ပုပ်ဖရန်စစ်၏ ရောမားမြို့တော်နှင့် ကမ္ဘာတဝှမ်းလုံးကိုပေးသော အထူးကောင်းကြီးမင်္ဂလာ Urbi et Orbi မင်္ဂလာသတင်းစကားအပြည့်အစုံ

ပုပ်ဖရန်စစ်၏ ရောမားမြို့တော်နှင့် ကမ္ဘာတဝှမ်းလုံးကိုပေးသော အထူးကောင်းကြီးမင်္ဂလာ Urbi et Orbi မင်္ဂလာသတင်းစကားအပြည့်အစုံ

ပုပ်ဖရန်စစ်၏ ရောမားမြို့တော်နှင့် ကမ္ဘာတဝှမ်းလုံးကိုပေးသော အထူးကောင်းကြီးမင်္ဂလာ Urbi et Orbi မင်္ဂလာသတင်းစကားအပြည့်အစုံ

မုန်တိုင်းကြမ်းကိုငြိမ်စေခြင်း

ညနေစောင်းချိန်ရောက်လာလေပြီ ဆိုတဲ့ သံမာကု ( ၄: ၃၅) ထဲက စာသားအတိုင်း ကျွန်ုပ်တို့ရဲ့ မြို့တွေ၊ လမ်းတွေ ကွင်းပြင်ကျယ်တွေဟာ အမှောင်ထုနဲ့  ပိန်းပိတ်ခဲ့ပါပြီ။ အရာရာတိုင်းဟာရပ်ဆိုင်သွားပြီး သော ကလွင်ပြင်၊ အပ်ကျသံ ကိုတောင် ကြားနိုင်တဲ့ ဆိတ်ငြိမ်မူတွေကို လေထုထဲမှာ လူတွေရဲ့ မျက် ဝန်းအ ကြည့်၊ အပြုအမူတွေထဲမှာ ခံစားကြည့်နိုင်ပါတယ်။ ရုတ်တရက်ကျရောက်လာတဲ့ မုန်တိုင်းလှိုင် လုံး ကြမ်း ထဲမှာ ပတ်မိကြတဲ့ တပည့် တော် ကြီးတွေလိုပဲ ကျွန်ုပ်တို့အားလုံးဟာ ကျီးလန့် စာစား ဆောက် တည်ရာ မရ ဖြစ်နေ ကြပါတယ်။ ရည်ရွယ်ချက်ပျောက်ပြီး ပျက်လွယ်စီးလွယ်  ဖြစ်ရပ်  အ နေအထား တစ်ခု ထဲ မှာရှိနေကြတာကို သတိပြု မိပြီးခဲကြပါပြီ။

သို့သော်လည်း ဒီခရီးစဉ်မုန်တိုင်းကို အတူတကွ ဆန်တက်ကြဘို့ တစ်ဦးနဲ့ တစ်ဦး နှစ်သိမ့်ပေးကြဘို့ အခု အချိန်မှာ လူတိုင်းဟာ ဆင့်ဆိုခြင်းခံရပါတယ်။ သောကဗျာပါဒ တွေထဲကြားက ထွက်ကျလာတဲ့ တပည့် တော် ကြီးတွေရဲ့ စကားတစ်ခွန်း ၊ဖြစ်တဲ့ " ကျွန်ုပ်တို့ ဟာ လုံးပါးပါး ပျက်စီးရပါ တော့မယ် ဆိုတဲ့ အ တိုင်း ကျွန်ုပ်တို့ဟာ တစ်ကိုယ်ရည်အတွက်ပဲ ပူပင်နေတာထက် အားလုံးပူးပေါင်းပြီး ဖြေရှင်း နိုင်ပါတယ်။

