ကာဒီနယ်ကြီး၏ ပါစကားကာလ တတိယ တနင်္ဂနွေနေ့ သြဝါဒ

ကာဒီနယ်ကြီး၏ ပါစကားကာလ တတိယ တနင်္ဂနွေနေ့ သြဝါဒ

ပါစကားပွဲ တတိယ တနင်္ဂနွေနေ့ သြဝါဒ

- ခရစ်တော်ဘုရားရှင်၌ ညီအကိုမောင်နှမတို့ -

ကမ္ဘာ့ကပ်ဘေးအမှောင်ထုကြီးထဲမှာ ပါစကားပွဲကြီးကို ကျင်းပခဲ့ကြရ၊ ဖြတ်သန်းနေရတဲ့ ခုချိန်မှာ  သာ သနာပိုင် ပုပ်ရဟန်းမင်းကြီးရဲ့  အားပေးစကားများ၊ သြဝါဒများနဲ့အတူ ကျွန်ုပ်တို့ သာသနာ တော် ကြီး ဟာဆက်လက်လျှောက်လှမ်း နေပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က “သာ သနာ တော်ကြီး အနေနဲ့  လှိုင်ဂူကြီးအဆုံးက   အလင်းရောင်ကို ယုံကြည်စွာ မြှော်ကြည့်နိုင်ဖို့ အားပေး စကား များ မိန့်ကြားနေ ပါတယ်။ ဆုတောင်းပေးနေပါတယ်။

ယနေ့ဖတ်ရှုခဲ့တဲ့ ကျမ်းပိုဒ်ထဲမှာ “သခင်ခရစ်တော်က  စိတ်ဓါတ်ကျနေတဲ့  တပည့်နှစ်ပါးကို  ဧ မောက် ရွာပြန်လမ်းပေါ်မှာ  သူတို့နဲ့အတူ ဝင်လျှောက်နေတဲ့ အကြောင်းလေးပါ။ တပည့်နှစ်ပါး - က လေ အို ပါနဲ့ သူမိတ်ဆွေပေါ့။ သူတို့ ယုံကြည်ခဲ့တာတွေအားလုံး အစိပ်စိပ်အမွှာမွှာ ကွဲကျခဲ့ကြပြီ။ မက် ဆီ ယား အရှင်မြတ်လို့   မှတ်ခဲ့ကြတယ်။ ယုံခဲ့ကြတယ်။ ဒါပေမဲ့ လက်ဝါးကပ်တိုင်မှာ ကွပ်မျက် ခံရ တယ် တဲ့။   အဲ့မနက်မှာပဲ  အမျိုးသမီး တစ်ချို့က သတင်းထူးဆိုပြီး လာပြောခဲ့ကြသေးတယ်။ ယုံရမှာလဲ  ခပ် ခက်ခက်။  . . .  စိတ်တွေရှုတ်ထွေး နေကြတယ်။  စိတ်ပျက်နေကြတယ်ပေါ့။ သခင်ခရစ် တော်ကို လည်း မမှတ်မိကြဘူးတဲ့။  Lock Down  ကိုကျွန်ုပ်တို့  စိတ်ကုန်ပြီ။ Lock Down က ကျွန်ုပ်တို့ကို   မိမိတို့ရဲ ယုံကြည်ခြင်းမှာ  စိတ်ကုန် စေနိုင်တယ်။

