Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ကိုရိုနာကူးစက်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်းပါးစကာ၀တ်ပြုခြင်းကိုအဘယ်သို့ကျင်းပရန်အတွက်ဗာတီကန်ရုံးတော်မှလမ်းညွှန်
ကိုရိုနာကူးစက်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်းပါးစကာ၀တ်ပြုခြင်းကိုအဘယ်သို့ကျင်းပရန်အတွက်ဗာတီကန်ရုံးတော်မှလမ်းညွှန်
ယခုအချိန်သည်ကက်သလစ်ဘာသာ၀င်များအတွက်အလွန်အရေးကြီးသောအချိန်ကာလဖြစ် သည့်ပါးစကာပွဲတော်ကိုပြင်ဆင်သော၀ါတွင်းကာလစတုထ္တအပတ်သို့ပင်ရောက်ရှိလာပြီ။ ထိုအရေး ကြီးသောပွဲတော်ကျင်းပရန်မျာလည်းတစ်ပတ်ပြီးတစ်ပတ်နီးကပ်လာနေပြီဖြစ်သည်။ ကိုရိုနာကူးစက် ရောဂါမှာလည်းအရှိန်လျော့မသွားသေး။
ထို့ကြောင့်ဗာတီကန်အနေဖြင့်ပါးစကာပွဲတော်၏၀တ်ပြုခြင်း ကိုဦးဆောင်ကြမည့်ဆရာတော်ကြီးများ၊ ရဟန်းတော်များအတွက်လမ်းညွှန်ချက်များကိုပြီးခဲ့သော သောကြာနေ့ကထုတ်ပြန်ပေးခဲ့သည်။ ကက်သလစ်သာသနာတော်ကြီးအတွက်ဘာသာရေး၀တ်ပြုခြင်း သည်အလွန်အရေးကြီးသည်။ အထူးသဖြင့် ယခုကာလသည်ထူးခြားဖြစ်စဉ်ဖြစ်ပျက်နေသော ကာလ ဖြစ်၍၀တ်ပြုခြင်းကိုအခြေအနေပေါ်မူတည်၍ကျင်းပရသည်။ ၀တ်ပြုခြင်းကိုကျင်းပရာတွင်တပြေးညီ တည်းဖြစ်စေရန် ဗဟိုမှပင်လမ်းညွှန်ရသည်။ ထိုလမ်းညွှန်ချက်များသည်သန့်ရှင်းသော ရက်တတစ်ပတ် ၏ရက်ကြီးအခါကြီးသုံးရက် (Triduum) နှင့်ယေဇူးသခင်ရှင်ပြန်ထမြောက်သောပါးစကာ၀တ်ပြုခြင်း အခမ်းအ နားအတွက်အထူးရည်ရွယ်၍ညွှန်ကြားထားပါသည်။
လူစုလူဝေးမပြုရန်နိုင်ငံတော်အဆင့်သတ်မှတ်ထားသောဒေသများ၌ သာသ နာပိုင်ဆရာတော် ကြီးများအနေဖြင့်၀တ်ပြုခြင်းကိုမကျင်းပ၍မဖြစ်သောအပိုင်းများကိုသာကျင်းပစေရန်၊ ဥပမာအားဖြင့် ပါးစကာပွဲနေ့၏၀တ်ပြုခြင်းကဲ့သို့ဖြစ်ပါသည်။ ယခုကဲ့သို့ထုတ်ပြန်ရခြင်းမှာ