ဒီမုန်တိုင်းကြမ်း တက်လမ်းမှာ ကျွန်ုပ်တို့ဟာ ကိုယ့်ကိုကိုယ် ပုံဖော်ဖို့ လွယ်ကူပေ မယ့် သခင်ယေဇူးရဲ့ သ ဘာ ဝ စိတ်ထားကိုတော့ နားလည်ဖို့ ခက်ခဲ ပြန်ပါတယ်။ တပည့်တော်ကြီး တွေရဲ့ ဝမ်းနည်း ပက် လက် ထိတ် လန့် မှုတွေဟာ သဘာဝကျလှပေမယ့် သခင်ယေဇူးကတော့ ဘာမှမဖြစ်သလို လျစ်လျူရှုပြီး လှေ ဟာ တစ်စိမ့် စိမ့် နစ်ကျသွားသည့်တိုင်အောင် လှေ ဝမ်းတွင်း တစ်နေရာမှာ သောကကင်းစွာ အိပ်စက် ကြပြီး သူ့ရဲ့အဖ ထံမှာ ယုံကြည်အပ်နှံခဲ့တယ်။

သမ္မာကျမ်း စာထဲမှာ သခင်ယေဇူး ရဲ့ အိပ်စက်ခြင်းဟာ ဒီတစ်ကြိမ်တည်းပဲ ရှိပါတယ်။ သခင်ယေဇူးဟာ သူနိုး လာပြီး ပင်လယ်ရေ ကြမ်း၊ လေလှိုင်းကြမ်းကို ငြိမ်းသက်စေပြီးတဲ့အခါမှာ တပည့် တော်ကြီး တွေ ဆီကို လှည့်ပြီး ဘာကြောင့်များ​ အကြောက်တရားရှိပါသလဲ၊ ယုံကြည်ခြင်းကုန်ခမ်းနေပြီလား လို့ မေး ခွန်းထုတ်ခဲ့ပါတယ်။

တပည့်တော်ကြီးတို့ရဲ့ လစ်ဟာနေတဲ့ ယုံကြည်ခြင်းနဲ့ သခင်ယေဇူး ရဲ့ ဆန့်ကျင်မှု နှစ် ခုကို အဖြေရှာ ကြည့်တဲ့ အခါမှာ သူတို့ဟာ သခင်ယေဇူးအပေါ်မှာ ယုံကြည်ကိုးစားမှုတွေ ရပ်တန့်မသွားခဲ့ ပါဘူး။ ဒါပေ မယ့် သူတို့ရဲ့ ခေါ်တပုံက "သခင် ဘုရား ကျွန်ုပ်တို့ ဘဝ ကျဆုံး ပျက်စီးခြင်း ရောက်ရမှာကို အရေး မလုပ် တော့ ဘူးလား " သခင်ယေဇူးဟာ သူတို့ကို အရေးတယူ မရှိဘူးလို့ အတွေးရောက် နေခဲ့တဲ့ မေးခွန်း ဖြစ် ပါတယ်။ ဒီစကားလုံး ဒီမေးခွန်းဟာ ကျွန်ုပ်တို့ မိသားစုတွေ ထဲမှာ ကြားရရင် စိတ်အနာကြင်ရဆုံး ဖြစ်ရ သလိုပဲ ဒီစကားစုတွေဟာ သခင်ယေဇူးကိုဗလောင် ဆူစေပါတယ်။ ဒါဟာ ဘာကြောင့်လဲ ဆိုတော့ သ ခင် ယေဇူးဟာ လူတိုင်းထက်ပိုပြီး ကျွန်ုပ်တို့အားလုံးကို အမှန်တကယ် ကာကွယ်ရပ်တည်ပေးနေလို့ ဖြစ် ပါ တယ်။ တပည့်တော်ကြီးမျက တကြိမ်ထဲ တမ်းတ လိုက်ရုံနဲ့တင် စိတ်လျော့ အားပျက်ခင်း တွေကနေ ကယ်ဆယ်ပေးပါတယ်။

