Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဗုဒ္ဓဟူးနေ့ လူထုပရိသတ်အား သွန်သင်ချက် "သန့်ရှင်းတဲ့ နှလုံးသားက ဘုရားကို မြင်တယ်"
ဗုဒ္ဓဟူးနေ့ လူထုပရိသတ်အား ဘုရားစကားသွန်သင်ခြင်းကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင် သူမြတ်က ဗာတီကန် စာကြည့်ခန်းကနေ live လွှင့်ပြီး မင်္ဂလာတရားတော်များအကြောင်း ဆက်လက် သင်ကြား ပေးခဲ့ပါတယ်။ ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊ မင်္ဂလာတရားတော်နဲ့ စပ်လျင်း ပြီး ကျွန်ုပ် ဘုရားစကားသင်ကြား နေခဲ့တာ ယခုတစ်ပတ်မှာ ဆဌမမြောက် မင်္ဂလာတရားတော်ကို ထောက် ရှု ဝေမျှသွားကြမှာ ဖြစ်တယ်။ ဆဌမ တရားတော်မှာ "စိတ်နှလုံးဖြူစင်သော သူတို့သည် မင်္ဂလာ ရှိ ကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဘုရား သခင်ကို ဖူးမြင်ကြရလိမ့်မည်" လို့ တွေ့ရပါတယ်။
ဘု ရား သခင်ကို ဖူးမြင်ကြရမယ့်အကြောင်းကို ဒီမင်္ဂလာ တရားတော်က ကတိပေးထားပါတယ်။ ဘု ရား ကို ဖူး မြင် တွေ့ရခြင်းဆိုတာ မိမိနှင့် ဘုရားသခင် အတွင်းကျကျ ရင်းနှီးပေါင်းစပ်မှုရှိတာကို ပြော ချင်တာပါ။ ဒီလို လုပ် ဖို့အတွက် မိမိရဲ့ နှလုံးသားထဲကို နက်ရှိုင်းစွာ ကြည့်ပြီး ဘုရားသခင်အတွက် နေရာ ပြင်ပေး ဖို့လို ပါ တယ်။ ဘုရားကို မြင်တွေ့ဖို့ ပါဝါမျက်မှန်တွေ တပ်စရာ မလိုဘူး။ နှလုံးသားကို ပြောင်း လဲ ပေး ဖို့ပဲ လိုတာ ပါ။ နှလုံးသားပြုပြင်ရေး တိုက်ပွဲက ပိုအရေးကြီးတယ်။ "တပည့်တော်ရဲ့ နှလုံးသား နက် ရှိုင်း ဆုံးနေရာ ထက် ကိုယ်တော်က ပိုပြီး နက်ရှိုင်းစွာ တည်ရှိနေတာပါ" လို့ ရဟန္တာ သြဂုတ် စ တင်း က မိန့်ခဲ့တယ်။
တခါ တလေ မှာ ကျွန်ုပ်တို့ နှလုံးသားတွေက လှုပ်ရှားမှုနှေးတယ်။ မိုက်ရူးရဲဆန်တယ်။ ဧ မာ ဦးမြို့ကို ခရီး သွား တဲ့ တပည့်တော်ကြီးတွေလို သခင်ယေဇူးက သူတို့ဘေးနားက အတူ ခရီး သွား နေ တာ တောင် ဘုရားကို သ တိ မမူမိအောင် ဖြစ်တတ်တယ်။ လမ်းခရီးမှာ သတိမမှုမိတဲ့ တ ပည့် တော် တွေ ကို မုန့်ဖဲ ချိန် ရောက်မှ သူတို့ရဲ့ မျက်လုံးတွေကို ခရစ်တော်က ဖွင့်ပေးခဲ့တယ်။ ဘုရားကို မြင်တွေ့ဖို့ သန့်စင် ဖြောင့် မတ် စွာ နေဖို့ လို တယ်။ နှလုံးသားက အပြစ် ဒုစရိုက်နဲ့ ပြည့်နေရင် ဘုရားတည်ရှိခြင်းကို မမြင် တတ် ပါ ဘူး။ ဒါဟာ နတ် ဆိုးကို နေရာမပေးဘဲ သန့်ရှင်း သော ဝိဉာဉ်တော်ကို ဖိတ်ခေါ်နေရာ ပေး လိုက် တာ နဲ့ အ တူ တူပါပဲ။ နှလုံး သား ဖြူစင်ခြင်း ဆိုတာ သူ့အလိုလို ရလာတာမဟုတ်ဘူး။ မကောင်းဒုစရိုက်ကို ငြင်း ပယ် ရင်းနဲ့ သင်ယူ ရရှိ နိုင်တဲ့ အရာပါ။ နောက်တစ်ချက် ဘုရားကို မြင်တွေ့ဖို့ဆိုတာ ကိုယ်တော် ဖန် ဆင်း ထားတော်မူတဲ့ ဖန် ဆင်း ခံအရာတွေ မှာ ဘုရားကို မြင်တွေ့နိုင်အောင် ကြိုးစားရမှာ ဖြစ်တယ်။
ဒါတင် မက သန့်ရှင်း မွန်မြတ် တဲ့ စက္ကရမင်တူး မင်္ဂလာ တော်တွေ၊ မိမိနဲ့ နီးစပ်ရာ ညီအစ်ကို မောင်နှ မ အချင်းချင်းကြားမှာလည်း ဘုရား ကို မြင်တွေ့နိုင်ရမယ်။ ဘုရားသခင်အား မိမိရဲ့ နှလုံးသားကို ပြု ပြင်ပြောင်းလဲပေးခွင့်ပေးတယ်ဆိုရင် ဘုရား ကလည်း ကောင်းကင်နိုင်ငံ တော်ရဲ့ ပြည့်ဝတဲ့ ပျော် ရွှင်ငြိမ်သက်ခြင်း တစ်နည်းဆိုရရင် မင်္ဂလာ တရား တော် တွေရဲ့ ပန်းတိုင် ဖြစ်တဲ့ ဘုရားကို ဖူးမြင် ရခြင်း ဆီသို့ ဦးတည်ခေါ်ဆောင်ပေးပါလိမ့်မယ်။ ဘု ရား ကို နေရာပေးရင် ဘုရားက လုပ်ဆောင်ပေး သွား ပါလိမ့် မယ်။ မကြောက်ပါနဲ့။ ဘုရားသခင်အတွက် နှ လုံး သားတွေကို ဖွင့်ထားပေးပါ။ ဒီနေ့ ဒီနေရာကို ဘုရား ဖူး လာ ရောက်ဖို့ ရည်ရွယ် ပြင်ဆင်ထားခဲ့ကြတဲ့ ဘာ သာ ဝင်သားသမီးတွေ ကျွန်ုပ် လှိုက်လှဲစွာ ကျေးဇူးတင် နုတ် ဆက်စကား ဆိုချင်ပါတယ်။ သင်တို့ကို ကျေး ဇူး တင်တယ်။ ယုံကြည်ခြင်း ကို စွဲစွဲမြဲမြဲ ကိုင်ထားပါ။ ခက် ခဲ ဒုက္ခ ကပ်ဆိုးတွေ ရောက်နေတဲ့ ဒီ အ ချိန် မှာ ခရစ်တော်၌ မျှော်လင့်ခြင်း အပြည့်အဝနဲ့ နေ ထိုင် ကြ ပါ။ လူငယ်များ၊ ဖျားနာနေသူများ၊ သက် ကြီး ရွယ် အိုများ အားလုံးကို နှုတ်ဆက်ပါတယ်။ ဘုရားသခင် ကောင်း ကြီးပေးပါစေ။
ဘာသာပြန် - သီကိုရှင်
Add new comment