Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
Urbi et Orbi မှာ စိန့်ပီတာ ဘာဆီလီးကား ကျောင်း တော်ကြီး အပြင် ဘက်လှေကားထစ်များထိပ်မှ ဆုတောင်းခဲ့သည့် လစ်တာနီ
Saturday, April 04, 2020
မတ်လ ၂၇ ရက် ၂၀၂၀ က ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏ ရောမားမြို့ တော်နှင့် ကမ္ဘာ တဝှမ်းကို ပေးသော အထူးကောင်းကြီးမင်္ဂလာ Urbi et Orbi မှာ စိန့်ပီတာ ဘာဆီလီးကား ကျောင်း တော်ကြီး အပြင် ဘက်လှေကားထစ်များထိပ်မှ ဆုတောင်းခဲ့သည့် လစ်တာနီ
တောင်းလျှာက်အသနားခံခြင်းမေတ္တာစဉ်
(အလိုက် ) သခင်ဘုရားအား ကျွန်ုပ်တို့ကိုးကွယ်ပါ၏
- ဘုရားစစ်၊ လူစင်စစ်ဖြင့် သန့်ရှင်းစင်ကြယ်သော စက္ကရမင်းတူး၌ တည်ရှိနေသော ကျွန်ုပ်တို့ဘုရားသခင် (အလိုက် )
- သစ္စာတည်ကြည်၍ ဂရုဏာ၌ကြွယ်ဝသော ကျွန်ုပ်တို့နှင့် အတူရှိတော်မူသော ကယ်တင်ရှင်
- ဖန်ဆင်းခြင်းနှင့် သမိုင်းစဥ်ဆက် တို့၏ အုပ်စိုးရှင် ဘုရင် မင်းမြတ် ( အလိုက်)
- အပြစ်နှင့် သေခြင်းကိုအောင်နိုင်သော အရှင်မြတ် (အလိုက်)
- လူသားမျိုးနွယ်တို့၏ မိတ်ဆွေ အဘခမည်းတော်ဘုရား၏ လင်္ကျာဘက်မှာ စိုးစံပြီး ရှင်ပြန်ထ မြောက်၍၊ အသက်ရှိသော အရှင် မြတ် (အလိုက်)
(အလိုက် ) သခင်ဘုရား၌ ယုံကြည်ပါ၏
- ကျွန်ုပ်တို့ ၏ ကယ်တင်ခံရခြင်း အတွက် ကောင်းကင်မှ ဆင်းကြွလာသော ခမည်းတော်ဘုရား၏ ချစ်မြတ်နိုးရာသားတော် ဘုရား (အလိုက်)
- ကောင်းကင် သမားတော်၊ ကျွန်ုပ်တို့၏ ကြေကွဲ ဖွယ်ရာများ၌ လည်စင်းခံသောသူ (အလိုက်)
- အသက်စွန့်သော သိုးငယ်တော်၊ ကျွန်ုပ်အားနန်ဆိုး လက်မှ ကယ်တင်ရန် ယဇ်ကောင်အဖြစ်ပူဇော်ပေးသူ (အလိုက်)
- ကောင်းသော သိုးထိန်းရှင်၊ မိမိချစ်သော သိုးစု အတွက် အသက်ကို စွန့်သောသူ (အလိုက် )
- အသက်ရှိသော အာဟာရမုန့်တော် နှင့် မသေပျက်နိုင်ရာတို့၏ဆေးဝါး ၊ ထာဝရ အသက်ကို ပေးသောသူ (အလိုက်
(အလိုက် ) ကျွန်ုပ်တို့အားရွေးနှုတ်တော်မူပါ။
- နတ်ဆိုး၏ တန်ခိုးအာဏာနှင့် ဖျားယောင်းတတ်သော ဤကမ္ဘာကြီးမှ
- ကိုယ်တော်အား အမှီမပြုပဲ လုပ်နိုင်စွမ်းရှိသည်ဟု မာန်မာန ထောင်လွှားခြင်းမှ
- ကြောက်ရွံခြင်း နှင့်ထိပ်လိန့်တုန်လူပ်ခြင်းတို့၏ လှည့်စားမှုများမှ