မုန်တိုင်း ဟာ ကျွန်ုပ်တို့ ရဲ့ ကံအကြောင်းယုတ်လျော့ခြင်းနဲ့ ၊ ကျွန်ုပ်တို့ နေ့စဉ် တကြောမှာ  ဖွဲ့စည်း နေ တဲ့ ခိုင်မာမူမရှိ တဲ့ အပေါ်ယံသကာယတွေ ၊ စီမံတွေးထင်မူတွေ၊ အကျင့်အကြံတွေ၊ စိတ်သန် ရာတွေ ကို ဖွင့်လှန်ပေးနေတာ ဖြစ်ပါတယ်။ အဲ့ဒါကိုကြည့်ခြင်းအားဖြင့် ကျွန်ုပ်တို့ ဘဝ နဲ့ လူအသိုက်အဝန်း ရှင် သန်ရပ်တည်ဖို့ ၊ ကျွန်ုပ်တို့ရဲ့ ပျင်းရိ ထိုင်းမှိုင်းခြင်း ၊ ချိနဲ့ ခြင်းတွေကို အားဖြည့်ကြရပါမယ်။

'မုန်တိုင်းကြမ်း' ဆိုတဲ့ အရာဟာ "ကျွန်ုပ်  တို့ရဲ့ တင်ကြိုစီမံမူတွေ စိတ်ကူးစိတ် သန်းတွေက ကျွန်ုပ်တို့ ဝိညာဉ် ကို အားဖြည့်ပေး တဲ့ အဟာရ တွေကို တားဆီး နှောက်ယှက်မှုတွေ " ဖြစ်နေတာကို ပုံဆောင် ပေး ပါတယ် ။ ဒီလို လူသားတွေအနေနဲ့ တစ်ဖက်စောင်းနင်းဖြစ်မှုတွေဟာ  ကယ်တင်ပေးဖို့ အ တွေး ရောက် ပြုမူရမှာတွေကို မေ့လျော့ ပြီး ကယ်တင်ရှင်နဲ့ အဆက်အသွယ်ပြုဖို့ မစွမ်းဆောင် နိုင်ကြဘူး ဆို တာ ကို သက် သေ ပြနေကြပါတယ်။ ဒါဟာ လောကဓံ့ကို ထိပ်တိုက် ရင်ဆိုင်ပေးနိုင်တဲ့ ခုခံစွမ်း အား တွေကို  ကျွန်ုပ်တို့ ကိုယ်တိုင်ကပဲ ဖြတ်တောက်နေကြတာဖြစ်ပါတယ်။

"မုန်တိုင်း မျက်နှာပြင်ဟာ " အတွင်းစိတ် သန္တန်ကို ခြေရာဖျောက် ဖုံးဖိထားတဲ့ ပြင်ပ ဥပမာ အလှ တရားကို ကျ ရှုံးစေခဲ့ပြီ ဆိုတာကို လှစ်ဟ ပြလိုက်တဲ့အပြင် ကျွန်ုပ်တို့တတွေ အားလုံးဟာ ညီရင်းမောင်နှမ ကဲ့သို့ ဆက်နွယ်ပတ်သတ်နေ တယ် ဆိုတဲ့ အသိစိတ် တစ်ကျော့ပြန် တွေ့ရှိနိုင်ပါတယ်။

 "ဘာကြောင့်များ​ အကြောက်တရားရှိပါသလဲ၊ ယုံကြည်ခြင်းကုန်ခမ်းနေပြီလား" ဆိုတဲ့ သခင်ဘုရား ရဲ့ ဤညနေခင်း စကားဟာ ကျွန်ုပ်တို့ အားလုံးကို ရိုက်ခတ်စေပါတယ်။

ကိုယ်တော်ရှင်ရဲ့ မတ္တာတရားဟာ ကျွန်ုပ်တို့ အားလုံးထက် သာလွန်နေ ပြီး ကျွန်ုပ်တို့အားလုံးကတော့ ဘယ်အရာကို မဆို တတ်စွမ်းနိုင်တယ် ဆိုတဲ့ မာန်အဟုန် နဲ့ လက်လွတ်စပယ် မောဟ တရားရဲ့ သွေး ဆောင် မှုထဲမှာ ခြေချုပ် ကျပြီး ရလဒ် ကောင်းအတွက်သာ လောဘတက် နေကြတဲ့ သူတွေဖြစ်ပါတယ်။

