ဥရောပတိုက်ကြီးညီညွှတ်ကြပါစေဟုမစ္ဆားတရားအတွင်းပုပ်ရဟန်းမင်း ကြီးဆုမွန်ချွေ

ဥရောပတိုက်ကြီးညီညွှတ်ကြပါစေဟုမစ္ဆားတရားအတွင်းပုပ်ရဟန်းမင်း ကြီးဆုမွန်ချွေ

ဥရောပတိုက်ကြီးညီညွှတ်ကြပါစေဟုမစ္ဆားတရားအတွင်းပုပ်ရဟန်းမင်း ကြီးဆုမွန်ချွေ

          ရဟန်းမင်းကြီးသည်ပြီးခဲ့သောဗုဒ္ဓဟူးနေ့က ဆန်တာမားရ်သာရိပ်သာရှိဘုရားကျောင်းဆောင် ငယ်တွင်နံနက်မစ္ဆားပူဇော်ခြင်း၌ ယခု ကြုံတွေ့ရင်ဆိုင်နေရသောကိုဗစ် (၁၉) ရောဂါကပ်ဆိုးကြီး ကြောင့် ဥရောပတိုက်ကြီး ပြန်လည်စည်းလုံးနိုင်ကြစေရန်အထူးဆုတောင်းခဲ့သကဲ့ သို့နိုင်ငံခေါင်း ဆောင်ကြီးများ အား လည်း တိုက်တွန်းခဲ့သည်။ 

          လက်ရှိအခြေအနေ၌ ကျွန်ုပ်တို့ (ဥရောပ) နှင့်နိုင်ငံအချင်းချင်းစည်းလုံးညီညွှတ်မှုသည်အလွန် လို အပ်နေသည်။ ဥရောပသည်ဥရောပ ညီညွှတ်ရေးကိုတည်ထောင်ပေးနိုင်ခဲ့သောဖခင်ကြီးများ၏လုပ် ဆောင်ချက်အတိုင်းစည်းလုံးသောညီအစ်ကိုအဖွဲ့အစည်း များအောင်မြင်စွာပြန် လည်ဖွဲ့စည်း နိုင်ရန် ဥ ရောပအတွက်ဆုတောင်းပေးပါသည်။

ဘုရားသခင်သည်ကျွန်ုပ်တို့ကိုရူးမလောက်ချစ်သည်။

          သူ၏မစ္ဆာတရားအတွင်း၏ ဩဝါဒကိုဗုဒ္ဓဟူးနေ့ကဖတ်ရှုရသည့် (ရှင်ယောဟန် ၃း၁၆-၂၁) ကို ထောက်ရှုထားသည်။ သားတော်ကို ယုံကြည်သောသူဟူသမျှကိုပျက်စီးခြင်းသို့မရောက်စေဘဲထာ၀ရ အ သက် ကိုရစေခြင်းဌာဘုရားသခင်သည်မိမိ၏တစ်ပါး တည်းသောသားတော် ကိုစွန့်သည့်တိုင်အောင် ကမ္ဘာ လောက သားတို့ကိုချစ်တော်မူ၏။ (ရှင်ယောဟန် ၃:၁၆-၂၁) ဤကျမ်းချက်သည်ကယ်တင်ခြင်း တရားကို ဖော်ပြ သောဓမ္မအတွေးအခေါ်အလွန်လေးနက်စွာပါ၀င်နေသည်။ ဘုရားသခင်၏ချစ်ခြင်းကို လည်း ဖော်ပြ သည်။ ထို့အတူအလင်းနှင့်အမှောင်တစ်ခုခု ကိုမဖြစ်မနေရွေးချယ်ကြသည့်အခြေအနေကို လည်း ဖော်ပြ နေသည်။ ဘုရားသခင်သည်ကျွန်ုပ်တို့ကိုရူးမတတ်ချစ်သည်။ ရဟန္တာတစ်ပါးက ဘုရားသ ခင် ၏ ချစ်ခြင်းသည်စိတ်မူမမှန်သူ၏ချစ်ခြင်းမျိုးနှင့်တူသည်ဟုမိန့်ကြားခဲ့ဖူးသည်။

