#St.Florian (Martyr), စိန့်ဖလော်ရီယာန် (ဓမ္မအာဇာနည်) #4 May 2021

#St.Florian (Martyr), စိန့်ဖလော်ရီယာန် (ဓမ္မအာဇာနည်) #4 May 2021

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

ရောမစစ်သည်တော်များအနက် ဖလော်ရီယာန်သည် နော်ရီကွမ်းအတွက် အထက်တန်း အုပ်ချုပ်ရေးမှူး ဖြစ်သည်။ ၎င်းနယ်သည် ယခု ဩစတီးယားဒေသ၌ ပါဝင်သည်။ ဧက္ကရာဇ်မင်းကြီး ဒေါမီရှား လက်ထက်၌ ခရစ်တော်အား သက်သေခံ၍ ယုံကြည်ခြင်းအတွက် အသေခံသည်။ သူငယ်သည် အပြုအမှုအားဖြင့် ခရစ်ယာန် ယုံကြည်ခြင်းအား ပြသ၍ မိမိကိုယ်ကို အာကွီလီနူးစ် တပ်များအား အပ်နှံသည်။ ခရစ်ယာန်များအား ယုံကြည်ခြင်း ငြင်းပယ်ရန် အတင်းလုပ်ကိုင်သည်။

စိန့်ဖလောရီယာန်အား မိမိ၏ယုံကြည်ခြင်း ငြင်းပယ်စွန့်လွှတ်ရန် သွေးဆောင်ကြသည်။ သို့သော် ခရစ်တော်အား မငြင်းပယ်နိုင်ကြောင်း၊ ခိုင်မာသော ယုံကြည်ခြင်း ရှိကြောင်း ထုတ်ဖော်သည်။ ထို့ကြောင့် သူ့အား ရိုက်နှက်၍ နှိပ်စက် ညှင်းပန်းကြသည်။ နောက်ဆုံး သူ့အား လည်ပင်း၌ ကျောက်တုံး ချိတ်ဆွဲကြ၍ မြစ်ရေထဲသို့ ပစ်ချကြသည်။ စိန့်ဖလောရီယာန်၏ အလောင်းအား ယုံကြည်သူ အမျိုးသမီး တစ်ဦးက ဆယ်ယူခဲ့သည်။ ခရစ်ယာန် ထုံးစံအတိုင်း သင်္ဂြိုလ်ကြသည်။ နောက်ပိုင်းတွင် စိန့်ဖလော်ရီယာန် လီရင်နာရှိ စိန့်ဩဂုတ်စတင်း ရသေ့ကျောင်းသို့ သူ့အလောင်းအား ရွေ့ပြောင်း သင်္ဂြိုလ်ကြသည်။ ၁၁၃၈-ခုနှစ်၌ သူ၏ဓါတ်တော် မွေတော်အား ပိုလန်ဘုရင် ကာစီမီရ်နှင့် ရောဂို ဆရာတော်ကြီးထံ ပေးအပ်ကြောင်း ပုပ်ရဟန်းမင်းကြီး လူစီအူးစ်(၃)က ဆိုခဲ့သည်။

၎င်းအချိန်မှစ၍ စိန့်ဖလော်ရီယာန်အား ပိုလန်နိုင်ငံနှင့် လီရင်မြို့သားများ အားရှတိုက် အထက်ပိုင်းများ၏ ကိုးစားရာ ရဟန္တာကြီး ဖြစ်ကြောင်း သိကြသည်။ အလယ်ဥရောပတိုက်တို့အတွက် များစွာတန်ခိုး ထင်ရှားသည်။ သူ့ထံ ဆုတောင်းသောသူအား တန်ခိုးလက္ခဏာ ပြခဲ့သည်။ ကျေးဇူးတော် ရရှိကြသည်။ အထူးသဖြင့် မီးဘေး၊ ရေဘေးမှ ကာကွယ်ခြင်း ခံရသည်။ ထို့ကြောင့် မီးဘေး၊ ရေဘေးအန္တရာယ် ကာကွယ်ပေးသော ရဟန္တာအဖြစ် ယုံကြည်ကြသည်။

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

Add new comment

11 + 3 =