 ကိုယ်တော်ရှင်ရဲ့ ဂရုဏာဒေါသကို ဘယ်သော အခါမှလည်း အရေးမထား၊ ကမ္ဘာမြေပြင်တကြောလုံးက စစ်ပွဲတွေနဲ့ မတရားခြင်းတွေ ဆင်းရဲမွဲတေသူတွေ ရဲ့ ငိုကြွေးမျက်ရည်တွေ၊ ဂြိုလ်ကမ္ဘာမြေကြရဲ ယိုင်နဲ့ ပျက်သုဉ်း လာတဲ့ ပြသနာ တွေကလည်း ကျွန်ုပ်တို့ကို မခြောက်ခြား မတုန်လှုပ် စေနိုင်ခဲ့ပါဘူး။ နာဖျား နေတဲ့ ကမ္ဘာကြီးထဲမှာ  ကျမ်းမာသန်စွမ်း ရှိနေနိုင်ပါတယ်လို့ အထင်ရောက် ပြီး ဘယ်အရာကိုမှ လေး လေးနက်နက် မရှိခဲ့ ကြပါဘူး၊ အခုများမှာတော့ ကျွန်ုပ်တို့ဟာ ရုန့် ရင်းကြမ်း တမ်း တဲ့ ပင်လယ်ပြင် မုန် တိုင်း ကြမ်း ကနေ  " သခင်ဘုရား နိုးထ လှည့်ပါလို့ " မြေခ တိုးလျှိုးတောင်းခံ နေရပါပြီ

"ဘာကြောင့်များ​ အကြောက်တရားရှိပါသလဲ၊ ယုံကြည်ခြင်းကုန်ခမ်းနေပြီလား"  ဆိုတဲ့ သခင်ဘုရား ရဲ့ ဤညနေခင်း စကားဟာ ကျွန်ုပ်တို့ အားလုံးကို ရိုက်ခတ်စေပါတယ်။ ကိုယ်တော်ရှင် ရဲ့တည်ရှိခြင်းကို အ များကြီး မယုံသော်ငြားလည်း ကိုယ် တော်ရှင်ကို အပ်နှံပူဇော်ခြင်းနဲ့ လျှောက်လျက် ရှိကြပါတယ်။ ကျွန်ုပ် တို့မှာ ယုံကြည်ခြင်းရှိဖို့ ကိုယ်တော်က ဖိတ်ခေါ်နေ ပါတယ်။

ဒီနှစ်ဝါတွင်း ကာလမှာ ကိုယ်ကျင့် တ ရား ပြောင်းလဲကြပါ။ " နှလုံးသား သံဝေဂ နဲ့ ငါ့ထံသို့ ပြန်လှည့် လာ ကြပါ ။  ( Joel 2:12) လို့ အသံနက်နက် ကျယ်ကျယ်လောင်လောင် အရေးတကြီး ဖိတ်ခေါ်နေ ပါ တယ်။

 ၁(ရွေးချယ်မူ ပြုလုပ်ဖို့ ဒီခက်ခဲ တဲ့ ကာလကို ဖမ်းဆုတ်ဖို့ သင်တို့အားလုံးဟာဖိတ်ခေါ်ခံနေရ ပါ တယ်။)

၂( ယခုအချိန်ကာလဟာ ကျွန်ုပ်တို့ အတွက် ထောက်ရှုဝေဖန် သုံးသပ်ရမယ့် အချိန်ဖြစ်သော်လည်း တစ်ပါး သူကို ကဲ့ရဲ့ရှုတ်ချဖို့ တော့မဟုတ်ပါဘူး။) သင်တို့ဟာ ဒီအချိန်ကာလကို ဖမ်းဆုပ်ဖို့ ဖိတ် ခေါ်ခံရခြင်းဟာ ရွေးချယ်ခြင်းပြုလုပ်ဖို့ ဖြစ်ပါတယ်။