လက်ဝါးကပ်တိုင်ပေါ်မှာ သခင်ခရစ်တော်  ကွပ်မျက်ခံရပြီးတဲ့နောက် ဘုရားတပည့်တော်တွေရဲ့ ယုံကြည်ခြင်း - Lock Down - ဖြစ်ကုန်တယ်။ ဧမောက်ရွာပြန် တပည့်နှစ်ပါး လည်း  အဲဒီ   Lock Down ကနေ  လွတ်ရာထွက်ပြေးခဲ့ကြတာ။ ဘုရားက သူတို့ကို မျက်ကွယ်ပြုနေသလားပေါ့။ အစမ်းသပ်ခံရချိန်  မိမိတို့ရဲ့ ယုံကြည်ခြင်း  Lock Down ဖြစ်ခဲ့ကြပုံအကြောင်း ကျမ်းစာထဲမှာ တွေ့ရတဲ့ ဥပမာနှစ်ခုကို ကြည့်ရအောင်။ ဘာဘီလုံပြည်အောက်  ကျရောက်ခဲ့ရစဉ်က  ဂျူးလူမျိုးတွေ  Lock Down ဖြစ် ခဲ့ကြတယ်။  အီဂျစ်ပြည်ရဲ့  ကျွန်သူပေါက်ကျခဲ့စဉ်ကလည်း သူတို့တွေ  Lock Down ဖြစ်ခဲ့ကြတယ်။  ဘု ရား သခင်ရဲ့ လူမျိုးတော်တစ်ခုအနေနဲ့  ဘုရားစွန့်ပစ်ခံရတယ်လို့ သူတို့  ခံစားခဲ့ကြတယ်။ ဒါပေမဲ့ ဘုရား သခင်က သူတို့ကို မမေ့ခဲ့ပါဘူး။ မိုးဇက်ကို သူတို့ဆီ စေလွှတ်ခဲ့တယ်။ ဘာ့လို့ဆို - ဘုရားက ဘုရားပဲ။ ကိုယ် တော်ရှင်က  ဝေဒနာခံစားနေရတဲ့လူတွေရဲ့ ငိုသံကို ကြားတော်မူပါတယ်။ သူတို့ကို ကယ် နှုတ် ခဲ့တယ်။

နောက်ထပ် Lock Down တစ်ခု။ကန္တာရထဲ နှစ်ပေါင်းလေးဆယ်  လည်နေခဲ့ရကြချိန်ပေါ့ ဘုရားရှင်ရဲ့ အံ့ဘွယ် တန်ခိုးတွေကို ကိုယ့်မျက်စိနဲ့ တပ်အပ်မြင်ခဲ့ကြပေမဲ့ အစ္စရေးလူမျိုးတွေဟာ ဘုရားရှင်ကို ကျော ခိုင်း ကုန်ကြတယ်။ ဘုရားအတုအယောင်တွေကို ကိုးကွယ်ကုန်ကြတယ်။   “ဘုရားသခင်အပေါ်ထားတဲ့  သူတို့ရဲ့ မျှော်လင့်ခြင်းတဲ့၊”        - - - “ဘုရားသခင်ကို ယုံတဲ့  ယုံကြည်ခြင်းတဲ့။”   “စွန့်ပစ်လိုက်ကြတာ ။  မြန်လိုက်တာ။” သို့ပေမဲ့ “ဘုရားသခင်ဟာ  သစ္စာတည်တဲ့ ဘုရားဖြစ်ပါတယ်။”ယုံကြည်ခြင်းဆိုဟာ  စွန့် စားရတဲ့  ခရီးမျိုးဖြစ်တယ်။ မမှိတ်မသုန် ယုံကြည်မှုတည်တဲ့လူတွေသာ  ဆုချီးမြှင့် ခံရတာပါ။  သခင် ခရစ် တော်ကိုယ်တော်တိုင် ကန္တာရထဲမှာ နေ့ပေါင်း လေးဆယ်၊ ညပေါင်းလေးဆယ် မိမိကိုယ်ကိုယ် မိမိ  Lock Down ချခဲ့ဖူးပါတယ်။  သင့်တင့်တဲ့   အစာရေစာကို တောင်  သုံးဆောင် တော်မမူခဲ့တဲ့အကြောင်း ကျမ်း စာ တော်မြတ်မှာ ဖတ်ရပါတယ်။ အဲသည်အချိန်မှာ  ကိုယ်တော်ရှင် စုံစမ်းခံခဲ့ရတယ်။ ဆာတန် ရောက် လာတယ်။ - “ယုံကြည်ခြင်း”ဆိုတာနဲ့ ပတ်သက်လာရင်  ဘုရားဖြစ်တော်မူသော သခင် ခရစ် တော်ပင်လျှင် အစမ်းသတ်ခံ ခဲ့ရဖူးပါတယ်။ ဆာတန်က - “ဘုရားစစ်ဘုရားမှန်ကို စွန့်ဖို့၊       ဘုရား တု ဘုရား ယောင်ကို ဦးချဖို့ - နှောက်ယှက်တယ်။

