Sts. Tiburtius, Maximus and Valerian (Martyrs), စိန့်တီဘုတီအုစ်၊ မက်ဆီမူးစ်နှင့် ဗာလေးရီယန် (ဓမ္မအာဇာနည်များ)

Sts. Tiburtius, Maximus and Valerian (Martyrs), စိန့်တီဘုတီအုစ်၊ မက်ဆီမူးစ်နှင့် ဗာလေးရီယန် (ဓမ္မအာဇာနည်များ)

#14 April 2021

ရဟန္တာများဖြစ်ကြသော စိန့်တီဘုတီအုစ်၊ ဗာလေရီယန်တို့သည် ဂုဏ်ကျက်သရေ၊ ချမ်းသာကြွယ်ဝသော ရောမမြို့သားများ ဖြစ်ကြသည်။ ၎င်းအချိန်မှာ အလက်ဇန္ဒြား အုပ်ချုပ်ချိန်ဖြစ်သည်။ တရားတော်အတွက် အသေခံသောသူများထဲမှာ (Valarius) ဗာလေရီအုစ်သည် တီဘုတီအုစ်နှင့် ညီအစ်ကိုတော်ကြသည်။ သူတို့နှစ်ဦးစလုံး ရုပ်ထု၊ ဆင်းထု ကိုးကွယ်သူများ ဖြစ်ကြသော်လည်း တရားနည်းလမ်းအတိုင်း ကျင့်ကြံနေထိုင်ကြသည်။

စိန့်ဗာလေရီယန်သည် မင်းတိုင်ပင်ခံမှူးမတ်ဖြစ်သည်။ နာမည်ကျော်ကြားသော ရောမမှူးမတ်ဖြစ်သည်။ စိန့်စီစီလျားသည် ဗာလေရီယန်နှင့် လက်ထပ်ခဲ့သည်။ သူမသည် လက်မထပ်မှီက သန့်ရှင်းဖြူစင်ခြင်းပါရမီ စောင့်ထိန်းရန် ကတိထားကြောင်း ဗာလေရီယန် သိသွားသည်။ သူသည် ခရစ်ယာန်မဖြစ်ပေမဲ့ စီစီလျားအား ဖြူစင်ခြင်းအား စောင့်ထိန်းရန် အခွင့်ပေးသည်။ မကြာခင် ဗာလေရီယန်နှင့် ညီဖြစ်သူ တီဘုတီအုစ်သည် ဆေးကြောခြင်း ခံယူကြ၍ ခရစ်ယာန် ဖြစ်လာကြသည်။ သူတို့သည် စိန့်စီစီလျားကဲ့သို့ တရားကျင့်ခြင်း၊ သန့်ရှင်းဖြူစင်ခြင်းအား ကြိုးစားကျင့်ကြံကြသည်။

သူတို့၏ ရည်ရွယ်ကျင့်ကြံသည့် ပါရမီကို ဆရာသမားများ သိကြသောအခါ ငြင်းပယ်စွန့်ပစ်ရန် အမိန့်ပေးသည်။ သို့သော် သူတို့သည် မငြင်းပယ်ကြလို့ အကျဉ်းထောင်ချခြင်း ခံရသည်။ ရုပ်ထု၊ ဆင်းထု ကိုးကွယ်ရန် သွေးဆောင်ကြသော်လည်း မရပါ။ ကြာသပတေးဂြိုလ်အား ကိုးကွယ်ရန် ငြင်းပယ်ကြသည့်အတွက် အသတ်ခံရသည်။ ၎င်းတို့သုံးဦးအား ယုံကြည်ခြင်းအတွက် အသေခံကြသော ရဟန္တာများအဖြစ် ရဟန္တာတင်မြောက်ကြသည်။ ရောမ၌ သူတို့၏အလောင်း သင်္ဂြိုလ်ရာသင်္ချိုင်းအား တီဘုတီအုစ်သင်္ချိုင်းဟု ခေါ်ကြသည်။

Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

 

Add new comment

1 + 1 =