လက်ဝါးကပ်တိုင်၌ခရစ်ယာန်တို့၏တရားအနှစ်အားလုံးပါသည်။              လက်ဝါးကပ်တိုင်သည်ချစ်ခြင်းကိုဖော်ပြသောထင်သာမြင်သာအရှိဆုံးအမှတ်သင်္ကေတဖြစ်သည်။ လက် ဝါး ကပ်တိုင် ကိုမျက်မှောက်ပြုထောက်ရှုသောသူများအတွက်တရားအစုံစုံစီး ထွက်ရာနေ ရာဖြစ် သည်။ လက်ဝါးကပ်တိုင်ကိုမျက်မှောက်ပြု ထောက်ရှုလျှင် တစ်ရားထူးကိုရကြသည်။ ထိုလျှိုဝှက် ချက်ကို သိ သော ခရစ်ယာန်များသည်ခရူးစူးကပ်တိုင်ကိုသာငေးကြည့်၍အချိန်ကို ကုန်လွန်စေကြသည်။ ခရူးစူး တိုင် တော်၌အရာရာကိုမြင်တွေ့နိုင်သည်။ အဘယ်ကြောင့်ဆိုသော်တရား ကိုသူတို့နားလည်ထားသည်။ ထို့အ တူသန့်ရှင်းသောဝိညာဉ် တော်ဘုရားသခင်သည်လည်း ၄င်းတို့ အားအလင်းပြသင်ကြားပေးသည်။ ခရူးစူး တိုင် တော်၌သိပ္ပံအတတ်အစုံစုံ၊ ဘုရားသခင်၏ချစ်နည်းအဖုံ ဖုံ၊ ခရစ် ယာန် ဓမ္မအ တွေးအ ခေါ်အား လုံးစု စုံ သည့်နေရာဖြစ်သည်။ ရှင်ပေါလုက လူတို့၏တွေးခေါ်ဆင် ခြင်ဉာဏ်သည်အတိုင်းအတာ တစ်ခု အထိ သာ အသုံးတည့်သည်။ ယေဇူးသခင်၏ကားတိုင်တော်အ ကြောင်းစဉ်း စား ထောက် ရှုခြင်းကား အလွန် လှ ပပြီး၊ ဘ၀၏နက်နဲရာများကိုလည်းရှင်းပြ ပေးသည်။ ယေဇူးသခင် အားတင် သတ်ခဲ့သော လက် ဝါး ကပ် တိုင် တော် သည်အလွန်ဉာဏ်နည်း၍မိုက်မဲသောအမှုဟုလူတို့သည်မှတ်ထင်ကြသည်။ သို့သော် ယေ ဇူးသ ခင် သည် လမ်းခရီးဖြစ်၏။ ဤလမ်းသည်ဘုရားသ ခင်၏ချစ်ခြင်းဖြစ်သည်။ ဘုရားသ ခင်သည် က မ္ဘာ လော ကကြီးအားချစ်သော ကြောင့်မိမိ၏တစ်ပါးတည်း သောသားတော်ကိုစွန့်ခဲ့သည်။ အ ဘယ် ကြောင့်နည်း။ သို့မှသာသားတော်ကိုယုံကြည်သောသူဟူသမျှကို ပျက်စီးခြင်း သို့မရောက် စေဘဲထာ ၀ ရအ သက်ကိုရစေခြင်းဌာဖြစ်သည်။ ဤသည်ကားသူ၏သားသမီး များကိုသူနှင့် အတူရှိ နေစေ လိုသော ဖ ခင်၏ ချစ်ခြင်းဖြစ် သည်။                    