ကမ္ဘာ့နိုင်ငံများမှဆရာတော် ကြီးများ ၏မေးမြန်းချက်များကိုလက်ခံရရှိသောကြောင့်ထုတ်ပြန်ရခြင်းဖြစ်ပါသည်။ ဤကြေငြာချက်ကို သာသနာ၏၀တ်ပြုခြင်းဆိုင်ရာရုံးတော်တာ၀န်ခံကာဒီနယ် Robert Sarah နှင့်အတွင်းရေးမှူးဂိုဏ်းချုပ် ဆရာတော် Arthur Roche တို့မှလက်မှတ်ရေးထိုးပြီး၊ ရဟန်းမင်း ကြီး ရုံးတော်မှ (၂၀၂၀) ခုနှစ်အတွက် လုပ်ပိုင်ခွင့်ပြုပေးထားသည်။ ဆိုလိုသည်မှာယခုနှစ်ကူးစက်ရောဂါ၏ အခြေအနေဆိုးရွားသောကာလအ တွက်သာအကျုံး၀င်ပြီး၊ ယခုအခြေအနေအဆုံးသတ်သွားပါကနောင်နှစ်များတွင်အကျုံးမ၀င်တော့ပေ။
ပါးစကာနေ့၏၀တ်ပြုခြင်းကိုမကျင်းပဘဲချန်လှပ်ထား၍မရခြင်းမှာ ပါးစကားပွဲတော်၏၀တ်ပြု ခြင်းသည်အမိသာသနာ၏တစ်နှစ်တာ၀တ်ပြုခြင်း၏ဗဟိုချက်မဖြစ်သည်။
တစ်နှစ်တာ၏၀တ်ပြုရာ၌ကျင်းပလေ့ရှိသောပွဲနေ့များအနက်တစ်ပွဲမျှသာကျင်းပခြင်းမဟုတ်။ ထို့ကြောင့်ပါးစကာပွဲတော်အကြိုရက်ကြီး အခါကြီးသုံးရက်သည်အခြားသောနေ့၊ အချိန်ကာလတစ်ခုသို့ပြောင်းရွေ့ကျင်းပ၍မရ။
သို့သော်ဆီဖန်ဆင်းသောကြာသပတေးနေ့ကြီး၏နံနက်ပိုင်းအခမ်းအနားကိုမူသာသနာပိုင်ဆရာ တော်ကသင့်တော်သည့်အချိန်တွင်ကျင်းပရန်ပြောင်းရွေ့သတ်မှတ်နိုင်သည်။
သို့သော်ပါးစကာပွဲတော် ကြီးအားကြိုဆိုသောပြင်ဆင်ခြင်သောရက်ကြီးအခါကြီးသုံးရက်ကိုမူကြာသပတေးနေ့ကြီးညနေ နေ၀င် ချိန်မှအစပြုကျင်းပ၍ပါးစကာတနင်္ဂနွေနေ့မစ္ဆားတရားပူဇော်သည့်အချိန်ထိယှက်နွယ်နေသည်။
လူစုလူ ဝေးမပြုရန်နိုင်ငံတော်မှလည်းကောင်း၊ ဒေသန္တရဆရာတော်
အဖွဲ့ချုပ်၏ဆုံးဖြတ်ချက်အရသော် လည်းကောင်းဆုံးဖြတ်ချမှတ်ထားသောနေရာများ၌မူ ထိုရက်ကြီးအခါကြီးသုံးရက်ကိုဆရာတော်များ၊ ဘုန်းတော်ကြီးများကမိမိတို့သီတင်းသုံးသောဘုရားကျောင်းများတွင်ဘာသာတူများမပါဘဲလျှက်ကျင်းပရမည်။ သို့သော်ဘာသာတူများအနေဖြင့် ထို၀တ်ပြုခြင်းကျင်းပမည့်အချိန်ကိုမူကြိုတင်အသိပေးထားရမည်။ အဘယ်ကြောင့်ဆိုသော်ကိုယ်တိုင်ပါ၀င်ခွင့်မရှိသော်လည်းမိမိတို့အိမ်မှနေ၍ စိတ်အားဖြင့်ပါ၀င်စေရန်ဖြစ်သည်။
အကယ်၍အင်တာနက်၊ Wifi၊ Live၊ တီဗွီများမှထုတ်လွှင့်ပြသပေးနိုင်လျှင်လည်းပြုလုပ်ပေးရန်အားပေးထား သည်။
သာသနာပိုင်ဆရာတော်များအနေဖြင့်မိမိတို့ဘာသာတူများအား ပါးစကားပွဲတော်၏၀တ်ပြုခြင်း၊ ဆုတောင်းခြင်း၊ တရားတော်ကိုထိတွေ့ခံစားရစေရန်အခြေအနေများဖန်တီးပေးရမည်။