- ယုံကြည်မှုမရှိခြင်းနှင့် စိတ်ပျက်အားလျော့ခြင်းတို့မှ
- မာကျောသောနှလုံးသားနှင့် ချစ်ခင်စိတ်ထား မရှိမူများမှ
(အလိုက် ) ကျွန်ုပ်အားကယ်တော်မူပါ သခင်ဘုရား
- လူသားတို့အား ဥပါဒ်ပေးသော မကောင်းဆိုး ဝါးထံမှ
- ဆာလောင်ခြင်း အစာရေစာခေါင်းပါးခြင်းနှင့် အတ္တလွန်ကဲခြင်းတို့မှ
- ဖျားနာခြင်းနှင့် ကမ္ဘာကပ်ဆိုးဒဏ်သင့်သူ ညီအကို မောင်နှမတို့ အားကြောက်ရွံခြင်းမှ
- စိတ်နှလုံး တုန်လူပ်ခြောက်ချားခြင်း စာနှာမူမရှိခြင်း နှင့် အကြမ်းဖက်ခြင်းများမှ
- သတင်းမှား များနှင့် ဩတ္တပစိတ်များကို မိူင်းတိုက်ခံရခြင်းများမှ
(အလိုက် ) ကျွန်ုပ်တို့အား နှစ်သိမ့်ပေးတော်မူပါ
- ကန္တာရခရီးကြမ်း ကို ဖြတ်ကျော်နေရသော ကိုယ်တော်၏ အသင်းတော်အား ကာကွယ်၍
- လူသားမျိုးနွယ်စုအား တုန်လူပ်ခြောက်ခြား စိတ်ထောင်းကိုယ်ကြေ ဖြစ်မူများမှ တားဆီး၍
- ဖျားနှာသူများ သေအံဆဲဆဲရှိသူများနှင့်အထီးကျန်ဆန်မှုကြောင့်နလန်မထူနိုင်သူများအား ကာကွယ်၍
- ရင်ဆိုင်နေရသောအခက်အခဲများကြောင့်ခြေကုန်လက်ပန်းကြနေသောဆရာဝန်များနှင့်ကျန်းမာရေးဝန်ဆောင်သူများအားခွန်အားပေး၍
- ဆုံးဖြတ်ချက်ချရန်ထံပိုးဝန်ခံထမ်းနေရသောနိုင်ငံရေးဩဇာရှိသူများနှင့်ဆုံးဖြတ်ချက်ချခွင့်ရှိသူများအားကာကွယ်၍
(အလိုက်) ကိုယ်တော်ရှင်၏စိတ်ဝိညာဉ်ကိုပေးသနားတော်မူပါ
- စုံစမ်းစစ်ကြောခြင်းခံရချိန်များနှင့်စိတ်ဇဝေဇဝါဖြစ်ချိန်များ၌
- ဖြားယောင်းသွေးဆောင်ခံရ ခြင်းများနှင့် အကဲဆတ်ခြင်းများ၌
- နတ်ဆိုးနှင့်အပြစ်တရားတို့အားခုခံရသော တိုက်စစ်၌
- စစ်မှန်သောဝမ်းမြောက်ခြင်းနှင့်ကောင်းမြတ်ခြင်းတို့ကိုရှာဖွေရသောအခါ၌
- ကိုယ်တော်ရှင်နှင့်သိကျွမ်းခြင်း၌ တည်မြဲစေရန်ဆုံးဖြတ်ချက်ချရသောအခါ၌
(အလိုက် ) မျှော်လင့်ခြင်းအားအသင့်ရှိတော်မူပါသခင်ဘုရား
- အပြစ်၏ဝန်ဖိအားသက်ရောက်မည့်အခါ၌
- ကျန်ုပ်တို့၏နှလုံးသားအားမုန်းတီးခြင်းနှင့်ပိတ်ဆို့ခံရမည့်အခါ၌
- ဝမ်းနည်းပူဆွေးခြင်းကျရောက်မည့်ကာလ၌
- ဥပေက္ခာပြုခံရခြင်းကြောင့်စိတ်ဖိဆီးမှုခံစားရသောအဖြစ်အခြေအနေ၌
- သေခြင်းတရားအားခက်ခဲစွာရုန်းကန်ရမည့်အနေအထား၌
Photo credit: Angelus News
ဘာသာပြန်
Sr.Perpetual Nyein Nyein Loo, SJA
Add new comment