အလင်းသည်အမှောင်ကိုခွင်းသည်။

  အလင်းနှင့်အမှောင်ကိုယှဉ်လိုက်လျှင် ကျွန်ုပ်တို့အထဲမှအချို့အပါအ၀င်လူများသည် အလင်း ရောင် အောက် ၌မနေနိုင်ကြ။ အဘယ် ကြောင့်ဆိုသော်အမှောင်ထဲ၌ကျင် လည်ကျက်စားသွားလာရသည် ကို အ သား ကျနေသောကြောင့်ဖြစ် သည်။ အလင်းရောင်၏စူးရှတောက်ပမူ သည်သူတို့၏အမြင် အာရုံကို အ ဟန့် အတားဖြစ်သွားစေသည်။ ၄င်းတို့သည်ညအမှောင်၌သာကျက်စားသောလင်းနို့ (လင်းစွဲ) လူသား များ ဖြစ် သည်။ ကျွန်ုပ်တို့သည်အပြစ်အခြေ အနေ ၌ရှိနေပါလျင် အမှောင်ထဲ၌ကျင် လည် သူများဖြစ်ကြ သည်။ အလင်း၏တောက်ပမူကိုမခံနိုင်ကြပေ။ အမှောင်ထုထဲ၌နေရသည်ကားပို၍သက်တောင့်သက်သာ ရှိသည်။ အလင်းသည်ကျွန်ုပ်တို့မသိစေလို၊ မမြင်စေလိုသောမျက်နှာပေါ်တွင်ပေါ် လွင် နေ သည့် အခြေ အနေ မှန်ကိုမီးမောင်းထိုးပြလိုက်သည်။

မျက်စိကွယ်ခြင်းနှင့်တူသည့်အကျင့်ပျက်ခြစားခြင်း၊ အလင်းကမီး မောင်း ထိုးဖော်ပြလိုက် သော ကျွန်ုပ် တို့၏ အခြေအနေမှန်ကိုလက်ခံရန်မှာခက်ခဲပါ သည်။ ၄င်းထက်ဆိုး၀ါးသောအခြေ အနေ တစ်ခု ကား ကျွန်ုပ် တို့၏ဝိညာဉ်ရေးမျက်စိသည် အလင်း ဒဏ်ကိုလုံး၀မခံယူနိုင်တော့ခြင်းဖြစ်သည်။ လူတို့၏ မ ကောင်း သောပုံသက် သေ များ၊ အကျင့်ပျက် ခြစားခြင်း များကား ကျွန်ုပ်တို့၏ ရှေ့၌ သင်ရိုး ဖတ်စာသ ဖွယ် ဖြစ် နေသည်။ အကျင့်ပျက်ခြစားနေသူတို့သည်အ လင်းသည်အ ဘယ် အရာ ကိုခေါ် သည် ကိုပင် မ သိနိုင်တော့သည်အထိအသိမဲ့နေကြသည်။

ဘုရားသခင်၏သားသမီးအဖြစ်ခံမလား၊ လင်းနို့လူသားအဖြစ်ခံမလား။

ဘုရားသခင်၏ချစ်ခြင်းအလင်းတော်ကိုကျွန်ုပ်တို့၏အတွေးအခေါ်ထဲသို့သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ထိုးခွင်း၀င်ရောက်စေပါ။ ကျွန်ုပ်သည်အလင်း (သို့) မှောင် မိုက် တွင်း၌သွားလာကျင်လည် နေသလော။ ကျွန်ုပ်သည်ဘုရား သခင်၏သားသမီးလော။ သို့မဟုတ်လင်းနို့ကဲ့ သို့ ဘ၀ကိုအဆုံးသတ် တော့မည်လောဆိုသည်ကိုမေးမြန်းဆန်းစစ်ကြရန်တိုက်တွန်းရင်းဩ၀ါဒကိုအဆုံးသတ်သွားပါသည်။

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2yBBssh

Add new comment

11 + 7 =