အဲလို ကန္တာရထဲ ရောက်နေချိန်- -  ဘာမှ  မျှော်လင့်စရာ မရှိတော့သလို    ဖြစ်နေတဲ့  အဲလို အချိန် မျိုးမှာ ဆာတန် ရောက်ချလာတတ်ပြီး  နှောက်ယှက်လေ့ရှိတာ       သတိပြုကြပါ။  ထိုထိုသော  Lock Down များနဲ့   ခြောက်ခြားတဲ့ ကန္တာရမျိုး မိမိဘဝဖြစ်ရချိန် ၊ -  ကျွန်ုပ်တို့ရဲ့  အရှင်ဘုရားကိုယ်တိုင် ပင် လျှင် အစုံစမ်း ခံရပါတယ်ဆိုရင် ခုလို   Covid-19 ကပ်ဆိုး ဘေးဆိုးအချိန်ကာလကြီးက ဘုရား သခင် ကို ကိုးကွယ်ယုံကြည်တဲ့  ကျွန်ုပ်တို့ရဲ့ “ယုံကြည်ခြင်း” ကို  ဆာတန်နတ်ဆိုးက      သွေးတိုး စမ်းနေ ပါ တယ်။ ကျွန်ုပ်တို့ရဲ့      ၀ိညာဉ်ကို      မျက်စောင်းထိုးနေပါတယ်။  “ယုံကြည်ခြင်း” ပျောက်ခြင်းဟာ  မိမိ ၏ရွှေပုံတော်အတိုင်း ဖန်းဆင်းထားတော်မူတဲ့ အရှင်မြတ်ရဲ့ သားသမီး ဂုဏ်သိက္ခာကို     ဖျက်ဆီး ခံရ နိုင်တဲ့      Covid-19 အဖြစ်ဆိုးလို့ပဲ    နာမည်ပေးရပါလိမ့်မယ်။

ကမ္ဘာ့လူသား သန်းပေါင်းများစွာဟာ အဲသည်အဖြစ်မျိုးနဲ့ ကြုံနေရပါတယ်။ သူတို့စိတ်တွေ  ရှုတ်ထွေးနေတယ်။ စိတ်ပျက်နေကြတယ်။ စိတ်ဓါတ်ကျနေကြတယ်။

-“ဘယ်မှာလဲ   ဘုရား။”- “ဘယ်ရောက်နေလဲ    ဘုရားက ။”“ငါတို့ကို  ပစ်ထားတာလား။”

-“လူတွေအတော်များများက    မျှော်လင့်ချက်မဲ့နေတဲ့     ဧမောက်လမ်းမပေါ်      ရောက် နေကြ တယ်။”

ညီအစ်ကိုမောင်နှမတို့ -

ခရစ်တော်ဘုရားက ကျွန်ုပ်တို့နဲ့အတူ  လျှောက်နေပါတယ်။ ရံဖန်ရန်ခါ  ကိုယ်တော်ကို  မမှတ်မိဘူး ဖြစ် နေတယ်။ ဒေါသတွေ၊ ပူပန်သောကတွေက ကျွန်ုပ်တို့ရဲ့ မျက်စိတွေကို  ဖုံးပိတ်နေကြတယ်။ ကျွန်ုပ်တို့ ဘဝ ရဲ့   အခက်အခဲ ပြဿနာများထဲမှာ၊ ဘဝအမှောင်ကျတဲ့နေ့များမှာ၊ ခုလို  Covid-19 အမှောင် ကပ် ဆိုး နှိပ်ဆက် နေချိန်မျိုးမှာ  မိမိနဲ့ အတူ    သခင်ခရစ်တော်ဘုရားရှင်  လှမ်းလျှောက်ကူနေကြောင်း  သ တိ ပြုမိဖို့  အချိန်ကြာတတ်ပါတယ်။

“ဘုရားက ဘယ်ရောက်နေလဲ။”