 ဒီအချိန်ကာလ တွေဟာ သူတစ်ပါးကို ကဲ့ရဲ့ပြစ်တင်ဖို့ မဟုပ်ပဲ ကျွန်ုပ်တို့ ကိုယ်တိုင် အတွက် ဘယ်အရာ ကိစ္စတွေကို ထည့်သွင်းစဉ်းစားပြီး ဘယ်အရာတွေကိုထားခဲ့ ရမလဲ၊ ဘယ်အရာ တွေဟာ တကယ်လို အပ်တဲ့အရာတွေလဲ ဆိုတာ ကွဲကွဲ ပြားပြားပိုင်းခြားဝေဖန် ရမယ့် အချိန်တွေ ဖြစ်ပါတယ်။ ဒီလက် ရှိ ကာ လဟာ သခင်ဘုရားရဲ့ လမ်းကြောင်းပေါ်မှာ တပါးသူများနှင့်အတူ ရှိနေဘို့ ဖြစ်ပါတယ်။

ဘဝ ခရီးမှာ ကျွန်ုပ်တို့တွေ့ ရမယ့် သူတွေဟာ ကြောက်ရွံမူ တွေရှိ နေတဲ့ သူတွေဆိုရင်တောင် သူတို့ဟာ တစ်ပါး သူတွေ အ တွက် စွှန့်လွှတ်ပေးဆပ်ခဲ့သူတွေ အဖြစ် စံနမူနာထားရမယ့် သူများဖြစ်ပါတယ်။ ဒီလို သတ္တိ နဲ့ မိမိကိုယ်ကို ပေးဆပ်နိုင် ခြင်းဟာ ဝိညာဉ်တော်ဘုရား ရဲ့ ထွန်းအား နဲ့ မူပိုင်ပုံစံ ဖြစ်ပြီး ကယ် တင်ခြင်း ပေးနိုင်တဲ့ ဝိညာဉ် တော်ရဲ့ အသက်တာ မှာ စာနယ်ဇင်း သတင်းစားခေါင်းကြီးပိုင်း တွေထဲမှာ ဖေါ်ပြ\ခြင်း မခံရတဲ့ အမေ့လျော့ခံရသော သာမာန်လူတန်းစားများအချင်းချင်း ဘယ်လိုရောယှက် ရပ်တည်နိုင် သလဲဆိုတာကို ရှင်းရှင်း လင်းလင်း သင်ပြပေးနေပါတယ်

ဘယ်လိုပင်ဖြစ်ပါစေ ဒီအချိန်ခါ သမယ မှာ ဆရာ၀န်တွေ ၊ သူနာပြုတွေ ၊ စျေးရောင်း၀န်ထမ်းတွေ ၊ သန့် ရှင်းရေး လုပ်သား၊ လူနာအကူ၊ လမ်းပန်းဆက်သွယ်ရေး ပံ့ပိုးသူ၊ တရားစီရင်ရေး၊ စေတနာ့၀န်ထမ်းတွေ၊ အမျိုးသား အမျိုးသမီး သူတော်စင်ဂိုဏ်း၀င်တွေနဲ့ အခြားအခြား မြောက်မြားစွာသောလူတွေဟာ မည်သူ တဉီးတယောက်ကမျှ၊ ကယ်တင်ခြင်းရဘို့ မိမိကိုယ်ပိုင်စွမ်းအားကို အမှီပြုလို့ မရနိုင်ဘူးဆိုတာ ဂဃနဏ နားလည်ပြီး မှတ်ကျောက်စိုက်ထူခဲ့ကြသူတွေ ဖြစ်တယ်ဆိုတာ ယုံမှားသံသယ ဖြစ်စရာ မရှိပါဘူး။ စစ် မှန်သောပြောင်းလဲ တိုးတက်မှုအတွက် လူသားတွေဟာ ဒုက္ခ သုခပေါင်းများစွာကို နဖူးတွေ့ ဒူးတွေ့  တွေ့လာရတဲ့ အခါမှာ သခင်ယေဇူးဆုတောင်းခဲ့တဲ့ သူတို့ဟာ တလုံးတ၀တည်းဖြစ်နေကြပါမယ် ဆိုတာ ကို ကိုယ်တိုင် ကိုယ်ကျ ခံစားနားလည်လာပါတယ်။ (Jn 17:21)

