St.Germanus (Bishop), စိန့်ဂျေရမာနိုစ် (ဆရာတော်) #28 May 2021

St.Germanus (Bishop), စိန့်ဂျေရမာနိုစ် (ဆရာတော်) #28 May 2021

စိန့်ဂျေရမာနိုစ်သည် ၆-ရာစုတွင် ပြင်သစ်ပြည်ရှိ အသင်းတော်၏ တန်ခိုးကြီး၊ ဘုန်းဂုဏ်တော်ကြီး တစ်ဦးဖြစ်သည်။ အေဒီ ၄၉၆-ခုနှစ်တွင် အော်တွန်ဒေသ၌ မွေးဖွားခဲ့သည်။ သူငယ်ဘဝ၌ သူ့ဝါသနာအား သေချာလုပ်ခဲ့သည်။ စိန့်အာကရီပီနုစ်အားဖြင့် ရဟန်းသိက္ခာ ခံယူသည်။ စိန့်ဆွမ်းဖရီယာန်းသည် အကြီးအကဲအဖြစ် ရွေးကောက်ခံရသည်။ သူသည် ရိုးသားစွာ နေထိုင်၍ အပြစ်သားများစွာတို့ကို ပြန်လည်နောင်တ ရစေရန် ဘဝမှန်သို့ ပို့ခဲ့သည်။

အေဒီ ၅၅၄-ခုနှစ်တွင် ဆရာတော် ယူဆေးအီအူစ်အမွေအား ခံယူသည်။ လစ်လပ်နေသောနေရာ ရာထူးအား ဘုရင်ချာလ်ဒီဘတ်(၁)က ပေးအပ်သည်။ သူ၏ပရိဘောဂများလည်း ပေးအပ်သည်။ သူ၏အိမ်၌ ဆင်းရဲသားများဖြင့် အမြဲစည်ကားသည်။ သူတောင်းစားများလည်း သူနှင့်အတူ အမြဲစားသောက်တတ်သည်။ ဘုရားသခင်က သူ့အား လူတန်းစားအလွှာလိုက် ဆက်ဆံနိုင်သော ပါရမီပေးသည်။ ထို့ကြောင့် ပဲရစ်မြို့တော်ကြီးသည် အခြေအနေပေါင်းစုံမှ ပြောင်းလဲသည်။

သူသည် တန်ခိုးလက္ခဏာ ဆုကျေးဇူးတော်ရသည်။ ဘုရင်ချာလ်ဒီဘတ် နေမကောင်း ဖြစ်သောအခါ ဆရာဝန်များ လက်မြှောက်ကြသည်။ စိန့်ဂျေမာနိုစ်၏ လက်တင်ဆုတောင်းပေးခြင်းအားဖြင့် ကုသခြင်း ခံရသည်။ ဘုရင်မင်းသည် လောကီဥစ္စာကို မက်မောခြင်းမှ နောင်တရ၍ ဖြောင့်မတ်ခြင်းတရား၌ အသက်ရှင်သည်။ Religious Institution အဖွဲ့အစည်းများစွာ တည်ထောင်စေ၍ ဆရာတော်ထံသို့ လိုအပ်သော ငွေကြေးမြောက်မြားစွာပို့၍ ဆင်းရဲသားများအား ဝေငှစေသည်။

အသက်အရွယ် အိုမင်းလာသော်လည်း လုပ်ငန်းအား မပျက်မကွက်စေပါ။ အမြဲတမ်း လုပ်ငန်းများ ကြိုးစားလုပ်ကိုင်သည်။ အေဒီ ၅၇၆-ခုနှစ်၊ မေလ ၂၈-ရက်နေ့တွင် ကွယ်လွန်သည်။ သက်တော် (၈၀)ရှိသည်။ လူတိုင်း သူ့အတွက် ဝမ်းနည်းကြေကွဲကြသည်။

Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

Add new comment

7 + 4 =