှာဖြစ်စေ ချစ်ခင်နိုင်ကြဖို့| ဆုတောင်းပေးကြဖို့| ခွင့်လွှတ်ကြဖို့| တစ်ဦးနဲ့တစ်ဦးကူညီဖေးမကြဖို့ဆိုတာ ခက်ခဲမှာသေချာပါတယ်။ သို့သော်လည်း ကျွန်ုပ်တို့ကိုယ်တိုင် ကယ်တင်ခြင်းခံရတဲ့အောင်နိုင်ခြင်းနဲ့ အသက်ပေးသောလမ်းစဉ်သာဖြစ်ပါတယ်။
ဒီအရာကို အထူးသဖြင့် လူငယ်တွေ ဒီကနေ့ သူတို့အတွက်ဆက်ကပ်အပ်နှံထားတဲ့ (၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ပြောကြားလိုပါတယ်။ မိတ်ဆွေအပေါင်းတို့ - ဒီရက်ပိုင်းမှာမြင်လာရတဲ့ တကယ့်သူရဲကောင်းတွေ ကိုယ်ကျိုးစွန့်သူတွေကို ကြည့်ကြပါ။ သူတို့ဟာ နာမည်ကြီးသူတွေ လူချမ်းသာတွေ အောင်မြင်ကျော်ကြားနေတဲ့လူပုဂ္ဂိုလ်တွေမဟုတ်ကြဘဲ သူတစ်ပါးကိုအစေခံဖို့အတွက် မိမိကိုယ်ကိုပေးဆပ်နေသူတွေသာဖြစ်ကြပါတယ်။ ဒီအခြေအနေ ဒီဖြစ်ရပ်ထဲမှာပါဝင်ဖို့ ဖိတ်ခေါ်ခံရတယ်လို့ မိမိကိုယ်ကိုခံစားကြည့်ကြပါ။ ဘုရားသခင်နဲ့ တစ်ပါးသူတို့အတွက် မိမိဘဝကို ရက်ရက်ရောရောပေးဆပ်ဖို့အတွက်ကို ကြောင့်ကြမနေကြပါနဲ့။ ဒါဟာအဖိုးအခဖြစ်ပါတယ်။ ဘဝဆိုတာ မိမိကိုယ်ကို ပေးဆပ်စွန့်လွှတ်လိုက်မှသာ ပြန်လည်ရရှိတဲ့လက်ဆောင်တစ်ခုဖြစ်ပြီး အတွင်းစိတ်၌ဝမ်းမြောက်ခြင်းဆိုတာဟာလည်း သခင်ယေဇူးကျွန်ုပ်တို့အတွက်လုပ်ဆောင်ပေးခဲ့သလို အခြေအနေတွေ ကန့်သတ်ချက်တွေ အကြောင်းပြချက်တွေ တစ်ခုမှမပါဘဲ ချစ်ခင်နိုင်ခြင်းမှ ရရှိလာတာဖြစ်ပါတယ်။
Translated by: Sr. Perpetua Nyein Nyein Loo, SJA
Add new comment