အဲလိုမေးခွန်းမျိုးကို စိန့်သြဂုတ်စတင်း မေးခဲ့ဖူးတယ်။  အပြစ်ဒုစရိုက်ပေါင်းစုံနဲ့ လူဘဝရဲ့ အပျော် အပါး များမှာ မွေ့လျော်ခဲ့ပြီးတဲ့နောက်  - စိန့်သြဂုတ်စတင်းဟာ  ဧမောက်လမ်းမပေါ်    ရောက်နေခဲ့ ဖူး တယ်။ သို့ပေမဲ့   “ဘုရားက ငါ့ကို   ဘယ်တုံးကမှ စွန့်ပစ်မထားခဲ့ ပါလား”လို့  နောက်ဆုံးမှာ သူမှတ် မိ သွား ခဲ့တယ်။ “မိမိဟာ မိမိနဲ့  အနီးဆုံးမှာ   ရှိနေတာထက်ကို       ဘုရားရှင်က ငါတို့နဲ့     နီးနီးလေးမှာ ရှိနေတယ်” လို့  သူက ပြောဖူးတယ်။ ဘယ်လောက် ခွန်အားပေးတဲ့စကားလဲ။

အဲသလို   ဘုရားရှင်ဟာ ကျွန်ုပ်တို့  တစ်ယောက်စီရဲ့ အနီးမှာ ရှိနေတော်မူတဲ့အကြောင်းကို  ဆာ လံ ၁၃၉ မှာ ခုလို ဖတ်ရတယ်။ အကျွန်ုပ်သည် နံနက်အရုဏ်ဦး၏ အတောင်တို့ဖြင့် ပျံသန်း၍ ပင် လယ် သမုဒ္ဒရာ တစ်ဖက်စွန်းတွင် သွား ရောက်နေထိုင် ပါလျှင်လည်း၊- ကိုယ်တော်၏လက်တော်သည် အ ကျွန်ုပ်ကို ဦးဆောင်မည်ဖြစ်၍ လက်ယာလက် တော်သည် အကျွန်ုပ်ကိုကူမပါလိမ့်မည်။- အ ကြောင်း မူ ကား ကိုယ်တော်သည် အကျွန်ုပ်၏ ခန္ဓာကိုယ်အတွင်းရှိ အစိတ်အပိုင်းများကို ဖန်ဆင်း၍ အကျွန်ုပ်ကို အ မိဝမ်းတွင်း၌ အတူတကွဆက်စပ်ထား တော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ ခန္ဓာ ကိုယ်အတွင်းရှိ အစိတ်အပိုင်းများကို ဖန်ဆင်း၍ အကျွန်ုပ်ကို အမိဝမ်းတွင်း၌ အတူတကွ ဆက် စပ် ထားတော်မူ၏။

“ကျွန်ုပ်တို့က ဘုရားကို မမြင်မတွေ့တဲ့အချိန် - ဘုရားက ကျွန်ုပ်တို့ကို မြင်တွေ့တော်မူပါတယ်။   ကျွန်ုပ် တို့က    သူ့ကို        အသိအမှတ်မပြုချိန် - ကိုယ်တော်က ကျွန်ုပ်တို့ကို   သိတော်မူပါတယ်။

ဟေရှာယ ကျမ်း ၇:၁၄ နဲ့     ရှင်မာတေဦး ၂:၂၃ မှာလည်း

“ဘုရားရှင် ကျွန်ုပ်တို့နဲ့ အတူရှိကြောင်း ၊ ကျွန်ုပ်တို့ကို ဘယ်တော့ မှ  ပစ်မထားတဲ့အကြောင်း - အထူး သဖြင့်  အသက်ဝိညာဉ် အမှောင်ညတွေကို ဖြတ်သန်းရချိန်မှာ  ဘုရားက ကျွန်ုပ်တို့ကို ပစ်မ ထား တဲ့ အကြောင်း” ဖတ်ရှုနိုင်ပါတယ်။  (ယောဘအကြောင်း ချန်ထားခဲ့ပါတယ်။)