ဘယ်သူတဉီးတယောက်ကများ၊ စိတ်ရှည်ခြင်း မျှော်လင့်ခြင်းတွေကို နေ့စဉ်ကျင့်ကြံကြပါသလဲ။ အများ တကာကို ထိပ်လန့်အောင်မလုပ်ပဲ တာ၀န်၀တ္တရားတွေကို ဝေမျှယူပေးကြပါလဲ။ ဘယ်မိဘ၊ ဘိုးဘွား၊ ဆရာ သမားတွေက ကလေးသူငယ်တွေကို နေ့စဉ် အသေးအဖွဲ ကိစ္စရပ်တွေကနေ တွေ့ကြုံရမဲ့ ပဋိပက္ခ လေး တွေကို နေ့စဉ်ဖြစ်ရပ်မှာ ဘယ်လိုညှိယူဖြေရှင်းတတ်ဘို့ သင်ကြားပေးကြပါသလဲ။  ဘယ်သူ တွေ က များ၊ အများတကာ ကောင်းကျိုးအတွက် ပူဇော်ခြင်း၊ ကြား၀င်စေ့စပ်ခြင်းနဲ့ ဆုတောင်း ခြင်းပြု ကြပါ သလဲ။ ဆိတ်ငြိမ်ခြင်း ဆုတောင်းခြင်းတို့ဟာ အောင်မြင်ခြင်း လက်နက်တွေဖြစ်ပါတယ်။

“ဘာကြောင့်များ​ အကြောက်တရားရှိပါသလဲ၊ ယုံကြည်ခြင်းကုန်ခမ်းနေပြီလား”?

ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းဟာ ကယ်တင်ခြင်းလိုအပ်နေပြီလို့ သိလိုက်စဉ်အချိန်မှာ စတင်ပါတယ်။ ကိုယ့်ဒု က္ခကိုယ်တောင် မဖြေရှင်းနိုင်တဲ့ ကျွန်ုပ်တို့ဟာ ကိုယ့်ကိုကိုယ် ရပ်တည်နိုင်သူတွေ မဟုတ်ကြပါဘုး။ ရှေး ဉီး စွန့်စား ခရီးသွားသူတွေဟာ လမ်းပြကြယ်ကို လိုအပ်သလိုပဲ ကျွန်ုပ်တို့အားလုံး သခင် ဘုရား ကို လို အပ်ပါတယ်။

သခင်ယေဇူးကို ကျွန်ုပ်တို့ဘဝ လှေတွင်းထဲကို ဖိတ်ခေါ်ကြပါစို့။ ကြောက်ရွံ့ခြင်းအားလုံးကို ခရစ်တော် လက်ထဲ လုံးဝ အပ်နှင်းကြပါစို့။ ခရစ်တော်ဟာ ဒါတွေ အားလုံး ကိုအောင်နိုင်သူဖြစ်ပါတယ်။ တပည့် တော် ကြီး တွေလိုပဲ ခရီးသွား လှေဝမ်းထဲမှာ ပျက်စီးဆုံးရှုံးခြင်းကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ ရဲ့ဆိုးဝါးလှတဲ့ ဘဝ ဖြစ်ရပ်တွေကိုတောင် အကောင်းဘက်ကိုပြောင်းလဲပေးနိင်တဲ့သူ ဖြစ်နေတဲ့ အ တွက် ကြောင့်ဖြစ်ပါတယ်။ ယောက်ယက်ခပ်နေတဲ့ ဘဝ မုန်တိုင်းထဲကို နှလုံးစိတ်ဝမ်း ငြိမ်းချမ်းခြင်းကို ဆောင် ကျဉ်းပေးသူဖြစ်ပြီး သခင်ဘုရားနှင့်အတူရှိနေတဲ့ ဘဝဟာ ဆုံးပါးခြင်းကို မရောက်ရှိနိုင်လို့ပဲ ဖြစ်ပါတယ်။