ဆရာတော် များ၊ ရဟန်းတော်များအနေဖြင့်ယေဇူးသခင်၏နောက်ဆုံးညစာစားပွဲ၀တ်ပြုခြင်းကိုဘာသာတူများမပါ ဘဲသင့်တော်မည့်နေရာများ၌လည်းကျင်းပနိုင်ကြောင်း၊ ခြေတော်ဆေးခြင်းသည်အဓိကကျသောအခမ်းအနားမဟုတ်ဘဲအမှတ်ရကျင်းပခြင်းသာဖြစ်၍
ချန်လှပ်ထားနိုင်ကြောင်း၊
ကိုယ်တော်၏နောက်ဆုံးညစာ စားပွဲအဆုံးတွင်အစဉ်အလာအရကိုယ်တော်မြတ်ကိုပြောင်းရွေ့စံပ္ပာယ်စေလေ့ရှိသော်လည်းယခုအခြေအနေ၌မပြုလုပ်ဘဲဗိမာန်တော်၌သာစံပ္ပာယ်စေခြင်း၊
ယေဇူးသခင်၏ဒုက္ခခံထမ်းခြင်းကိုကျင်းပသော သောကြာနေ့၌လည်း
ဘုရားကျောင်း၌ကျင်းပပြီး၊ အထွေထွေဆုတောင်းခြင်း၌နှစ်စဉ်ဆုတောင်းချက် များအပြင်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရသူများ၊ ကွယ်လွန်သူများ၊ ကွယ်လွန်သွားသူများအတွက် ပူဆွေးနေကြသူများအတွက်ထည့်သွင်းဆုတောင်းပေးရမည်။
သို့သော်ပါးစကာပွဲတော်အဖိတ်ည၀တ်ပြု ခြင်းကိုမူကာသီဒြယ်၊ ဘုန်းတော်ကြီးသီတင်းသုံးသောဘုရားကျောင်းများ၌ သာကျင်းပရမည်။
မီးဖန်ဆင်းခြင်း၊ စီတန်းကြွ၀င်ခြင်းများကိုမူချန်လှပ်ထားနိုင်သည်။ ပါးစကာဖယောင်းတိုင်ကိုမူထွန်းညှိပြီး၊ စီ တန်းခြင်းကိုမပြုလုပ်ဘဲချက်ချင်းအီစ္စရေးတို့၏အီဂျစ်ပြည်မှထွက်ခွာပြီး၊
ပင်လယ်နီကူးဖြတ်အပြီးသီဆို ခဲ့သော (Exsultet) ဆာလံကိုသီဆိုရမည်။
ထိုအစီအစဉ်များပြီးဆုံးသောအခါ
ပါစကာပွဲအကြိုည၏မစ္ဆားကိုမူအစဉ်အလာအတိုင်းပူဇော်မည်။ သို့သော်ဆေးကြောခြင်းကတိသစ္စာကိုပြန်လည်ပြုခြင်းကိုမူမဖြစ်မနေထည့်သွင်းရမည်။
ဆရာ တော်များ၊ ရဟန်းတော်များ၊ သစ္စာသုံးပါးခံသူတော်စင်များအနေဖြင့်ပါးစကာအဖိတ်ညမစ္ဆားပူဇော်ခြင်း ၌ပါ၀င်ရန်အခွင့်အရေးလုံး၀မရှိပါက
မိမိတို့၏ညနေဆုတောင်းမေတာ (Office of Reading for Easter Sunday) ကိုရွတ်ဆိုပူဇော်ရမည်။
စီတန်းလှည့်လည်ခြင်းနှင့်အခြားသောကြည်ညို ခြင်းနှင့်ဆိုင်သည့်အစီအစဉ်များကိုမူ သာသနာပိုင်ဆရာတော်ကြီးများ၏ဆုံးဖြတ်ချက်အပေါ်မူတည်၍
တစ်နှစ်တာ၏အခြားသင့်လျှော်သောအချိန်၌ပြန်လည်ကျင်းပနိုင်ပါသည်။
ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်
Add new comment