Covid-19 ရဲ့ ဆိုးကျိုးကြောင့်  ကျွန်ုပ်တို့ရဲ့ ဘုရားကျောင်းတွေ ပိတ်ထားရတယ်။ ကျွန်ုပ်တို့ ကက် သလစ် များရဲ့ ၀ိညာဉ်ခွန်အား အရင်းအမြစ်ဖြစ်တဲ့    မစ္ဆားတရားကိုလည်း လူတွေမတက်နိုင်ကြဘူး။ ဒီနေ့ ကျမ်းစာကို ဖတ်ရှုပြီး  ကျွန်ုပ်တို့ ခွန်အားယူနိုင်ပါတယ်။ နှစ်သိမ့်မှု ရနိုင်တယ်။  ခရီးဆုံး ကိုရောက် တော့ ခရစ်တော်ဘုရားက သူ့တပည့်များနဲ့ အတူ မုန့်ဖဲ့တော်မူတယ်။  အဲသည် အချိန်တုံးက  နောက်ဆုံး ညစာပွဲ တုံးကလို  စီမံပြင်ဆင် ထားတဲ့ နေရာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ လမ်းမပေါ် - နှုတ်က ပါတ် တော် နာယူဖို့      မုံ့ဖဲ့ဖို့   လမ်းမဘုရားစင်ကြီး  ဖြစ်ခဲ့ပါပြီ။ တပည့်များနဲ့အတူ လျှောက်ခဲ့တဲ့  ကိုယ် တော်ရှင် ရဲ  ဧမောက်လမ်းဟာ   အမှန်တကယ်ပဲ  မစ္ဆားပူ ဇော်ခြင်းဖြစ်ခဲ့ပါတယ်။ ကိုယ်တော်ရှင်က  တ ရား ကျမ်းများကို ထောက်ပြကိုးကားပြီး သူတို့ကို  နှုတ်ကပါတ် တော် ခွန်အား ပေးခဲ့တယ်။ မုံ့ဖဲကာ ကျွေး မွေးခဲ့တယ်။

ယနေ့ချိန်မှာ ဘုရားကျောင်းများကို ပိတ်ထားရတာ  စိတ်မကောင်းဘူး။  ဘုရားပလ္လင်တွေကို လမ်းမ ပေါ် ၊ အိမ်တွေပေါ် ၊ တစ်ဦးဆီရဲ့  စိတ်နှလုံးထဲ  ရွှေ့ထားရပါတယ်။  သို့ပေမဲ့  သခင်ခရစ်တော်က “ကုသ ခြင်းမုံ့၊ သတင်းကောင်းတည်း ဟူသော မုံ့၊ ကြေအေးသင့်မြတ်ခြင်းမုံ့၊  အသက်မုံ့ ကို  - ဘုရား စင် ပေါ်မှာ +  အဆောက်အဦးတွေထဲမှာ မဟုတ်ဘဲ -   လမ်းမများပေါ်မှာ  ဖဲ့ဝေပေးနေပါတယ်။ မိမိတို့ အ နေနဲ့    ခရစ်တော် ဘုရားကို  ထွက်ရှာနေစရာမလိုဘူး။ ခရစ်တော် ဘုရားရှင်ကသာ  ဧမောက် လမ်း ပေါ်ရောက်   ကျွန်ုပ်တို့ဆီ  ဆိုက်ဆိုက်မြိုက်မြိုက်   ကြွလာပါတယ်။

