စိတ်အားဖြင့်ကိုယ်တော်နှင့်ပေါင်းစည်းခြင်း

စိတ်အားဖြင့်ကိုယ်တော်နှင့်ပေါင်းစည်းခြင်း

စိတ်အားဖြင့်ကိုယ်တော်နှင့်ပေါင်းစည်းခြင်း

ဤထောက်ရူချက်သည် ဖာသာရ် Federico Lombardi ၏ထောက်ရူချက်ဖြစ်သည်။ ယခုကပ် ရောဂါဆိုးကြီးကြောင့်ကိုယ် တော်မြတ် မပင့်ရသင့်ကာလနှင့်စိတ်အားဖြင့်ကိုယ်တော်နှင့်ပေါင်းစည်း တတ်အောင်လေ့ကျင့်ရမည်။ ငယ်စဉ်ဘုရားစကားတန်း၌ကိုယ်တော် မြတ်ကိုပင့်ယူ ခွင့်မရှိသည့်အခြေ အနေ၌ယေဇူးသခင်နှင့်စိတ်အားဖြင့်ပေါင်းစည်းနိုင်ကြောင်းသင်ကြားခံခဲ့ရပါသည်။ ဤအလေ့အကျင့် သည်ဘာသာရေးအလွန် ဆန်သောသွန်သင်ချက်ဖြစ်သည်။ ယေဇူးသခင်နှင့်မစ္ဆားပူဇော်ပြီးကိုယ်တော် မြတ်ပင့်၍လည်းပေါင်းစည်းနိုင်သည်။

ထိုသို့မပင့်ယူနိုင်သော်လည်း ကိုယ်တော်မြတ်ဖူးရင်းစိတ်ဖြင့်ပင့် ယူရသကဲ့သို့ခံစားနိုင်သည်။ ယခုနောက်ပိုင်း၌ဤစိတ်ဖြင့်ကိုယ်တော်နှင့်ပေါင်းစည်းခြင်းအကြောင်းကို သင် ကြားမှုများလည်းသိပ်မကြားရတော့ပေ။ ရဟန်းများလာသော ကြောင့်မစ္ဆားပူဇော်ခြင်း၌နေ့စဉ်ပါ၀င်နိုင်ခြင်းသည်ကောင်းပါသည်။ သို့သော် အချို့နေ့စဉ် (သို့) အပတ် စဉ် (သို့) လစဉ်မစ္ဆားပူဇော်ခြင်းမပါ၀င်နိုင်သောဘာသာ၀င်များအတွက်မှာမူစိတ်ဖြင့်ကိုယ်တော်နှင့်ပေါင်းစည်းရန်အရေးပါလှပါ သည်။

ကိုယ်တွေ့ကြုံသောခဲ့သောအဖြစ်အပျက်တစ်ခုကိုပြောပြရလျှင် (၂၀၁၁) ကမ္ဘာ့လူငယ်များနေ့၌ ရုတ်တရက်လေပြင်းတိုက်ခတ် လာပြီး၊ နက်ဖန်နေ့လူငယ်နှစ်သန်းခန့်နှင့်ကမ္ဘာ့လူငယ်များနေ့ပိတ်ပွဲ မစ္ဆားပူဇော်ရန်ပြင်ဆင်ထားသောတဲများပြိုလဲပျက်စီးကုန်သည်။ မဖန်ဆင်း ရသေးသောကိုယ်တော်မြတ် မုန့်များလည်းပြန့်ကြဲကုန်တော့သည်။ လူငယ်အနည်းမျှသာရဟန်း မင်းကြီးပူဇော်သောမစ္ဆားတရား တော်မှကိုယ် တော်မြတ်ပင့်နိုင်ခဲ့ကြသည်။ ကိုယ်တော်မြတ်မလုံလောက်သောကြောင့်ကျန်လူငယ်အ များပိုင်းမှာစိတ်ဖြင့်သာကိုယ်တော်မြတ်ပင့်ခဲ့ရသည်။

ကိုယ်တော်မြတ်မပင့်ရ၍အချို့မှာအတော်စိတ်မချမ်းမသာဖြစ်ခဲ့ကြရသည်။ အရေးကြီးဆုံးသော ၀တ်ပြုခြင်းအခမ်းအနား ကိုမကျင်း ပနိုင်ခဲ့၍ကမ္ဘာ့လူငယ်များနေ့သည် မအောင်မြင်တော့သကဲ့သို့ပင်ခံ စားခဲ့ကြရသည်။ ၄င်းတို့အားနားလည်ရန်အတော်အချိန်ယူဖြောင်းဖြခဲ့ရသည်။ ကိုယ်တော်မြတ်ကိုပင့် ယူရန်မှာအရေးကြီးသော်လည်း၊ ကိုယ် တော် နှင့်ပေါင်းစည်းရန်မှာလုံး၀ ကိုယ်တော်မြတ်ပင့်ရမှမဟုတ် ပါ။

ယခုကပ်ရောဂါဘေးဆိုးကာလ၌ ရဟန်းမင်းကြီးကိုယ်တိုင်သည်လည်း သူနှင့်အတူမစ္ဆားပူဇော် ခြင်း၌လေလှိုင်းမှပါ၀င်ပူဇော်နေသော ဘာသာတူများအားစိတ်အားဖြင့်ကိုယ်တော်တော်မြတ်ပင့်၍ကိုယ်တော်ရှင်နှင့်အတူပေါင်းစပ်ရန်အားပေးတိုက်တွန်းလျှက်ရှိသည်။ အဘယ် ကြောင့်ဆိုသော်ကိုယ်တော် မြတ်ကိုကိုယ်တိုင်ပင့်ယူရန်အခြေအနေမပေးပေ။ ဤအားပေးတောင်ဆိုချက်သည်အမိသာသနာတော် ကြီး၏ရှေးအစဉ်အလာကောင်း
တစ်ခုကိုပြန်လည်အသက်သွင်းနေခြင်းဖြစ်သည်။ ဤစိတ်ဖြင့်ကိုယ် တော်မြတ်ပင့်ယူခြင်းမေတ္တာသည်ကျွန်ုပ်တို့၏မိဘ၊ အဖိုး အဖွားများအလွတ်ရသည်။ နေ့စဉ်မစ္ဆားတရားမပူဇော်နိုင်သောသူများသည်ဤမေတ္တာကိုစိတ်ပါကိုယ်ရောက်ရွတ်ဆို၍ကိုယ်တော်နှင့်ပေါင်းစပ် နိုင်သည်ကိုကောင်းစွာသိကြသည်။

ကျွန်ုပ်ငယ်စဉ်ကရဟန်းတစ်ပါးသည် မစ္ဆားပူဇော်နေစဉ်ကိုယ်တော်မြတ်ကိုပင့်ထားသောပုံပါ သည့်ပုံတော်တစ်ပုံရရှိခဲ့ဖူးသည်။ ထိုပုံ တော်၏ဘေးတွင်ကမ္ဘာ့နိုင်ငံများ၏စံတော်ချိန်များကိုဖော်ပြထား ပြီး၊ မည်သည့်အချိန်တွင်မည်သည့်နိုင်ငံ များ၌အာရုံတက်ချိန်ဖြစ်၍မစ္ဆားပူဇော် နေသည်ကိုညွှန်းပြနေပါ သည်။ ဆိုလိုသည်မှာကမ္ဘာ့တစ်ဝှမ်း၌မည်သည့်အချိန်၌မဆိုမစ္ဆားပူဇော်နေသောနိုင်ငံများရှိ၍
ဤစိတ် အားဖြင့်ကိုယ် တော်နှင့်ပေါင်းစည်းခြင်းဆုတောင်းမေတ္တာကိုမည်သည့်အချိန်၌ဆိုဆိုအကျုံး ၀င်သည်။ ကိုယ်တော်နှင့်အချိန်တိုင်းပေါင်းစည်းနိုင် သည်ဟုဖော်ပြ နေပါသည်။

ဤသို့ကိုယ်တော်မြတ်ပင့်သည့်နည်းကိုလည်း ဆန္ဒဖြင့်ကိုယ်မြတ်ပင့်ယူခြင်းဟုလည်းခေါ်ပါသည်။ ယခုကဲ့သို့ကိုယ်တော်မြတ်ကိုမ ပင့်ယူနိုင်ဘဲကြာမြင့်စွာရှောင်နေရခြင်းမှာရောဂါကပ်ဆိုးကြီးကြောင့်ဖြစ်ပါသည်။ ဘာသာတူများ၏ဝိညာဉ်ရေးကိုဟန့်တားပိတ်ပင်ခြင်းမ ဟုတ်ပါ။ အခြေအနေပုံမှန်ဖြစ်သွားသောအခါပုံမှန်ကိုယ်တော်မြတ်ပင့်ယူခွင့်ရရှိပါလိမ့်မည်။
ကိုယ်တော်မြတ်ကိုမပင့်ယူနိုင်ခြင်းသည်ဝိညာဉ်ရေး၊ ကာယရေးအတွက်အလွန်ကြီးမားသော ထိခိုက်နစ်နာမူကိုဖြစ်စေသည်။ သို့သော်ကိုယ်တော်မြတ်ကိုပိုမိုယုံကြည်စွာဖြင့်ပြင်ဆင်ပင့်ယူတတ်ရန် စိတ်ကိုပြုပြင်ပေးသောအချိန်ကာလတစ်ခုဟုလည်းခံယူ၍ရပါသည်။ ချစ်သူများဝေးတသက် သက် လွမ်းနေသကဲ့သို့ကိုယ်တော်မြတ်ကိုပိုမိုပင့်ယူချင်စိတ်ပေါ်ပေါက်လာစေ၊ တန်ဖိုးထားတတ်လာစေ သည်။ ပို၍နီးနီးကပ်ကပ်ရှိချင်သောစိတ်ကိုကြီးထွားလာစေသည်။

ကိုယ်တော်မြတ်သည်ယေဇူးသခင် ၏အဖိုးအခမဲ့ပေးသနားသောလက်ဆောင်ဖြစ် သည်။ သို့သော်အရေးမပါ၊ တန်ဖိုးမရှိသကဲ့သို့မပြုမူရ။ စိတ်အားထက်သန်စွာအစဉ်ပင့်ယူလိုသောဆန္ဒရှိနေရမည်။ ယခုကဲ့သို့ကိုယ်တော်မြတ် ကိုမပင့်ယူဘဲ ကြာမြင့်စွာနေလာခဲ့ရခြင်းသည်အချို့အတွက်မှာမူပင့်ယူလိုသောစိတ်ကိုလည်းလျော့နည်းသွားစေသည့် ဆိုးကျိုးလည်းဖြစ်ပေါ် စေနိုင်ပါသည်။
 

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

 

https://bit.ly/2VNob99

Add new comment

2 + 6 =