ဘုရားရှင်က ကျွန်ုပ်တို့ရဲ့ မရေမရာဖြစ်နေတဲ့ ဖြစ်ရပ်တိုင်းမှာ အားပြုမှီခိုရာနဲ့ ဘ၀ အဓိပ္ပာယ် ပေးတဲ့ တစ် သွေးတစ်သားတည်းရှိခြင်း၊ မျှော်လင့်ခြင်းတို့ကို လက်တွေ့ကျကျ ကျင့်ကြံကြဘို့၊ ပြန်လည် နိုးထ ကြဘို့၊ မုန်တိုင်းကြမ်းရဲ့အလယ်မှာတင်ပဲ ဖိတ်ခေါ်ပါတယ်။ ပါစကားယုံကြည်ချက်ကို ပြန်လည် အသက် သွင်းကြရပါမယ်။ သခင်ဘုရားဟာ ပြန်လည်ရှင်ပြန်ခဲ့သလိုပဲ ကျွန်ုပ်တို့ဟာ ပြန်လည်နိုးထကြရမယ်။ ကား တိုင်လမ်းဟာ ကျွန်ုပ်တို့ကို ကယ်တင်ပေးမယ်ဆိုတဲ့ ယုံကြည်ချက်တစ်ခု၊ ကားတိုင်လမ်းဟာ ကျွန်ုပ်တို့ကို ရွေးနုတ်ကယ်တင်တယ်ဆိုတဲ့ အားမာန်လှော်တက် ၊ ကားတိုင်လမ်းအားဖြင့် ကျွန်ုပ်တို့ဟာ ကုစား ခံရတယ်ဆိုတဲ့ မျှော်လင့်ချက်တွေကြောင့် မည်သူတစ်ဉီးတယောက်ကမျှ ကျွန်ုပ်တို့ကို ဘုရားရှင် ရဲ့ ကယ်တင်ခြင်းမေတ္တာတော်နဲ့ ခွဲခွာမပြစ်နိုင်ပါဘူး။

ဖေးမကြင်နာမယ့်သူမရှိလို့ နာကျင် ခံစားရချိန်မှာ ဆုံးရှုံးမှုများစွာ ကြုံတွေ့လာရလို့ တကိုယ်တည်း အထီး ကျန်ဆန်လာတဲ့အခါ ခရစ်တော်ရှင်ပြန်ပြီး ကျွန်ုပ်တို့ အနီးနားမှာရှိနေပါတယ်ဆိုတဲ့ ကယ်တင် ခြင်းက​​ကြွေးကြော်သံကို တစ်ဖန် နားစွင့်ထောင်ကြည့်ကြပါစို့။  သခင်ဘုရားက ၄င်းရဲ့ ကားတိုင် တော်အားဖြင့် ကျွန်ုပ်တို့ကို ဆီးကြိုနေတဲ့ ဘ၀ကို ပြန်လည် စူးစမ်းရှာဖွေဘို့ ကျွန်ုပ်တို့ကို စောင့်စား နေသူ တွေဆီကို အရောက်သွားဘို့ ကျွန်ုပ်တို့အတွင်းထဲက ကျေးဇူးတော်ကို ရင်ဝယ်ပိုက် အသိ အမှတ် ပြုဘို့ ကျွန်ုပ်တို့ကို တောင်းဆိုပါတယ်။ ခရစ်တော်ရဲ့ ကားတိုင်ကို လက်ခံခြင်းဆိုတာ ဘဝ လမ်းသစိ အမြင် သစ်တွေကို ပေးနိုင်တဲ့ တစ်ပါးတည်းသော ဝိညာဉ်တော်ကို နေရာပေးနိုင်ဘို့ ပစ္စက္ခ အခြေ အနေ ကို  လက်ခံခြင်းနဲ့ ဉစ္စာ၊ ဓန၊ အာဏာမက်မောခြင်းတွေကို စွန့်ပယ် ခြင်းလို့  အဓိပ္ပာယ်သက်ရောက် တာ ဖြစ် ပါတယ်။ ဆိုလိုတာကတော့ လူတိုင်းဟာ ပုံစံသစ်နဲ့ လာမယ် လိုလားစိတ်ရှိခြင်း၊ မောင်ရင်း နှမ စိတ် ထားတတ်ခြင်းနဲ့ တစ်စည်းတလုံး ရှိခြင်းတွေကို လူတိုင်းလူတိုင်းစိတ်မှာ လက်သင့်ခံလာနိုင်ဘို့ ရှာကြံ အားထုတ်ကြရမှာဖြစ်ပါတယ်။