ယနေ့ချိန်မှာ ကျွန်ုပ်တို့ဟာ  ဧမောက်လမ်းပေါ်က တပည့်တော်များလို  ဖြစ်နေကြတယ်။ ကျွန်ုပ် တို့ ရဲ့ ခရီးအစကတည်းက   ငြည်းညူဖွယ်အမှောင်နဲ့၊  ချော်လဲစေနိုင်တဲ့   ကျောက်ခဲ ခလုပ်တွေပေါ်  လျှောက် နေကြရတာပါ။  သို့သော်  မိမိတို့  အိမ်ထဲမှာ ၊ -  မိမိတို့  နှလုံးသားထဲမှာ   -  နှုတ်က ပါတ်တ ရားတော် ၌ ခွန်အားယူကြဖို့၊ ဘုရားရှင်သည် ကျွန်ုပ်တို့နဲ့ နီးနီးလေးမှာရှိနေကြောင်း သတိပြုကြဖို့      ခ ရစ်တော်ဘုရားက ကျွန်ုပ်တို့ကို  သတိ ပေးနေပါတယ်။ အမြဲတမ်း သတိရနေရမှာက - ရှေးဦးခရစ်ယာန်တွေဟာ     အသင်းအဖွဲ့ကြီးအဖြစ်ရဲ့ အထောက်အပံ့ မရခဲ့သော်လည်းပဲ၊  အဆောက် အဦး ဆို တာတောင် မရှိခဲ့ကြပေမဲ့လည်း အတူဆုတောင်း ဝတ်ပြုခဲ့ကြတယ်။ အတူ မုံ့ဖဲ့ခဲ့ကြတယ်။ အတူ တူ ကြေညာဟောပြောခဲ့ကြတယ်။  ဘာ့ကြောင့်ဆိုတော့  - ၀ိညာဉ် တော် ဘုရားက သူတို့ အ ပေါ် မှာ ရှိတော်မူနေခဲ့လို့ဖြစ်တယ်။  “ငါ့မှာ ရွှေလည်းမရှိဘူး။  ငွေလည်းမရှိဘူး။ ငါ့မှာ ရှိတာပဲ ယူပါ”လို့  သံ ပေထရူးပြောခဲ့တာကိုကြည့်ရင် ဘုရားရှင် အပေါ်ထားတဲ့        သူရဲ့ ယုံကြည် ခြင်းကို မြင်နိုင်တယ်။ ဒီ အချိန်ဟာ      မိသားစုတိုင်းက  ဘုရားရှိခိုးကျောင်းလေးတွေ ဖြစ်လာ တဲ့အချိန် ဖြစ်တယ်။ မိဘများက မိမိ တို့  သားသမီးတွေကို  ဘုရားနှုတ်ကပါတ်တော်နဲ့   ကျွေးမွေးကြပါ။ ကျွန်ုပ်တို့ မိသားစုတွေဟာ ဘုရားနှုတ်ကပါတ်တော်ကို လေ့လာသူတွေ ဖြစ်နိုင်ကြပါစေ။     Covid-19 ခံစားနေရသူ    ဘဝတူလူသားတွေအတွက်၊  ဒုက္ခသည်  ထောင်း သောင်း အတွက်  စာနာ သနားခြင်းမုံ့၊ ကရုဏာမုံ့  တွေ  ချိုးဖဲ့ဝေမျှသူတွေ ဖြစ်နိုင်ကြပါစေ။ ဧမောက်သို့ ပြန်သွားခဲ့ကြတဲ့  တပည့်တော်နှစ်ပါးဟာ စိတ်ပျက်ခြင်းများစွာနဲ့    ခရီးစခဲ့ကြပေမဲ့၊ အဆုံး ရောက်တော့

“လမ်းခရီး၌ ကိုယ်တော်သည် ငါတို့နှင့်အတူစကားပြောလျက် ကျမ်းစာတော်မြတ်၏ အနက်အဓိပ္ပာယ်ကို ရှင်းလင်းဖွင့်ဆိုပြ တော်မူသောအခါ  ငါတို့၏နှလုံးသားများသည်  ငါတို့အတွင်း၌ မီးလျှံကဲ့သို့ တောက်လောင်နေခဲ့သည် မဟုတ်လော” ဟု    အချင်းချင်း  ဝမ်းပမ်းတသာ  ပြောနိုင်ခဲ့ကြတယ်။ ကျွန်ုပ်တို့ရဲ့  လမ်းခရီးကို      သူတို့ရဲ့  လမ်းခရီးလိုမျိုး      ဖြစ်စေကြရအောင်။   Covid-19 က  “အသက်ရှင်သောဘုရား  -  ကျွန်ုပ်တို့ကို ချစ်သော ဘုရား -  ကျွန်ုပ်တို့ကို  လွတ်မြောက်စေနိုင်သော   ဘုရားထံမှာ ရှိတဲ့   ကျွန်ုပ်တို့ရဲ့  ယုံကြည်ခြင်း”  အသေ မသတ်ပစ် နိုင်ပါဘူး။ အမိဝမ်းတွင်းကတည်းက  ကျွန်ုပ်တို့တစ်ဦးစီကို    ကိုယ်တော် ခေါ်တော်မူခဲ့ပါတယ်။  ကိုယ်တော်ရှင်သည်  မုန့်ညှင်းစေ့လောက် ယုံကြည်မှုကို  -    တောင်များကို   ရွှေ့နိုင်သော ခွန်အားမျိုး    မစတော်မူသော ဘုရားဖြစ်ပါတယ်။

ခုလို   အမှောင်ကျချိန်မျိုးမှာ - - - “ညနေစောင်း၍       နေ့တာလည်း ကုန်လုနီးပါပြီ ၊။   ကျွန်ုပ်တို့နှင့်အတူ     တည်းခိုပါ” ဟု          ဧမောက်ရွာက  တပည့်များနဲ့အတူ ဆုတောင်းကြရအောင်။”

Add new comment

2 + 14 =