#St.Boniface IV (Pope), စိန့်ဘော်နီဖေးစ် (၄) (ဆရာတော်)#8 May 2021

#St.Boniface IV (Pope), စိန့်ဘော်နီဖေးစ် (၄) (ဆရာတော်)#8 May 2021

စိန့်ဘော်နီဖေးစ်သည် ရောမဘုရားကျောင်း၌ အမြဲနေသူ ဦးပဉ္ဇင်းကြီးဖြစ်သည်။ စိန့်ဂရေဂေါ်ရီ၏ နောက်လိုက် တပည့်လည်းဖြစ်သည်။ အေဒီ ၆၀၈-ခုနှစ်၌ ရဟန်းမင်းကြီး ဖြစ်လာသောအခါ ဘော်နီဖေးစ်(၄) နာမည်ယူခဲ့သည်။ ဧကရာဇ် မင်းပိုကာစ်က လောကီအယူအဆများဖျက်ပြီး ခရစ်ယာန် ယုံကြည်ခြင်းအတိုင်း လိုက်ကျင့်ရန် ရောမအယူအဆ မလိုက်ရန် မယ်တော် မာရိယားအား အပ်နှံရန် အခွင့်ပေးသည်။ ပထမဦးစွာ ရုပ်တုဆင်းတု ကိုးကွယ်ရာ ဗိမ္မာန်တော်တစ်ခုအား ခရစ်ယာန်ဘုရားကျောင်းအဖြစ် ကောင်းကြီးပေးပြီး လိုဏ်ဂူ၌ ရဟန္တာများ၏ ဓာတ်တော်များအား ၎င်းဘုရားကျောင်း၌ သင်္ဂြိုလ်ကြသည်။

မက်လီတူစ်၊ လန်ဒန်မြို့ ပထမဆရာတော်သည် အရေးကြီးကိစ္စများ၊ ဆွေးနွေးတိုင်ပင်ရန် ရောမမြို့သို့ ရောက်လာသည်။ အပြန်၌ ကန်တန်ဘူရီ ဂိုဏ်းချုပ်ဆရာတော်နှင့် ဘုရင်အယ်တင်ဘတ်တို့ထံ ဘော်နီဖေးစ်ရေးသော စာအားယူသွားသည်။ ၎င်းအချိန်မှာ စိန့်ကိုလန်ဘတ်နိုသည် ပုပ်ရဟန်းမင်းကြီးထံသို့ စာတစ်စောင်ရေးသည်။ ၎င်းစာတွင် အိုင်းရစ်တိုပသည် သံပေတရု အရိုက်အရာခံသူများအား အမြဲအလေးထားကြောင်းဖြစ်သည်။ ၁၆၁၄-ခုနှစ် စိန့်ဘော်နီဖေးစ်၏ အုပ်ချုပ်ချိန် နောက်ဆုံးသည် ပါရှားလူမျိုးများက ဂျေရုဆလင်မြို့အား သိမ်းပိုက်ခဲ့သည်။

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

Add new comment

7 + 10 =