St.Peter Nolasco, စိန့်ပီတာနိုလားစ်ကို #9 May 2021

St.Peter Nolasco, စိန့်ပီတာနိုလားစ်ကို #9 May 2021

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

ပြင်သစ်ပြည်တောင်ပိုင်း တိုလောစ်နားတွင် မွေးဖွားခဲ့သည်။ ငယ်ရွယ်စဉ်က ရိုးသားဖြောင့်မတ်မှုနှင့် ဆင်းရဲသားများ၊ ကံမကောင်းသူများအား ကရုဏာမေတ္တာထားကြောင်း ထင်ရှားခဲ့သည်။ အာလ်ဘီဂျင် အရိုင်းလူမျိုးများအား ဆန့်ကျင်တိုက်ခိုက်၍ ခရူးဆိတ်၌ ပါဝင်ဦးဆောင်ခဲ့သည်။ ဘုရင်းဂျိမ်း တက္ကသိုလ်၌ (ကျူတာ) စာချပုဂ္ဂိုလ်ဖြစ်၍ စိန့်ရေမွန်နှင့် မိတ်ဆွေ ဖြစ်ခဲ့သည်။

၁၂၁၈-ခုနှစ်၌ မယ်တော်က သူ့အား ထင်ရှားပြသည်။ ခရစ်ယာန်များ ဖမ်းဆီးချုပ်နှောင်ခံရသူများ လွတ်မြောက်ရန် ဂိုဏ်းတစ်ခု တည်ထောင်ရန် မယ်တော်က ရူပါရုံ ထင်ရှားပြခဲ့သည်။ အထူးသဖြင့် (moor) မော်လက်ထဲ ကျရောက်သူများအား ကယ်ဆယ်ရန် ဖြစ်သည်။ မော်လက်ထက် ဖမ်းဆီး ခံရသောသူများ ညှဉ်းပန်း နှိပ်စက်ခြင်း ခံရ၍ တစ်ချို့ ယုံကြည်ခြင်းအား စွန့်လွှတ်သူရှိသည်။

ပထမဆုံး ရသေ့ဖြစ်သူ စိန့်ရေမွန်သည် ဘုရင်၏ နောက်ခံဖြစ်သည်။ ဘာချလိုနားက ကရုဏာမေတ္တာပိုင်ရှင် ဖြစ်သည်။

၎င်းတို့ဂိုဏ်းအား မာချဲဒရီယား (သို့မဟုတ်) သနားခြင်းမယ်တော်ဂိုဏ်းဟု နာမည်ကျော်ကြားသည်။ ၎င်းဂိုဏ်းမှာ သုံးမျိုးသုံးစား ရှိသည်။ ၎င်းတို့မှာ စွန့်စားပြုလုပ်၍ အမှုလိုက်သောစစ်သည်၊ ရဟန်းဘုန်းတော်ကြီးများ၊ သာမန်ကိုရင်ကြီးများ ဖြစ်သည်။ သူတို့၏ကတိသစ္စာများသည် သာမန်ခံယူနေကျဖြစ်သည့် သုံးမျိုးဖြစ်သည်။ နောက်ထပ်တစ်ခုတိုး၍ လေးခု ကတိသစ္စာ ခံယူရသည်။ ၎င်းမှာ အရေးကြုံပါက မော်စ်လူရိုင်းများ လက်ထဲအဖမ်းခံပြီး ဒုက္ခရောက် နှိပ်စက်ချုပ်နှောင် ခံသူများအား ကယ်တင်ရန်ဖြစ်သည်။ ဘုရားသခင်အတွက် အသေခံရန် ဖြစ်သည်။

ရှင်ပီတာနိုလားစ်ကိုသည် သာမန်လူပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါသည်။ ၁၂၄၉-ခုနှစ်အထိ ဗိုလ်မှူးကြီးရာထူး ခံခဲ့သည်။ အငြိမ်းစား ယူပြီးနောက်ပိုင်း မော်စ်တို့နယ်မြေသို့ ခရီးသွားခဲ့သည်။ အာဖရိကလူမျိုးနှစ်ဦးနှင့် မော်စ်နယ်မြေသို့ ခရစ်ယာန် အကျဉ်းသားများ ကယ်ဆယ်ရန် ကြိုးစားခဲ့ကြသည်။ ၁၂၅၆-ခုနှစ် သူသေဆုံးသည့် အချိန်အထိ ခရစ်ယာန် အကျဉ်းသားကျွန်ပေါင်း ၂၇၁၈ ယောက် ထုတ်ယူ ကယ်ဆယ်နိုင်ခဲ့သည်။ သူ့လုပ်ငန်းအား ကျန်ရစ်သော သူငယ်ချင်းများက ဆက်လက်ဆောင်ရွက်ရာ ၁၆၃၂-ခုနှစ်အထိ ကျွန်များ အားလုံးပေါင်း ၄၉၀၇၃၆ ယောက် လွတ်မြောက်နိုင်ခဲ့ကြသည်။

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

Add new comment

2 + 9 =