သခင်ယေဇူးရဲ့ ကားတိုင်တေည်အားဖြင့် ကယ်တင်ခြင်းခံထားရတာဟာ မျှော်လင့်ခြင်းကို လက်ကိုင် ထားဘို့နဲ့ အဲ့ဒီအရာဟာ ကျွန်ုပ်တို့ ကိုယ်တိုင်နဲ့ တစ်ပါးသူတ​​ွေကို အကွယ်အကာ ဖြစ်စေဘို့ ဖြစ်နိုင် သလောက် အတိုင်းအတာ နည်းလမ်းများနဲ့ အားဖြည့်ထားကြဘို့ပဲဖြစ်ပါတယ်။

 

“ဘာကြောင့်များ​ အကြောက်တရားရှိပါသလဲ၊ ယုံကြည်ခြင်းကုန်ခမ်းနေပြီလား”?

 

ညီအကိုမောင်နှမ အပေါင်းတို့ ဒီညနေစောင်းအချိန်၊ သံပေထရူးရဲ့ ကျောက်သားစိုင် ယုံကြည် ခြင်းလို့ ပြောနေတဲ့နေရာကနေ  သင်တို့အားလုံးကို အမိမယ်တော်၊ လူသားအားလုံးတို့ရဲ့  အာရောဂျံ၊ မုန်တိုင်း ပင်လယ်၏ကြယ်တော်အားဖြင့် ဘုရားရှင်၏ လက်တော်သို့ ကျွန်ုပ်အပ်နှံပေးပါတယ်။ စီတန်းနေတဲ့ ကျောက်တိုင် တလျားတဝိုက်ဟာ ရောမမြို့ကြီးနဲ့ တကမ္ဘာလုံးကို ရစ်ပတ်ထားသလိုပဲ၊ ဘုရားသခင်၏ ကောင်းကြီးသည် သင်တို့အပေါ်မှာ တည်ရှိပါစေ။ အရှင်ဘုရား၊ သတ္တ ကမ္ဘာကြီး အားကောင်း ကြီးပေး တော် မူ၍ ခန္တာ၏ကျန်းမာခြင်းနှင့် စိတ်နှလုံး၌ ငြိမ်းချမ်းခြင်းရှိကြပါစေ။ အရှင်ဘုရား၊ ကျွန်ုပ်တို့အား၊ မကြောက် ရွံ့ကြဘို့ပြောဆိုငြားသော်လည်း ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် အားနဲလျက် ကြောက်ရွံ့ သော က ရှိပါသည်။ သို့သော်လည်း မုန်တိုင်းအရပ်၌ ကျွန်ုပ်တို့အား စွန့်ပစ်မထားပဲ ကြောက်ရွံခြင်း မရှိ ကြနှင့် (Mt 28:5) ဟုထပ်၍ ထပ်ခါ ပြောလှည့်ပါဘုရား။ ကျွန်ုပ်တို့သည်သံပေထရူးနှင့်အတူ ကိုယ် တော် ရှင်သည် ကျွန်ုပ်တို့အား စောင့်ရှောက်တော်မူသည့်အတွက် ကျွန်ုပ်တို့၏ သောက ဗျာပါဒ အားလုံးကို ကိုယ်တော်ရှင်ထံ ၌ အပ်နှံပါသည်။ (1Pet 5:7) သံပေထရုသြ၀ါဒစာ ပထမစာစောင် ၅:၇

 

Sr.Perpetua Nyein Nyein Loo,SJA (ဘာသာပြန်)

 

https://bit.ly/3bKQeeC

Add new comment

2 + 4 =